ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 8 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 9 months, 2 weeks ago
ခမရ ၅၅၈ မှ တပ်ကြပ်ကြီးတဦးအပါဝင် စစ်ကောင်စီတပ်သား(၇)ဦး လက်နက်များဖြင့် ဒေါနတပ်ရင်းထံသို့ အလင်းဝင်
-----------------------------------
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ခမရ ၅၅၈ တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်တဦးအပါဝင် တပ်သား(၇)ဦး ဗျူဟာ၃၃ ဒေါနတပ်ရင်းသို့ လက်နက်များဖြင့်အလင်းဝင်ရောက်လာခဲ့သည်။
အလင်းဝင်ရောက်လာသည့် တပ်သားအားလုံးသည် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ကြရသူများဖြစ်ပြီး အမှတ် (၁၂ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ သထုံအမှတ် (၉) အခြေခံလေ့ကျင့်ရေးကျောင်း နှင့် အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းများမှ သင်တန်းအပတ်စဉ် (၅) နှင့် (၆) တွင် အသီးသီး သင်တန်းဆင်းခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့နှင့်အတူ MA1 (၃)လက်၊ MA2 (၁)လက်၊ MA3 (၁)လက်၊ MA4 (၂)လက်၊ ကျည်ဘောက် (၂၆)ဘောက်နှင့် ခဲယမ်းအချို့ပါ တပါတည်း ယူဆောင်အလင်းဝင်လာခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေနှင့်ဆက်လက်တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
တပတ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်
တောင်ပိုင်းစစ်ဒေသ
-------------------------------
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ပြည်သူလူထု သိရှိစေနိုင်ရန် အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ဒီဇင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၇ ရက်တာကာလအတွင်း ရန်သူစစ်ကောင်စီတပ်အား တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်မှု ၂၁ ကြိမ်၊ နှစ်ဖက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၈ကြိမ်နှင့် စခန်းသိမ်းတိုက်ပွဲ ၂ ကြိမ်ရှိခဲ့သည်။
၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်၏ လက်နက်များဖြစ်သော MA အမျိုးအစား ၇ လက်၊ G3 ၂ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက်စုံ ၁၆ ခုနှင့် ခဲယမ်းစုစုပေါင်း ၁,၂၇၀ တောင့် တို့ကို မိမိတို့ဘက်က သိမ်းဆည်းရမိခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၂ ဦးမြင့်မြတ်စွာကျဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
ရေဖြူမြို့နယ်အတွင်းနှင့် ရေးမြောက်ပိုင်းရှိ စခန်းကုန်း၂ခုအား တရက်အတွင်း တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
-------------------------------
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်တွင်တပ်စွဲထားသော စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းနှင့် ရေးမြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတို့အား ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့သည်။
တိုက်ပွဲဖြစ်စဉ်မှာ ဒီဇင်ဘာ ( ၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင်တွင်တပ်စွဲထားသော စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းအား ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ ( ၁ ) နာရီခန့်အကြာတွင် စစ်ကောင်စီတပ်စခန်းကုန်းအတွင်းသို့ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
၎င်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ (၁)ဦး အပါအဝင် (၆)ဦး သေဆုံး၍ တပ်သား (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ထွက်ပြေးသွားကြောင်းသိရှိရပါသည် ။
ထိုတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း နှင့် မဟာမိတ်များဖြစ်ကြသော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF )၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့ပူးပေါင်းပါဝင်ခဲ့ပြီး MA 11 (၃)လက်၊ ကပစ ၅.၅၆ကျည် (၅၇၈)တောင့်၊(၆၀)မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ (၆၀)မမ ဗုံးသီး(၁၁)လုံး၊ (၄၀)မမဗုံးသီး(၃၆)လုံး၊ ရှေ့ထွက်မိုင်း (၃)လုံး၊ ကျည်ဘောက်များ ကွန်ပျူတာ(၁)လုံးနှင့်ဖုန်းများသိမ်းဆည်းရရှိခဲ့ပါသည်။
ခလရ (၂၇၃) တပ်ရင်းဗဟိုကင်းအားလည်း Drone ဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၄)ဦး သေဆုံးကြောင်း ကနဦးသိရသည်။
ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃)စစ်ရေးလှုပ်ရှားရာ ရေးမြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဒေါနတပ်ရင်းနှင့်ပူးပေါင်းမဟာမိတ်များဖြစ်သော MSRF၊ NMSP-AD၊ KNLA၊ YRF၊ ရေး ပကဖ တို့ပူးပေါင်းပြီး နံနက် ( ၆ : ၀၀ ) နာရီ အချိန်မှစတင် တိုက်ခိုက်ခဲ့ရာ နံနက် ( ၇ : ၄၂ ) နာရီ အချိန်တွင် ၎င်းစခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ခမရ (၅၈၇) မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး အပါအဝင် (၄)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရသည်။ ဒေါနတပ်ရင်းမှ ရဲဘော် (၁) ဦး နှင့် မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
တိုက်ပွဲသတင်း အကျဉ်းချုပ်အား တင်ပြခြင်း
တောင်ပိုင်းစစ်ဒေသ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ
------------------------------
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် (၃၈)ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထောစခန်းတို့အား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့သည်။
နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံး၊ (၈၉)ဦး ဒဏ်ရာရကာ (၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၉)ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစီးပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။ နိုဝင်ဘာတလအတွင်း စစ်ကောင်စီတပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၁၇)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၅၄)ဦး ရှိခဲ့သည်။
တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေမှာ အထက်ပါအချက်အလက်ထက် များပြားနိုင်ပါသည်။
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
အရပ်သားထိခိုက်သေဆုံးမှုသတင်း ထုတ်ပြန်ချက်
-----------------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့်၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ၇ ရက်တာ ကာလအတွင်း ၁၃ နှစ်အရွယ် ကလေးတဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး(ဦးခေါင်းထိမှန်ဒဏ်ရာ) ပေါင်း ( ၂ )ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ( ၄ ) ဦးအပါအဝင် ( ၇ ) ဦး ဒဏ်ရာရရှိခဲ့ရသည်။ ထို့အပြင် စစ်မှုထမ်းအပတ်စဥ် ၆ အတွက် လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ရန် ဖမ်းဆီးခြင်းခံရသူ ဦးရေ ( ၈၇ ) ဦးရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖျက်စီးမှုကြောင့် ပြည်သူပိုင်အဆောက်အဦးများ ပျက်စီးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် စစ်သားအင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် လမ်းသွားလမ်းလာများကိုသာမက၊ စက်ရုံအလုပ်သမားများ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုထမ်းစာရင်းပါသည့် လူငယ် မရှိပါကလည်း များပြားသည့်ငွေပမာဏတောင်းခြင်းတို့ကို နေရာအများစုတွင် ပြုလုပ်နေသည်။ ထို့အပြင် ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်နေရသူများကိုပါ သန်းခေါင်စာရင်းကောက်ယူရန်အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ နေရပ်ပြန်စေပြီး အိမ်ထောင်စုစာရင်းကောက်ခံခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
တောင်ပိုင်းစစ်ဒေသ၏ ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် အထက်ပါစာရင်းထက်ပိုများနိုင်ပါသည်။
ဓာတ်ပုံ - စွယ်တော်ကုန်း အမြောက်တပ်စခန်းက ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ပျက်စီးသွားသော ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#ပြည်သူ့ကာကွယ်ရေးတပ်မတော်_တောင်ပိုင်းစစ်ဒေသ
#တောင်ပိုင်းစစ်ဒေသ
တိုက်ပွဲသတင်းထုတ်ပြန်ချက်
-----------------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်သို့တက်လာသော စစ်ကောင်စီအင်အား ၄၀ ဦးပါသည့် စစ်ကြောင်းအား ယနေ့မနက် ၉နာရီတွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ၄ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၂)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာပြင်းထန်စွာဖြင့် တပ်ဆုတ်သွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ G-3 (၁)လက်၊ MA-1 (၁)လက်၊ ၆၀မမ BA 100 စိန်ပြောင်း (၁)လက်၊ ၆၀ မမကျည် (၁)လုံး၊ အီနာဂါ (၁)လုံး၊ G-3 ကျည် (၁၈၁)တောင့်၊ MA-1ကျည် (၁၃)တောင့်၊ ကျည်ဘောက် (၄)ခု၊ အီကွေးမန့် (၁)ခု၊ ကျောပိုးအိတ် (၅)လုံး၊ စကစဦးထုပ် (၂)လုံး၊ မိုးကာ (၁)ထည်၊ ငွေသား (၇၄၀၀၀)ကျပ်၊ လက်ကိုင်ဖုန်း (၅)လုံး၊ မှတ်ပုံတင်နှင့် သက်သေခံကဒ်တို့အား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ - ၄ က သိမ်းဆည်းရရှိခဲ့ပြီး မိမိတို့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#PDFSouthernMilitaryRegion
#ပြည်သူ့ကာကွယ်ရေးတပ်မတော်_တောင်ပိုင်းစစ်ဒေသ
#တောင်ပိုင်းစစ်ဒေသ
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 8 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 9 months, 2 weeks ago