ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months ago
စွပ်စွဲချက်တွေက ဆူပူဆန္ဒပြမှု အတွင်းလူနာအဖြစ် မင်္ဂလာဒုံမှာ တင်ထားတဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီးကို ရိုက်နှက်ခဲ့မှု၊ သမဂ္ဂကြေညာချက် တရားမဝင် ရိုက်နှက်ဖြန့်ဝေခဲ့မှု ဆိုတဲ့အချက်တွေနဲ့ အရေးပေါ်ပုဒ်မ ၅(ည)၊ ပုံနှိပ် (၁၇) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်တစ်ဖွဲ့၊ ၁၄ နှစ်တစ်ဖွဲ့ဆိုပြီး ၁၉၉၇ မတ်လ ၃ ရက်နေ့မှာ ဒကသ အဖွဲ့ဝင် ၁၂ ယောက်နဲ့ အရပ်သား ၂ ယောက်တို့ကို အမိန့်ချ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
ထောင်မကျပဲ ထွက်ပြေးလွတ်မြောက်သူတွေက ၁၉၉၈-၉၉ လှုပ်ရှားမှုဆီကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထောင်ထဲရောက်သူတွေ၊ ပြည်ပကိုထွက်ပြေးသူတွေအဖြစ် ရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ၉၆-၉၈ ကျောင်းသားတွေအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းက မြို့ပြင်ကျောင်းတစ်ကျောင်း ဖြစ်တဲ့အပြင် ဒဂုံမြို့သစ်မြောက်ပိုင်းကို တံတား ၄ ခုနဲ့ ချိတ်ဆက်ထားတာပါ။ မြို့ထဲနဲ့အဆက်အသွယ်ဖြတ်ဖို့အတွက် ဒီတံတားလေးစင်းကို ပိတ်ထားလိုက်ရုံနဲ့ အဆက်အသွယ်အားလုံး ပြတ်သွားခဲ့ပါတယ်။ ၆ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြပွဲကို မီးသတ်ပိုက်နဲ့ ဖြိုခွဲလိုက်ရော၊ ကြားမှာ ပိတ်ရက် ၂ ရက်ခြားသွားတဲ့အပြင် ကျောင်းအားလုံး ပိတ်လိုက်တယ်လို့ ကြေညာထားတာကြောင့် ဘယ်ကျောင်းမှ လာပူးပေါင်းဖို့ မရှိခဲ့ဘဲ ဒဂုံတက္ကသိုလ်သီးသန့် ကျောင်းသားဆန္ဒပြလှုပ်ရှားမှုတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အဲ့ဒါကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြမှုက ထင်ထင်ရှားရှားကြီး သီးသန့်ဖြစ်ပွားခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းမှာ တရားဝင်ကျောင်းတက်ရောက်နေသူ ကျောင်းသားအင်အား လေးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ (မသေချာပါ။) ဒီဇင်ဘာ ၉ ရက် အဲ့ဒီနေ့က ကျောင်းသားရာချီလား ထောင်ချီလား မမှတ်မိပါဘူး။ ဒါပေမယ့် ထောက်လှမ်းရေးကျောင်း ဗိုလ်ချုပ်ခင်ညွန့်တည်ခဲ့တဲ့ကျောင်းမှာ ဆန္ဒပြမှု ဘယ်တော့မှမရှိလို့ ကြွေးကြော်ခဲ့တဲ့ခေတ်မှာ ဒဂုံတက္ကသိုလ်ရဲ့ နိုင်ငံရေးမျက်နှာစာကို စတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ် အဖြစ်အပျက်ဟာ ၁၉၉၆ ရဲ့ ဒီဇင်ဘာ ၉ ရက်နေ့ပါ။ ယနေ့ကျောင်းသားတွေအတွက် သမိုင်းဖြစ်စဉ်တစ်ခုလို့ပဲ ပြောလိုက်ပါရစေ။
လေးလေးမွန် (၁၉၉၆ ဒကသ စည်းရုံးရေးမှူး)
အဲ့ဒီနေရာမှာ ကျောင်းသားတွေ ရဲရဲတောက် တရားဟောကြတယ်။ နောက်ပိုင်းမှာ ပါမောက္ခချုပ် ဦးကောင်းညွန့်က အိမ်ပြန်ဖို့ ဗိုက်ပူကျောင်းကားတွေ၊ ဒိုင်နာကားတွေ စီစဉ်ပေးလို့ ရောက်လာပြီး ကျောင်းသားတွေ တင်သွားတယ်။ ဒါပေမယ့် ကျောင်းသားတွေက အိမ်မပြန်ဘဲ ငမိုးရိပ်တံတား မြောက်ဥက္ကလာ တံတားတွေဆီ ကားတွေနဲ့ ဆက်ထွက်ခဲ့ပေမယ့် တံတားတွေအားလုံး ပိတ်လိုက်ပါတယ်။
ဒီတော့မှ မြို့ပြင်ကျောင်းတွေကို စစ်ဗျူဟာကျကျ ဖွင့်ထားမှန်း သိရပါတယ်။ ငမိုးရိပ်တံတား မီးရထားသံလမ်းကနေ ဖောက်ထွက်ဖို့ ကြိုးစားပေမယ့် မရပါဘူး။ ငမိုးရိပ်တံတားမှာပဲ ကျောင်းသားကျောင်းသူတွေ တရားဟောကြပါတယ်။ ညနေပိုင်း ရောက်တော့ အိမ်ပြန်တဲ့သူတွေကြောင့် ကျောင်းသားအင်အား လျော့လာပါတယ်။ ညနေမိုးချုပ်လာရင် လူစုခွဲနိုင်တာကြောင့် ကားတွေနဲ့ ထပ်လှည့်ပြီး မြောက်ဥက္ကလာတံတားဘက်ကို ထွက်ခဲ့ပေမယ့် သံဆူးကြိုးအထပ်ထပ်နဲ့ စစ်တပ်ချထားလိုက်ပါပြီ။
ကျောင်းသားတွေက ပင်ပန်းပြီးစိတ်တိုနေချိန်မှာ ဆိုင်ကယ်သုံးစီးက ကျောင်းသားတွေနောက်ကို ကပ်လိုက်လာတာကို ကျောင်းသားတစ်ယောက်က ကားရပ်ပြီး ဆင်းရိုက်တော့ နောက်ကကျောင်းသားတစ်အုပ်ကပါ ဝိုင်းလိုက်ရိုက်တာကြောင့် ထောက်လှမ်းရေး ဆိုင်ကယ်တစ်စင်း လယ်ကွင်းထဲ မိသွားခဲ့ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်း ၄၁ အကွက်၊ တံတားဖြူမှတ်တိုင်မှာ ဒီအဖြစ်အပျက် ဖြစ်ပွားနေချိန်မှာ ဆိုင်ကယ်ကို မီးရို့ဖို့အထိ လုပ်ပေမယ့် ကျောင်းသားအချင်းချင်း ဝိုင်းတားတာကြောင့် မီးမရို့ခဲ့ပါ။ ဒါပေမယ့် ထောက်လှမ်းရေးကို တုတ်နဲ့ဝိုင်းရိုက်လိုက်တာကြောင့် ထောက်လှမ်းရေးတစ်ယောက် ခေါင်းကွဲပြီး သွေးတွေထွက်နေခဲ့ပါတယ်။
မရိုက်တဲ့ကျောင်းသားတွေထဲက ထောက်လှမ်းရေးကို တွဲခေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လွတ်ထွက်သွားတဲ့ ဆိုင်ကယ်နှစ်စီးရဲ့ သတင်းပို့မှုကြောင့် မြောက်ဥက္ကလာ ဘုန်းကြီးတံတားကနေ စစ်သားတွေ သေနတ်တွေနဲ့ အပြေးဆင်းချလာခဲ့တာကြောင့် ကျောင်းသားတွေ လူစုခွဲ ထွက်ပြေးခဲ့ကြတယ်။ ဖမ်းမိတဲ့သူတွေကို ဘယ်ခေါ်သလဲမသိပေမယ့် ပြန်လွှတ်ပေးတယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ လွတ်မြောက်သွားတဲ့ ကျောင်းသားတွေကတော့ နောက်တစ်နေ့ ၁၀ ရက် တာမွေဗလီမှာ ဆန္ဒပြကြဖို့ တိုင်ပင်ထားကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက် တာမွေဗလီ
၉ ရက်နေ့ လွတ်လာတဲ့သူတွေ ၁၀ ရက်နေ့မနက်မှာပဲ တွေ့တဲ့လူအချင်းချင်း သတင်းဖလှယ် တခြားကျောင်းက လာမယ်ကြားလို့စောင့်နေတုန်း ဗလီနားက စျေးဆိုင်တွေက ကျောင်းသားတွေ ဆန္ဒပြမယ်ကြားပြီး ဆိုင်တွေပိတ်ကြပါတယ်။ တာမွေဗလီနားမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး ရဲတွေဆိုင်ကယ်တွေနဲ့ ရောက်လာတာကြောင့် လူစုဖို့ကြိုးစားနေတဲ့ကျောင်းသားတွေ ကားငှါး၊ ဗိုလ်တထောင်ရောက်သွားကြပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကို အကြမ်းဖျင်းဖွဲ့တယ်လို့ သိရပါတယ်။ ဘုရားသွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူတွေ လူစုကွဲပီး ရဲလိုက်တာကြောင့် ပုန်းဖို့နေရာရှာရင်း အဖွဲ့တွေကွဲပြီး အဲ့ဒီနေ့က ဆန္ဒပြပွဲ မဖြစ်မြောက်ပါဘူး။
ကျောင်းတွေလည်း ပိတ်သွားတာကြောင့် ပြန်ဆုံဖို့ ကြိုးစားခဲ့ကြတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ ရှေ့ တရားဟောခွင့် မရှိတော့တာကြောင့် ဒေါ်စုထွက်လာမယ့်လမ်းတွေမှာ ကျောင်းက ကျောင်းသားဟောင်းတွေ ပြန်စုမိကြပါတယ်။ ပြန်ဆုံရင်း ကျောင်းသားသမဂ္ဂဖွဲ့ဖို့ လူပြန်စုရင်း မြောက်ဒဂုံ ၄၁ ရပ်ကွက် အိမ်တစ်အိမ်မှာ ဒဂုံတက္ကသိုလ်၊ အာစီတူး၊ အာစီဝမ်းက ကျောင်းသားတစ်ချို့တွေ့ပြီး သမဂ္ဂဖွဲ့ဖို့ ဗဟိုအလုပ်အမှုဆောင် ရွေးကြပါတယ်။
စီအီးစီ ရွေးချယ်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဒကသ) ကို ဒီဇင်ဘာဒုတိယအပတ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယအကြိမ် တွေ့ဆုံကြတဲ့အခါ သမဂ္ဂဖွဲ့ပြီးတာကြောင့် လှုပ်ရှားမှုအတွက် ၁/၉၇ ကြေညာချက်ကို ဖြန့်ဝေဖို့ တာဝန်ယူကြပါတယ်။ ကျောင်းတွေပိတ်နေပေမယ့်လည်း တွေ့တဲ့နေရာဝေဖို့ အသီးသီး တာဝန်ယူကြပါတယ်။
ဒီကြေညာချက်ထွက်ပြီး မကြာပါဘူး ဖမ်းဆီးမှုတွေ စတင်လာခဲ့ပါတယ်။
၁၉၉၇ ဇန်နဝါရီမှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဒကသ) က စီအီးစီတွေ စတင်အဖမ်းခံရပါပြီ။
ဘုန်းသက်ပိုင် (ဒုတိယနှစ်-ရုက္ခဗေဒ)
ရဲမင်းကျော် (တတိယနှစ်)
သာလင်းတင် (တတိယနှစ်)
လေးလေးမွန် (ပထမနှစ်-ရုက္ခဗေဒ)
အောင်ခိုင် (နောက်ဆုံးနှစ်)
အောင်မိုးဇော် (နောက်ဆုံးနှစ်-ဘူမိဗေဒ)
အောင်မိုး (နောက်ဆုံးနှစ်-သင်္ချာ)
ကိုစိုးသောင်း (နောက်ဆုံးနှစ်)
ဇော်သန်း (ဒုတိယနှစ်-မြန်မာစာ)
သူရအောင် (တတိယနှစ်)
ဗသိန်းလတ် (ပထမနှစ်-သမိုင်း)
ရဲဝင်းဇော် (ပထမနှစ် အဝေးသင်)
စတဲ့ ဒကသ စီအီးစီတွေနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားခဲ့ပါတယ်။ နောက်ထပ်ဖမ်းမိတဲ့အထဲက တချို့ကျောင်းသားတွေကို စစ်ကြောရေးမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားတွေနဲ့အတူ ပါဝင်ပတ်သတ်ကူညီပေးခဲ့တဲ့ အရပ်သား မိတ္တူကူးစက်ပိုင်ရှင် တင်နိုင်ထွန်းနဲ့ နိုင်ငံရေးသမား လက်ျာဝင်းတို့လည်း ဖမ်းဆီးခံရပါတယ်။
အဲ့ဒီအချိန်အထိ ဒဂုံတက္ကသိုလ်က စာသင်မပျက်ပါဘူး။ ဒါပေမယ့် ဒဂုံတက္ကသိုလ်မှာ ၁၉၉၃ ကျောင်းစဖွင့်ကတည်းက တိတ်တဆိတ်လှုပ်ရှားနေကြတဲ့ ကျောင်းသားဟောင်းတွေက ဒီ ၂ ရက်နေ့၊ ၆ ရက်နေ့ လှုပ်ရှားမှုမှာ ပါဝင်နေတာကို ကြားသိခဲ့ရပါတယ်။ တချို့အဖမ်းခံရပြီး ကျိုက္ကဆံကွင်းမှာ ပါမ္ဃောချုပ် မော်ကွန်းထိန်းတွေက ကျောင်းအသီးသီးကနေ လာခေါ်တော့မှ ဒဂုံတက္ကသိုလ်ကျောင်းသားတွေ ပါဝင်ပတ်သတ်နေတာ သိရပါတယ်။
၂ ရက်၊ ၆ ရက် ဖြစ်နေတဲ့အချိန်မှာ ဆန္ဒပြပွဲ မပါဝင်သေးတဲ့ ကျောင်းတွေဆီ ထမီထုပ်တွေပို့တယ်လို့လည်း သိရပါတယ်။ ၆ ရက်နေ့ညမှာ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ ဖြိုခွင်းသံကြားရပါတယ်။ ကျောင်းအားလုံးလည်းပိတ်ကြောင်း ကြားသိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ သောကြာနေ့ညမှာပဲ ဒဂုံမြို့သစ်မြောက်ပိုင်း ဝန်ထမ်းအိမ်တွေက်ု တစ်အိမ်တက်ဆင်း ရဝတ လူကြီးတွေကိုယ်တိုင် ကျောင်းသားတွေ ၉ ရက်နေ့ကြရင် ကျောင်းသွားမတက်ဖို့ လိုက်လံပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက် ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု နောက်တစ်နေ့ ၉ ရက်နေ့မနက်မှာတော့ ဒဂုံတက္ကသိုလ်ရဲ့ကျောင်းမုခ်ဝမှာ ကျောင်းတံခါးပိတ်ထားတာကြောင့် ကျောင်းသားတွေ ကြွက်စီကြွက်စီ အော်နေပါပြီ။
ကျောင်းသားတစ်ယောက်က ''လက်မခံနိုင်ဘူး၊ ကျောင်းတံခါးပိတ်တာလက်မခံနိုင်ဘူး၊ မနေ့ကလည်း ထမီထုပ်အပို့ခံထားရတယ်၊ လက်မခံဘူး'' အော်ချိန်မှာ ဝေါခနဲ ''ဟုတ်တယ်ဟေ့'' လို့ ဝိုင်းအော်ချိန်မှာ ကျောင်းသားမှန်ရင် ထွက်ပါ၊ ကျောင်းသားမှန်ရင် ထွက်ကြပါဆိုပြီး စတင်စုစည်းကြတယ်။
မျက်နှာပဝါစည်းထားတဲ့ ကျောင်းသားတစ်ယောက်က ကျောင်းမုခ်ဝ အုတ်ခုံပေါ်တက်ပြီး တရားဟောပါတယ်။ ကျောင်းသားကြီးတွေလို့ ယူဆရတဲ့ ကျောင်းသားတွေ လက်တွေစချိတ်ပြီး ကျောင်းတံခါးသံတိုင်တွေဆီ ဆောင့်တိုးကြပါတယ်။ ကျောင်းတံခါးပွင့်သွားချိန်မှာ ဝေါခနဲ ပြေးဝင်ကြ၊ ပါလာတဲ့ စာရွက်တွေ ကြဲချလိုက်ကြပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ သွေးညီကြပါစေ (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ) ဆိုတဲ့စာရွက်တွေ ကတ္တရာလမ်းမှာ တွေ့ရသလို ကြွေးကြော်သံ၊ ကဗျာတွေပါတဲ့ စာရွက်တွေလည်း ပြန့်ကျဲနေခဲ့ပါတယ်။ ကျောင်းတံခါး အထဲထိပြေးဝင်ပြီး ရပ်လိုက်ပါတယ်။ ကျောင်းထဲမှာသပိတ်စခန်းဖွင့်ရင် ဘယ်သူမှမသိနိုင်တာကြောင့် အပြင်ပြန်ထွက်ပြီး မြို့ထဲကျောင်းတွေနဲ့ ပေါင်းကြမယ်လို့ တစ်ယောက်တစ်ပေါက် ပြောကြပါတယ်။
နောက်ဆုံး စီတန်းပြီး လှည့်လည်ဆန္ဒပြဖို့ ဆုံးဖြတ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းက ဘေလီတံတားရှိရာကို ချီတက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
''သပိတ် သပိတ်၊ မှောက် မှောက်'' ဆိုတာမအော်ဘူး။
''ဆန္ဒ ဆန္ဒ၊ ပြ ပြ'' မအော်ဘူး။
''ဒီမိုကရေစီရရှိရေး၊ တို့အရေး'' မအော်ဘူး။
''အရေးတော်ပုံ အောင်ရမည်'' မအော်ရဘူးဆိုပြီး ဆုံးဖြတ်ကြတယ်။
အော်ရမယ့်စာသားက
''ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး တို့အရေး တို့အရေး'' ၊ ''ကျောင်းသားစိတ်ဓာတ် ဘာစိတ်ဓာတ်လဲ...ခွပ်ဒေါင်းစိတ်ဓာတ် ခွပ်ဒေါင်းစိတ်ဓာတ်''၊
''ဘာစိတ်ဓာတ်လဲ...သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်''၊ ''တို့ခွပ်ဒေါင်းသွေး နီရဲလားဟေ့...နီတယ်ဟေ့ နီတယ်ဟေ့''၊ ''တို့ခွပ်ဒေါင်းတွေ ညီရဲ့လားဟေ့...ညီတယ်ဟေ့ ညီတယ်ဟေ့'' ၊ ''ပါချုပ်ကြီးနဲ့ကျောင်းသားတွေ ညီညီညာညာ ဆန္ဒပြကြ'' ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာပါ။
မပါဝင်တဲ့ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကွမ်းယာဗနိးကိုင်ထားသူ၊ ဆေးလိပ်ရောင်းသူ၊ မုန့်ရောင်းသူ၊ ကျောင်းစောင့်၊ အရပ်ဝတ်အားလုံးဟာ စစ်ထောက်လှမ်းရေးတွေဆိုတာ နောက်မှသိခွင့်ရပါတယ်။ သူတို့တွေက ကျောင်းသားတွေကို မှတ်တမ်းယူတယ် အသံဖမ်းထားတယ် ဓာတ်ပုံရိုက်ထားကြပါတယ်
ကြွေးကြော်သံတွေနဲ့ချီတက်တဲ့ ဒဂုံမြို့သစ်လမ်းတစ်လျှောက်မှာ အိမ်အသီးသီးကနေ ထွက်လာတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံက ၈၈ အရေးအခင်းပြီးကတည်းက ကျောင်းသားတွေကို သီးသန့်တီးပေးတဲ့ လက်ခုပ်သံပါ။
အရပ်သားတချို့ဝင်လာတော့ ကျောင်းသားကြီးတွေက တောင်းပန်ပြီး မပါဝင်ဖို့ စည်းပြင်ထွက်ခိုင်းပါတယ်။ စည်းထဲဝင်လာသူတွေကို ကျောင်းသားကတ်ပြခိုင်းပါတယ်။
မြောက်ဒဂုံ မဝတ လမ်းဆုံနားမှာ မော်ကွန်းထိန်း ဦးဇော်လွင်က ဖုန်းနဲ့အော်နေတာကတော့ ''အကုန်ဖမ်းပြီးထည့်ပစ်လိုက် အလုပ်ရှုပ်တယ်'' ဆိုတဲ့ စကားနဲ့ ဟောက်ဟိန်းသံတွေ ကြားရတာကြောင့် ကျောင်းသားတွေရဲ့အသံက ပိုကျယ်လောင်ပြီး ပြည်သူ့လက်ခုပ်သံကြောင့် သွေးတွေ ပိုကြွလာခဲ့တယ်။ ဆောင်းတွင်းဖြစ်တာကြောင့် သွေးတွေပူနွေး ချွေးတွေထွက် အသံတွေဝင်တဲ့အထိ အော်လာကြတယ်။
ပါမောက္ခချုပ် ဦးကောင်းညွန့်ရဲ့
''အိမ်ပြန်ကြပါ သားတို့သမီးတို့ ... '' ဒီစကားကိုပဲ ထပ်တလဲလဲပြော၊ ကျောင်းဆရာ ဆရာမတွေကို လိုက်ဆွဲခိုင်းပြီး ကျောင်းသားတွေ အိမ်ပြန်ဖို့ စည်းရုံးပါတယ်။ တချို့က ဆရာကြီး သနားပြီး လမ်းတစ်ဝက်က ပြန်ကြတယ်။ တချို့က ''ပါချုပ်ကြီးနဲ့ ကျောင်းသားတွေ ညီညီညာညာ ဆန္ဒပြကြ'' လို့ အော်ကြတယ်။
၈၈ အတွေ့အကြုံရှိတဲ့သူတွေက လမ်းမှာ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်တွေကနေ ဂျင်းစိမ်း၊ သံပုရာသီးနဲ့ ဆား တောင်းကြတယ်။ အသံဝင်တာတွေကို ကုစားကြတယ်။ ဘေလီထိပ်ရောက်ချိန်မှာ ပါမောက္ခချုပ် ဦးကောင်းညွန့်နဲ့ ဆရာ ဆရာမတွေ နေပူထဲလိုက်ထိုင်ပြီး သံဆူးကြိုးချထားတဲ့ ဘေလီထိပ်မှာပဲ ထိုင်လိုက်ကြပါတယ်။
“နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း"
နိုဝင်ဘာ ၂၂ (မြန်မာစံတော်ချိန် ည ၇ – ၉ နာရီ)
အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။
လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။
လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု ဒုတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်တွင် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့တိုင် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည့် လူထုလှုပ်ရှားမှု (Civil Resistance) ကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆွေးနွေးမှုအား PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
#လူထုလှုပ်ရှားမှုရက်သတ္တပတ်
#ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months ago