Z Fighter News [⌨︎]

Description
[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑

→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 days, 16 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 4 days ago

an hour ago
**သံတွဲမြို့ ဆင်ခေါင်းရွာတွင် ပျောက်ဆုံးနေသူ ၂၀၀ ခန့်ရှိဟုဆို**

သံတွဲမြို့ ဆင်ခေါင်းရွာတွင် ပျောက်ဆုံးနေသူ ၂၀၀ ခန့်ရှိဟုဆို

🔴 Z Fighter June 8 🔴

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် စစ် ကောင်စီက ကျေးရွာပိတ်ဆို့ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ခန့်သေဆုံးသလို ပျောက်ဆုံးနေသူဦးရေ ၂၀၀ခန့်အထိရှိနေကြောင်းလည်း ရခိုင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

"ဆင်ခေါင်းရွာမှာ ဖြစ်တာက ထိတ်လန့်တုန်လှုပ်စရာကောင်းပါတယ်။ သေဆုံးတာ ၁၀၀ နီးပါးအထိ ရှိနေပါတယ်။ ဒါအပြင် အဆက်သွယ်မရဘဲပျောက်နေတာက ၂၀၀ ကျော်ရှိနေတယ်"ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။မေလ ၄ရက်မှ စတင်သည့် ဆင်ခေါင်းရွာအနီးတိုက်ပွဲတွင် ဘေးလွတ်ရာသို့တိမ်းရှောင်ရန် ကြိုးပမ်းသည့်ဒေသခံများအား စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ တားဆီးခဲ့ပြီးနောက် တိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် ခြင်းဟု မြို့ခံများက ပြောသည်။[People's Spring][Z-F]
(စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​ တွေ့ရစဥ်။ဓာတ်ပုံ-CJ )

https://telegra.ph/Z-Fighter-06-08-67

#Adm_2
#PeopleSpring
#z_fighter

an hour ago
**မိုးမိတ်မြို့ နှင့်အနီးတဝိုက်တွင် စစ်​ရေးထူးခြားမှုရှိ​နေဟု​ဒေသခံအချို့​ပြော***▪️***︎​တိုက်ပွဲဖြစ်နိုင်​သော​ကြောင့်ဒေသခံများတိမ်း​ရှောင်**

မိုးမိတ်မြို့ နှင့်အနီးတဝိုက်တွင် စစ်​ရေးထူးခြားမှုရှိ​နေဟု​ဒေသခံအချို့​ပြော▪️︎​တိုက်ပွဲဖြစ်နိုင်​သော​ကြောင့်ဒေသခံများတိမ်း​ရှောင်

🔴 Z Fighter June 7 🔴

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ အနီးတဝိုက်တွင် ယ​နေ့ (ဇွန် ၇ ) ရက်တွင် စစ်​ရေးထူးခြားမှုများရှိ​နေပြီး ​တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများ ပြန်လည်တိမ်း​ရှောင်​နေကြ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

"KIA က တိုက်ဖို့ လုပ်နေတာ။ ဒီညနေမှာ လောင်(TNLA)တွေ ဝင်လာတယ်။KIAရော စစ်တပ်ရော ပလောင်ပါ အနီးကပ်ရှိနေကြတယ်။ စစ်တပ်ကလည်း ဗျူဟာကနေ လက်နက်ကြီးတွေထုတ်နေပြီလို့သိရတယ်။ ဒေသခံတွေလည်းမနေရဲဘဲထွက်ပြေးနေကြတယ်" ဟု ဒေသခံတဦးကပြောသည်။[People's Spring][Z-F]
(မိုးမိတ်မြို့ အနီးဝန်းကျင်ကို Google Earth တွင်တွေရမှု)

https://telegra.ph/Z-Fighter-06-08-66

#Adm_2
#PeopleSpring
#z_fighter

an hour ago
**KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ …

KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၇၀ ချီးမြှင့်

🔴 Z Fighter June 8 🔴

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း KNU−ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ဇွန်လ ၇ ရက်နေ့တွင် မော့ကနင် အခြေစိုက် စကခ-၁၉ လက်အောက်ခံ ခလရ-၁၀၆ တပ်ရင်းမှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် သည် KNLA - တပ်မဟာ ၆ ထံ လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ထောက်ပံ့ငွေ ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z-F]

https://telegra.ph/Z-Fighter-06-08-65

#Adm_2
#KhitThitMedia
#z_fighter

1 week ago
**ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲရာ ဆရာမတစ်ဦးအပါ ၃ …

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲရာ ဆရာမတစ်ဦးအပါ ၃ ဦးသေဆုံး

🔴 Z Fighter June 1 🔴

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကျောင်းဆရာမတစ်ဦးအပါ (၃)ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း သိရသည်။စစ်ကောင်စီသည် နံနက်(၁၀)နာရီကျော်က ယိုးတရုတ်ဈေးအနီးကို ဗုံး(၄)လုံး လေယာဥ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာမ ဒေါ်အေးကျော့အပါအဝင် (၃)ဦးသေဆုံးသည်ဟု သိရသည်။

" Y-12 လေယာဉ်နဲ့ လာပြီးပစ်သွားတာ။ ဆရာမ ဒေါ်အေးကျော့၊ ကိုသောင်းစံ၊ သန္တာခိုင်နဲ့ ကလေးတစ်ဦးသေတယ်။ နေအိမ်‌တွေလည်းထိတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။"ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။ဗုံးကြဲခံရသဖြင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ကြရပြီး အခြေအနေအသေးစိတ်ကိုမူ မသိရသေးပါ။[Tachileik News Agency][Z-F]

#Adm_2
#TachileikNewsAgency
#z_fighter

1 week ago
**နယ်စပ်ဒေသမှာ VPN အသုံးပြုခြင်းကို တရုတ်အစိုးရက တင်းကြပ်စွာ တားမြစ်ထား**

နယ်စပ်ဒေသမှာ VPN အသုံးပြုခြင်းကို တရုတ်အစိုးရက တင်းကြပ်စွာ တားမြစ်ထား

🔴 Z Fighter April 29 🔴

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပြစ်မှုဆိုင်ရာ ဥပဒေ၊ ငြိမ်ဝပ်ပိပြားရေး ဥပဒေ၊ ကွန်ရက်လုံခြုံရေး ဥပဒေ အစရှိတဲ့သက်ဆိုင်ရာ ဥပဒေစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်အရ နယ်စပ်ဒေသမှာ VPN အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တားမြစ်ထားတဲ့ VPN App ဟာ တရုတ်နိုင်ငံရဲ့ တရားဝင် ထိန်းချုပ်မှုကို ကျော်လွန်ပြီး သက်ဆိုင်ရာ နိုင်ငံခြားတွေမှာရှိတဲ့ Website သို့မဟုတ် Website က အကြောင်းအရာကို ဝင်ရောက် ရှာဖွေကြည့်ရှုနိုင်တာကြောင့် တရားမဝင်တဲ့ App အဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။ အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးချင်းက နိုင်ငံတကာကို ချိတ်ဆက်နိုင်တဲ့ အဆိုပါ VPN App အသုံးပြုမှုကို တရုတ်နိုင်ငံ အစိုးရက တင်းကြပ်စွာ တားမြစ်ထားကြောင်းနဲ့ တရားမဝင်ကြောင်း ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။ [Shwe Phee Myay News Agency][Z-F]

https://telegra.ph/Z-Fighter-06-01-80

#Adm_2
#ShwePheeMyayNewsAgency
#z_fighter

1 week ago
**ပဲခူးတိုင်းတွင် တစ်ရက်တည်းအုပ်ကြီးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး**

ပဲခူးတိုင်းတွင် တစ်ရက်တည်းအုပ်ကြီးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

🔴 Z Fighter June 1 🔴

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်ရက်တည်းတွင် ပစ်ခတ်အရေးယူခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ ပြည်ခရိုင်ရှိ ပေါက်ခေါင်းမြို့ နယ်၊ ကြိုပင်အုပ်စုအုပ်ချုပ်ရေးမှူးညွှန့်စိုးနှင့် သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး(ယာယီ)အောင်ဝင်းဆိုသူတို့ဖြစ်ကြောင်း အသိပေးသည်။

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်အုပ်စုအုပ်ချုပ်ရေးမှူး ညွှန့်စိုးဆိုသူသည် မေလ ၃၁ရက် နေ့လယ် ၂ နာရီခွဲခန့်က ပေါင်းတလည်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဥ် ကြို့ပင်ဝိုင်းရွာအနီး၌ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁)နှင့် (ဆောင်းခိုငှက်) ပေါက်ခေါင်းမြို့နယ်-ပကဖအဖွဲ့တို့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။[People's Spring][Z-F]
(ပစ်ခတ်ခံရ၍ သေဆုံးသွားသော အုပ်ကြီးညွှန့်စိုး အစား ယာယီအုပ်ကြီးအဖြစ်တာဝန်ယူထားသည့် အောင်ဝင်းကို တွေ့ရစဥ်(ဓာတ်ပုံ-ပေးပို့)

https://telegra.ph/Z-Fighter-06-01-79

#Adm_2
#PeopleSpring
#z_fighter

2 weeks ago
Z Fighter News [⌨︎]
2 weeks ago
**ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ …

**ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ပကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ AA က ကန့်ကွက်

■ အဖွဲ့အစည်းတချို့မှာ သဘောထားဆန္ဒမပါဘဲ ကြေညာချက်တွင် ပါဝင်နေဟုဆို**

🛑Z Fighter May 25🛑

ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ အပြင်းအထန် ကန့်ကွက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ စုစုပေါင်း ၁၉၅ ခုက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။[Khit Thit Media][Z_F]

Read more>> https://telegra.ph/Z-Fighter-05-25-4

#Adm_1
#KTM
#z_fighter

2 weeks ago

`Z Click

🕰 Date : Saturday,
May 25th, 2024, 07 a.m.

📶 VPN : Australia, UK, US, Canada, Germany, FranceDay 773

Part 1`

မကလစ်ခင်
whatismyipaddress.com
(or)
ip8.com မှာ အရင်စစ်ပေးပါ။

စခရင်ရှော့တွေ ထပ်မယ်ဆိုရင်
Z Warrior channel ရဲ့ ကောမန့် (သို့) Z Warrior Group မှာ ထပ်လို့ ရပါတယ်။

ကလစ်နည်းကိုလည်း ဒီ @zwarriormm part 1, 2 အောက်မှာ ကြည့်လို့ ရတယ်‌နော်ဗျ။ 🍪

(1).   https://ouo.io/QQCBhN

(2).   https://ouo.io/0VnQLB

(3).   https://ouo.io/GnsL89

(4).   https://ouo.io/PIFdC91

(5).   https://ouo.io/e9b2oE

(6).   https://ouo.io/HiCnl5
..........................................

Mornin' ကာကာတို့ရေ 💪

#zclick
#z_fighter
t.me/zwarriormm

2 months, 2 weeks ago
**ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့**

ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့

🟣 Z Fighter March 25 🟣

ယမန်နေ့ မတ်လ ၂၄ မှာ ကျရောက်တဲ့ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်က  ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

"စစ်တပ်ကမြို့ကိုဖျက်စီးနေတယ်ဆိုပေမယ့် ဒီရက်ပိုင်း စစ်ကောင်စီ ဝန်ထမ်းတွေရုံးထဲကျန်တဲ့ ပစ္စည်းဝင်ယူချိန် ကြမပစ်ဘဲ ရပ်ထားပေးတယ် ကျန်တဲ့အချိန်ဆို လေယာဥ်နဲ့ကျဲချနေတာ"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။ [Burma Associated Press][Z-F]

ဓာတ်ပုံ- PNLA

ဆက်လက်ဖတ်ရှုရန် >>> https://telegra.ph/Z-Fighter-03-25-55

#Adm_12
#Burma_Associated_Press
#z_fighter

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 days, 16 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 4 days ago