Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

ဇာတ်ကားအစုံ

Description
@vip_admin_3
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 Tag, 9 Stunden her

2 days, 6 hours ago
**Firewire Sniper ( 2024 )

Firewire Sniper ( 2024 )
🔥မီးလျှံကြားမှ စနိုက်ပါ🔥**
========================

ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ပြည်သူတွေပိုအေးချမ်းနိုင်ဖို့အတွက် ကိုယ့်နာမည်ရင်းကိုစွန့်ပြီး အသက်နဲ့ရင်းပြီး ရန်သူကြားမှာပုန်းကွယ်ရင်း သူလျှိုတာဝန်ကျေပွန်အောင် အမှုထမ်းတဲ့ ရဲတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ချစ်ရသူကိုထိခိုက်အောင်လုပ်ရရင်တောင် ဝန်မလေးပဲ
ရန်သူကိုအယုံသွင်းပြီး မူးယစ်အဖွဲ့အစည်းကို တိုက်ဖျက်ဖို့ကြိုးစားတဲ့ သူ့ရဲ့စစ်ဆင်ရေးကအောင်မြင်နိုင်မလား……

ဉာဏ်များတဲ့မူးယစ်ရာဇာကြီးကရော သူ့ရဲ့လှည့်ကွက်ကိုမမြင်နိုင်ပဲ သူ့ရဲ့ထောင်ချောက်ထဲကိုဝင်လာပါ့မလား…

📝🎭 Movie link ⬇️https://t.me/movieforallmmsub/173 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 days, 6 hours ago
**Night Swim (2024)

**Night Swim (2024)

Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။

ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမတို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။
နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး မမြင်သင့် မမြင်အပ်တဲ့ အရာတွေမြင် မမြင်သင့် မမြင်အပ်တဲ့အသံတွေကို ကြားလာရတဲ့အခါ..

📝🎭 Movie link ⬇️https://t.me/movieforhorror/412 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 days, 6 hours ago
ဇာတ်ကားအစုံ
1 week, 4 days ago
**တာဇံပေါက်စလေးနဲ့အစိမ်းရောင်ဒိုင်နိုဆောလေးတို့ရဲ့ ချစ်ခြင်းမေတ္တာ ***😍******😍***

တာဇံပေါက်စလေးနဲ့အစိမ်းရောင်ဒိုင်နိုဆောလေးတို့ရဲ့ ချစ်ခြင်းမေတ္တာ 😍*😍*

➪➪➪➪➪➪➪➪➪➪➪➪➪➪

The good dinosaur

လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့
အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စ လေးရယ် က
ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်စွဲဆောင်သွားပါတော့တယ်*😍*ကြည့်ရန်နှိပ်ပါ👇t.me/cartoon_mmsub1/4753 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 week, 4 days ago
**ရထားတွဲပျက်ကျပြီး ကင်းမြှီးကောက်ဂူထဲရောက်သွားသောစွန့်စားခန်း***😳******😳***

ရထားတွဲပျက်ကျပြီး ကင်းမြှီးကောက်ဂူထဲရောက်သွားသောစွန့်စားခန်း😳*😳*

➪➪➪➪➪➪➪➪➪➪➪➪➪➪

the labyrinth (2022)

ဒီတစ်ခေါက်မှာတော့ ရုပ်ရှင် ကြည့်ရှုသူတွေသဘောကျအကြိုက်တွေ့စေမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်နော်

အစ်ကိုသောင်းဆိုသူနဲ့ကောင်းဖေးတို့ဦးဆောင်တဲ့လူတစ်ဖွဲ့ ရထားတွဲအက်ဆီးဒင့်ကြောင့် ကံမကောင်းစွာနဲ့တွင်းနက်ကြီးတစ်တွင်းထဲကျသွားကြပါတယ် အဲဒီတွင်းဟာဂျပန်ခေတ်ကဂျပန်စစ်သားတွေခိုအောင်းဖို့ရာတူးခဲ့တဲ့တွင်းဖြစ်ပြီး မြေအောက်မှာ သတ္တဝါဆန်းတွေလည်းရှိသေးတယ်တဲ့
အနယ်နယ်အရပ်ရပ်က ပေါင်းစုံမိကြတဲ့ခရီးသွားတွေ အဲ့တွင်းထဲမှာ ပိတ်မိကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီကြပြီး ရုတ်တရက်ထွက်ပေါ်လာတဲ့ သန္ဓေပြောင်းသွေးဆာနေကြတဲ့ ကင်းခြေများတွေကိုဘယ်လိုတွေတိုက်ထုတ်နှိမ်နင်းကြမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်*😍*ကြည့်ရန်နှိပ်ပါ👇t.me/movieforallmmsub/137 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

1 week, 4 days ago
ဇာတ်ကားအစုံ
2 weeks, 4 days ago
**Only the Strong (1993)

**Only the Strong (1993)
--------------------------------

IMDB 6.7/10

ငယ်စဉ်ကလေးဘဝတုန်းက ကျွန်တော်တို့ပါးစပ်ဖျားထက်မှာစွဲခဲ့တဲ့ပါရာနာဝေးလို့လူသိများခဲ့တဲ့ Only the strong ဇာတ်ကားဟာဆိုရင် 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDb rating 6.7အထိရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ လူးဝစ်စတီဗင် (Mark Dacascos) ကသူ့ဒေသကနေ နှစ်အတော်ကြာခွဲခွာပြီးစစ်သားတစ်ယောက်အဖြစ်တာဝန်ထမ်းနေရာကသူ့ဒေသ ဖလော်ရီဒါပြည်နယ်ကိုပြန်ရောက် လာတယ်

သူတက်ခဲ့တဲ့ လင်ကွန်အထက်တန်း ကျောင်းကဆရာ့ဆီမှာအကူအညီတောင်းဖို့သွားရင်းကနေ သူ့ကျောင်းကကျောင်းသားတွေက ဆေးစွဲအကြမ်း ဖက်ဂိုဏ်းတွေနဲ့ပေါင်းပြီးဆိုးသွမ်းပျက်စီးနေကြတာ တွေ့လိုက်ရတယ်

အဲ့ကျောင်းမှာ ဆရာပြန်လုပ်ဖြစ်ရာကကလေးတွေကိုစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေလုပ်ပေးခဲ့တယ် Capoeira ဆိုတဲ့ ဘရာဇီးရိုးရာသိုင်းပညာနဲ့ကလေးတွေပျက်စီးမှုရဲ့အဓိကတရားခံဖြစ်တဲ့ မူးယစ်ဆေးဈေးကွက်ကိုအုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဆေးလ်ဗရီယို (Paco Christian Prieto) ကိုဘယ်လိုတွန်းလှန်ဖို့ကြိုးစားခဲ့လဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်

📝🎭 Movie link ⬇️https://t.me/fymovie/66 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

2 weeks, 4 days ago
ဇာတ်ကားအစုံ
2 weeks, 4 days ago
**Bleeding Steel (2017)

**Bleeding Steel (2017)

2018 ခုနှစ်ထွက် အခုမှ ပူပူနွေးနွေး ရုံတင်နေတဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ

ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ၀န်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံးဝ မခံပဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်

ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သှူု အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ်

ဒါပေမဲ့ သက်သေကော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ်

အဲ့ဒီနောက်မှာတော့ ဘာတွေဘလိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ

📝🎭 Movie link ⬇️https://t.me/movieforallmmsub/93 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

3 weeks, 4 days ago
**Ai Khai Dek Wat Chedi (2023)

**Ai Khai Dek Wat Chedi (2023)
-----------------------------------
ဇတ်ကားသစ်

ကိန်နဲ့ပီအက်တို့ ညီအစ်ကိုနှစ်ဦး တောင်ပိုင်းက ရွာတစ်ရွာကိုလာပြီးကြက်တိုက်ကြပါတယ်..ကြက်တိုက်ပွဲမှာရှုံးသွားလို့ ပိုက်ဆံမပေးချင်တာ မြို့ခံလူမိုက်တွေဆီကထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ် …
အဲဒီဘုရားကျောင်းက Sichon ပြည်နယ်မှာရှိပြီး ရှေးသမိုင်းအစဥ်အဆက်တည်းရှိလာခဲ့တဲ့Nakhon Si Thammarat ခရိုင်မှာရှိတဲ့ဘုရားကျောင်းပဲဖြစ်ပါတယ် …အဲဘုရားကျောင်းမှာဆိုရင် အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦးက ရတနာတွေကိုစောင့်ကြပ်ပေးနေပါတယ်သူခိုးတွေရန်ကနေ….ဒါမယ့်တစ်နေ့မှာတော့ ရတနာတွေကိုယူချင်နေတဲ့မြို့ခံတစ်ချို့နဲ့ ကိန် ပီအက်နဲ့ ခိုင်တို့ နိုက်ခိုက်ကြပါတော့တယ် ..အဲဒီကနေတဆင့် ဆန်းကြယ်မှုတွေဖြစ်ပွားလာပြီး အဲ ၁၀ နှစ်အရွယ်ကောင်လေးက ဘယ်ကလာပြီးဘ့ာလို့ဒီဘုရားကျောင်းကိုစောင့်ကြပ်ပေးနေရတာလဲ ကိန်နဲ့ပီအက်ကရော ဒီအရှုပ်တော်ပုံထဲဘယ်လိုဝင်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီသဘာဝလွန်ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြပါတော့…..

📝🎭 Movie link ⬇️t.me/thai_series_mmsub1/31 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 Tag, 9 Stunden her