❥??ကဗျာဝိုင်?⨳

Description
full Crd to Org writer

ဝိုင်တစ်ခွက်(သို့)အား​ဆေးတစ်ခွက်?

?Jan 19━❍──────── ??ᑯᥣ????
??↻ ⊲ Ⅱ ⊳ ↺??

? ࿐??ⱺ ???ᑯ αᑯꭑ
? ࿐??ⱺαᑯ ?ⱺ ?υᑲ 500
? ࿐???? ᑲⱺ? - @Talk_with_RIYO_bot
Leave = BAN
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago

hace 2 años

recလေးပေးရင်

မြွေဟောက်ကြီး

အိမ်လာကိုက်မာ

စိုးလို့လားဟင်။??

hace 2 años

287တဲ့?အေးပါကွာ

hace 2 años

ဘယ်ထိရှင်သန်ရမလဲမသိတဲ့ဘဝမို့မနားနေတော့ပါဘူး☺️

hace 2 años
အဆိုးတွေပဲ ကြုံလာရတဲ့နောက်ပိုင်း

အဆိုးတွေပဲ ကြုံလာရတဲ့နောက်ပိုင်း

သိပ်မငိုဖြစ့်တော့ဘူး

နင်လားလောကဓံဆိုပီး

အရွဲ့တိုက်ပီး ရီမောနေရတာ

တစ်ခါတလေ

နာကျင်လျက်နဲ့ပြုံးလိုက်ရတဲ့

အခိုက်အတံလေးတွေရှိတယ်

ပျော်တယ်ရယ်တော့ဘယ်ဟုတ့်ပါ့မလဲ

ငါ လည်း လူပဲ......:::::::........:::::::............

စောနရီ

အားငယ်သူအတွက်အားဆေးတစ်ခွက်(သို့)ဝိုင်တစ်ခွက်?

? @Poem_and_wine ?

┊Thank U,Next!
#օʀɨʏօ
#ʏօօռʍǟʏʍɨʍǟռ
#ᴄʀᴅ_ᴛᴏ_ᴏʀɢ ۵
۵

hace 2 años

မင်းအပေါ်လိုက်ပြီး ကိုယ့်မှာပြောင်းလဲပေးခဲ့ရတာ …

ဒီရက်ထဲမှာ ကိုယ်အတွေးတွေ သိပ်များခဲ့ရသလို အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လိုနွေးထွေးအောင် ပြန်လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေရှာနေခဲ့တာ … အိပ်ပျက်ရတာတွေလည်း များနေပြီ ။ ငိုရတာတွေလည်း များနေပြီ ။ အဖြေက သိပ်တော့ အများကြီးရှိမနေပါဘူး … မင်းပုံစံလေးအတိုင်း ကိုယ်က အလိုက်သင့်လေး လိုက်နေပေးလိုက်ရုံကလွဲပြီး တခြား သိပ်အများကြီး ရွေးချယ်စရာတွေရှိမနေဘူးလေ ။

မင်း တိတ်ဆိတ်နေတဲ့အခါ … ဘာလို့လဲဆိုတဲ့ မေးခွန်းတွေမမေးပဲ မင်းတိတ်ဆိတ်နေတဲ့အတိုင်း ကိုယ့်မှာ ငြိမ်သက်လိုက်ဖို့ပဲ ရွေးဖို့ရှိတော့တာလေ … စကားတွေပြောဖို့ စောင့်နေပေမယ့် ကိုယ့်အတွက်ပဲ မအားတတ်တဲ့မင်းကို ဒီထက်ပိုပြီး မနှောင့်ယှက်ချင်တော့ပါဘူး … စာတွေပို့ဖို့ တွေးသေးပေမယ့် ပြန်လာမယ့် အင်းတွေ အော်တွေက ကိုယ့်ကို မျက်ရည်ကျစေမှာမို့ ဒီတိုင်းလေးပဲ ငေးနေလိုက်ဖို့ပဲ တွေးတော့တာပါ ။

အေးစက်နေတဲ့ဆက်ဆံရေးကို အရင်လိုပြန်ဖြစ်အောင် အများကြီးကြိုးခဲ့ရဖူးတယ် … ဒါပေမယ့် အရင်လိုပြန်မဖြစ်နိုင်တော့တဲ့ ဆကဆံရေးက အရင်ကထက်ပိုအေးစက်သွားတာကိုပဲ တစ်နေ့ပြီးတစ်နေ့ ငေးကြည့်နေရတာပါ … မအားလို့နော်ဆိုတဲ့စကားရဲ့နောက်မှာ အိပ်ရေးပျက်ခံပြီး စောင့်ခဲ့ဖူးသလို ခဏနော်ဆိုတဲ့ စကားနောက်မှာလည်း အလုပ်ပျက်ခံပြီး စောင့်ခဲ့ဖူးတယ် ။ ဒါပေမယ့် မင်းရဲ့ ခဏတွေက အရမ်းကြာသလို မင်းမအားခြင်းတွေက သိပ်မျက်နှာလိုက်တာပဲ ။

ထားပါတော့ … ကိုယ့်ဖက်က အတင်းတွယ်ကပ်နေရသလို ဖြစ်နေခြင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ကုန်နေပါပြီ ။ မချစ်ဖို့တားကြည့်သေးပေမယ့် မချစ်ပဲ မနေနိုင်တဲ့ကိုယ့်မှာ မင်းနေတတ်သလို နေတာကို ကိုယ်က လိုက်ပြောင်းလဲဖို့ မကြိုးစားတော့ပါဘူး ။ ကိုယ်ပဲ မင်းကိုလိုက်ပြီး ပြောင်းလဲဖို့ ရွေးပါတယ် ။ မင်း ပျော်သလိုနေပါ ။

ကျေးကို

အားငယ်သူအတွက်အားဆေးတစ်ခွက်(သို့)ဝိုင်တစ်ခွက်?

? @Poem_and_wine ?

┊Thank U,Next!
#օʀɨʏօ
#ʏօօռʍǟʏʍɨʍǟռ
#ᴄʀᴅ_ᴛᴏ_ᴏʀɢ ۵
۵

hace 2 años

ဆိုတော့က ဒါက ရီယိုမှာ ယခုလက်ရှိတဲ့ ချန်နယ်တွေပေါ့နော်

https://t.me/addlist/rIQr2dBBi2kwNTY1

helloကတော့ အကို ဝသုန် ဟာပါ ရီယိုက အက်မင်ဆိုပင်မဲ့မရန်းဖစ်ပါဘူး

(သူလည်းမရန်းပါဘူး ဟုတ်ကဲ့ကျေးဇူး?)

အာ့လေးလာပြောပြရင် ဂုနိုက်လာလုပ်တာ?

#օʀɨʏօ

hace 2 años

good night??

အူးးးးမွ?

သဘောကျတာလေးဂျိုင်းလိုက်

အသုံးဝင်မှာပါ?

https://t.me/addlist/0EjtrBFHPcI4NTJl

ေနွးနွေးထွေးအိပ်နော်...ဂရုစိုက်..တာ့တာ?

တခုခုဆို ရီယိုရှိတယ်နော် ရင်လာဖွင့်??

ရီယို bot
@Talk_with_RIYO_bot

#օʀɨʏօ

hace 2 años
တချို့သူဌေးတွေ ရှိတယ် ..

တချို့သူဌေးတွေ ရှိတယ် ..
သူတို့ ပိုင်ဆိုင်မှုကို ဘာမှ ထုတ်မပြဘူး
သူတို့ ထုတ်မပြလည်း
ဘေးကလူတွေက သူတို့ ချမ်းသာမှန်း
အလိုလိုသိနေတာမျိုးး

လူတယောက်ပြောဖူးသလို
သူ့မှာ ဆွဲကြိုး မရှိခင်တုန်းက
သိပ်ဝတ်ချင်တာတဲ့ ..ဆွဲကြိုးမပါတဲ့
သူ့လည်ပင်းပြောင်ကို သူ့မကြည့်ချင်ဘူးတဲ့

ခုသူ့မှာ ဆွဲကြိုး ငါးကြိုး ရှိတော့
တကြိုးမှ ကို ထုတ်မဝတ်ဖြစ်တော့ဘူးတဲ့
သူထုတ်မဝတ်ထားလည်း
သူ့မှာရှိတာ သူသိနေတာမို့
ဘေးလူတွေ အထင်သေးမှာလည်း
မစိုးရိမ်သလို ..
ကိုယ့်ကို အဆင်မပြေဘူးဆိုပြီး
ဟားနေလည်း အေးဆေးပဲတဲ့

အဓိကက ..ကိုယ့်မှာရှိနေတာ ကိုယ်သိနေရင်း
ဘဝကို ကျေနပ်စွာ ရှင်သန်နေတာတဲ့

စုတ်ပြတ်စွာ ဝတ်ထားလို့
ကိုယ့်ကို မသိတဲ့သူတချို့က
အထင်သေးနေလည်း
ကျော်ဖြတ်ရဲတာက
သူ့မှာ ဘာပိုင်ထားလည်း သူသိနေလို့ပါတဲ့

ဟုတ်တယ်နော်
အဓိကက ကိုယ့်ပိုင်ဆိုင်မှု ကိုယ်သာအသိဆုံး
ထုတ်မပြလို့ မွဲနေတယ် ထင်လည်း
တမျိုးကောင်းတာပဲ
ကပ်ဖားရပ်ဖား ဟန်ဆောင် မြှောက်ပင့်သူတွေ
ကင်းတာပေါ့

အားငယ်သူအတွက်အားဆေးတစ်ခွက်(သို့)ဝိုင်တစ်ခွက်?

? @Poem_and_wine ?

┊Thank U,Next!
#օʀɨʏօ
#ʏօօռʍǟʏʍɨʍǟռ
#ᴄʀᴅ_ᴛᴏ_ᴏʀɢ ۵
۵

hace 2 años
ကိုယ်တိုင်ကမပြည့်စုံသလို

ကိုယ်တိုင်ကမပြည့်စုံသလို
ဘယ်သူ့အကြောင်း ဘယ်သူ့အဓိပ္ပာယ်ကိုမှ
ဝင်မစွက်ဖက်ခဲ့တတ်သူပါ..!!!

ကျွန်တော့်ဘဝထဲက မဟုတ်တဲ့လူတွေ
ဝေဖန်တာဟာ ကျွန်တော့်အတွက်ဟာသတစ်ခုသာဖြစ်ပြီး ဘယ်သူကြိုက်အောင်မှလဲ လိုက်မနေပေးနိုင်ခဲ့ဘူး။

နားလည်အောင်ပြောရရင်
လူတိုင်းအတွက် လူကောင်းဖြစ်ဖို့
ကျွန်တော် မကြိုးစားပါဘူး..။

ရိုးတံ

အားငယ်သူအတွက်အားဆေးတစ်ခွက်(သို့)ဝိုင်တစ်ခွက်?

? @Poem_and_wine ?

┊Thank U,Next!
#օʀɨʏօ
#ʏօօռʍǟʏʍɨʍǟռ
#ᴄʀᴅ_ᴛᴏ_ᴏʀɢ ۵
۵

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago