Lion

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months ago

2 months, 2 weeks ago

သတင်းများနဲ့ ပတ်သက်၍ 09-420192117 Viber သို့ ပေးပို့နိုင်ပါသည်။

2 months, 2 weeks ago

အသံဖိုင်ဖြင့် နားထောင်လိုသည့် မိတ်ဆွေများအတွက် အသံဖိုင်ဖြစ်ပါသည်။

2 months, 2 weeks ago

ကိုအောင်ဆန်းကခဲ့တဲ့ဇာတ်ကိုလည်း
သူကလူကြမ်းလုပ်ပြီး ဇာတ်လမ်းမပြောင်းချင်ပါဘူး ဒါကြောင့်မို့ပင်လုံစာချုပ်ပါ
အချက်တွေအတိုင်း တိုင်းရင်းသားတွေက်ို
အလိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။

ဗိုလ်ချုပ်နေဝင်းဆ်ိုတဲ့သူက
တကယ့်စစ်သားကောင်းပါ
တကယ်လည်းစစ်တိုက်ခဲ့တဲ့သူပါ ။

ဗိုလ်ချုပ်အောင်ဆန်းလို အိယောင်ဝါးလုပ်ပြီး
အများအကြိုက်ပြောပြီး
စစ်သေနာပတိဖြစ်လာခဲ့တဲ့သူမဟုတ်ပါဘူး ။

အင်္ဂလိပ်နဲ့လည်း စစ်မြေပြင်မှာတကယ်တိုက်ခဲ့တာပါ
ဂျပန်ခေတ်မှာလည်းမြန်မာပြည်ထဲကို
အစောဆုံးပြန်ဝင်လာပြီး ပျောက်ကြားစနနစါနဲ့
စော်ခဲ့တဲ့သူပါ ။

ဒါကြောင့်မို့ မြန်မာပြည်ကြီး
အစိတ်စိတ်အမွှာမွှာကွဲသွားမဲ့အဖြစ်မျိူးကို
သူလက်သင့်မခံပါဘူး ။

ထို့အတွက် ဦးနုက ပင်လုံစာချုပ်ကိုအကြောင်းပြပြီး
တိုင်းရင်းသားတွေအလိုကျ ပြည်နယ်တွေ
ခွဲထွက်ခွင့်ပေးဖို့အစည်းအဝေးမလုပ်ရသေးခင်ညမှာပဲ ဖဆပလအစိုးရလက်ထဲကနေ တိုင်းပြည်ရဲ့
အာဏာကိုသိမ်းခဲ့တာပါ ။

ဦးနုအပေါ်ဘယ်လောက်ထိအောင် နာကျည်းခဲ့သလဲဆိုရင် အာဏာသိမ်းတဲ့ညက
ဦးနုကိုပေးခဲ့တဲ့နာမည်ဝှက်ကိုတောင်
လောက်ကောင်လို့ပေးခဲ့တဲ့အထိပါပဲ ။

အတိုချုပ်ရရင် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းလိုက်ရဟာ ဆရာသမားကိုအောင်ဆန်း တဇွတ်ထိုးစိုက်ပျိုးခဲ့တဲ့
ပင်လုံစာချုပ်ဆိုတဲ့ အပင်ဆိုးကြီးကြောင့်ပါပဲ ။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်တဲ့အချိန်မှာပဲ
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကဇီးရိုး လယ်ဗယ်ပါပဲ
ဖဆပလအစိုးရအဖွဲ့ဝင်တွေရယ်
သူတို့တွေရဲ့ မကင်းရာမကင်းကြောင်း
တပည့်တပန်းတွေရယ်သာ
သွင်းကုန်ထုတ်ကုန်လိုင်စင်တွေနဲ့
ခေတ်ကောင်းနေခဲ့ကြတာပါ ။

သာမန်ပြည်သူတွေဘဝကတော့
တအားကိုကြပ်တည်းပါတယ်
ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးတဲ့အချိန်မှာလည်း
တိုင်းပြည်ရဲ့စီးပွါးရေးကို
ဦးမော့လာအောင် မလုပ်နိုင်ခဲ့ပါဘူး ။

ဖဆပလအစိုးရရဲ့ တပည့်အကြွင်းအကျန်တွေကို
နှိမ်နင်းရပါတယ် တပို့တမင်းလုပ်နေတဲ့
စောဘွားတွေရဲ့အရေးကိုကိုင်တွယ်ရပါတယ် ။

အင်အားကြီးထွားလာနေတဲ့ ဘကပ
တွေကိုမရတဖြည်းဖြည်းချင်းသင်းသက်ရပါတယ်
ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့
တိုင်းပြည်တစ်ခုဟာ စီးပွါးရေးပိုင်းမှာ
အရှိန်အဟုန်ကြီးကြီးနဲ့
တိုးတက်ဖွံ့ဖြိုးလာအောင်မလုပ်နိုင်ပါဘူး ။

တိုင်းပြည်ရဲ့စီးပွါးရေးကမဖွံ့ဖြိုးသေးချိန်မှာ
ဆရာသမားကိုအောင်ဆန်းရဲ့
လွတ်လပ်ရေးကျေးဇူးကြောင့်
ပေးပေးနေရတဲ့ လျော်ကြေးငွေတွက
တစ်နှစ်တစ်နှစ်ကိုမနည်းလှပါဘူး ။

တိုင်းပြည်အချင်းချင်း စာချုပ်စာတန်းနဲ့
ကတိကဝတ်တွေပြုထားတာကြောင့်
မရှိလို့မပေးဘူးကွာ ဘာလုပ်ချင်လဲဆိုတဲ့
လူမိုက်စကားမျိုးလည်း ပြောလို့မရပါဘူး ။

နှစ်စဉ်နှစ်တိုင်းပေးနေရတဲ့အကြွေးတွေကို
ဆက်ပြီးမပေးချင်တော့ရင် လုပ်လို့ရနိုင်တာက
နည်းလမ်းတစ်ခုပဲရှိပါတယ် ။

တိုင်းပြည်က်ိုလူမွဲစားရင်းဝင်နိုင်ငံအဖြစ်
အသတ်မှတ်ခံလိုက်ရဖို့ပါပဲ
ဒီလိုသတ်မှတ်ခြင်းခံလိုက်ရရင်
မြန်မာနိုင်ငံက အခြားတိုင်းပြည်တွေကို
ပေးဆပ်ရမဲ့အကြွေးမှန်သမျှ
ပေးဖို့မလိုတော့ပါဘူး ။

သို့အတွက် ဗိုလ်ချုပ်နေဝင်းက
မြန်မာနိုင်ငံကို လူမွဲစာရင်းဝင်နိုင်ငံဖြစ်အောင်
ကြိုးစားခဲ့ပါတယ် အောင်မြင်ခဲ့ပါတယ် ။

အကြွေးတွေလည်း မဆပ်ရတော့ပါဘူး
ဒီအကြောင်းတွေက်ို အမှန်အတိုင်းမသိကြသူတွေက
ဗ်ိုလ်ချုပ်နေဝင်းအသုံးမကျလို့
သူ့လက်ထက်မှာ မ့န်မြာနိုင်ငံကြီးဟာ
လူမွဲစားရင်းဝင်နိုင်ငံဖြစ်သွားတယ်ဆ်ိုပြီး
နာမည်ဖျက်ကြပါတယ် ။

အမှန်တကယ်ကတော့မြန်မာနိုင်ငံကြီး
လူမွဲစားရင်းဝင်နိုင်ငံဖြစ်သွားရတာဟာ
ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့
မဆလ ပါတီအစိုးရကြောင့်မဟုတ်ပါဘူး ။

ဆရာသမားကိုအောင်ဆန်း
နာမည်ကောင်းယူချင်စိတ်နဲ့လျော်ကြေးတွေ
နင့်နေအောင့်ပေးပြီးယူလာခဲ့တဲ့
လွတ်လပ်ရေးကြီးကြောင့်ပါ ။

ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ စစ်တပ်အနေနဲ့ မပါမဖြစ်ပါလာအောင်
ဇာတ်လမ်းရေးခဲ့တာလည်း
ဆရာအောင်ဆန်းပါပဲ မြန်မာနိုင်ငံကြီး
လူမွဲစားရင်းဝင်နိုင်ငံ
ဖြစ်သွားခဲ့တာကလည်း
အောင်ဆန်းကြောင့်ပါပဲခင်ဗျာ………………..

မင်း အုပ်စိုး

6 months ago

" ရှုံးပြီးရင်း ရှုံးနေသော်လည်း လဲမကျဖို့ အရေးကြီးသည် "Defeating
again and again but just not collapse down•

မြန်မာပြည် တစ်နှံတစ်လျား စစ်မျက်နှာများတွင် မြန်မာ့တပ်မတော်၏ စစ်
ရှုံးသတင်းများ ကို ရေးရသည်မှာ စိတ်မချမ်းသာပါ• ကတုတ်ကျင်းများထဲ မှ
နေ့ရောညပါ ခံစစ်ဆင်နေသည့် စစ်သည်အပေါင်း တို့ တွင် အနာဂတ် မျှော်
လင့်ချက်က ဘာလဲ ? ဟုမေးလျင် မနက်ဖြန်များအတွက် အသက်ရှင်ရေး ,
သည် အရေးအကြီးဆုံးဖြစ်နေသည်• စစ်မဲ့ မြို့ပြနေရာများ တွင် အများသူငါ
တို့ ချစ်သူ ခင်သူတို့နှင့်လက်တွဲ သီတင်းကျွတ် ပွဲ ဆင်နွှဲနေချိန် စစ်စခန်းများ
ရှိ စစ်သည်တော်တို့ က နေ့ရောညပါ ပင်ပန်းနွမ်းနယ်နေကြသည်• ပို၍စိတ်
မကောင်းဖြစ်ရသည်မှာ ရှမ်းမြောက် သီပေါ မြို့ ရှိ ခလရ(၂၃) တပ်ရင်းဌာန
ချုပ် ကို TNLA တို့ ဝိုင်းဝန်းတိုက်ခိုက် နေသည်မှာ ၂လ ခန့်ကြာမြင့်ပြီးနောက်
အောက်တိုဘာ ၁၃ ရက်နေ့ တွင်ခလရ၂၃ ခံစစ်စခန်း ကျရှုံးခဲ့ရသည်•သီပေါ
ကျရှုံးခြင်းသည် မန္တလေး, ပြင်ဦးလွင် အတွက် နိမိတ်ဆိုးဖြစ်သည်•ဤအတိုင်း
ဆက်သွားနေလျင် ရတနာပုံ ရွှေနန်းတော်ကြီး အင်္ဂလိပ်လက်ပါအပြီး
၁၃၉ နှစ်အကြာ တွင် ပလောင်နေပြည်တော် အဖြစ် မြင်တွေ့ရဦးမလား?

( စစ်ရှုံးမှု အတွက်မည်သူ့တွင် တာဝန်ရှိသလဲ? Who responsible for
this defeat ?)

ရက်ပေါင်း ၆၀ အတွင်း လုံလောက်သော မြေပြင်စစ်ကူ မပေးနိူင်ခြင်း ,
ကြိုတင်သုံးသပ် စီမံမှု အကာအကွယ်မဲ့ခြင်း အတွက် အထက်ဌာန ဦးစီးအဖွဲ့
အပါအဝင် ကွန်မင်ဒါ တွင် တာဝန်မကင်းကြောင်း သုံးသပ်ရ•မိမိတို့မှာ ယခုမှ
သုံးသပ် , ဆုံးဖြတ် နေသည် မြေပြင်မှာက အလူးအလဲ• ၁၉၉၀ပြည့်နှစ်
နောက်ပိုင်းကာလများမှစတင်၍ တပ်မတော် ခေါင်းဆောင်များ မှာ လွဲမှား
သောအယူအဆ တကယ့်လက်တွေ့ကျသော ရှုမြင်သုံးသပ်ချက်များ ကင်းမဲ့
နေသည်• ပြုပြင်ရန်ရှိသည့် အားနဲချက်များကို မျက်ကွယ်ပြုပြီး ဤအတိုင်း
ဟန်လုပ် affectation သရုပ်ဆောင်နေခဲ့သည်မှာကြာပြီဖြစ်သည်• အိမ်နီး
ခြင်းနိူင်ငံတို့၏ လက်နက်နည်းပညာသတင်း , ရန်သူ၏ ဦးတည်ချက် အလား
အလာ သတင်းများ မရ သည်မှာ သို့မဟုတ် ရအောင်မကြိုးပမ်းခဲ့သည်မှာ
ကြာပြီဖြစ်သည်• ထို တိုက်ပွဲဝင်သတင်း combat intelli: news များကို ကြိုး
စားတည်ဆောက်ရမည့်အစား မိမိအဖွဲ့အစည့်အတွင်းရှိ ဆန့်ကျင်ဖက်သမား
များ၏ လှုပ်ရှားမှု, စီးပွားရေးသောင်းကျန်းမှု သတင်းအစများကိုသာ ဆွဲထုတ်
အလုပ်ရှုပ်နေခဲ့သည်မှာကြာပြီဖြစ်သည်•တပ်မတော် အပေါ်စောင့်ကြည့်နေ
သော ( အထူးသဖြင့် အိမ်နီးခြင်း ) တရုပ် က ပြီးခဲ့သည့် နှစ် ၁၀၂၇ စစ်ဆင်
ရေးဖြင့် မြန်မာတပ်မတော်၏ စွမ်းရည်အား စမ်းသပ်ကြည့်သည်• တစ်နှစ်အ
ကြာ တိုင်းပြည် တဝက် ပျက်ခဲ့ရသည် •မြန်မာ့တပ်မတော် သည် "ဟန်သာရှိပြီး
အဆံမရှိ nominally pitting ကြောင်း တရုပ်တို့သိသွားသည်•ဟန်ဆောင်
ထုတ်ပြန်ချက်များကြားကောင်းအောင် ပါးစပ်က ထုတ်ပြန်နေသော်လည်း
လက်တွေ့ တွင် စစ်ရှိန် မြှင့် ဖို့ သူ၏ "မိစ္ဆာဂိုဏ်းသားsatanic gangsters "
များကို တရုပ်ကမျက်စိမှိတ်ပြခဲ့သည်• မြန်မာစစ်ခေါင်းဆောင် အပေါ် အရုပ် ကလေးတစ်ခုလို ကျီစယ်နောက်ပြောင်နေသည်•မြန်မာစစ်ခေါင်းဆောင်ကလဲ
အလုပ်မဖြစ်တော့သည့် NCA မူကြီးကို ကိုင်ထားသည် , နိူင်ငံတကာသတင်း
တွင်နစကခေါင်းဆောင်ကို " မျှော်လင့်ချက်မရှိသည့် ​အခြေအနေကို ဖြေရှင်း
နေသည့် အလားအလာမရှိသော ပုဂ္ဂိုလ် Deus ex machina " ဟု အပုတ်ချ
စကားဆိုနေသည်•

တိုင်းပြည်ခေါင်းဆောင်တစ်ဦးအနေနှင့် ဤသို့ ရုပ်ပျက်ဆင်းပျက် အခြေ
အနေ ကို ကျော်လွှားဖို့ သူ့နည်းသူ့မာန်ဖြင့် ကြိုးစားနေမည် ကို သံသယဖြစ်
ဘွယ်မရှိသော်လည်း အချိန်နှောင်းလျင် မကောင်း•တရုပ်တို့ လိုလားနေသည့်
ကပ္ပလီပင်လယ်ထွက်ပေါက်ဖြစ်သော ရခိုင်ပြည်နယ် ကို "တည်ကြက်decoy"
ထားပြီး " အဆုံးအဖြတ်ပေးမည့် နောက်ဆုံး "စကားပြောစေခြင်သည်•ဒီလိုမှ
မဟုတ်လျင် ထန်းလျက်လုံး ခွေးယက်သလို ခွေးလဲမဝ , ထန်းလျက်ခဲလည်း
ကုန် ,ငြိမ်းချမ်းရေးလဲမရ , တိုင်းပြည်လည်း ပျက် တော့မည်•

သီပေါ ကျရှုံးခြင်းအတွက် တိုက်ပွဲဝင် စစ်သည်များတွင် တာဝန်မရှိယုံသာ
မက ဤမျှ ကာလတာရှည်စွာ စွမ်းစွမ်းတမာန် ခုခံတိုက်ပွဲဝင်ခဲ့သည်ကိုပင်
ချီးကြူးဂုဏ်ပြုရပေမည်• လောက်ကိုင်က ဗိုလ်ချုပ် ၆ ​ယောက် , ခုခံမှုမပြုဘဲ
ရန်သူ့ထံဒူးထောက် , ရန်သူနှင့် ဖန်ခွက်တေ့ အရက်သောက် တာနှင့်စာလျင်
" စစ်သားစိတ်ဖြင့်အညံ့မခံသော " သီပေါတိုက်ပွဲဝင် စစ်သည်အပေါင်းကို လေးစားလက်တင် ဂုဏ်ပြုအပ်ပါသည်•

( သီတင်းကျွတ် လပြည့်နေ့ ရက်မြတ်တွင် ကိုယ့်ခံစားချက် နှင့် ကိုယ်ရေး သည်, ကြိုက်သလို ဝေဖန်နိူင်သည်)

နန်းတော်ရှေ့ငမာ
Myint Aung Kyaw???

6 months ago

စစ် အာ ဏာ ရှင် အ မြစ် ပြတ် မှ ဆို တာ ရှင်း လင်း တဲ့ အ ဓိ ပ္ပါယ် ဖွင့် ဆို ချက် မ ရှိ ဘူး ။ ဘယ် လို အ နေ အ ထား ကို စစ် အာ ဏာ ရှင် အ မြစ် ပြတ် ပြီ လို့ သတ် မှတ် ထား လဲ ။ မြန် မာ နိုင် ငံ မှာ စစ် တပ် ဆို တာ မ ရှိ တော့ မှ ဆို ရင် တော့ မ ဖြစ် နိုင် တဲ့ ကိ စ္စ ပြော တာ ပဲ ။

၂၅ % လွှတ် တော် က ဖယ် ဖို့ ဆို တာ စစ် တိုက် ပြီး လုပ် လို့ မ ရ ဘူး ။ ကာ ချုပ် မ အုပ် ချုပ် တော့ ရင် ဆို ရင် နောက် နှစ် ရွေး ကောက် ပွဲ ပြီး ရင် ကာ ချုပ် မ အုပ် ချုပ် တော့ ဘူး ။

အဲ့ တော့ နောက် နှစ် ရွေး ကောက် ပွဲ ပြီး လို့ အ ရပ် သား အ စိုး ရ ကို အာ ဏာ ပြန် လွှဲ ပေး ရင် ကော ပြီး ပြီ လား ။

မ ပြီး ပါ ဘူး ။ မ ပြီး ချင် လို့ ကို ရွေး ကောက် ပွဲ မ ဖြစ် အောင် လိုက် ဖျက် နေ ကြ တာ ပဲ ။ တ ခြား ခေါင်း စဉ် လာ ပါ လိမ့် မယ် ။

ဒါ ကြောင့် မြန် မာ နိုင် ငံ ပြ ဿ နာ က ဘယ် တော့ ပြီး မ လဲ ဆို တာ ပြ ဿ နာ ပါ ။ မ ပြီး အောင် လုပ် နေ တဲ့ သူ တွေ အ ကျိုး အ မြတ် တွေ အ လွန် အ ကျွံ ရ နေ တော့ မ ပြီး အောင် ဆက် လုပ် နေ ကြ အုံး မှာ ပဲ ။

သိပ် တော့ မ လွယ် ဘူး ။ အ မယ် ဘုတ် ရဲ့ သူ့ ချည် ငင် ကြီး ကို ဝိုင်း စဉ်း စား ကြည့် ကြ ပေါ့ ။ အ ဖြေ တစ် ခု ထွက် လာ မ လား လို့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၆ ၊ ၁၀ ၊ ၂၀၂၄

မိုး တင့် ဆွေ
၁၆ ၊ ၁၀ ၊ ၂၀၂၄
ဗု ဒ္ဓ ဟူး ။

6 months ago

“ လွယ် ပါ့ မ လား “

လက် ရှိ မြန် မာ နိုင် ငံ ဖြစ် နေ တာ တွေ ဘယ် လို ပြီး ဆုံး မ လဲ ဆို တဲ့ ကိ စ္စ ဖြစ် လာ တယ် ။

တ ချို့ က အာ ဏာ ရ ယူ ထား တဲ့ ကာ ချုပ် အာ ဏာ ပြန် ပေး လိုက် ရင် ပြီး ပြီ လို့ ပြော တယ် ။ တ ချို့ က ရ ခိုင် နဲ့ ရှမ်း မြောက် ပြန် သိမ်း နိုင် ရင် ပြီး ပြီ လို့ တွေး တယ် ။ တ ချို့ က ရွေး ကောက် ပွဲ လုပ် ပြီး ရင် ပြီး ပြီ လို့ တွေး တယ် ။

ရွေး ကောက် ပွဲ လုပ် ပြီး ရင် နဲ့ အာ ဏာ ပြန် ပေး လိုက် ရင် က သိပ် မ ကွာ ပေ မဲ့ ခံ ယူ ထား ကြ တဲ့ သ ဘော ထား တွေ မ တူ ကြ ဘူး ။

ရွေး ကောက် ပွဲ ပြန် လုပ် ပြီး အာ ဏာ ပြန် လွှဲ ပေး တာ က ရွေး ကောက် ပွဲ က နေ တ ဆင့် ရွေး ကောက် ခံ တွေ ကို စ နစ် တ ကျ နဲ့ လွှဲ ပေး တာ မျိုး ကို ဆို လို တာ ဖြစ် ပြီး အာ ဏာ ပြန် ပေး လိုက် ရင် ဆို တာ ( လက် ရှိ စစ် တပ် ကို အ နိုင် တိုက် ပြီး ဖြစ် ဖြစ် ) ၂၀၂၀ က နိုင် ပါ တယ် ဆို တဲ့ nld တွေ ကို အာ ဏာ ပြန် ပေး ဆို တာ မျိုး ဖြစ် နေ တယ် ။

Nld ကို အာ ဏာ ပြန် ပေး ဖို့ ဆို တာ nld ဆို တာ ကို မ ရှိ တော့ ဘူး ။ သူ တို့ ဖာ သာ သူ တို့ ပါ တီ မှတ် ပုံ မ တင် တာ ။ မဲ မ သ မာ မှု လို့ ခေါင်း စဉ် နဲ့ အာ ဏာ ထိမ်း ခဲ့ တာ ဆို တော့ ဘယ် နည်း နဲ့ မှ လည်း ဖြစ် လာ စ ရာ အ ကြောင်း မ ရှိ ဘူး ။ ဖြစ် လာ ရင် လည်း ပို ပျက် မယ့် လမ်း ကြောင်း ပေါ် ပဲ ရောက် သွား လိမ့် မယ် ။

အာ ဏာ မ ရ လို့ တော ခို လက် နက် ကိုင် တဲ့ အ ဖွဲ့ ကို အာ ဏာ ပြန် ယူ ပါ လို့ ပြန် ပေး လိုက် ရင် အဲ့ ဒီ အ ဖွဲ့ က မ နိုင် တိုင်း တော ခို လက် နက် ကိုင် တော့ မှာ ပေါ့ ။ ဘယ် နိုင် ငံ မှ လည်း မ ပေး ဘူး ။

ရ ခိုင် နဲ့ ရှမ်း မြောက် ကို ပြန် သိမ်း နိုင် ရင် ပြီး ပြီ ဆို တဲ့ အ ယူ က ကော မှန် ပါ့ မ လား ။

မ နေ့ ( ၁၅ ၊ ၁၀ ၊ ၂၀၂၄ ) က ဘ င်္ဂ လား ဒေ့ရှ် က ယူ နွတ် က ရ ခိုင် မှာ Safe zone တည် ထောင် ဖို့ ကု လ သ မ ဂ္ဂ ကို တောင် ဆို လာ တယ် ။ ဒါ သူ တို့ တ လျှောက် လုံး တောင်း ဆို နေ တဲ့ ကိ စ္စ ပဲ ။ အဲ့ ဒီ ကိ စ္စ အောင် မြင် သွား ရင် ရ ခိုင် ဒေ သ ပို ခက် သွား လိမ့် မယ် ။

အ ရင် တောင်း ဆို တုန်း က အ ခြေ အ နေ နဲ့ အ ခု တောင်း ဆို တဲ့ ကာ လ အ ခြေ အ နေ မ တူ တော့ ဘူး ။ ဖက် ဒ ရယ် မူ ဆို တဲ့ ထဲ မ ပါ တဲ့ ရ ခိုင် က တစ် ပြည် ထောင် စ နစ် ဆို ပြီး ကြွေး ကြော် ပြီး ဘ င်္ဂါ လီ တွေ နဲ့ ပါ တိုက် ခိုက် နေ တယ် ။

နိုင် ငံ ရေး အ စဉ် အ လာ မ ရှိ ဘဲ လူ မျိုး ရေး အ ခြေ ခံ ပြီး ဆောင် ရွက် နေ တဲ့ ရ ခိုင် ဒေ သ က နိုင် ငံ ခြား က လက် မဲ တွေ အောက် ကြိုး ဆွဲ ဘ ဝ သေ ချာ ပေါက် ရောက် သွား ရ လိမ့် မယ် ။

ဒီ လို ပဲ TNLA ဆို တဲ့ ပ လောင် တွေ လည်း ဘာ ခံ ယူ ချက် မှ မ ရှိ ဘဲ ရ သ လောက် အ မြတ် ဆို တဲ့ အ တွေး နဲ့ စစ် ရေး ဖော် ဆောင် နေ တာ ကြိုး ဆွဲ ခံ တစ် ဖွဲ့ သာ ဖြစ် နေ လိမ့် မယ် ။

AA နဲ့ TNLA မှာ တူ ညီ တာ တစ် ခု က ပ ညာ တတ် လူ တန်း စား နည်း တယ် ။ ပ ညာ တတ် နည်း တော့ နိုင် ငံ အ ဆင့် မ တွေး နိုင် ဘူး ။ လူ မျိုး ရေး ဘန်း ပြ စည်း ရုံး ရ လွယ် နေ တယ် ။ ( ပ ညာ တတ် များ တဲ့ ရ ခိုင် တောင် ပိုင်း နေ ရာ တွေ မှာ တော့ လူ မျိုး ရေး ဘန်း ပြ လို့ မ လွယ် ဘူး ။ )

မြန် မာ နိုင် ငံ မြေ ပုံ ချ ပြီး AA တို့ TNLA တို့ MNDAA တို့ သိမ်း ထား တဲ့ နေ ရာ တွေ ကို ကြည့် လိုက် ရင် မြန် မာ နိုင် ငံ က နေ ခွဲ ထုတ် ပေး လိုက် လို့ မ ရ တဲ့ နေ ရာ တွေ ဆို တာ တွေ့ လိမ့် မယ် ။ စစ် တပ် အား နည်း နေ တုံး ခ ဏ နေ ခွင့် ရ တဲ့ သ ဘော ဆို တာ တွေး မိ လိမ့် မယ် ။

နောက် တစ် ချက် က AA ၊ TNLA နဲ့ MNDAA ကို မ နှိမ် နင်း နိုင် ရင် မြန် မာ နိုင် ငံ ဘယ် တော့ မှ မ လုံ ခြုံ မ အေး ချမ်း နိုင် တော့ ဘူး ။ မြန် မာ နိုင် ငံ အ လယ် ဗ ဟို မြို့ တွေ ဖြစ် တဲ့ သ ပိတ် ကျင်း မ တ္တ ရာ ပြင် ဦး လွင် က နယ် စပ် ဖြစ် သွား တော့ မယ် ။

AA နဲ့ TNLA ကို တ ရုတ် နဲ့ အ မေ ရိ ကန် ထောက် ခံ ရပ် တည် ပေး မယ် ဆို ရင် တော့ တစ် မျိုး ဖြစ် မယ် ။ မြန် မာ အ စိုး ရ ဖက် က ကာ လ တစ် ခု အ တွင်း သိ သာ ထင် ရှား တဲ့ ဆောင် ရွက် ချက် မ လုပ် နိုင် ရင် တ ရုတ် နဲ့ အ မေ ရိ ကန် တို့ သူ တို့ နောက် မှာ ရပ် တည် သွား လိမ့် မယ် ။

နောက် တစ် နေ ရာ က အ ညာ ဒေ သ ။

အ ခု လက် နက် ကိုင် ပြီး ဂိတ် ဖွင့် ရ တာ ဆက် ကြေး တောင်း ရ တာ ဘယ် လောက် ပိုက် ဆံ ရ လဲ လို့ သိ သွား ကြ ပြီ ။ ရေ နံ တွင်း တွေ ရှိ တဲ့ ဒေ သ ၊ ရွှေ ထွက် တဲ့ ဒေ သ တွေ မှာ တစ် ရက် ကို သိန်း ရာ ထောင် ချီ ဝင် ငွေ ရ နေ ကြ ပြီ ။

ပုံ မှန် ဆို ရင် အ ခု လက် နက် ကိုင် ထား တဲ့ သူ တွေ က ကိုယ့် အ လုပ် ကိုယ် လုပ် စား နေ ကြ ရ မှာ ။ အ ခု တော် လှန် ရေး ဆို ပြီး ဆက် ကြေး နဲ့ ဂိတ် ဖွင့် စား နေ တာ ပို အ ဆင် ပြေ နေ တော့ သူ တို့ လက် နက် စွန့် ဖို့ မ လွယ် တော့ ဘူး ။

တော် လှန် ရေး က ဘယ် တော့ ပြီး မှာ လဲ ။ တော် လှန် ရေး ပြီး ရင် pdf တွေ လက် နက် ပြန် စွန့် ကြ မှာ လား ။

အဲ့ ဒါ မြန် မာ နိုင် ငံ ရဲ အ ကြီး ဆုံး ပြ ဿ နာ ပဲ ။

7 months, 3 weeks ago

MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ

TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ

AA အေအေအပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ

KIA အပ်ထားသော တရုတ်နိုင်ငံခြားကုန်သွယ်မှုဘဏ်(CTB)မှ ၆.၁ဘီလီယံ

NUG အပ်ထားသော ဟောင်ကောင်စီးပွါးရေးဘဏ်(HBB)မှ ၅၂၈.၂သန်း အား တရုတ်အစိုးရမှ ဘဏ်အကောင့်များ အား ယနေ့တွင်ထပ်မံ ပိတ်သိမ်းခဲ့ပါသည်။
#yyh

7 months, 4 weeks ago

ဘယ်ကာလမှာ ဘယ်လိုခေါင်းဆောင်လိုလဲ ?

ဝင်စတန်ချာချီ ဟာ ဒုတိယကမ္ဘာ စစ်မှာ
စစ်တိုက်ဖို့ မိန့်ခွန်း ပြောခဲ့တယ်

အဲ့ဒီ့အချိန်မှာ အဂ်လန်ကျွန်း‌လေးရဲ့ ကောင်းကင်ယံမှာ နာဇီ ဂျာမနီ လေယာဉ် တွေ က ဗုံးကြဲဖို့ပျံဝဲနေချိန်ပေါ့။

ချာချီ က တိုင်းပြည်ကို

မြေပြင်မှာတိုက်မယ်
ကောင်းကင်မှာတိုက်မယ်
ကန္တာရထဲမှာတိုက်မယ်
ပင်လယ်ပြင်မှာတိုက်မယ်

ဆိုပြီး အဂ်လန်နိုင်ငံ ကို စိတ်ဓာတ်တက်ကြွအောင် လှုံဆော်ခဲ့တယ်

ခေါင်းဆောင်ကောင်းဆို ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိဖို့ အရေးကြီးတယ်

စစ်နိုင်အောင်တိုက်တယ်ဆိုတာ
တနည်းအားဖြင့် နိုင်ငံတော် မပြိုကွဲဖို့
နိုင်ငံတည်ဆောက်ဖို့ အတွက် အခြားနည်းလမ်းနဲ့ ဆောင်ရွက်တာပဲ။

ခေါင်းဆောင်မှာ အနည်းဆုံး နှစ်မျိုးရှိတယ်။
Transitional Leadership
အသွင်ကူးပြောင်းရေး ခေါင်းဆောင်မှု နဲ့

Crisis Leadership
အကြပ်အတည်းခေါင်းဆောင်မှု ပဲ။

တချို့ က အသွင်ကူးပြောင်းရေး
မှာ အောင်မြင်တဲ့ခေါင်းဆောင် ဖြစ်ပေမယ့်

တကယ့်အကြပ်အတည်းမှာ ဦးမဆောင်နိုင်တဲ့
လူဖြစ်တတ်တယ်။

ချာချီ က အကြပ်အတည်းကာလ မှာ ပြတ်သားတဲ့ ခေါင်းဆောင်ပဲ။

အတုယူစရာပါ။

အဂ်လန် နေမဝင်အင်ပါယာ
ဒုတိကမ္ဘာစစ် စစ်နိုင်ခဲ့သော အဂ်လန်စိတ်ဓာတ်

7 months, 4 weeks ago

စစ်ပွဲက မတိုက်ခင်ကတည်းက ရှုံးနေပါပြီ

အာစင်ရွှမ်းဘဲ

ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည်ကောင်းတဲ့
စစ်သားတွေ ရှိရှိပါ။ စစ်ထောက်  က မပြည့်စုံတော့  စစ်ရှုံး ခဲ့ရတယ်။

ဘောင်းဘီတိုနဲ့စစ်တိုက်တယ်
စားစရား မရှိလည်း စစ်တိုက်တယ် ဒါက ဂုဏ်ယူ ရမည့် အချက်တွေ မဟုတ်ပါဘူး။

စစ်သား တစ်ယောက်စီကို ငါတို့တပ်မတော်က
ဘယ်လောက် ကာကွယ်ဖြည့်တင်းပေးထားသလဲ?

ငါတို့တပ်တစ်ခုလုံးကို ဘယ်လို ထောက်ပံ့ဖြည့်တင်းပေးနေသလဲ ဆိုတာကိုသာ ဂုဏ်ယူ
ရမှာပါ။

အုပ်ချုပ်ထောက်ပံ့မှုဟာ စစ်ပွဲရဲ့ အသက်ပါပဲ။

ဒုတိယကမ္ဘာစစ် အာဝင်ရွမ်းမဲ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months ago