TGI Anti-Coup Team

Description
ထောက်ပို့ကြမယ် သတင်းတွေပို့မယ်
စစ်ရှောင်တွက် တိုက်ပွဲတွက် ထောက်ပို့မယ်
C2D P2D Digital Strike နဲ့လဲထောက်ပို့မယ်
နည်းမျိုးစုံနဲ့အာဏာရှင်ကိုတော်လှန်မယ်
ထောက်တိုင်တွေကိုကူကြမယ် 🤜🤛
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago

9 months ago

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေးဆုံးမှုနှင့် ပျက်စီးမှုများ
-၂.၁၂.၂၀၂၄ ခုနှစ် မနက် (၈)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်တစ်စီး၊ စပါးကျီ တစ်လုံးနှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ သည်။
-၄.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ရသည်။
-၆.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁၂)ခွဲအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူပိုင် တိရိစ္ဆာန် နွား (၅)ကောင် လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့ရသည်။
-၁၀.၁၂.၂၀၂၄ ခုနှစ် ည (၇)နာရီ အချိန်တွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
-၁၂.၁၂.၂၀၂၄ ခုနှစ် ညနေ (၃)နာရီခွဲအချိန်တွင် စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ ရပ်ကွက်တစ်ခု‌အပေါ်ကို လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
-၁၆.၁၂.၂၀၂၄ ခုနှစ် မနက်(၇) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
-၁၈.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁၂)နာရီ (၅၀)မိနစ်အချိန်တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၃)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ထိုအထဲမှ (၁)ဦးမှာ သေဆုံးခဲ့ရသည်။
-၁၉.၁၂.၂၀၂၄ ခုနှစ် ညနေ (၃)နာရီ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စကစ အခြေစိုက် ခမရ ၃၃၆တပ်မှ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့သည်။

#HumanRightsViolations
#knhrg
#motorshelling
#Karenni

9 months ago
TGI Anti-Coup Team
9 months ago
TGI Anti-Coup Team
11 months ago
TGI Anti-Coup Team
11 months ago
9/11/2024

9/11/2024
ရှမ်း/တောင် မိုးရွာထားတာကြောင့်
ကျောက်ဂူ-နမ့်လန်လမ်း
ကျောက်ဂူ-သာစည်လမ်း
ကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အတိုင်းဘဲ ဒီပုံစံတွေပါဘဲ။
ခရီးသွားပြည်သူများ လမ်းအခြေနေကိုစုံစမ်းသွားကြပါလို့လေးစားစွာ အကြံပြုပါရစေခင်ဗျာ။
ThaungpawTharla

11 months ago

ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကာလရွာကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ၂ဦး သေဆုံး

ကရင်နီ၊ နိုဝင်ဘာ၉

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကာလကျေးရွာကို နိုဝင်ဘာ ၈ရက်နေ့ ည ၁၁နာရီဝန်ကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်တွင်ဒဏ်ရာရရှိကာ သေဆုံးပြီး အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးမှာ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွါးရာကို ရောက်ရှိခဲ့သည့် ကယ်ဆယ်ရေးလုပ်သူတို့က ပြောကြားသည်။

ဒေသခံတစ်ဦးကလည်း " ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ လေယာဥ်က ၃ကြိမ်ကြဲသွားတာ "ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နှင့် PNOတို့ အင်အား ၅၀၀ခန့်ဖြင့် မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးနေပြီး အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ် ဗန်းမောက်ကျေးရွာတွင် စပါးသယ်နေသည့် ထော်လာဂျီပေါ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

KPV News
Photo -CJ

#KarenniPeoplesVoice #ဖယ်ခုံ #ကာလရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago