Unlock a World of Free Content: Books, Music, Videos & More Await!

Shwe Phee Myay News Agency

Description
News Company
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month, 2 weeks ago

🟢မိုင်းကိုင်မြို့နယ်မှာ ကျေးရွာတစ်ရွာကို ကျပ်ငွေ ၆၂သိန်း SSPP က ထပ်မံကောက်ခံနေ

လွေးလာဝ်ဇာရ်၊ မတ်လ ၂၄ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ကျေးရွာတစ်ရွာကို ငွေ ၆၂ သိန်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်က အခွန်ထပ်မံကောက်ခံနေတယ်လို့ မိုင်းကိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့မတ်လ ၂၃ ရက်က ကျေးရွာ ဥက္ကဌတွေကို အစည်းအဝေးခေါ်ပြီး ဒီနေ့ မတ်လ ၂၄ ရက်မှာနောက်ဆုံးထားပြီး လာပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။

မိုင်းကိုင်ဒေသခံ တစ်ဦးက "SSPP က တစ်ရွာကိုပိုက်ဆံ ၆၂ သိန်း ထပ်ကောက်တယ်။ ရွာတိုင်းဘဲ ကောက်တာ။ နောင်စံဖူး ကနေစပြီး ကောက်သွားတာ" လို့ ပြောပါတယ်။

သူတို့ထပ်မံကောက်ခံတဲ့ ကျေးရွာအုပ်စုတွေဟာ နောင်စံဖူး၊ ခေအုံအွေ့၊ ဖာခေါင်၊ စုံလောစတဲ့ ကျေးရွာအုပ်စုတွေဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တောင်းတဲ့ ငွေတွေ မပေးနိုင်ရင် ပိုင်ဆိုင်မှုတွေ သိမ်းမယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

"အဲဒီပိုက်ဆံ‌တွကေ ပြောရမယ်ဆိုရင် မပေးနိုင်ဘူး။ သူတို့ကမပေးရင် ပိုင်ဆိုင်မှု‌တွေ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အရမ်းဒုက္ခရောက်နေတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ငွေမပေးနိုင်လို့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ယူဆောင်သွားပြီး ဘယ်အဖွဲ့နဲ့ဘဲတိုင်တိုင် မကြောက်ဘူးလို့လည်း ပြောထားတယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီအိမ်‌တွေ ပိုက်ဆံမပေးနိုင်လို့ သူတို့ ကားတွေ ပစ္စည်း‌တွေ ယူသွားတာ။ သူတို့ပြောသေးတယ်။ မင်းတို့ ဘယ်အဖွဲ့ဆီဘဲတိုင်တိုင် ဂရုမစိုက်ဘူး။ မကြောက်ဘူး" လို့‌ ပြောပါတယ်။

SSPP တောင်းထားတဲ့ ဆန်အိတ် ၆၀ အိတ်ကိုလည်း မနေ့ မတ်လ ၂၃ ရက်က သွားရောက်ပို့ပေးလိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာလည်း SSPP က အဲဒီကျေးရွာအုပ်စုတွေကို အစည်းအဝေးခေါ်ပြီး ၎င်းတို့ရဲ့ စားနပ်ရိက္ခာအတွက်ဆိုပြီး ငွေသိန်း ၂၀၀ တောင်းတဲ့အပြင် သတင်းပေးရင်သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အထပ်ပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဟန်ခမ်းနဲ့ ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့‌ပေမယ့် ဖုန်း ပိတ်ထားပါတယ်။

ပုံ - SSPP
~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

1 month, 2 weeks ago

🟢နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ယူဆော့မိရာကနေ အမျိုးသားတစ်ဦးသေဆုံး

မိုင်းရူပ၊ မတ်လ ၂၄ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ယူဆော့မိရာကနေ အမျိုးသားတစ်ဥဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်မှာ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၂) မှာ အသက် ၅၀ နှစ်ဝန်းကျင် ဦးရန်လိန်ဆိုသူဟာ မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးအမျိုးအစားကို ယူဆော့မိရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဥ်ကို သိရှိသူ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက" ဗုံးသီးကို သူ့ပေါင်ကြားမှာ ထားပြီးတော့မှ ကျောက်လှည့် ဖွင့်မလို့ လုပ်တာ။ အဲတာနဲ့ ဗုံးပေါက်ပြီး ပွဲချင်းပြီး သေသွားတာ" လို့ ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာမှာ တိုက်ပွဲတွေပြီးပြီးနောက် အိမ်မွေးတိရစ္ဆာန်တွေ မြေမြုပ်မိုင်း မကြာခဏနင်းမိနေပြီး ဆယ်နဲ့ချီသေဆုံးခဲ့ပြီလို့ ၎င်းက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကိုလည်း လက်ရှိအချိန်အထိ ဒေသခံတွေ ပြန်မပြင်နိုင်သေးဘူးလို့ ဆိုပါတယ်။

နမ့်ဖတ်ကာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း- ၁၂၃ ကို ပြီးခဲ့တဲ့ ကချင်တပ်မတော်(KIA)က ပြီးခဲတဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲဟာ ၁ လနီးပါးကြာခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အရပ်သား ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၄၀၀ နီးပါးပျက်စီးခဲ့ပါတယ်။

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

1 month, 2 weeks ago

🟢ဖမ်းဆီးထားတဲ့သူကို သေစေတဲ့အထိ ပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို KNDF က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ရွှေဖီမြေ၊ မတ်လ ၂၄ ရက်၊ လွိုင်ကော်

မူးယစ်ရမ်းကားမှု စွပ်စွဲချက်နဲ့ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးကို သေစေတဲ့အထိ ပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၁ လချမှတ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်-KNDF က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာမှာ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အရပ်သားတစ်ဦး မူးယစ်ရမ်းကားမှု စွပ်စွဲချက် ဖမ်းဆီးထိန်းသိမ်းထားစဥ် KNDF တပ်ဖွဲ့ဝင်အချို့က ပေးအပ်ထားတဲ့ လက်နက်ကို မလျော်ကန်စွာအသုံးပြီး သေစေတဲ့အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် KNDF ရဲ့ ဗဟိုစုံစမ်းစီစစ်ရေးအဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ပစ်မှုကျူးလွတ်သူ KNDF တပ်ဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၂၀ နှစ်နဲ့ တစ်လ ကျခံစေဖို့ ဒီနေ့မှာ အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

KNDF ဟာ နိုင်ငံရေးမူဝါဒကြေညာစာတမ်းနဲ့ အညီ လိုက်နာကျင့်သုံးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

KNDF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်လာတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ကရင်နီပြည်နဲ့ ရှမ်းတောင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#ဓာတ်ပုံ - KNDF

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

1 month, 3 weeks ago

🟢လောက်ကိုင်မြို့က ဗမာတန်းကို MNDAA စဖြိုနေပြီ

မိုင်းရူပ၊ မတ်လ ၁၇ ရက်၊ လောက်ကိုင်

လမ်းချဲ့ဖို့အတွက် ကိုးကန့်ဒေသ လောက်ကိုင်မြို့က ဗမာတန်းကို ကိုးကန့်တပ်မတော်- MNDAA စဖြိုနေပြီလို့ သိရပါတယ်။

ဒီနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာ MNDAA က ဘိုဒူဇာနဲ့ ဖြိုချနေတာဖြစ်ပြီး ဒီနေ့နေ့လည်ပိုင်းအထိ တိုက်ခန်း ၈ လုံးအထိ ဖြိုချနေပြီလို့ ဗမာတန်းရပ်ကွက်မှာ နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

" ဒီမနက်စဖြိုတာ။ ၈ အိမ်လောက်တော့ပြီးပြီ။ ကျမတို့အိမ်တော့ မရောက်သေးဘူး။ ကျမတို့အိမ်ကို မနက်ဖြန်လောက် စဖြိုမယ်ထင်တယ်" လို့ ဆိုပါတယ်။

MNDAA က နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို စတင်ဖြိုချနေပေမယ့် နေအိမ်ဖြိုချခံရသူတွေအတွက် နေရာပြန်ပေးမပေးဆိုတာကိုတော့ ပြောထားတာမရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

" ရုံးမှာ စာရင်းပေးထားလိုက်လို့တော့ လာပြောတယ်။ ဒီဟာတွေ မဖျက်ခင် ပြည်သူတွေကို ညှိနိုင်းစေချင်တယ်။ ဒီဟာတွေရဲ့ ဆုံးရှုံးမှုတွေက ဘယ်လောက်ကြီးလဲဆိုတာ သူတို့သိပါတယ်"

ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှာ MNDAA ရဲ့ စည်ပင်သာယာ
ရေးအဖွဲ့က လမ်းချဲ့ဖို့အတွက်နဲ့ ပန်းခုံလုပ်ဖို့အတွက်ဆိုပြီး ဗမာတန်းမှာရှိတဲ့ နေအိမ်အပါအဝင် ဆိုင်ခန်းပေါင်း ၆၀ ကျော်မှာ နေထိုင်သူတွေကို ၃ ရက်အတွင်းအပြီး ရွေ့ခိုင်းထားတာ ဖြစ်ပါတယ်။

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ ဗမာတန်းဖြစ်လို့ ဖြိုချတာမဟုတ်ဘဲ လမ်းချဲ့ဖို့အတွက်လုပ်ဆောင်တာဖြစ်ပြီး ပြောင်းရွေ့ပေးရမယ့်သူတွေအတွက် နေရာပြန်ပေးမပေးဆိုတာကိုတော့ ဗဟိုကော်မတီက ဆွေးနွေးနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

စာပေနန်းတော် ဖုန်းဆိုင်၊ ဆုံဆည်းရာရွှေဆိုင်၊ အင်ကြင်းပွင့်ဆေးဆိုင်စတဲ့ နာမည်ကြီးဆိုင်တွေ ဖွင့်လှစ်ထားတဲ့ နေရာဖြစ်ပြီး ၄ ထပ်၊ ၅ ထပ်အပြင် ၇ ထပ်တိုက်တွေလည်း တည်ဆောက်ထားပါတယ်။

#ဓာတ်ပုံ - Local

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

1 month, 3 weeks ago

🟢ကလေးမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မူကြောင့် အရပ်သား ကလေးငယ် အပါဝင် ၃ ဦးသေဆုံး

အိုက်ပွီး၊ မတ်လ ၁၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဥ်းခုံလေးကျေးရွာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ကလေးငယ် အပါဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ကလေးမြို့နယ်မှာ မနေ့ မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ ​တပ်ရင်း (၆၄၄)၊ (၈၇)၊ (၂၂၈) မှ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပျဥ်းခုံလေးကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ထိခိုက် သေဆုံးခဲ့သလို လူနေအိမ်အများပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

"မနေ့ မတ်လ ၁၆ ရက်နေ့က ကလေးမြို့ထဲက စစ်တပ် တပ်ရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ တိုက်ပွဲတွင်း တိုက်ပွဲဧရိယာမဟုတ်တဲ့ ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့တယ်။ လေယာဥ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ပျဥ်းခုံလေးရွာက အရပ်သား ၃ ဦး သေဆုံးတယ်။ ပြင်းထန်းဒဏ်ရာ ၂ ဦးရတယ်။"

သေဆုံးသွားတဲ့ အရပ်သား ၃ ဦးဟာ မအိန်ဂျယ်ဗန်ရဲမ်ပွီး (၁၀)နှစ်၊ ဒေါ်ဧဒင်ထားရီး(၃၂)နှစ်၊ ဒေါ်လားဗမ်ကီးမီး(၆၂)နှစ် တို့သိရပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၂ ဦးရှိသလို လူနေအိမ်အများပြား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မနေ့ မတ်လ ၁၆ ရက်နေ့ ကလေးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရကာ သေနတ် ၁၉ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် ၁ စစ်ဒေသရုံးက ဒီနေ့ မတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

#ဓာတ်ပုံ - CJ

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

1 month, 4 weeks ago

🟢ကွတ်ခိုင်မြို့ တိုးဂိတ်အကျော်မှာ လမ်းလုပ်သူတွေ မိုင်းနင်းမိပြီး ၆ ဦးဒဏ်ရာရ၊ အချို့က ခြေထောက်ဖြတ်ရပြီး အချို့က မျက်စိကွယ်

မိုင်းရူပ၊ မတ်လ ၁၇ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့ တိုးဂိတ်အကျော် ခရစ်ယာန်သုဿာန်အနီးမှာ လမ်းလုပ်သူတွေ မိုင်းနင်းမိပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၁၇ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ လမ်းလုပ်သား လမ်းဘေးက သစ်ပင်အောက်မှာ နေ့လည်စာ စားဖို့သွားစဥ် မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ဦးစိုးဝင်းဆိုသူဟာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး ကျန်သူတွေကတော့ မျက်နှာ၊ ရင်ဘတ်၊ ပေါင်တွေမှာ ထိမှန်ထားကာ ဒဏ်ရာစိုးရိမ်ရပြီး ခိုင်သဇင်အေးဆိုသူကတော့ မျက်စိတစ်ဖက်ကွယ်သွားပါတယ်။

ဖြစ်စဥ်အနီးမှာရှိတဲ့ အမျိုးသမီးတစ်ဦးက" သူတို့က ထမင်းစားနားမယ်ဆိုတော့ ခူယားတွေများနေတော့ ရှင်းမလို့လုပ်တဲ့ အချိန်မှာ နင်းမိသွားတာ။ လမ်းဘေးမှာဘဲ နင်းမိတာ။ ဦးလေးအရင်နင်းမိတာ။ ကျတဲ့သူတွေက သူ့နောက်လိုက်လာတာ" လို့ ရွှေဖီမြေသို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့သူတွေဟာ ဦးစိုး၀င်း အသက်(၄၈)နှစ်၊ နန်းစန္ဒီလင်း အသက်(၂၅)နှစ်၊ ခိုင်သဇင်အေး အသက် (၁၃)နှစ်၊ ဇာခြည်ထွေး အသက်(၂၃)နှစ်၊ သင်းသင်းခိုင်အသက်(၁၈)နှစ်၊ မေစစ်နိုင် အသက် (၇)နှစ် တိုဖြစ်ပါတယ်။

မိုင်းနင်းမိတဲ့သူတွေဟာ ကွတ်ခိုင်မြို့ယ် လွိုင်ဆမ်ဆစ်တောင်ခြေမှာရှိတဲ့ နမ့်ပါချီးကျေးရွာခံတွေ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေ မိုင်းမကြာခဏနင်းမိနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ ကွတ်ခိုင်မြို့နယ် ပန်ဆေးကျေးရွာမှ အမျိုးသမီးတစ်ဦး လယ်တောထဲ ကျွဲသွားရှာစဥ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရပါတယ်။

အလားတူ မတ်လ ၁၂ ရက်တစ်ရက်တည်းမှာပင် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ တောင်ပေါ်ဘုရားမှာ ထင်း သွားခွေတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေတစ်ဖက်ဖြတ်လိုက်ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း ကွတ်ခိုင်မြို့အနီးက လွယ်ဆိုင်ရွာမှာ အမျိုးသား ၂ ဦးမိုင်းနင်းမိခဲ့သလို ဇန်နဝါရီလပထမအပတ်ထဲမှာလည်း ပန်ဆေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကနေ မတ်လ ၁၇ ရက်အထိ မြေမြုပ်မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူအရပ်သား ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ထာတာ ဖြစ်ပါတယ်။

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

2 months ago

https://youtu.be/IYTH_MaZtkY?si=6DVbBpOHaJdr0Njn

YouTube

ရွှေဖီမြေရဲ့ အပတ်စဉ်သတင်း စုစည်းတင်ဆက်မှု- မတ်လ ၈၊ ၂ဝ၂၄

ဒီတစ်ပတ်ရဲ့ ထူးခြားတဲ့ သတင်းတွေကို လွေးထွေးက စုစည်းပေးသွားမှာပါ။ ~ ကိုးကန့်ဒေသနဲ့ ဝဒေသကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ တရုတ် ငွေလိမ်ဂိုဏ်းတွေက ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ အခြေပြန်ချပြီး ကျားဖြန့်အလုပ် အကြီးအကျယ် ဆက်လုပ်နေတဲ့သတင်း ~ TNLA ထိန်းချုပ်ထားတဲ့…

2 months ago

🟢ကျောက်မဲမှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲမှာ လုံခြုံရေးချထားပြီး စစ်ရေးပြတာတွေလုပ်နေ

လွေးပို့ဆပေ၊ မတ်လ ၁၁ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့အတွင်းမှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲနဲ့ မြို့ရဲ့ လမ်းကြားတွေထဲမှာ လုံခြုံရေးတွေတင်းကြပ်ထားပြီး မြို့ထဲ စစ်ရေးပြတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမပတ်ကနေစတင်ပြီး လုံခြုံရေးချထားတာထားကာ မြို့ထဲ အင်အား ၅၀ ကျော် ၆၀ ဝန်းကျင်နဲ့ တန်းစီပြီး မြို့ထဲပတ်ကြည့်နေတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ရပ်ကွက်ထဲမှာ လမ်းကြားတွေနဲ့ ဂျောင်ဂျိုဂျောင်ကြားထဲမှာ မြို့ဝန်းကျင်မှာ အခုတလော အရမ်းစောင့်တယ်။ ပတ်ကြည့်တယ်။ ကင်းလှည့်တယ်။ ကားစီးပြီး လှည့်ပတ်ကြည့်တာရှိတယ်။ တစ်ခါတစ်လေ ကားတစ်ဝက်စီးပြီး ကားပေါ်ကနေဆင်းပြီး တန်းစီပြီး ရပ်ကွက် အစွန့်တွေ ပတ်ကြည့်တယ်”

အခုတစ်လော တက္ကသိုလ်ဝင်တန်း စာမေးပွဲရှိတာကြောင့် လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်လို့ သူကဆိုပါတယ်။ ‌

နောက်ထပ် မြို့ခံ အမျိုးသားတစ်ဦးက “ သူတို့ ပြီးခဲ့တဲ့ လထဲက စစ်အင်းအားတွေ အများကြီး လာဖြည့်တင်းကတည်းက မြို့ထဲမှာ ပတ်ပြီး စစ်ရေးပြတဲ့ ပုံစံမျိုး တောက်လျှောက်လုပ်လာတယ်” လို့ ဆိုပါတယ်။

ကျောက်မဲမြို့ အပြင် လားရှိုးနဲ့ သီပေါမြို့တွေမှာလည်း ပြီးခဲ့တဲ့ ရပ်ပိုင်းကတည်းက စစ်ကောင်စီတပ်ဟာ စစ်အင်အားအများအပြားနဲ့ လာဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၁ ရက်အထိ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင်(၃)ဖွဲ့တို့ ထပ်မံတွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က တအာင်းတပ်မတော်(TNLA)တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြိုနယ်တွေကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီတပ် စစ်အုပ်ချုပ်ရေးကြေညာတဲ့အပေါ်မှာ လူထုတွေကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ညီနောင်(၃)ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့ပေါင်း ၆၁ မြို့ရှိပြီလို့ Data For Myanmar ရဲ့ စာရင်းအရ သိရပါတယ်။

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

2 months ago

🟢 စစ်ဆေးမှု တင်းကြပ်တာကြောင့် မိုးကုတ် ညောင်ကုန်းရွာခံ ၅ဝဝ ခန့် နေရပ်ပြန်မလာရဲသေး၊ စားနပ်ရိက္ခာနဲ့ လစဉ်သုံးပစ္စည်း လိုအပ်နေ

ဂူလင်း၊ မတ်လ ၁၁ ရက်၊ မိုးကုတ်

စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမှု တင်းကြပ်တာကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် အထက်နဲ့ အောက်ညောင်ကုန်းရွာမှ စစ်ရှောင်ဒေသခံ အိမ်ထောင်စု ၆ဝ၊ လူဦးရေ ၅ဝဝ ခန့်ဟာ နေရပ်သို့ ပြန်မလာရဲသေးသလို စားနပ်ရိက္ခာနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်း လိုအပ်နေပါတယ်။

အောက်ညောင်ကုန်းနဲ့ အထက်ညောင်ကုန်းရွာခံတွေဟာ မြို့တွင်းထဲက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြကြောင်း အမည်မဖော်လိုသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ရွာပြန်ရင် စစ်ကောင်စီတွေ တွေ့ရင် ဖမ်းပြီးရိုက်နှက်တယ်။ မိုးကုတ်ကနေ ညောင်ကုန်းကိုသွားရင် သူတို့ လမ်းမပေးဖြတ်ဘူး။ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးတယ်”

ညောင်ကုန်းရွာခံတွေဟာ ၂၀၂၃ စက်တင်ဘာ ၁၀ ရက်ကနေ မနေ့ မတ်လ ၈ ရက်အထိ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“သက်ကြီးရွယ်အိုတွေက စောင်၊ အိပ်ယာခင်း၊ အစားအသောက်၊ အဝတ်အစားတွေ လိုအပ်တယ်၊၊ အမျိုးသမီတွေက အမျိုးသမီးသုံးပစ္စည်းတွေ လိုအပ်တယ်”

စစ်ရှောင်ရတဲ့ ၆ လအတောအတွင်း ကလေးတွေရဲ့ ပညာရေး ဆုံးရှုံးတာအပြင် အလုပ်အကိုင်လည်း မရှိတာကြောင့် အခက်အခဲ ကြုံနေရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အိမ်ပြန်ချင်ပေမဲ့ မပြန်ရဲဘူး။ စပြီးထွက်ပြေးကတည်းက လက်ရှိအချိန်ထိ ရွာကို မပြန်ရသေးဘူး။ ပြန်ရင် စစ်ကောင်စီတွေ စစ်ဆေးတာ အရမ်းကြပ်တယ်။ ဒီမှာနေတာ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ကလေးတွေလည်း ပညာမသင်ရဘူး။ ချမ်းသာတဲ့လူတွေ မြို့ပေါ် အိမ်ငှားနေတယ်။ ပိုက်ဆံရှိတော့ အဆင်ပြေတယ်။ သာမန်အခြေခံလူတွေကြတော့ အဆင်မပြေဘူး”

ညောင်ကုန်းရွာ ၂ ရွာအပြင် စစ်ရှောင်နေကြရတဲ့ ကုန်းစံ၊ လွယ်ငင်းနဲ့ ဖြူရောင်ရွာခံတွေလည်း နေရပ်သို့ ပြန်လာလို့ မရသေးကြောင်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ စက်တင်ဘာလကစပြီး မိုးကုတ်မြို့နယ် ညောင်ကုန်း၊ ဖြူရောင်ရွာတစ်ဝိုက်မှာ စစ်တပ်နဲ့ TNLA၊ မိုးကုတ် PDF တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

#စစ်ရှောင် #အကူအညီ #လိုအပ်နေ #မိုးကုတ် #ရွှေဖီမြေ
#ဓာတ်ပုံ- Google
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay.com

2 months, 1 week ago

🟢တောင်ကြီးမြို့အထွက် ၄ မိုင် စစ်ဆေးရေးဂိတ် အနီးမှာ ဝက်သယ်ဆောင်လာတဲ့ ကားတစ်စီး ဘရိတ်ပေါက်လို့ လူ ၃ ဦး ပွဲချင်းပြီး သေဆုံး၊ ၅ဦး ဒဏ်ရာပြင်းထန်

အင်းငယ်၊ မတ်လ ၇ရက်၊ တောင်ကြီး

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့အထွက်၊ ၄ မိုင် စစ်ဆေးရေးဂိတ်အနီးမှာ မနေ့ မတ် ၆ ည ၇ နာရီခန့်က ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ကြက်ခြေနီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ကြီး - တာချီလိတ် လမ်းမကြီးအတိုင်း မောင်းနှင်လာတဲ့ ကားတစ်စီးဟာ ဘရိတ်ပေါက်သွားပြီးတဲ့နောက်မှာ မြောင်းထဲထိုးကျခဲ့တာကြောင့် လူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ကားက ဝက်တွေ တင်လာတာ။ ဝက်သတ်ခြံမှာ ဝက်ပေါ်ဖို့လို့ ပြောတယ်။ ဝက်ရော လူရော ပွဲချင်းပြီးပဲ။ ကျန်တဲ့ လူတွေလည်း ဒဏ်ရာပြင်းတော့ ဘယ်လို လာဦးမလဲ မသိသေးဘူး' လို့ ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ ကားဟာ ဒိုင်နာ ၁၀ ပေ ပတ်လည် အမျိုးအစား ဖြစ်ပြီး ကားတစ်စီးလုံး ရစရာ မရှိအောင် ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

လတ်တလောမှာ ပြင်းထန် ဒဏ်ရာ ရခဲ့တဲ့ လူ ၅ ဦးဟာ စဝ်စံထွန်းဆေးရုံ အရေးပေါ်ဌာနမှာ ကုသမှု ခံယူနေရပြီး သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီနေ့ (မတ် ၇) ညနေပိုင်းမှာ သဂြိုဟ်သွားမယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့နယ်မှာ ယာဉ်တိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦးကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြက်ခြေနီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

#ဓာတ်ပုံ - CJ

~~~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Website
https://shwepheemyay

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago