ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 4 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 3 weeks ago
#BreakingNews
မောင်တောမြောက်ပိုင်း မီးတိုက်ရွာအနီးရှိ ရခိုင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့(AA) အကြမ်းဖက်စခန်းများကို ARSA အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်နေ
=========================
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရခိုင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့(AA)နှင့် ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုများ နေစဉ်လိုလိုရှိခဲ့ရာ လက်ရှိတွင်လည်း မောင်တောမြောက်ပိုင်း မီးတိုက်ရွာအနီးရှိ ရခိုင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့(AA) အကြမ်းဖက်စခန်းများကို ARSA အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ထိုကဲ့သို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မောင်တောမြို့နေ အရပ်သားများသည် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြရကြောင်း သိရသည်။
“အေအေကို ရခိုင်လူကောင်းတွေက မထောက်ခံကြဘူး၊ အေအေဝင်လာရင် အကုန်ဘဝပျက်မယ်လေ။ ပြန်ပေးဆွဲ ငွေညှစ်လုပ်ကြတယ်၊ မောင်တောဒေသခံတွေက အေအေ ကို မကြိုက်ကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ငွေကြေးတတ်နိုင်သူများက ရေလမ်းခရီးဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
https://t.me/voiceofmuslim2024
✅✅✅
ဖေဖော်ဝါရီ ၁၃၊ VOM**
ရခိုင်အစွန်းရောက်လက်နက်ကိုင်အဖွဲ့(AA)မှ မောင်တောမြိုနယ်မြောက်ပိုင်းရှိ မွတ်ဆလင်ကျေးရွာများဖြစ်သော ကျောက်လှေကား၊ မဂ်လာကြီး၊ လှဘော်ဇားနှင့် ပေါင်းဇားကျေးရွာကနေ တစ်ရွာလျှင် လူဦးရေ ၇၀ ကျော်အား ပေါ်တာဆွဲပြီး အလုပ်ကြမ်းများစေခိုင်းနေကြောင်း ဒေသတွင်း နေထိုင်သူများထံမှ သိရှိရသည်။
ထိုကဲ့သို့ ပေါ်တာဆွဲထားသည့် မွတ်ဆလင်လူမျိုး လူဦးရေ ၂၈၀ ကျော်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့ကစပြီး ယနေ့အချိန်ထိ ပေါင်းဇားရွာနှင့် မဂ်လာကြီးကျေးရွာ အနောက်ဖက်ရှိ နယ်စပ်ခြံစည်းရိုးနားက AA စခန်းတွေမှာ စခန်းပတ်လည်မှာ တောရိုင်းရှင်းခိုင်းခြင်း၊ မြေကျင်းတူးခိုင်းခြင်း၊ ရိက္ခာပို့လမ်း ဖောက်ခိုင်းခြင်း၊ ထင်းခွေ/ရေခပ် လုပ်ခိုင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။ ထိုကဲ့သို့ အတင်းအဓမ္မလုပ်အားစေခိုင်းနေသောကြောင့် လက်လုပ်လက်စား မွတ်ဆလင်မိသားစုများမှာ အငတ်ပြတ်ဘဝ ကြုံနေရပါတယ်။
ထိုအပြင် ရခိုင်အစွန်းရောက်လက်နက်ကိုင်အဖွဲ့(AA)မှ အနေဖြင့် မောင်တောမြိုနယ်မြောက်ပိုင်းက ပြင်ဖြူကျေးရွာရှိ မွတ်ဆလင်တွေ ပိုင်ဆိုင်ကြတဲ့ စျေးဆိုင်တွေမှ ပစ္စည်းဟူသမျှကို နေ့စဥ်လိုလို အဓမ္မ လုယူသွားလျက်ရှိနေပါတယ်။
အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဒေသခံတစ်ဦးက “သူတို့တွေ ဈေးလာဝယ်ရင် ငွေပေးဝယ်တာနည်းတယ်၊ သေနတ်တွေနဲ့လာတာဆိုတော့ မပြောရဲကြဘူးလေ၊ တစ်ချို့ဆို ဓားပြလိုလို ပစ္စည်းတွေ ယူပြီး ခပ်တည်တည်ပဲ ထွက်သွားတာ၊ ပိုင်ရှင်တွေက ငွေတောင်းရင် သူတို(AAတပ်သားတွေ)က နင်တို့တွေ ဒီမှာထားထားတာတောင် ကံကောင်းဆိုပြီး ဒေါသတကြီး ပြန်ခြိမ်းခြောက်တယ်။ ဘာတွေအတွက် ပိုက်ဆံ တောင်းနေတာလဲဆိုပြီး ဆဲဆိုစော်ကားခံရတယ်။ တစ်ချိုတပ်ဖွဲဝင်တွေက အရက်မူးပြီး ဆိုင်မှာ လာပြီးတော့ ပစ္စည်းဟူသမျှ ယူချင်သလို ယူပြီး ငွေမပေးဘူး။ ငွေတောင်းရင် ဘယ်ကိုသွားပြီး တိုင်းတိုင်းငွေရမှာ မဟုတ်ဘူးလို ဆဲဆိုစော်ကားပြီး ခြိမ်းခြောက်ပြန်တယ်” ဟုပြောသည်။
https://t.me/voiceofmuslim2024/86
တစ်ဖက်နိုင်ငံမှာရောက်နေတဲ့ မွတ်ဆလင်တွေအနေနဲ့ ဘင်္ဂလားအစိုးရ AA ဆီ ဒုက္ခသည်တွေ မလွဲဖို့ ဆန္ဒပြတောင်းဆိုမှရလိမ့်မယ်
စစ်တိုက်ဖို့ မွတ်ဆလင်တွေကို ရခိုင်ပြည်နယ်က ရွာတွေမှာလိုက်စုနေတာ မွတ်ဆလင်တွေအသိဆုံးပဲ
သေတာတွေလည်း ထောင်ချီနေပြီဆိုတာ အသိဆုံးပဲ
သူတို့ဆီရောက်သွားရင်တော့ နေရာပေးတာနည်းနည်း AA လက်နက်ကိုင်ဖြစ်တာများများဖြစ်ကုန်လိမ့်မယ်၊ ထိုးကြွေးခံလူတန်းစားဘဝရောက်ကုန်လိမ့်မယ်
တိုက်ပွဲကြားမှာသေတာထက် ကောဘဇားဒုက္ခသည်စခန်းတွေမှာနေတာက ပိုအဆင်ပြေပါလိမ့်မယ်
အသက်တွေ မိသားစုတွေ တည်မြဲရေးအတွက်တော့ စဥ်းစားကြပေါ့
#BreakingNews ?
ယမန်နေ့ ညနေ(၆)နာရီအချိန်ခန့်က မောင်တောမြို့၊ ဖေဇီကျေးရွာ ရပ်ကွက်(၂)တွင် မွတ်ဆလင်လူမျိုး ဇီဝဗေဒဆရာ ဇော်ဇော်လတ်၏ နေအိမ်အား ရခိုင်အစွန်းရောက် AA အကြမ်းဖက် အဖွဲ့က ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ခိုက်ခဲ့မှုကြောင့် ဖခင်ဖြစ်သူ ဒေါက်တာကာမာလ်၊ သူရဲ့ဇနီးနှင့် သူရဲ့မိခင်တို့ သေဆုံးခဲ့ပြီး ဆရာဇော်ဇော်လတ်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဆရာ ဇော်ဇော်လတ်ရဲ့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ရခိုင်အစွန်းရောက် AA အဖွဲ့က ၎င်းအကြမ်းဖက်အဖွဲ့အား မွတ်ဆလင်လူမျိုးများမှ မထောက်ခံလို့ဟုဆိုကာ မွတ်ဆလင်များနေထိုင်ရာ ကျေးရွာ/ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍လည်းကောင်း၊ Dropbomb များကြဲ၍လည်းကောင်း နေ့စဥ်လူမျိုးတုံးတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။
https://t.me/voiceofmuslim2024
#BreakingNews
ဗလီသို့ ဝတ်ပြုရန်သွားသည့် မွတ်ဆလင်များအား AA အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ထပ်မံတိုက်ခိုက်
========================
မောင်တော၊ သြဂုတ် ၃
မောင်တောမြို့၊ မောင်နီရွာဗလီတွင် ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က အစ္စလာမ်ဘာသာဝင်တို့ အပတ်စဉ် သောကြာနေ့ဝတ်ပြုချိန်အတွင်း ဝတ်ပြုဖို့ လာရောက်ကြတဲ့ မောင်တောမြို့ခံ မွတ်ဆလင်တွေကို မောင်နီရွာ အနောက်ဘက်နယ်စပ်နားမှာရှိနေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက သေနတ်ဖြင့် အချက်ပေါင်း ဒါဇင်နဲ့ချီကာ ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါတယ်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် မောင်နီရွာဗလီအနီးနေထိုင်သည့် အသက်(၁၅)နှစ်ရွယ် မွတ်ဆလင် လူငယ် တစ်ဦး ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျည်ဆန်ကို ခွဲထုတ်ဖို့နဲ့ ဆေးကုနိုင်တဲ့ အခြေအနေ မရှိတာကြောင့် အဲ့ဒီခြေထောက်ကျည်ထိမှန်ထားသူရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။
မောင်တောမြို့နယ်အတွင်းနေထိုင်သည့် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့အနေဖြင့် ပြီးသည့် သောကြာနေ့ကလည်း မွတ်ဆလင်များ ဝတ်ပြုနေချိန် ဗလီအား Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် မွတ်ဆလင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၂၅ ဦးခန့် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ပါတယ်။
မောင်နီရွာနယ်စပ်အထိရောက်နေတဲ့ AA အကြမ်းဖက်အဖွဲ့အနေဖြင့် မောင်နီရွာထဲက မွတ်ဆလင်များအား ရွာကိုစွန့်ထွက်သွားဖို့ ဖိအားပေးနေပြီး မလိုက်နာရင် နေ့တိုင်း ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။
https://t.me/voiceofmuslim2024/70
#BreakingNews
AA အဖွဲ့မှ မောင်တောမြို့ရှိ အပြစ်မဲ့ မွတ်ဆလင်များအား Drone ဖြင့်ထပ်မံတိုက်ခိုက်၊ AA Drone အဖွဲ့ဝင်တစ်ချို့ဖမ်းဆီးခံထားရ
=======================
မောင်တော၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုများလုပ်ဆောင်နေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ မောင်တောမြို့ရှိ အပြစ်မဲ့ မွတ်ဆလင်များအား ဒရုံးဖြင့်ထပ်မံတိုက်ခိုက်ခဲ့သဖြင့် မွတ်ဆလင်အမျိုးသမီးငယ်များအပါအဝင် အမျိုးသားများပါ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ သေဆုံးသူများစွာရှိခဲ့ကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေသည့် AA Drone အဖွဲ့ဝင်တစ်ချို့ဖမ်းဆီးခံထားရကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းများထံမှ သိရှိရပါတယ်။
မောင်တောမြို့နယ် နိုယာပါရာ(လက်သာ)ရပ်ကွက်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက AA က Drone ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့မွတ်ဆလင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားတစ်ချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး လူနေအိမ်တစ်ချို့ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ခဲ့ပါတယ်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုကြောင့် လက်သာရပ်ကွက်ရှိ မူဟာမတ်ယူနူစ်၏ နေအိမ်ပေါ် ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး မူဟာမတ်ယူနူစ် ၏ ဇနီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရရှိကာ ၎င်း၏နေအိမ်ပျက်ဆီးခဲ့တာလို့ သိရပါတယ်။
မောင်တောမြို့နယ်တွင် ဆေးရုံနှင့် ဆေးဆိုင်များ မရှိသဖြင့် ဒဏ်ရာများ အလွန်နက်သောကြောင့် ကုသရန် ခက်ခဲပါတယ်။
ထို့အပြင် မွတ်ဆလင်များအားရန်ငြိုးထားပြီး မွတ်ဆလင် လူမျိုးတုံးသတ်ဖြတ်မှုများနေ့စဥ်ပြုလုပ်လျက်ရှိသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့အနေဖြင့် ယင်းနေ့မှာပင် မြို့ဦးကျေးရွာရပ်ကွက်(ဧတာလျာ)၊ ရွာသစ်ကေရပ်ကွက်၊ လက်သာရပ်ကွက်၊ မောင်နီရပ်ကွက်၊ ကညင်တန်းရပ်ကွက် ကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ မွတ်ဆလင်လူမျိုး (၂၅)ဦးကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး ၁၀ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသနေ မွတ်ဆလင်များထံမှ သိရပါတယ်။
video-ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ Droneဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရှိခဲ့သည့် မွတ်ဆလင်လူမျိုးများနှင့် အပြစ်မဲ့ မွတ်ဆလင်များအား Drone ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် AA အကြမ်းဖက်အချို့အား မွတ်ဆလင်အဖွဲ့တစ်ဖွဲ့မှ အရှင်ဖမ်းဆီးရမိထားသည့် video သက်သေမှတ်တမ်းများ
(video များကြည့်ရန် လင့်ကိုနှိပ်ပါ)
https://t.me/voiceofmuslim2024/66?single
မောင်တော၊ ဇူလိုင် ၄
မောင်တောတွင် စစ်ဘေးရှောင်ရတဲ့ မွတ်ဆလင်ကျေးရွာသားတချို့ နေရပ်ပြန်ခွင့်ရခဲ့သော်လည်း ထားခဲ့ရတဲ့ ဆန်အိတ်၊ကျွဲများ၊ နွားများ၊ကြက်များ၊ဆိတ်များ အပြင် အိမ်တွင်းအသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် စစ်ဘေးရှောင်ပြည်သူတွေထဲက ရခိုင်တွေရဲ့ ဖုန်းတွေကိုမသိမ်းဘဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေ ကိုသာ သိမ်းနေတယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက AA မောင်းထုတ်ခံရမှုကြောင့် တိမ်းရှောင်ပေးခဲ့ရတဲ့ မောင်တောမြို့နယ်က ပေါင်းဇားကျေးရွာ၊ လှဘော်ဇားကျေးရွာ၊ ပန်းတောပြင်ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ၊ လသာအောက်ရွာ တို့အနက် ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာ (၂) ခုမှ ဒေသခံ မွတ်ဆလင်တွေကို ပြီးခဲ့တဲ့အပတ်တွင် AA က မူလနေထိုင်ရာ ရွာတွေကို ပြန်ခွင့်ပြုခဲ့ပြီး ကျန် ရပ်ကွက်ကျေးရွာသားတွေကို ရွာတွေကို ပြန်ခွင့် မပြုသေးဘူးလို့သိရပါတယ်။
အထက်ပါ ရပ်ကွက်ကျေးရွာတွေ အားလုံးမှာ AA က စစ်စခန်းချပြီး စစ်တပ်ကိုတိုက်ခိုက်ဖို့ မွတ်ဆလင် ရွာသားတွေ ရွာကို စွန့်ခွာနေစဉ်မှာပဲ AA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်နေရာယူခဲ့တာ ဖြစ်ပါတယ်။
ဒေသခံမွတ်ဆလင်တစ်ဦးမှ "AA က မွတ်ဆလင်ရွာတွေကို (၂)လကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီး ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာသားတွေကို ရွာပြန်ခွင့်ပြုလိုက်လို့ ပြန်တဲ့အခါ ကျနော်တို့ ထားရစ်ခဲ့ရတဲ့ ဆန်အိတ်၊ ဆိုလာပြား၊ဘတ္တရီ၊ ဆိုက်ကယ်၊ ကား၊ ကျွဲ၊ နွား၊ ကြက်၊ဆိတ်များအပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ အားလုံးနီးပါး ပျောက်ဆုံးနေပါတယ်။ကျွန်တော်တို့ ထွက်မသွားခင်က ဘာမှမဖြစ်ပါဘူး အားလုံး သူတို့ ကြည့်ရှုပေးထားမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်တော့ ဘာမှ မကျန်တော့ပါဘူး။ ဒါအပြင် ကျန်ရပ်ကွက်ကျေးရွာတွေ ဖြစ်တဲ့ ပန်းတောပြင် ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ တို့က မွတ်ဆလင်ရွာသားတွေ အဝတ်တစ်ထည်နဲ့ အသက်လုထွက်ပြေးရပြီး ရွာမှာ ထားခဲ့ရတဲ့ ကျွဲ၊ နွား၊ ဆိတ်များအပြင် အိမ်တွင်း အသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။အချို့ စပါးတွေထားခဲ့တယ်၊ ဆန်တွေ ထားခဲ့တယ်၊ ကျွဲ၊ နွား၊ ဆိတ် ထားခဲ့ရတယ်၊ အဲ့တာတွေ ဘာတခုတော့မှ မရှိတော့တဲ့အပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ AA က ၄ မိုင်ရပ်ကွက်ကသူတွေနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူဆောင်သွားပါတယ်"ဟု ပြောသည်။
ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ ဘူးသီးတောင်ဖြစ်စဉ်ကြောင့် ထွက်ပြေးရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေဆီက ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေ၊ေရွှများကို AA က သိမ်းဆည်ထားသလို ဇွန်လ ၂၆ရက်နေ့ မောင်တော ရွှေဇားရွာက ထွက်ပြေးရတဲ့ စစ်ဘေးရှောင် မွတ်ဆလင်တွေဆီကလည်း ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားပါတယ်။AA ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်တွေအနေနဲ့လည်း လက်ကိုင်ဖုန်း သုံးစွဲလို့ မရသလို ဖုန်းတွေတွေ့ရင် ဖုန်းဆက်တာမိရင် ဖုန်းသိမ်းတာအပြင် AA တပ်ဖွဲ့ဝင်တွေက အော်ဟစ် ကြိမ်းမောင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေပါတယ်။
"လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချဖို့ သက်သေတွေ ဖျောက်ဖျက်ဖို့ အတွက် AA ဖုန်းသိမ်းနေတာပါ။ ဖုန်းရှိရင် အခြေအနေအမှန်တွေကို သတင်းမီဒီယာဆီ ပြောလို့ရမယ်။ လက်ကိုင်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေနဲ့ အခင်းဖြစ်အခြေအနေတွေကို မှတ်တမ်းတင်နိုင်တယ်။ ဒါမျိုးတွေကို ရှောင်လွှဲဖို့ လက်ဦးမှုအနေနဲ့ ဖုန်းတွေကို သိမ်းပစ်နေတာဖြစ်တယ်။ AA စစ်ဆင်ရေးလုပ်ခဲ့တယ် ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေက မွတ်ဆလင် မဟုတ်တဲ့ အခြားလူမျိုးတွေဆီကနေ AA ဖုန်းသိမ်းတဲ့ ဖြစ်စဉ် မတွေ့ရပါဘူး။ စစ်ဘေးရှောင်မွတ်ဆလင်တွေအနေနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်သွယ်ပြောဆိုဖို့ ဖုန်းတွေ သိမ်းဆည်းခံထားရတာကြောင့် အခက်အခဲဖြစ်နေတယ်။ AA ဒီမှာလုပ်နေတာတွေရဲ့ အဖြစ်အမှန်တွေကို ပြင်ပက မသိနိုင်အောင်လို့ စစ်ဘေးရှောင်ပြည်သူတွေထဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေကိုသာ AA သိမ်းပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင် ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် ဒီလိုလုပ်နေတာ"လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 4 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 3 weeks ago