Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Z Fighter News [⌨︎]

Description
[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑

→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 3 days, 1 hour ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week, 1 day ago

3 days, 16 hours ago
Z Fighter News [⌨︎]
3 days, 16 hours ago
**ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ …

**ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ပကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ AA က ကန့်ကွက်

■ အဖွဲ့အစည်းတချို့မှာ သဘောထားဆန္ဒမပါဘဲ ကြေညာချက်တွင် ပါဝင်နေဟုဆို**

🛑Z Fighter May 25🛑

ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ အပြင်းအထန် ကန့်ကွက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ စုစုပေါင်း ၁၉၅ ခုက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။[Khit Thit Media][Z_F]

Read more>> https://telegra.ph/Z-Fighter-05-25-4

#Adm_1
#KTM
#z_fighter

3 days, 16 hours ago

`Z Click

🕰 Date : Saturday,
May 25th, 2024, 07 a.m.

📶 VPN : Australia, UK, US, Canada, Germany, FranceDay 773

Part 1`

မကလစ်ခင်
whatismyipaddress.com
(or)
ip8.com မှာ အရင်စစ်ပေးပါ။

စခရင်ရှော့တွေ ထပ်မယ်ဆိုရင်
Z Warrior channel ရဲ့ ကောမန့် (သို့) Z Warrior Group မှာ ထပ်လို့ ရပါတယ်။

ကလစ်နည်းကိုလည်း ဒီ @zwarriormm part 1, 2 အောက်မှာ ကြည့်လို့ ရတယ်‌နော်ဗျ။ 🍪

(1).   https://ouo.io/QQCBhN

(2).   https://ouo.io/0VnQLB

(3).   https://ouo.io/GnsL89

(4).   https://ouo.io/PIFdC91

(5).   https://ouo.io/e9b2oE

(6).   https://ouo.io/HiCnl5
..........................................

Mornin' ကာကာတို့ရေ 💪

#zclick
#z_fighter
t.me/zwarriormm

2 months ago
**ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့**

ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့

🟣 Z Fighter March 25 🟣

ယမန်နေ့ မတ်လ ၂၄ မှာ ကျရောက်တဲ့ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်က  ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

"စစ်တပ်ကမြို့ကိုဖျက်စီးနေတယ်ဆိုပေမယ့် ဒီရက်ပိုင်း စစ်ကောင်စီ ဝန်ထမ်းတွေရုံးထဲကျန်တဲ့ ပစ္စည်းဝင်ယူချိန် ကြမပစ်ဘဲ ရပ်ထားပေးတယ် ကျန်တဲ့အချိန်ဆို လေယာဥ်နဲ့ကျဲချနေတာ"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။ [Burma Associated Press][Z-F]

ဓာတ်ပုံ- PNLA

ဆက်လက်ဖတ်ရှုရန် >>> https://telegra.ph/Z-Fighter-03-25-55

#Adm_12
#Burma_Associated_Press
#z_fighter

2 months ago
**နာဂဒေသ၊ လဟယ်မြို့နယ်တွင် စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းနေမှုကို …

နာဂဒေသ၊ လဟယ်မြို့နယ်တွင် စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထိရောက်စွာအရေးယူမည်ဟု သတိပေး

🟣 Z Fighter March 25 🟣

စစ်ကိုင်းတိုင်း၊ နာဂဒေသ၊ လဟယ်မြို့နယ်တွင် အကြမ်း ဖက် စစ်တပ်က အဓမ္မ တပ်သားသစ် စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်မဆို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို စစ်မှုထမ်းရန် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် လ၀ကဌာနတို့ကို သတ်မှတ်ထားသည့် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်ထားကာ ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲသာမရှောင်သာ စတင်ပြီး အကောင်ထည်ဖော်နေသည်ကို သိရှိရကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောကြားသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>> https://telegra.ph/Z-Fighter-03-25-54

#Adm_12
#KhitThitMedia
#z_fighter

2 months ago
**ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် …

**ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံး

■ ရန်အောင်မြင်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ**

🟣 Z Fighter March 25 🟣

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိပြီး တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်တပ်စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ [Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>>> https://telegra.ph/Z-Fighter-03-25-53

#Adm_12
#KhitThitMedia
#z_fighter

4 months ago
**မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် …

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထား

🛑Z Fighter January 25🛑

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာ အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အေမီဈာန် အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာကာ ကွာလာလမ်ပူမြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ ဖူးပွင့်ခိုင်နှင့် အခြားသူများ မလွတ်မြောက်သေးဘဲ ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး ဖူးပွင့်ခိုင်သည် မလေးရှားရဲ၏ ဆေးစစ်ဆေးချက်အရ ဆေးကျထားသူဖြစ်ကြောင်း သိရသည်။[Khit Thit Media][Z_F]

Read more>> https://telegra.ph/Z-Fighter-01-25-119

#Adm_1
#KTM
#z_fighter

4 months ago
**ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု …

ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

🛑Z Fighter January 25🛑

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ် စစ်ကြောင်းမှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၅) ပြုလုပ်ခဲ့သည်။

သပိတ်ကော်မတီဝင်တို့က "ပြည်သူလူထုရဲ့ စည်းလုံးမှုနဲ့ ညီညွတ်မှုကို ဘယ်ခွေးမှတားလို့မရစေရ" ၊ "လူထုအရေးတော်ပုံ တိုက်ပွဲကြီး မုချအောင်မြင်ရမည်" ၊ "အရေးတော်ပုံအောင်ကိုအောင်ရမည်" စသည့် စာသားများကို ပြည်သူလူထုထံ လိုက်လံဖြန့်ဝေခဲ့သည်။

စစ်ကောင်စီမှ ပြည်သူ့အာဏာကို လုယူခဲ့ခြင်း (၃)နှစ်ပြည့်တော့မည် ဖြစ်သည့်အတွက် ပြည်သူများ သွေးအေးမသွားကြရန် တိုက်တွန်းလှုံ့ဆော်ခြင်း ဖြစ်ကြောင်း ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဆိုသည်။ယင်းဆန္ဒပြလှုပ်ရှားမှုကို Royal Tiger Force (RTF) ပြောက်ကျားတပ်ဖွဲ့က လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးခဲ့သည်။[People's Spring][Z_F]

ဓာတ်ပုံ - RTF

#Adm_1
#PS
#z_fighter

4 months ago
**လူထုအင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည့် မုံရွာသပိတ်**

လူထုအင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည့် မုံရွာသပိတ်

🛑Z Fighter January 25🛑

စစ်ကိုင်းတိုင်း ​မုံရွာမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လူထုအင်အားအများအပြားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ယနေ့ (ဇန်နဝါရီ ၂၅) ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး အာဏာသိမ်းခြင်း သုံးနှစ်ပြည့်ခါနီးသော်ငြားလည်း ပြည်သူလူထုအနေဖြင့် စစ်အုပ်စုကို လုံးဝလက်မခံကြောင်း တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသပိတ်စစ်ကြောင်းကို မုံရွာပင်မသပိတ် ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု၊ AFCC (မန္တလေး)၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ တို့မှ အဖွဲ့ဝင်များ ပူးပေါင်းဝန်းရံချီတက်ခဲ့ကြသည်။[People's Spring][Z_F]

ဓာတ်ပုံ - မုံရွာအမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ

#Adm_1
#PS
#z_fighter

4 months, 1 week ago
**မြန်မာနိုင်ငံတစ်ဝန်း စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံး**

မြန်မာနိုင်ငံတစ်ဝန်း စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံး
🟣 Z Fighter January 18 🟣

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စ-စ်သားများ Tayဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။[Khit Thit Media][Z-F]

#Adm_12
#KhitThitMedia
#z_fighter

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 3 days, 1 hour ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week, 1 day ago