ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 4 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 3 weeks ago
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
(၃၀-၄-၂၀၂၄)အင်္ဂါနေ့ နေ့လယ် တစ်နာရီဆယ်မိနစ် အချိန်တွင် ပျံလွန်တော်မူသည်၊၊
#သံသရာမရှည်စေနဲ့
ဘဝမှာတစ်ယောက်ယောက်ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲ လို့
သဘောထားလိုက်ပါ။
ကိုယ်ပါသွားလို့ပြန်ယူမယ်ဆိုတဲ့
စိတ်မျိုးမမွေး ပါနဲ့။
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။
ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့အချိန်မှာ
အကြွေးတစ်ခု ဆပ်ခွင့်ရလိုက်တာပဲ လို့
ဖြေကြည့်လိုက်ပါ။
ကိုယ်ခံစားရသလို ပြန်ခံစားစေရမယ်
ဆိုတဲ့ စိတ်မျိုးတော့ မဖြစ်ပါစေနဲ့။
အတုံ့အလှည့်တွေက ထပ်လာနေအုံး
မှာပဲလေ။
ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေကကြီးလွန်း
တဲ့အခါဝဋ်ကြွေးတွေဆပ်နေရတာပဲလို့
သဘောထားပါ။
အတိုး မများခင်ဆပ်ရတာ ကောင်းတယ်
လို့ ကျေနပ်လိုက်ပါ။
ကိုယ်ဒုက္ခကြီးသလို သူတို့တွေလည်း
ကြီးပါစေ ဆိုတာမျိုးနဲ့တော့
မတုန့်ပြန်ပါနဲ့။
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။
တကယ်တမ်းတော့ သတ္တဝါတွေမှာ
ကံသာ အားကိုးရှိတာပါ။
ကိုယ့်သံသရာ ကောင်းဖို့ ကိုယ်ပဲ
လုပ်ရ မှာလေ။
ကိုယ့်သံသရာပြတ်ဖို့လည်း ကိုယ်ပဲ
ဖြတ်ရမှာပါ။
ကိုယ့်ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ။
အကြွေးဆပ်ရင်း အကြွေးတွေ ထပ်မ
တင်အောင်ပဲ သတိနဲ့ ရှောင်ဖို့ပါပဲလေ။
ဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ။
?#မဟာဗောဓိမြိုင်ဆရာတော်?
Photo Credit
ဆရာတော်ဘုရားကြီး၏ သီလ သမာဓိ ပညာ ဂုဏ်တို့ကို
ရှိခိုးကန်တော့ပါတယ် ???
မောင်သိန်း (ဒဿနိက)
၃၀.၄.၂၀၂၄
ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေပုံ...
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
ကုသိုလ်ကနေ အကုသိုလ်ကို
ဘယ်လိုလုပ် ဖြစ်စေတာတုန်း။
တချို့က
ကုသိုလ်လုပ်တယ်ဆို
ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်။
ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တာ ရှိတယ်။
ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့။
"သဒ်ဓါ ”
••••••••••
လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့
သဒ္ဓါတရားတွေ ဖြစ်လာတယ်။
အဲ့ဒီ သဒ္ဓါတရားဟာ ကုသိုလ်ပဲနော်။
သို့သော် " ငါ့သဒ္ဓါတရားဟာ
ကောင်းလိုက်တာ"လို့ သဒ္ဓါတရားကို တွယ်တာတဲ့
လောဘစိတ်နဲ့ ကြည့်တဲ့အခါ အဲ့ဒီကြည့်တဲ့ လောဘစိတ်ကျတော့အကုသိုလ်ပဲ။
ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့
ပြောတာ။ အဲ့ဒီတော့ ကုသိုလ်ကနေ အကုသိုလ်
ပြောင်းသွားနိုင်တာကို သတိထားဖို့နော်။
ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တယ်။
"သီလ"
•••••••••••••
ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ငါ့သီလက စင်ကြယ်တယ်ဆိုပြီး သီလကိုအကြောင်းပြုပြီး မာနဖြစ်ရင် သီလက "ကုသိုလ်"
မာနက အကုသိုလ်"
ဒါ "ဥပနိဿယပစ္စည်း"လို့ခေါ်တယ်။
သဒ္ဓါကို တွယ်တာမှုဖြစ်တယ်ရာဂဖြစ်တယ်။
တစ်ခါ ကိုယ့်သဒ္ဓါတရားကိုကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့...
"ငါ့ သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက်တာ" ဆိုပြီး၊ သဒ္ဓါတရားကို ရှုတ်ချတဲ့
ဒေါသက မပေါ်နိုင်ဘူးလား။
သဒ္ဓါကိုအကြောင်းပြုပြီး
ဒေါသလည်း ဖြစ်နိုင်တာပဲ။
ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့
ကျေနပ်နေတယ်။ နှစ်သက်နေတယ်။
ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့
ကျေနပ်တာကို ပြောတာ။
ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာ
မဟုတ်ဘူးနော်။
တဏှာစိတ်နဲ့ ကိုယ့်သီလကိုကိုယ်တွယ်တာပြီး ကျေနပ်နေပြီ။ သာယာနေပြီ၊ လောဘတွေဖြစ်နေတယ်ဆိုရင် ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောတာ။
"စာဂ"
••••••••••
ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး ငါလို
ဘယ်သူမှ မလှူနိုင်ဘူး။ငါက လှူနိုင်တယ်ဆိုပြီး …
ကိုယ့်အလှူဒါနပေါ်မှာကျေနပ်မက်မော
တွယ်တာနေမယ်ဆိုလို့ ရှိရင်"စာဂ"ဆိုတဲ့ ကုသိုလ်
အကြောင်းပြုပြီး အကုသိုလ်ဖြစ်ပြန်တာပဲ။
"သုတ"
••••••••••••••
ကိုယ်က တရားဓမ္မတွေ နာထားတယ်။
မှတ်လည်း မှတ်တယ်။
စာတွေလည်း တတ်တယ်။
ဗဟုသုတတွေလည်း များလာတယ်။
အဲ့ဒီ များလာတဲ့ ဗဟုသုတအပေါ်
မာန်မာနတွေ တက်လာတယ်။
ကိုယ့်ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု
ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင်၊ တရားဓမ္မသုတက "ကုသိုလ်" တွယ်တာမှုဖြစ်လာတာတို့
မာနတို့က "အကုသိုလ်"
ဒါကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။
အဲ့ဒီလို ဖြစ်လာတာ။
တစ်ခါ စျာန်တရား အားထုတ်တယ်။
ကိုယ်ရထားတဲ့ စျာန်ကို သဘောကျ
တွယ်တာနေတယ်။
တပ်မက်တွယ်တာနေတယ်ဆိုရင်
စျာန်က "ကုသိုလ်" တွယ်တာ တပ်မက်တာက
"အကုသိုလ်" ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။
သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ် ဖိုလ်စိတ် ကိုတော့
ဒီလိုမဖြစ်ဘူး။
လောကုတ္တရာတရားက အလွန်သိမ်မွေ့တာ ဆိုတော့
လောဘနဲ့ အာရုံပြုလို့ မရဘူး။
အဲဒါကျတော့ လက်လှမ်းမမှီဘူးလို့
ပြောတယ်နော်။ ဘယ်လို လက်လှမ်းမမှီတုန်း ဆိုရင်
ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ
မနားဝံ့သလို …
မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာလောဘက မတွယ်ဝံ့ဘူး။
လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး။
တဏှာက လောကီစိတ်ကို နှစ်သက်နိုင်တာ။
လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။
ကုသိုလ်စိတ်ကို အကြောင်းပြုပြီးတော့
အကုသိုလ်တွေ ဖြစ်ကြသေးတယ်။
ဒါကို အကြောင်းပြုပြီး "ပုရိမာ ပုရိမာ
ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ
အကုသလာနံ ဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော"
"ကေသဉ္စိ"ဆိုတဲ့စကားက
"အနန္တရ" တော့ မဖြစ်နိုင်ဘူး။
"အာရမ္မဏ"တော့ ဖြစ်နိုင်တယ်။
အာရုံပြုပြီးတော့ လောဘဖြစ်မယ်။
ဒေါသဖြစ်မယ်။ မာန်မာနတွေ ဖြစ်မယ်။
ဣဿတွေ ဖြစ်မယ်။
အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်။
နောက်က ဖြစ်လာသမျှသည်
အကုသိုလ်တွေချည်းပဲ
ဖြစ်လာသည့် အတွက်ကြောင့်
ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ် ဖြစ်တယ်လို့ ဒီလိုပြောတာ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
???
Cr ,,wai lin
#ပါချုပ်ဆရာတော်ကြီးရဲ့_ထူးခြားချက် ( ၇ )ရပ်
~~~~~~~~~~~
{သို့ }
၁။ မြန်မာပြည် သာသနာမှာ သာမည
ရွှေပေါ်ကျွန်း စသည် ဘုန်းကံကြီး
ကျော်ကြားသည့်ဆရာတော်ကြီးတွေ
ပေါ်ပေါက်ခဲ့၏ ၊
သို့သော် ထိုဆရာတော်ကြီးများသည်
သာသနာအား ကျေးဇူးများသည့်
ကုသိုလ်မှတ်တမ်းတွေ သိပ်မကျန်ခဲ့ပေ ၊
ပါချုပ်ဆရာတော်ကြီး၏
ဘုန်းကံကြီးခြင်းသည်
သာသနာရေရှည်တည်တံ့စေသည့်
စာသင်တိုက်တွေ သံဃာထောက်ပံ့မူတွေ
နှလုံးသားသာသနာတည်ခြင်း
ကိစ္စတွေ များစွာကျန်ခဲ့၏ ။
၂။ ပါချုပ်ဆရာတော်ကြီး လက်ထက်မှာ
ရှေးကရှိခဲ့ပေမဲ့ တက္ကသိုလ်ပညာရေး
တစ်ခေတ် ဆန်းသစ်ခဲ့၏ ။
အင်္ဂလိပ်စာသင်ဆရာ ဆရာတော်များစွာ
ရှိခဲ့စေကာမူ ပိဋကကို အင်္ဂလိပ်လို
ပို့ချမူ့များ အဆုံးအမများ
ပရမတ္ထဒီပနီကဲ့သို့သော
အင်္ဂလိပ်ဘာသာကျမ်းများ
မှတ်တမ်းကျန်ခဲ့၏ ။
၃။ လူပုဂ္ဂိုလ်များ စိတ်ဝင်စားမူ့
အားနည်းသည့် အဘိဓမ္မာကို
လူပုဂ္ဂိုလ်များအထိ
နိုင်ငံခြားသားများထိ
စိတ်ဝင်စားအောင်
ထိုးဖောက်နိုင်ခဲ့၏ ။
၄။ လူပုဂ္ဂိုလ်များ သိပ်စိတ်မဝင်စားသည့်
ဘာသာရေးနယ်ပယ်ကို
မီဒီယာလောကမှာ တရားဓမ္မများ
စိတ်ဝင်စားအောင် စာမေးပွဲများဖြေဆိုစေပြီ
နှလုံးသားမှာဘုရားတည်
သာသနာတည်အောင်
လူပုဂ္ဂိုလ်များအား
ဆွဲဆောင်နိုင်ခဲ့၏ ။
၅။ ဓမ္မစေတီဖောင်ဒေးရှင်းစင်တာ
မြောက်ဦးဓမ္မစင်တာ စသည်ဖြင့်
ဓမ္မသဟာယစင်တာထူထောင်၍
စင်တာ တစ်ခေတ် ရှေ့ဆောင် လမ်းပြခဲ့၏ ၊
ကြံခတ်ဝိုင်းဝံသိက ညောင်တုန်းဝံသိက
စသည်ဖြင့် မဟာသုဗောဓာရုံဝံသိကဟု
သုံးစွဲ၍ ဝံသိကစကား
ရှေ့ဆောင်လမ်းပြ
ဆန်းသစ်ထွင်စေခဲ့၏ ။
၆။ အွန်လှိုင်းမှ နိုင်ငံတကာအား
ဓမ္မများပို့ချခြင်း ၊ အွန်လှိုင်းတရားပွဲများ
ဟောကြားခြင်း ၊ မိမိကျောင်းတိုက်ခွဲများအား
အွန်လှိုင်းမှ သြဝါဒ ချီးမြင့်ခြင်း
စသည်ဖြင့် ခေတ်မီနည်းပညာကို
ဓမ္မမှာ အကျိုးရှိစွာ
အသုံးချနိုင်ခဲ့၏ ။
၇။ သက်တော် { ၄၇ } နှစ်မှ နိုင်ငံခြားထွက်၍
ဦးတည်ချက်ကို အဓိပတိတပ်ပြီး
အားထုတ်ခြင်းဖြင့် ပညာသင်ယူမူကို
ကြီးသည်အထိ ဆုံးခန်းမတိုင်ခြင်း ၊
သင်ယူခဲ့သည့် ခေတ်ပညာကိုလည်း
အကျိုးရှိစွာ အသုံးချနိုင်ခဲ့ခြင်း တို့ဖြင့်
နှောင်းခေတ်လူငယ်တို့အား
မီးရှူးတန်ဆောင် ပြနိုင်ခဲ့၏ ။
ဓမ္မစေတီဖောင်ဒေးရှင်း
မူရင်းရေးသားပူဇော်သူကို ရိုသေစွာCrd; ပေးပါတယ်???
? သံဝေဂ ယူနိုင်ကြပါစေ???
? အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ???
?:credit
?32:54
?ဓမ္မဒါနမျှဝေပူဇော်ပါသည် ???credit to Original FB Uploader
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 4 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 3 weeks ago