ဟန်ငြိမ်းဦး✍

Description
"ကတိ သစ္စာ တည်သော အခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏"✍
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month, 2 weeks ago
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ …

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲကျင်းပမယ်လို့ ကြေညာခဲ့တာနဲ့ပတ်သက်ပြီး လူထုအကြား ဝေဖန် မှတ်ချက်ပေးမှုတွေ အမျိုးအမျိုး ထွက်ပေါ်နေပါတယ်...ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ရှင်းလင်းပြောပြချက်အရ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်းနဲ့ ညပိုင်းကျင်းပရတာဟာ ဒီနှစ်ဟာ အယ်လ်နီညိုရာသီဥတု ကျရောက်တဲ့နှစ်ဖြစ်တဲ့အတွက် ရာသီဥတုအခြေအနေအရ ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်...တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အခုလို ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ကျင်းပပြုလုပ်မှုကို ၁၉၅၄ ခုနှစ်၊ (၉)ကြိမ်မြောက်မှ ၁၉၆၇ ခုနှစ်၊ (၂၂)ကြိမ်မြောက်အထိ (၁၄)ကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးတယ်လို့လည်း သိရပါတယ်...

1 month, 2 weeks ago

ကိုကျော်စိုးဦး ပြန်လွတ်ပီသိရလို့ ဝမ်းသာပါတယ် အဘတို့ရဲ့  သက်ညှာပေးမှုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ🙏🙏🙏

1 month, 2 weeks ago

ဓားမနဲ့ အဓမ္မ

လက်နက်မဲ့ သက်ကြီးရွယ်အို နိုင်ငံဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို ရွှေဘို PDF ၆ ဖွဲ့ကြီးများတောင်ပေါင်း ဖမ်း၊ ကြိုးတုပ်ထိုင်ခိုင်းပြီး စစ်မှူထမ်းဖို့လုပ်ပေးတယ်စွဲချက်နဲ့ မိနစ်ပိုင်းနဲ့ သတ် ပစ်လိုက်တယ်...။

https://www.facebook.com/share/v/rYHdxjSn5zu4Cxuc/?mibextid=oFDknk

သူ့အသက်အရွယ်အရဆို ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်စု အခု SAC အစိုးရလေးဆက်အလုပ်လုပ်ခဲ့ပုံပဲ။ အခုလည်းပေးအပ်တဲ့တာဝန်လုပ်ရင်း အသတ်ခံလိုက်ရတယ်။

NUG ရဲ့ တားမြစ်စာနဲ့ စစ်သည်တော်ကျင့်ဝတ်အရဆိုရင်တော့ ဒါကစစ်ရာဇဝတ်မှုပဲ..။

ဟုတ်ပြီ။ SAC နဲ့ ဆက်နွှယ်လို့ ချက်ခြင်း သတ်မယ်ဆိုရင်၊ ဒီလိုမျိုးသတ်တာက တရားတယ်ဆိုရင် NUG နဲ့ ဆက်နွှယ်သူကိုရော၊ NUG ခိုင်းတာလုပ်သူရော၊ PDF ရော၊ PDF နဲ့ PDF ထောက်ပို့တွေရော ချက်​ခြင်းသတ်ကြမလား...?

တူသောအကျိုးတွေ ပြန်ရတဲ့အခါ ငါတို့လုပ်ရင် တရားပြီး သူတို့လုပ်ရင် မတရားမှုလို့ ထပ်ပြောမလား...

ကျွန်တော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဒီဖြစ်ရပ်တွေ လုပ်ရပ်တွေကို ဓားမနဲ့ အဓမ္မ အားပြိုင်မှုလို့တံဆိပ်ကပ်ခဲ့တာပါ။

မတရားမှုနှစ်ခုက လက်နက်နဲ့အားပြိုင်ချိန် တရားမျှတမှုရှာလို့မရနိုင်ဘူးဆိုတော့ ခပ်မဆိတ်နေခဲ့သင့်ပေမဲ့ တိုင်းပြည်ရဲ့ အရွေ့တစ်ခုက ရွေးကောက်ပွဲဖြစ်နေပြီး
ဒီရွေးကောက်ပွဲမှမဖြစ်ရင်လည်း အခုလို ဓားမနဲ့ အဓမ္မဇာတ်မျောက နောက် ဆယ်စုနှစ်လောက် ထပ်ကြာသွားမှာတွေးမိလို့ ရွေးကောက်ပွဲပဲ တစ်ချိန်လုံးပြောနေခဲ့တာ...

၁၀၀ ရာနှုန်း အာဏာပေးပြီး ဘာမှပြောမရတော့တာကိုဆယ်စုနှစ်ချီကြိတ်ခံမဲ့အစား ၂၅ ရာခိုင်နှုန်းနဲ့ ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်းလုပ်လို့ရတဲ့အရွေ့ကိုပဲ ပြန်သွားတာ ဒီကာလအတွက် အကောင်းဆုံးမဟုတ်လား...

Facebook

Log in or sign up to view

See posts, photos and more on Facebook.

1 month, 3 weeks ago
အကြမ်းဖက်ပြည်ပြေး အနူဂျီကကောင်တွေကို ကြည့်လိုက်ရင် လေပေါ်ကနေသာ လေကြီး လေကျယ်တွေ …

အကြမ်းဖက်ပြည်ပြေး အနူဂျီကကောင်တွေကို ကြည့်လိုက်ရင် လေပေါ်ကနေသာ လေကြီး လေကျယ်တွေ ပြောနေတာ အောက်ခြေ ပဒက်တွေ မသာပေါ်နေတာလည်း မသိကြဘူး... အင်းပေါ့လေ ကိုယ့်အောက်ပိုင်းတောင် ဘယ်လိုအခြေအနေဖြစ်နေမှန်းမသိတော့ ပဒက်တွေအကြောင်းမသိတာက မဆန်းတော့ပါဘူး... သူတို့သိတာဆိုလို့ ဘယ်လိုခေါင်းစဉ်တွေရှာပြီး ခွက်ခေါက်ရမယ်ဆိုတာ တစ်ခုပဲရှိတယ်...

2 months ago
အသိဉာဏ်မရှိတဲ့ PDF များ

အသိဉာဏ်မရှိတဲ့ PDF များ

PDF တွေဟာ လက်နက်ရလိုဇောနဲ့ TNLA ၊ MNDAA ၊ KIA ၊ KNU ၊ KNPP ၊ KNLA စတဲ့ EAOs အဖွဲ့တွေဆီ သွားရောက်ခိုလှုံပြီး ခိုင်းတဲ့အတိုင်းလုပ်နေကြတာ အားလုံး အသိပဲဖြစ်ပါတယ်...အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာဆိုရင်လည်း EAOs အဖွဲ့တွေက သူတို့ ကိုယ်ကျိုးအတွက် အသိဉာဏ်မရှိတဲ့ နလပိန်းတုံး ဗမာ PDF တွေကို ချနင်း ထိုးကျွေးပြီး ရှေ့ကနေ အသေခံတိုက်ခိုင်းနေတာတွေကြောင့် ဗမာ PDF တွေ သေလိုက်တာမှ သောက်သောက်လဲ...ဒဏ်ရာရတဲ့သူတွေလည်း ပုံအောနေရောပဲ...
ဒီလိုမျိုး EAOs အဖွဲ့တွေက သူတို့ကိုယ်ကျိုးအတွက် ထိုးကျွေး၊ ချနင်းနေလို့ သောက်သောက်လဲသေပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ များနေတာတောင် နလပိန်းတုံး ဗမာ PDF တွေက အမြင်မှန် မရကြသေးဘဲ မိုက်တွင်းနက်နေကြတုန်း...စုံလုံးကန်းပြီး ပိတ်နေတော့လည်း ခံကြပေါ့...ဒါ့ကြောင့် ဗမာ PDF တွေဆိုတာ အသိဉာဏ်မရှိတဲ့ နလပိန်းတုံးတွေလို့ပဲ ပြောချင်တယ်...

2 months ago

ရန်သူ့ Psy-war ကို Boost မလုပ်မိစေနဲ့

အခုနောက်ပိုင်း သူပုန်တွေရဲ့ လုပ်နည်းလုပ်ဟန်လေးကို သတိထားမိတယ်။

-

(၁) မြို့သိမ်း/ စခန်းသိမ်းလုပ်တော့မယ်ဆိုရင် သူပုန်တွေက ပြည်ဖျက်မီဒီယာ အားကိုးနဲ့ အဖွဲ့ပေါင်းစုံ အင်အား ထောင်ချီ/ သောင်းချီ ချီတက်လာပြီဆိုတဲ့အကြောင်း အရင်ဆုံး ဝါဒဖြန့်တယ်။ ပြည်သူတွေ ထွက်ပြေးအောင်ရယ်၊ လုံခြုံ ရေးအဖွဲ့တွေ ခြောက်ခြားအောင်ရယ်လို့။

-

(၂) ပြည်သူတွေထွက်ပြေးတော့မှ စခန်းတွေ၊ ဌာနချုပ်တွေကို အိမ်တွေထဲကနေပြီး ပစ်တယ်။ တပ်က ပြန်ပစ်ရင် “ပြည်သူတွေရဲ့ အိမ်တွေကို ပစ်ပါတယ်” ၊ သူပုန်သေရင် အလောင်းကို အရပ်ဝတ်လဲပေးပြီး “ပြည်သူ” ပါဆိုပြီး ပြည်ဖျက်မီဒီယာတွေကတစ်ဆင့် အော်ကြတယ်။

-

(၃) ခုခေတ်သူပုန်တွေမှာ အလောင်းကောက်အဖွဲ့ဆိုတာ သီးသန့်ရှိတယ်။ လက်နက်မကိုင်ထားဘူး။ သေဆုံးသူပုန် အလောင်းတွေကို ကားကြီးကားငယ်တွေနဲ့ ကဲ့ပြီး တောထဲမှာ သွားမြှပ်ကြတယ်။ မြှပ်နေတုန်း ဓာတ်ပုံရိုက်ဖို့ မစဉ်းစားနဲ့ ရိုက်မိရင် သေနတ်စာမိရောပဲ။ သူတို့လုပ်တာ မှန်တယ် .. တစ်ဖက်ရန်သူ စိတ်ဓာတ် မတက်ကြွတော့သလို သူတို့အချင်းချင်းလည်း စိတ်ဓာတ်မကျတော့ဘူး။ တိုက်တိုင်းအောင် ပါဝါရိန်းဂျားတွေလို ပြည်ဖျက်မီဒီယာတွေကနေ ဝါဒဆက်ဖြန့်ကြတယ်။

-

တကယ်တမ်းမြေပြင်မှာတော့ စခန်းတက်သိမ်းတာ ယောက်ခမအိမ်တက်တာမှ မဟုတ်တာ .. ဘယ်လွယ်ပါ့မလဲ? .. အကြိမ်ကြိမ်လန်ကျ .. ထွေးကနဲ ထွေးကနဲ အုံလိုက်ကျင်းလိုက်ကျ .. လေယာဉ်လာရင် အလဲလဲအကွဲကွဲ ထွက်ပြေး .. အလောင်းတွေ ဆွဲပြေး .. ဆုံးရှုံးမှုက စခန်းမှာထိုင်ပြီးပစ်နေတဲ့သူထက် အများကြီး ဆုံးရှုံးပါတယ်။ (မြေလျှိုး မိုးပျံနိုင်ရင်တော့ မပြောတတ်ပါ)

-

“စစ်လာ တစ်ထောင်၊ စစ်ခံ တစ်ရာ” ဆိုတာ ရှေးလူကြီးတွေက အလကားရေးခဲ့တာမှ မဟုတ်တာ။

-

အခုဆို ဆီဆိုင်ဘက်မှာ ဝင်နေတဲ့ KNDF (ပဒေါင်)သူပုန်တွေ ဆုတ်ခွာဖို့ တိုင်ပင်နေကြပြီ။ လွိုင်ကော်၊ ဖားဆောင်း၊ ဒီးမော့ဆို ဆိုတာကလည်း ငြိမ်လို့ ပြားလို့ .. အဝေးက လာပစ်တာကလွဲပြီး ဘာသံမှ မကြားရ။

-

မနေ့တစ်နေ့ကမှ ဇောင်းထတဲ့ KIA တွေဆို အလောင်းတွေ အုံလိုက်ကျင်းလိုက် ကားတွေနဲ့သယ်ပြီး သူတို့ စခန်းကုန်းတွေမှာ ၁၀ ယောက်တစ်ကျင်းနှုန်း မြှပ်နေကြရပြီ .. အကြီးပိုင်းဆိုရင်တော့ လိုင်ဇာထိသယ်ပြီး မသာကို ရေချိုး/သနပ်ခါးလိမ်းပေးကြတယ်။ KIA အကြီးပိုင်းတွေ သေတာ လက်နှစ်ဖက်ပြည့်တော့မယ်။

-

မြဝတီတို့ သင်္ကန်းညီနောင်တို့ဘက်ကို ဝင်ပြီးအကြမ်းဖက်တဲ့ KNLA/PDF တွေဆို သူတို့အလောင်းတွေကို ဒူးရင်းခြံထဲမှာ မြှပ်တာ အများကြီးပဲ။ ဒူးရင်းသီးနံ့နဲ့ အပုပ်နံ့နဲ့က ရောနေရော .. မယုံရင် သွားကြည့်လို့ရတယ်။

-

ပြည်ဖျက်မီဒီယာတွေရဲ့ Psy-war သတင်းတွေကို မြင်ပြီး တပ်မတော်ချစ်သူတွေကလည်း စိုးရိမ်လို့ Online ကနေပြန်ဖော်ပြ။ သူပုန်တွေကတော့ သူတို့ Psy-war သတင်းတွေကို Boost လုပ်ပေးလို့ ကျေးဇူးတင်နေကြမှာ အမှန်ပဲ။

-

ဒါကြောင့် ပြောချင်တာကတော့ ပြည်သူတွေရော၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော၊ တပ်မတော်ချစ်သူတွေရော Online ပေါ်မှာတွေ့တဲ့သတင်းတွေကို အလွယ်တကူမယုံဖို့၊ စိုးရိမ်မှု မလွန်ကဲကြပါနဲ့လို့ မေတ္တာဖြင့် စေတနာ ထား ဖော်ပြလိုပါတယ်။ (မည်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါ)

#KT

2 months ago
အကြမ်းဖက်ခွေးတွေက ပြည်သူတွေကို ဒုက္ခပေးနေရုံကဘူး...ဒီနိုင်ငံကို ပျက်စီးအောင်ဝိုင်းဆွဲနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ခွေးတွေရဲ့ …

အကြမ်းဖက်ခွေးတွေက ပြည်သူတွေကို ဒုက္ခပေးနေရုံကဘူး...ဒီနိုင်ငံကို ပျက်စီးအောင်ဝိုင်းဆွဲနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ခွေးတွေရဲ့ ရန်ကနေလွတ်အောင် ပြည်သူတွေအားလုံး ဝိုင်းဝန်းကာကွယ်ကြဖို့လိုတယ်။

2 months, 1 week ago
***အလှူငွေ တွေ ရနေတော့ ပြောအားရှိတာပေါ့***

အလှူငွေ တွေ ရနေတော့ ပြောအားရှိတာပေါ့

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago