Shwe Phee Myay News Agency

Description
News Company
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

hace 10 meses, 3 semanas
***?*** ရှမ်းတောင်ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထားပြီး …

? ရှမ်းတောင်ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထားပြီး ညပိုင်းမှာ သိန်းဆယ်ချီ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့် ပေး

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၅ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကို ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထား‌ပေမဲ့ ညပိုင်းမှာ သိန်းဆယ်ချီ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့် ပေးတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက်မြို့အထွက် ဗထူးတပ်အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ရပ်စောက်ကနေ ရှမ်းမြောက်ကိုသွားမယ့် ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဥ်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားပေမဲ့ တချို့ကားသမားဟာ သိန်း ၂၀၊ သိန်း ၄၀ ပေးပြီး ဖြတ်နေရတယ်လို့ ဆိုပါတယ်။

ကားသမားတစ်ဦးက "ကျောက်ဂူဘက် လာရင်တော့ ရတယ်။ အခုက ဗထူးမှာ အတက်တွေ အကုန်ပိတ်ထားတယ်။ ပေးမဖြတ်ဘူး။ ပေးမဖြတ်ဘူးဆိုပေမဲ့ ညရောက်ရင် ၁၂ ဘီးကားတွေ တစ်ခါဖြတ်ရင် ၆ စီး ၇ စီးလောက် ဖြတ်သွားတယ်။ ပြောရမယ်ဆိုရင် တချို့ခေါင်းဆောင်တွေက လုပ်စားနေတယ်ပေါ့" လို့ ပြောပါတယ်။

ဗထူးတပ်မှာဖြတ်တဲ့ ကားအများစုဟာ ကုန်တင်ကားနဲ့ ဓာတ်ဆီကားဖြစ်ပြီး ငွေ မပေးနိုင်တဲ့ တချို့ကားသမားက တောင်ကြီးလမ်းနဲ့ စစ်ကိုင်းဘက်က လမ်းပိုင်းကနေ သွားရတယ်လို့ အထက်ပါ ကားသမားက ဆိုပါတယ်။

"ဓာတ်ဆီကားတွေ ရေသန့်ကားတွေ အများဆုံး ဖြတ်တယ်။ တစ်စီးကို ၂၀ ကနေ ၄၀ ပေးပြီး ဖြတ်တာဆိုတော့ ရတာ‌ပေါ့။ ကျနော်တို့က မပေးနိုင်ဘူးလေ အဲလောက်တော့။ တောင်ကြီး၊ စစ်ကိုင်းလမ်း‌ေတွ ပတ်နေရတာ။ ဆိုင်ကယ်ဆိုလည်း တစ်ဂိတ်ကို ၅ ထောင် ပေးနေရတယ်။ အဆင်မပြေဘူးလေ။ မဖြတ်တာဘဲ ကောင်းတယ်" လို့ သူက ဆက်ပြောပါတယ်။

ရှမ်းတောင်ကနေ ရှမ်းမြောက်ကို သွားလို့ရတဲ့ လမ်းနှစ်ခုရှိပြီး အဲဒီလမ်းဟာ ရပ်စောက်ကနေ အင်းတော-ကျောက်ဂူ-နမ့်လန်လမ်းနဲ့ တောင်ကြီး-လဲချားလမ်းဖြစ်ပြီး ရပ်စောက်-နမ့်လန်လမ်းကို အများဆုံး အသုံးပြုကြတယ်လို့ ဆိုပါတယ်။

မှတ်ပုံတင် ကိုင်ဆောင်ထားပေမဲ့ စစ်ကောင်စီက ထုတ်ပေးတဲ့ ထောက်ခံစာ မပြနိုင်ရင် လူတစ်ဦးကို ဖြတ်သန်းခ ငွေ ၂ သိန်း ပေးပြီး ဖြတ်သန်းလို့ ရခဲ့ပေမဲ့ လက်ရှိမှာတော့ မရတော့ဘူးလို့ ဆိုပါတယ်။

အဲဒီ ဗထူးဂိတ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး မကြာခဏဆိုသလို လမ်းတွေ ပိတ်ထားတယ်လို့ သိရပါတယ်။

#ဓာတ်ပုံ- Google (ပုံဟောင်း)
https://www.facebook.com/100068918215879/posts/925591786414753/
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay.com

hace 10 meses, 3 semanas
Shwe Phee Myay News Agency
hace 10 meses, 3 semanas
***?*** ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်လျှပ်စစ်ရုံးက စစ်ကောင်စီတပ်ကို PDF ဝင်တိုက်၊ …

? ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်လျှပ်စစ်ရုံးက စစ်ကောင်စီတပ်ကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ

ပျားကြီး၊ ဇန်နဝါရီ ၅ ရက်၊ ဆင်ပေါင်ဝဲ

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရန်ကုန်-တောင်တွင်းကြီး ကားလမ်းပေါ်က ကိုးပင်ရွာ လျှပ်စစ်ရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ကိုးပင်လမ်းဆုံဆိုတာက မကွေးနယ်မှာအဓိကကျတဲ့နေရာတစ်ခု ဖြစ်တယ်။ အဲဒီမှာ စကစတွေက ဂိတ်ဖွင့်ပြီး ကားတွေကို ငွေညှစ်တာ။ စုစုပေါင်း ၆ ယောက် သေတယ်။ ၅ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်" လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကိုးပင်လျှပ်စစ်ရုံးကို ဝင်ရောက် စီးနင်းတိုက်ခိုက်ဖို့အတွက် ၂ နာရီနီးပါးကြာ အချိန်ယူ ချဉ်းကပ်ခဲ့ရတာဖြစ်ပြီး ရုံးရှေ့က ဘန်ကာအတွင်း ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်သား ၆ ယောက်ကို ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုဟာ ၁၅ မိနစ်ဝန်းကျင်သာ ကြာခဲ့ပြီး ဘန်ကာအတွင်း ဝိုင်းဖွဲ့ထိုင်နေသူအားလုံးကို ချေမှုန်းနိုင်ခဲ့တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ပေမဲ့ ကျန်နေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့က လိုက်လံပစ်ခတ်တာကြောင့် တရစပ် ပြန်လည်ပစ်ခတ်ပြီးမှ ဆုတ်ခွာခဲ့ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အခုလို ကိုးပင်ရွာ လျှပ်စစ်ရုံး ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)၊ နေပြည်တော် စစ်တိုင်း အမှတ် ၉၀၂ တပ်ရင်း (တောင်တွင်းကြီးတပ်ခွဲ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကိုးပင်ရွာနဲ့ မိုင် ၂၀ ဝန်းကျင်ပဲကွာဝေးတဲ့ တောင်တွင်းကြီးမြို့ပေါ်မှာလည်း ဒီဇင်ဘာ ၃၀ ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#ဓာတ်ပုံ- Google (ပုံဟောင်း)
https://www.facebook.com/100068918215879/posts/925484639758801/
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay.com

hace 10 meses, 3 semanas
***?*** တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ကို ပို့မယ့် …

? တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ကို ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်နဲ့ စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မိုင်းရူပ၊ ဇန်နဝါရီ ၃ ရက်

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက်ကို ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်အပြင် စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ စကိုင်းတိုင်း စကိုင်းမြို့နယ် ညောင်ပင်ဇင်ကျေးရွာက ဆီသိုလှောင်ထားတဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောင်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့တဲ့အထဲမှာ စက်သုံးဆီ ရောင်းချသူ ၁၇ ဦး၊ စက်သုံးဆီသယ်ယာဥ် ၂၂ စီးနဲ့ စက်သုံးဆီ ၆၀,၅၄၅ ဂါလံ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော် TNLA၊ ကချင်တပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စက်သုံးဆီတွေ မရောက်အောင် စစ်ကောင်စီက ကန့်သတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့တွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ
ပြည်မကနေ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ မရောက်အောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ ကချင်တပ်မတော် KIA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နေရာဒေသအပေါ်မူတည်ပြီး စက်သုံးဆီတစ်လီတာကို ၇၀၀၀ ထောင်ကျပ်ကနေ ၁ သောင်းကျော်အထိ စျေးမြင့်တက်နေပါတယ်။

"ကျွန်တော် နောက်ဆုံးထည့်ခဲ့ရတာ တစ်လီတာကိ ၈ ထောင် ပေးရတယ်။ ခက်ခဲတာက လက်လုပ်လက်စား နေ့စားတွေပါ။ ဈေးကြီးလည်း ဝယ်သုံးနေကြတယ်" လို့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်က ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးနဲ့ ရန်ကုန်လို နေရာတွေမှာ စက်သုံးဆီ တစ်လီတာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ရှိပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်မှာတော့ စစ်ကောင်စီတပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် စက်သုံးဆီတွေ စျေးအဆမတန် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်ကလည်း ရှမ်းမြောက်မှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေ မဝင်နိုင်အောင် တရုတ်-မြန်မာနယ်စပ်ရှိ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပင်ထားပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay.com

hace 10 meses, 3 semanas
Shwe Phee Myay News Agency
hace 10 meses, 3 semanas
Shwe Phee Myay News Agency
hace 11 meses
***?*** စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လူမျိုးစုတွေ စုပေါင်းပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပထမဆုံးအကြိမ် …

? စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လူမျိုးစုတွေ စုပေါင်းပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ

မိုင်းရူပ၊ ဒီဇင်ဘာ ၃၀ ရက်၊ ဒီးမောဆို

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လူမျိုးစုတွေ စုပေါင်းပြီး ကရင်နှစ်သစ်ကူးပွဲကို ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကရင်နှစ်သစ်ကူးပွဲတော်ကို မကျင်းပနိုင်တော့ဘဲ ဒီ ၂၀၂၄ ခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒီးမောဆိုဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

"ဦးဆောင်ပြီး လုပ်တာက ကရင်လူမျိုးစုတွေနဲ့ တခြားတိုင်းရင်းသား တချို့လည်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မှာဘဲ ခမ်းခမ်းနားနား ပြန်လုပ်နိုင်တယ်" လို့ ဆိုပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတွေအပြင် တခြားလူမျိုးတွေဖြစ်တဲ့ ကယန်း၊ ကယားနဲ့ မွတ်ဆလင်လူမျိုးတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ဟာ ကရင်လူမျိုးစုတွေ အမြတ်တနိုးထားတဲ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ပြည်တဲ့ နေ့လည်း ဖြစ်ပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

hace 11 meses
Shwe Phee Myay News Agency
hace 11 meses
Shwe Phee Myay News Agency
hace 11 meses
***?*** ကန်ပက်လက်မြို့ သိမ်းပိုက်မှု မှတ်တမ်းပုံ ထုတ်ပြန်လာ၊ ချင်းပြည်တောင်ပိုင်းတစ်ခုလုံး …

? ကန်ပက်လက်မြို့ သိမ်းပိုက်မှု မှတ်တမ်းပုံ ထုတ်ပြန်လာ၊ ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်ပြီလို့ဆို

ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၃ ရက်၊ ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းပြည်တောင်ပိုင်းတစ်ခုလုံးဟာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်လာပြီလို့ ချင်းညီနောင်က ထုတ်ပြန်လာပါတယ်။

မနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီတပ်ဟာ မြို့ကနေ စွန့်ခွာသွားကြပြီးနောက် ချင်းညီနောင်က ထိန်းချုပ်လိုက်တာပဲ ဖြစ်ပါတယ်။

မြို့နယ် လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုအားလုံး စနစ်တကျ ဖြစ်လာစေဖို့အတွက် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay.com

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago