When i miss someone, I'll listen to music.

Description
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 8 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 8 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 7 months ago

1 Jahr, 8 Monate her

ငါတို့မှာ တစ်ယောက်ကိုတစ်ယောက်
စိတ်ဖတ်နေဖို့ အချိန်မရှိဖူး
ကျေးဇူးပြုပြီး ပြန်ချစ်ပေးပါ မမြညို

-အာလူး

1 Jahr, 8 Monate her

အနာကျင်ရဆုံး အချိန်ဟုဆိုလျှင်
သစ်ပင်အမြင့်ပေါ်ကနေ ပြုတ်ကျတာ သို့မဟုတ် တစ်စုံတစ်ယောက်ပျော်ဖို့အတွက် လက်လွှတ်ပေးလိုက်ရတာပါပဲလို့ ဖြေမယ်။

-အာလူး

1 Jahr, 8 Monate her

ဘယ်အရာမဆို မမြဲပါဖူးဗျာ
‌အဲ့နေ့ကတော့ သူနဲ့သူချစ်ရတဲ့သူကတော့ တစ်ဦးကို တစ်ဦး လက်ကို မြဲနေအောင် ကိုင်ထားတာကိုတော့ ငါတွေ့ခဲ့ရတယ် မောင်ညို

-အာလူး

1 Jahr, 11 Monate her
1 Jahr, 11 Monate her

ဆန်းကြယ်စရာတော့
မဟုတ်ပါဘူးကွာ။
ငါကလည်း
ဘ၀ပျက်သွားရင်တောင်
အပြုံးမပျက်တဲ့လူ။
နင်ကလည်း ဘာကိုမှ
မသနားတက်တဲ့လူ။
ဒီလိုနဲ့ဘဲ။
မင်းကိုပြုပြင်ဖို့ကြိုးစားရင်း
ငါကိုယ်တိုင်ပျောက်ဆုံးခဲ့ရပါတယ်။

-မြတ်သိင်္ဂ

1 Jahr, 11 Monate her

ကမ္ဘာကြီး ပူနွေးလာတဲ့သတင်းက
မမ ဟိုအကိုနဲ့ အဆင်ပြေနေတယ်ဆိုတဲ့
သတင်းတွေလောက်တောင်မှ
စိုးရိမ်ရေမှတ် မတက်ခဲ့ပါဘူး။

မမက ဟစ်တလာလို
တဖြည်းဖြည်း ကြမ်းကြုတ်ခဲ့၊
ကျွန်တော်ကလဲ ကမ္ဘာ့လူဦးရေလို
တနုတ်နုတ် အတုံးအရုံး လဲပြိုကျဆင်းခဲ့။

ကမ္ဘာတစ်ဝှမ်းမှာ ရေတွေကြီး
မုန်တိုင်းတွေကျ ရာသီဥတု
ဖောက်ပြန်တယ်ဆိုတဲ့ သတင်းတွေက
မမပိုလှလာပြီး မမအနား
အဲ့ကောင်တွေဝိုင်းလာမှာကို စိတ်ပူတဲ့
ကျွန်တော့်ကြောင့်ကြမှုတွေကိုလဲ
အနိုင်မပိုင်းနိုင်ခဲ့ပြန်ပါဘူး။

ဓူဝံကြယ်လိုလင်းလက်ပါ၊
ပိတောက်ပန်းတွေလို ရနံ့သင်းသင်းနဲ့
ပင်မြင့်မှာ လှပစွာပွင့်လန်းပါ၊

မမ မချစ်တော့တဲ့ ဒီကောင့်ကိုတော့
မမ ဘယ်တုန်းကမှ
မချစ်ခဲ့တဲ့ ဒီကောင့်ကိုတော့၊
မမရှိတဲ့ကမ္ဘာကြီးကိုကာကွယ်ဖို့
အိုဇုန်းလွှာကလေးဖြစ်ခွင့်ပေးပါ။

မမဥပေက္ခာတွေနဲ့ဆိုရင်တော့
ဒီအိုဇုန်းလွှာလေး အစိတ်စိတ်ကွဲအက်နိုင်ပါရဲ့။

#Shane_Myat (ချစ်လူမိုက်)

1 Jahr, 11 Monate her

ချစ်ခြင်းမေတ္တာမှာ ချစ်လွန်းလို့ မဆုံးရှုံးချင်လို့ ပေါက်ကွဲနာကျင်နေတာထက် တခါတလေမှာ လက်လွှတ်ပြီးပစ်ချခဲ့တာကိုက ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းပါပဲ။ ငါ သူ့ကို အဲ့ဒီလောက်အထိ ချစ်ခဲ့ဖူးတယ် ဆိုတဲ့ အမှတ်တရတွေကို ကိုယ်တိုင်မဖျက်ဆီးပစ်တော့တာမျိုးနဲ့ ကိုယ့်အချစ်ကို ကိုယ်တိုင်ဂုဏ်တင်ထားတာမျိုးပေါ့...

ကိုယ်လည်းသူ့ကို အဲ့ဒီလောက်အထိ ချစ်မြတ်နိုးခဲ့ဖူးပါတယ်။

- ပြာ

1 Jahr, 11 Monate her

ကိုယ်တကယ်ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ကို
အပြီးအပိုင်မေ့ပစ်လိုက်ဖို့တော့
ဘယ်သူမှ မတတ်နိုင်ကြပါဘူး...

နှလုံးသားတွေရဲ့ အလုပ်လုပ်ပုံလုပ်နည်းက
အဲ့ဒီလိုမှမဟုတ်တာ...

အဲ့ဒီတစ်ယောက်ကို သတိရမိတဲ့အခါ
(ကိုယ့်မှာ) အထိအရှနည်းအောင်ပဲ
ကျနော်တို့တတ်နိုင်ကြလိမ့်မယ်...

လူတွေပြောပြောနေတဲ့
Move-onလုပ်နိုင်တယ်ဆိုတာလည်း အဲ့ဒါပါပဲ...

- မိုးနေ့

1 Jahr, 12 Monate her

ဘဝမှာ
နောက်ကျသွားပြီ ဆိုတာ
တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ
ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။

-crd

#???????

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 8 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 8 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 7 months ago