Kevin Network

Description
Kevin Network သည်လူငယ်တွေအတွက်!
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months ago

5 months ago

နိုင်လို့ရတဲ့ သူကိုအနိုင်ကျင့်တာက
ကိုယ်ခံရသူမဟုတ်ရင်သာပျော်ကြတာ

ခံရတာက ကိုယ်သာဖြစ်ကြည့်
လောကကြီးကမတရားဘူးဖြစ်သွားရော ?

@thelapyae

5 months ago

အလုပ်မှာ ပြဿနာရှိတယ်ဆိုတာက ပုံမှန်ပဲဲဲဲ...

ပြဿနာရှိလို့ ... ပြဿနာဖြေရှင်းဖို့အတွက် ...
ဒီရာထူး ဒီလူ ဒီနေရာဆိုတာခန့်အပ်ထားတာဖြစ်တယ်။

ပြဿနာမရှိရင် ဒါမှမဟုတ် ပြဿနာကိုမလိုချင်ရင်
ဒီအလုပ်မှာကိုယ့် နေရာဆိုတာလဲ ရှိဖို့ လိုမှာမဟုတ်ဖူး။

Customer Service ကိုတာဝန်ယူတဲ့ လူသည်
Customer ပြဿနာကို ဖြေရှင်းနိုင်ရမယ်။

မဝယ်ပဲရစ်တဲ့ Cus လာမလား ၊ ဘူတဲ့ Cus လာမလား ၊ ယဉ်ကျေးမှုသိပ်နားမလည်တဲ့ Cus လာမလား .. Welcome ဖြစ်တဲ့စိတ်နဲ့ကို ကိုယ့်အလုပ်လို့သဘောထားပြီး Service ကိုအကောင်းဆုံးပေးနိုင်ရမယ်။

ဒီပြဿာနာတွေ ကိုရှင်းဖို့ပဲ ကိုယ်ဒီနေရာမှာရှိနေတာ။ ဒီရာထူးကိုလက်ခံထားတာ ။ ဒါကိုက ကိုယ့်လုပ်ရမယ့်အလုပ်ပဲ ။

တချိန်လုံး Customer တွေကပြဿနာပဲ စိတ်ညစ်စရာပဲလို့ ထိုင်အော်နေတဲ့ Customer Service ပေးသူမဖြစ်ဖို့လိုတယ်။

ဝန်ထမ်းတွေကစိတ်ညစ်စရာပဲလို့ ထိုင်အော်နေတဲ့ HR မဖြစ်ဖို့လိုတယ်။

အရောင်းမဖြစ်ဖူးလို့ထိုင်ငြီးနေတဲ့ Marker မဖြစ်ဖို့လိုတယ်။

တနေ့တနေ့ အလုပ်တွေ လူတွေ စီမံရတာ စိတ်ပျက်စရာပဲလို့ထိုင်အော်နေတဲ့ မန်နေဂျာ မဖြစ်ဖို့လိုတယ်။

ကိုယ့်အလုပ်ကို ကိုယ်မကောင်းပြန်ပြောတဲ့ လုပ်ငန်းရှင်မဖြစ်ဖို့လိုတယ်။

ဒါတွေဟာလူတစ်ယောက်ရဲ့ Personal Life / Professional Life မှာ သိပ်ကိုအရေးကြီးတဲ့ Pointတွေပဲ။

ကိုယ်လုပ်တဲ့အလုပ် ကိုယ်ရှိနေတဲ့နေရာ ကိုယ်ယူထားတဲ့ တာဝန် ကိုယ်တိုင်ရွေးချယ်ထားတဲ့ဘ၀နဲ့ပတ်သက်ပြီး သိပ်မငြီးဖို့လိုတယ်။ မဟုတ်ရင် အလုပ်မှာရော ဘ၀မှာပါ အဲ့ဒီလူတစ်ယောက်ဟာ မအောင်မြင်နိုင်ဘူး။

Tr.Wyutyee
#crd

5 months ago

?Telegram မှာ သင်အကြိုက်ဆုံး Channel တစ်ခုကိုပြောပြပါဆိုရင် ဘယ် Channel ဖြစ်မလဲ?

5 months, 1 week ago
5 months, 1 week ago
ဆေးပညာနဲ့ပတ်သက်တဲ့ပညာရပ်တွေကို Fully Funded အနေနဲ့ ထိုင်ဝမ်မှာသွားရောက်သင်ကြားနိုင်မယ့်အခွင့်အရေး***❗️***

ဆေးပညာနဲ့ပတ်သက်တဲ့ပညာရပ်တွေကို Fully Funded အနေနဲ့ ထိုင်ဝမ်မှာသွားရောက်သင်ကြားနိုင်မယ့်အခွင့်အရေး❗️

Scholarship Opportunities တွေကို လက်မလွှတ်တမ်း စောင့်ကြည့်တတ်တဲ့ TFSers လေးတွေအတွက် နောက်ထပ် Program လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။??

ဒီ Scholarship Program လေးရဲ့နာမည်ကတော့ Kaohsiung Medical University ( KMU ) International Undergraduate Scholarship Program ပဲဖြစ်ပါတယ်။

Kaohsiung Medical University ဟာဆိုရင် ထိုင်ဝမ် ရဲ့ထိပ်တန်းဆေးတက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒီ Program လေးရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာ့တဝှမ်းမှာဆေးဘက်ဆိုင်ရာ ပညာရပ်တွေတိုးတက်စေဖို့ရည်ရွယ်တာမလို့ နိုင်ငံတဝှမ်းကထူးချွန်တဲ့ကျောင်းသူ/ကျောင်းသားတွေကို
Fully Undergraduate Tuitions Fees အပြင် လစဉ် နေထိုင်သုံးစွဲစရိတ်ကိုလဲ အပြည့်အဝ ထောက်ပံ့ပေးဦးမှာလဲဖြစ်ပါတယ်။ ?

ဒီ Fully Funded Undergraduate Program လေးကိုလျှောက်ဖို့ ဘာတွေလိုအပ်မလဲဆိုရင်တော့
?International Student ဖြစ်ရပါမယ်။ (ထိုင်ဝမ်နိုင်ငံသားမဟုတ်သူ / ထိုင်ဝမ်နိုင်ငံသားအဖြစ် မခံယူထားသူဖြစ်ရပါမယ်။)
?တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
? English Proficiency Test အနေနဲ့ IELTS ဒါမှမဟုတ် TOEFL IBT လိုအပ်ပါတယ်။
English Program အတွက် English Proficiency ဖြစ်ဖို့လိုအပ်ပြီး Chinese Program အတွက်လဲ Chinese Proficiency ဖြစ်ဖို့လိုအပ်ပါတယ်။

? Recommendation Letter (၂) စောင်ဒါမှမဟုတ် (၃) စောင်လိုအပ်ပါတယ်။

? Personal Statement တစ်စောင်ရေးပေးဖို့လဲ လိုအပ်ပါတယ်။

ရွေးချယ်ခံရရင်တော့ ထိုင်ဝမ်မှာ လေးနှစ်တာ Fully Funded အနေနဲ့ တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။

ရွေးချယ်နိုင်တဲ့ Major တွေကတော့

○ Bachelor of Medicine, Bachelor of Surgery (MBBS)
○ Bachelor of Science in Nursing
○ Bachelor of Science in Medical Laboratory Science
○ Bachelor of Science in Pharmacy
○ Bachelor of Science in Biomedical Science
○ Bachelor of Science in Public Health
○ Bachelor of Science in Dentistry
○ Bachelor of Science in Occupational Therapy
○ Bachelor of Science in Respiratory Therapy
○ Bachelor of Science in Biotechnology

တို့ပဲဖြစ်ပါတယ်။

Fully Scholarship တွေအပြင် လစဉ် အသုံးစားရိတ်အတွက်
(A) NTD 200,000 to 260,000 per year
(B) NTD 80,000 to 140,000 per year
(C ) NTD 70,000 to 80,000 per year
စပြီး ပေးအပ်သွားဦးမှာပါ။

အသေးစိတ်ကို သူတို့ရဲ့ Official Website မှာလဲ တင်ပေးထားတာမို့ ဒီ Link ကနေတစ်ဆင့်ဝင်ကြည့်လို့ရပါတယ်နော်။
https://enroll.kmu.edu.tw/admission-application/

Application Deadline ကတော့ ❗️
▪️ October 11th 2024 ဖြစ်ပါတယ်ရှင့်။

ဆေးပညာရပ်ကို စိတ်ဝင်စားတဲ့ TFSers လေးတွေအနေနဲ့ Fully Funded အနေနဲ့ သင်ကြားရမယ့်အခွင့်အရေးကြီးဖြစ်လို့လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်လိုက်တော့နော်။

Facebook
https://www.facebook.com/groups/5633301343413398/?ref=share&mibextid=NSMWBT

Telegram
https://t.me/theforwardsociety

Instagram
https://www.instagram.com/theforwardsoc?igsh=a3g3YjhpaHoxeWFv

LinkedIn
https://www.linkedin.com/company/theforwardsociety

#theforwardsociety
#youthsforyouths
#fullypaidscholarship
#KaohsiungMedicalUniversity
#TFSers
#content_tfs_ShweYiWin
#graphic_tfs_YeMyatThurein

5 months, 1 week ago

လစာ ၃ သောင်းနဲ့အလုပ်လုပ်တုန်းက
၁ သိန်းတန် အင်္ကျီ ဝတ်ဖို့ဆိုတာ

စိတ်ကူးတောင်ယဉ်မကြည့်သင့်ဘူး
ဒါသက်သက်ဖြုန်းတီးတာပဲလို့တွေးခဲ့ဖူးတယ်

နောင် ၁၀ နှစ်ကြာပြီး
တစ်လ သိန်း ၅၀ ရတဲ့အချိန်ကျတော့

အဲ့လောက်ဈေးက
စဉ်းစားနေဖို့တောင်မလိုဘူး

တန်းဝယ်လိုက်လို့ရတာမို့
ဈေးမကြီးနေတော့ဘူး

Skill မြင့်လာရင်
ရှာနိုင်တဲ့ power မြင့်တယ်

ရှာနိုင်တဲ့ power မြင့်လာရင်
ဘဝကိုမြင်တဲ့ အမြင်ကွာတယ်

အမြင်တွေကွာလာရင်
အနာဂတ်တွေကွာသွားတယ်

အခုအချိန်ကိုယ်က
skill နဲ ဝင်ငွေနဲ အမြင်ကျဉ်းနေသေးရင်

လေ့လာမှုလုပ်ပြီး skill ဖြည့်ပါ
စိတ်ရှည်ရှည်ထားပါ

Your time will come ??

@thelapyae

5 months, 2 weeks ago

ပါပီယွန်

"ပယ်ရီပယ်ရီ ချစ်ကန်း"

5 months, 2 weeks ago

နေတာကို သူတို့က စောင့်ကြည့်ဂျာနယ်တို့ CCTVဒေါ်ထွေးကြည်တို့လုပ်ပြီး နင်ကဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်တွေလာပြော
ကိုယ်ကပြန်ပြောတော့ ဒါလေးပြောတာကို ဘာတွေနာနေတာလဲဆိုပြီး
သူခိုးက လူပြန်ဟစ် အဲ့မှာဆက်ဆံရေးပြတ်တာပဲ
လူ့ဘဝမှာ ကိုယ့်အကြောင်းကိုယ်စိတ်မဝင်စားပဲ
သူမျအကြောင်း လိုက်စိတ်ဝင်စားနေတာကလည်း
အတော်လေးဆိုးပါတယ် ကိုယ့်ရဲ့social circleကို
တဖြည်းဖြည်းကျဥ်းစေတဲ့ အချက်တွေထဲကတချက်ပါပဲ

Social Circleကို ကျဥ်းစေတဲ့အချက်တွေအများကြီးတော့ရှိတယ်
ဒီ၅ချက်က Basicအကျဆုံးနဲ့ လူတွေမှာ
ဖြစ်လေ့ဖြစ်ထအရှိဆုံး ၅ချက်မလို့ ဒါကိုဦးစားပေး
ရေးပြထားတာပါ လူ့အသိုင်းအဝိုင်းထဲမှာနေရင်
လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်ရပါမယ်
ဆိုလိုတာက လူတိုင်းနဲ့သင့်မြတ်နေစရာ pleaserလုပ်နေစာမလိုဘူး
ဒါပေမယ့် လူတွေနဲ့ သင့်သင့်မြတ်မြတ်ဖြစ်နေဖို့ အဓိကကျတယ်

အဲ့လိုမှမဟုတ်ရင် မဲဇာတောင်ခြေမှာ ကိုယ့်ဟာကိုယ်
တစ်ယောက်ထဲသွားနေဖို့ပဲရှိတယ်လေ ကိုယ့်ရဲ့မကောင်းတဲ့
behaviourတွေကိုဆိုရင် ပြင်ဖို့ဝန်မလေးပါနဲ့
မကောင်းတဲ့patternတွေကို ဘဝတစ်သက်တာလုံး
တရွတ်တိုက်ဆွဲခေါ်လာပြီး Patternတွေကနေ
Habitဖြစ်လာတယ် နောက်ဆုံးအဲ့Habitတွေက
ကိုယ့်ရဲ့Personalityဖြစ်လာတယ်ဆိုရင်တော့
လူတွေက ကိုယ့်ကိုရှောင်လာကြတော့မှာပဲ

အဲ့အခါကျမှ ခပ်တည်တည်နဲ့
တချို့ဆက်ဆံရေးတွေက မနာလိုစိတ်ကြောင့်
မခေါ်နိုင် မပြောနိုင်ဖြစ်သွားရတယ်လို့
Fbပေါ်statusကောက်မတင်ပါနဲ့
တဖက်မှာလည်း မင်းကို သူတို့တွေက
ချဥ်သွားတာလည်း ဖြစ်နေနိုင်ပါတယ်

အဲ့တော့ ကိုယ့်ရဲ့Social circleကိုကျယ်သထက်
ကျယ်လာအောင်ပဲလုပ်ပါ ကျဥ်းသထက်ကျဥ်းသွားရင်
ဘယ်နယ်ပယ်ကမှ ကိုယ့်ကိုလက်မခံချင်ပဲဖြစ်လာပါလိမ့်မယ်

#Min_Thant
#Counseling_Service
#Coaching_Service
#Physical_support
#Mental_Support
#Emotional_Support
#Social_Circle

5 months, 3 weeks ago

မောင်တွေ ကောင်းလားဟင်?

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months ago