Khit Thit Media

Description
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
1 day, 1 hour ago
Khit Thit Media
1 day, 1 hour ago

မုံရွာတွင် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာရပ်ကွက်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများ ကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း Monywa Fire Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းပေါ် ညောင်ပင်သာ ရပ်ကွက်တွင် တပ်စွဲထားသော စခန်းမှ အကြမ်းဖက်စစ်သား ၅ ဦး ကင်းလှည့်ထွက်လာစဉ် Monywa Fire Group နှင့် Monywa U Nit Force ညီနောင်များ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁ ဦးသေတယ်၊ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်၊ ညောင်ပင်သာဂိတ်ကနေ စက်လက်တွေနဲ့ ရော၊ G3 တွေနဲ့ရော ပစ်ကူပေးတာတော့ရှိတယ်၊ ကျနော်တို့ ရဲဘော်တွေ အကုန်လုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ ပါတယ်၊” ဟု Monywa Fire Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပျူစေထီးစခန်းတစ်ခုနှင့် ကျေးရွာအတွင်းဝင်ရောက်ပြီး ရမ်းသမ်း ပစ်ခတ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် တိုက် ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၈ ထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက် ည ၈ နာရီခန့်နှင့် နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ မူးဂွကျေးရွာ အတွင်းနှင့် အပြင်ဘက်၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ပျူစောထီး ထိခိုက်မှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းနှင့် နယ်မြေဒေသ တော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်မှ လက်နက်ငယ်များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ မူးကျင်းစုကျေးရွာအတွင်း ဝင် ရောက်ကာ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော ကန့်ဘလူမြို့နယ် ဆားကုန်းကျေး ရွာ အခြေစိုက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ‌ရွှေဘိုခရိုင်အမှတ် ၈ ရဲဘော်များက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲဖြစ် ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

1 day, 2 hours ago

တမူးမြို့နယ်၊ သနန်ကျေးရွာ အကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်ဌာန စခန်းကို သိမ်းပိုက်၊

■ အကျဉ်းစခန်းမှူး တစ်ဦးကို အရှင်ဖမ်းမိပြီး ထရပ်ကား ၃ စီးတိုက် လက်နက်ခဲယမ်း ပစ္စည်းများသိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အထက်ပိုင်း၊ တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကျဉ်းသားများအပေါ် ရက်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသော သနန်ကျေးရွာ အကျဉ်းစခန်းကို မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင် စခန်းကို သိမ်း ပိုက်နိုင်ခဲ့ပြီး သနန်အကျဉ်းစခန်း၏ စခန်းမှူးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သနန်ကျေးရွာနှင့် တုံဟဲကျေးရွာအကြားရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ် UNLF/PLA ဌာနချုပ်စခန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိမ်းပိုက်ရရှိနိုင်ခဲ့ပြီး ထရပ်ကား ၃ စီး တိုက်စာ လက်နက်ခဲယမ်းများနှင့် SNA ရှမ်းနီတပ်၏ အမှတ်အသားပါရှိ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့နှင့် နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သနန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်မျှဘေးလွတ်ရာ တောထဲများသို့ ထွက် ပြေးခဲ့ရပြီး အခြား ရွာနီးချုပ်စပ် ဖိုင်လင်း၊ မန်တုံ၊ စေတီ၊ နန်းအောင်မော် ကျေးရွာများမှ ကလေး သူငယ် နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူများမှာ နီးစပ်ရာ တောတောင်များနှင့် Indiaနိင်ငံ Manipur ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကသည်းလက်နက်ကိုင်များသည် ၂၀၂၀ ခုနှစ်မှစ၍ သနန်ကျေးရွာမှ ၂ မိုင်ခန့်အကွာ သနန် - တုံဟဲ ကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အခြေစိုက်စခန်းချထားခဲ့ပြီး အပြန်အ လှန်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းချိန်မှစ၍ ကသည်းလက်နက်ကိုင် များက တမူးခရိုင်အထက်ပိုင်းရှိ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြသူများကို အင်အားသုံးအကြမ်း ဖက်ဖြိုခွဲမှုများနှင့် တော်လှန်ရေးအင်အားစုများအား ဖိနှိပ်ရာတွင် ကူညီပေးခဲ့ကြောင်း ကူကီးအမျိုးသား တပ်မတော် (မြန်မာပြည်) KNA-Burma ၏ ထုတ်ပြန်ချက် အရ သိရသည်။

1 week, 2 days ago
Khit Thit Media
1 week, 2 days ago

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

1 week, 2 days ago

ကျိုက်မရောမြို့နယ်၊ တောင်ကလေးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားပြီး လက်နက်ချ အညံ့ခံသူ များပြားသော ချောင်းနှစ်ခွတိုက်ပွဲတွင် Federal Wings ပါဝင်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ၂ ကြိမ်၊ ညနေ ၄ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် တောင်ကလေးရဲစခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ တပ်ကြပ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်ညပိုင်းတွင် KNLA တပ်မဟာ ၆ နယ်မြေအတွင်းရှိ တောင်ကလေး ရဲစခန်းကို ဒရုန်း ဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် နှင့် ၁၇ ရက်နေ့များတွင် ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို ဒရုန်းဖြင့် ၁၅ ကြိမ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ခလရ ၃၂ ၊ ခမရ ၂၈၄ ၊ ခမရ ၂၈၃ တို့အား ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ မယ်ဒီလိုအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီးတစ်ဦး၊ ဒုဗိုလ်မှူးကြီး တစ်ဦး သေဆုံးပြီး ဗိုလ်ကြီး တစ်ဦး အရှင် ဖမ်းမိကာ ကျန်စစ်သား ၂၄ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း Federal Wings တပ်ဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ကျိုက်မရောမြို့နယ်၊ မယ်ဒီလိုသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ၂ ကြိမ် ပျံသန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး ဗုံးကျဲစဉ် ထွက်ပြေးသဖြင့် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ထိမှန် သေဆုံးသွားကြောင်း၊ ထို့အပြင် ဗုံးကျဲမှုကြောင့် ဒုဗိုလ်မှူးကြီး ၁ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ဗိုလ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး အရာရှိ (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ကျန် ၂၄ ဦးမှာ လက် နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၁၇ ၊ Lion Battalion၊ SOF ၊ Cloud Wings တပ်ဖွဲ့များနှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

1 month, 3 weeks ago
Khit Thit Media
1 month, 3 weeks ago
Khit Thit Media
1 month, 3 weeks ago

ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ရန်ကုန်၊ အောက်တိုဘာ ၆

ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများကို စက်တင်ဘာလ ၂၆ ရက်မှ ၃၀ ရက်နေ့ အထိ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) နှင့်အတူ ကန့်ဘလူခရိုင်ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

3 months, 1 week ago

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၂

မြန်မာနိုင်ငံတစ်ဝန်း သြဂုတ်လ ၂၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။