Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

KNDF/B-02

Description
Media outlet of KNDF/B-02
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago

1 month, 3 weeks ago

ယနေ့ လွိုင်​ကော် ........နဲ့ အမြောက်တပ်တို့တွင် သင်္ကြန်မိုးများရွာသွန်း ...

မကြာခင်ကျရောက်တော့မဲ့ သင်္ကြန်အချိန်အခါသမယမှာ ကိုယ်တိုင်ကိုယ်ကျ သင်္ကြန်မိုးများရွာသွန်းနိုင်ပါပြီ ...

၁လုံး ၅သိန်းတန်တွေရှိတယ် ...
၂လုံး ၅သိန်းတန်တွေရှိတယ်...
ဆက်သွယ် ရွာသွန်းပါ💀

Videoကြည့်ရန်
https://www.facebook.com/100086114460869/posts/pfbid034TxLZoaERUnRVLNBwyYV2ME8eFqrL7fF8xrmPuD82KhzXfwXtDxWLoSPhuQiXQMRl/

Facebook

Log in or sign up to view

See posts, photos and more on Facebook.

1 month, 3 weeks ago

ပြည်သူများအားလုံးကိုလည်း ရဲဘော်များမှကျေးဇူးအထူးပင်တင်ရှိပါတယ်။

videoကြည့်ရန်👇👇👇
https://www.facebook.com/share/v/iyBRankDGWTMQcbS/?mibextid=oFDknk

KNDF Battalion-02
သတင်းနှင့်ပြန်ကြားရေး

#KNDF #KNDFB02
#KarenniNationalitiesDefenseForce
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

Facebook

Log in or sign up to view

See posts, photos and more on Facebook.

1 month, 3 weeks ago

/// Fight - Helmet ///

အားလုံးပဲ မင်္ဂလာပါ....

ရဲဘော်များအတွက် မြို့ပြတိုက်ပွဲဆင်နွှဲရာတွင် ဘေးအန္တရာယ်ကင်းစေဖို့နဲ့အကာအကွယ်ဖြစ်စေရန် မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ ကျည်ကာဦးထုပ်ကို တပ်ဆင်ပေးနိုင်မဲ့ ကမ်ပိန်းလေးတစ်ခု စတင်လိုက်ပါပြီ။

ဒီကမ်ပိန်းရဲ့နာမည်က Fight - Helmet Campaign လို့ခေါ်ပါတယ် ။

∆ Fight - Helmet Campaign ဆိုတာ ဘာလဲ ?

✓ Fight - Helmet Campaign ဆိုတာကတော့ မြို့ပြစစ်ဆင်ရေးများတွင် တိုက်ပွဲ၀င်နေရတဲ့ ရဲဘော်များကို helmet တပ်ဆင်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ် ။

∆ ကမ်ပိန်းကို ဘယ်သူတွေက ဦးဆောင်တာလဲ ?

✓ ယခုကမ်ပိန်းကို တော်လှန်ရဲဘော်များ နဲ့ ပြည်တွင်း/ပြည်ပမှ တော်လှန်ပြည်သူများမှ ဦးဆောင်တာပဲဖြစ်ပါတယ် ။

∆ ကမ်ပိန်းရဲ့ တားဂတ် ငွေအမောက်က ‌ဘယ်လောက်လဲ ?

✓ မြန်မာငွေကျပ် သိန်း ၁၀၀ တိတိပဲ ဖြစ်ပါတယ်။
ရရှိငွေ 100% အားလုံးကိုလည်း ရဲဘော်များအတွက်ကျည်ကာ ဦးထုပ်များဝယ်ယူပြီး တပ်ဆင်ပေးမှာပဲဖြစ်ပါတယ် ။

∆ ကမ်ပိန်း ကာလ ဘယ်လောက်ကြာမလဲ ?

✓ ကမ်ပိန်း ကာလသည် 9.4.2024 မှ 22.4.2024 အထိ 14 ရက်၊ 2ပတ်တာကာလမျှသာ ပြုလုပ်မှာပဲဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ အရှိန်မြင့်လာတဲ့ စစ်ရေးနဲ့အတူ ကျွန်တော်တို့ရဲ့ ပြည်သူ့ရဲဘော်တွေ အကာအကွယ်အပြည့်နဲ့ အောင်ပွဲယူနိုင်စေရန် Fight - Helmet Campaign မှာ အားဖြည့်ပါ၀င်ပေးဖို ပြည်သူများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

#Fight-Helmet
#တော်_လှန်ပြည်သူHelmetကူ
#တော်_လှန်ပြည်သူမှတော်_လှန်ရဲ_ဘော်သို့
#ရဲဘော်အတွက်Helmetအသက်
#Fight_Helmet_Campaign_Admin_Team

မူရင်းပိုစ့်💀
https://www.facebook.com/share/p/uqYPHyaermTMN85u/?mibextid=oFDknk

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 months, 1 week ago
ခုခံတွန်းလှန်‌ခြင်းနွေဦးမြို့ရှုခင်း

ခုခံတွန်းလှန်‌ခြင်းနွေဦးမြို့ရှုခင်း

အပျက်အစီးအစအန‌‌တွေပြန့်ကြဲနေတဲ့ တစ်ချို့ ရပ်ကွက်လမ်း‌မတွေပေါ်မှာ ရဲဘော်တွေ သွားလာလှုပ်ရှားနေတာမြင်ရတယ်။

ကရင်နီမှာစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု‌အဆက်ဆက်ရဲ့ စာမျက်နှာအသစ်တစ်ခုလို့သတ်မှတ်ရတဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ကျနော်တို့တွေကြံ့ကြံ့ခံဖြတ်သန်းနေကြတာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ကစပြီး ယခုချိန်ထိ ဖြစ်ပါတယ်။

Facebook post link👇👇👇

https://www.facebook.com/share/p/THyiq2paa8tAAzYK/?mibextid=Nif5oz

4 months, 3 weeks ago
ကရင်နီရောက် သူငယ်ချင်းများ

ကရင်နီရောက် သူငယ်ချင်းများ

5 months, 2 weeks ago

ငါတို့ရဲ့အိမ်တွေစီ ပြန်ခွင့်ပေးခဲ့ကြတဲ့
တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်...

#သံမဏိ

https://m.facebook.com/story.php?story_fbid=pfbid02oWyxLNEnF9bxqtpZQmTymkLpfpLr4qRbnF9p4iWuS4FmbfEo6WAJGDYGzJVP5uiVl&id=61553140504866&mibextid=2JQ9oc

Facebook

Log in to Facebook

Log in to Facebook to start sharing and connecting with your friends, family and people you know.

5 months, 3 weeks ago

မုဆိုးတစ်ယောက် ခရီးသွားခြင်း🍀🌻🌼🍀

ကရင်နီ တဲ့ ဒီ ပြည်နယ်လေးက သိပ်ကိုလှတယ် ...

တောင်ငူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် အရင် ဒီပြည်နယ်လေးနဲ့ နီးပါလျက် တစ်ခါမှမရောက်ဖြစ်ခဲ့ဘူး တော်လှန်ရေးကာလမှာတော့ ဒီပြည်နယ်မှာ တာ၀န်ထမ်းဆောင်ခွင့်ကြုံကြိုက်ခဲ့ရပါတယ် ။

ဟိုအရင်ရောက်ခါစ အချိန်တွေမှာ စိတ်မှာတွေးမိပါသေးတယ် ဒီလောက်လှတဲ့ ဒီနေရာကို ငါ ဘာကြောင့်မရောက်ဖြစ်ခဲ့ရတာလဲပေါ့...

ကရင်နီပြည်က သိပ်ကိုလှပါတယ် ဒီပြည်နယ်ရဲ့ တော်လှန်ရဲတဲ့ သွေးတွေကလည်း ရဲလွန်းကြတယ် ။

အခုဆိုရင် ၁၁၁၁စစ်ဆင်ရေးကြီးနဲ့အတူ ကရင်နီရဲဘော်(မုဆိုး)တွေက ကိုယ့်အိမ်ကို ကိုယ်ပြန်နေကြပီး ကိုယ့်ပြည်နယ်ကို ကိုယ် ပြန်ယူနေကြပြီ...ကျွန်တော်ကိုယ်တိုင်လည်း ကရင်နီပြည်သူ/သား တွေနဲ့အတူ ကရင်နီပြည်အတွက် တိုက်ပွဲ၀င်နေရင်း ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ့်နေရာလေးကိုလည်း လွမ်းမိရပါကြောင်း အားယူရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ် ။

🎞️ဗွီဒီယိုရုပ်သံက ကရင်နီပြည် လွိုင်ကော်မြို့ အနီးက ဒီရက်ပိုင်း ဆောင်းတွင်းမနက်ရဲ့အလှ တိမ်ပင်လယ်လေး တခုမှာ ဖြစ်ပါတယ်🎞️

#သံမဏိ

#မုဆိုး
#TheHunter
#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးကြပါစို့
#ဗျူဟာအမှတ်၂

video ကြည့်ရန်👇👇👇
https://fb.watch/oZgYs5wCol/?mibextid=RtaFA8

5 months, 3 weeks ago

နောက်ပိုင်းပိုကြမ်းမဲ့ မုဆိုးသစ်များ🔥

👇👇👇
https://m.facebook.com/story.php?story_fbid=pfbid0362kXBQsFekcQQ4dib8NyYjBwE5w41yQW3SfMvSogMEJM3RaCjHWWR5xVrKg4QDMGl&id=61553140504866&mibextid=RtaFA8

Facebook

Log in to Facebook

Log in to Facebook to start sharing and connecting with your friends, family and people you know.

6 months, 1 week ago

"အခုကျ‌နော်တို့ရဲ့အချိန်ပြန်ရောက်ပြီ"
-မာဝီ

လွိုင်ကော်ရှေ့တန်းတစ်နေရာမှာတော့ ကရင်နီရဲ့မုဆိုးကြီး မာဝီ အမဲလိုက်ဖို့ပြင်နေတုန်းမှာပဲ ခပ်မြန်မြန် အင်တာဗျူးတစ်ခု ရိုက်ယူခဲ့တယ်။

" ပြည်သူတွေကိုအသိပေးချင်တဲ့အကြောင်းအရာများပါဝင်တဲ့အပြင် ကရင်နီမှအစပြုလို့နိုင်ငံအနှံ့ကမုဆိုးတွေဆီကိုလည်း မာဝီမှသတင်းစကားပါးထားတာကိုကြားရမှာဖြစ်ပါတယ်။

#မုဆိုး
#TheHunter
#မြို့တော်လွိုင်ကော်ရရှိဖို့မုဆိုးတွေကိုပံ့ပိုးစို့
#ဗျူဟာအမှတ်၂

video ကြည့်ရန်👇👇👇
https://fb.watch/oz8pFHgbkb/?mibextid=RtaFA8

7 months ago

အောက်တိုဘာလ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

စာအမှတ် - KNDF/၁/၂၀၂၃(၀၂၁)
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ(၃)ရက်။

​​ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်း ပို့ဆောင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အခြားနေရာများတွင် ထိတွေ့မှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။

​ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ် ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း(၆)ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA ၊ KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တစ်လတာလုံး ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။ ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းမှ ထောက်ပို့ ယာဉ်တန်း ကား(၄၀)စီးခန့်သည် အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြင်းအထန် ထိုးစစ်ဆင်၍ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ခဲ့ပြီး ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်၍ ညတွင်းချင်းပင် အဆိုပါ ယာဉ်တန်းများမှာ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထိုသို့ ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး ထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သလို၊ ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အောက်တိုဘာလအတွင်း အဆိုပါ လမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲပေါင်း (၃၀)ကြိမ်နီးပါး ဖြစ်ပွားခဲ့ပါသည်။

စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဘောလခဲ မြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက် ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်း အတွင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ကား(၇၀)ကျော်အနက်မှ ကားအစီးရေ (၄၀)ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကားအစီးရေ(၃၀)နီးပါးသည် ယခုအချိန်ထိ ထပ်မံဖြတ်သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးပါ။ ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

အထက်ပါထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင်(၄၀)ကျော် သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ၎င်းတို့၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။
​အောက်တိုဘာလအတွင်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအား လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်း နှင့် ဆေးပေးခန်း(၁)လုံး ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်(၁၃)လုံး ထိခိုက်ပျက်ဆီးခဲ့ရပြီး အရပ်သားပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိ၍ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါသည်။ အထက်ပါစစ်ကောင်စီ၏ တိုက်ခိုက်ခံရသော နေရာများသည် အရပ်သားပြည်သူ များသာ နေထိုင်လျက်ရှိသော နေရာများသာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သော လက်နက်မဲ့ပြည်သူများးအား စစ်ကောင်စီမှ ရန်သူသဖွယ်သတ်မှတ်၍ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

​ထို့အတူ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ကိုးကန့်(MNT JP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရက္ခိုင်(ULA/AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး” တွင် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၏ တပ်ရင်းအမှတ်(၆၀၆) မှလည်း ပူးပေါင်းပါဝင်၍ စခန်းသိမ်းတိုက်ပွဲ များတွင် ပါဝင်တိုက်ခိုက်လျက်ရှိပါသည်။

​အောက်တိုဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီအားခုခံတိုက်ခိုက်ရင်း မိမိတို့ KNDF မှ ရဲဘော်(၄)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ကျဆုံးသွားသော ရဲဘော်များအား အမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် KNDF မှ သမိုင်းမှတ်ကျောက်တင်ပြီး အစဉ်အမြဲအလေးပြုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် - ၊ ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago