Lanncien Myanmar

Description
နိုင်ငံတကာစာအုပ်ကောင်းတွေကိုအချိန်မရွေးနေရာမရွေးဖတ်ရှုနိုင်မဲ့ by Lann San Phoe Pyai
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago

1 Jahr, 6 Monate her

National day for Ear and Hearing Loss

ယနေ့ (၃.၃.၂၀၂၅) ဟာဆိုရင်ဖြင့်ကမ္ဘာ့အကြားအာရုံဆုံးရှုံးခြင်းနေ့တစ် နေ့ဖြစ်ပါတယ်။

🌍2017ခုနှစ်မှာဆိုရင်ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHO) ကအကြားအာရုံဆုံးရှုံးခြင်းနေ့ကို March လ (၃)ရက်နေ့အဖြစ်သတ်မှတ်ခဲ့တယ်။ WHO ကအကြားအာရုံကိုအခမဲ့စစ်ဆေးနိုင်ရန်လည်းဆောင်ရွက်ပေးထားတယ်။

🌄တစ်ဦးနဲ့တစ်ဦးကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့ဆိုရင်နားထောင်တတ်တဲ့သူဖြစ်ဖို့နဲ့ကောင်းမွန်စွာပြန်လည်ပြောဆိုဖို့လိုတယ်။အကြားအာရုံချို့တဲ့သူတွေမှာဆိုရင်လည်းပါးစပ်နဲ့ဆက်သွယ်ခြင်းအပြင်အမူအရာသင်္ကေတများနဲ့လည်းဆက်သွယ်တာတွေရှိနေကြပြီ။အကြားအာရုံအားနည်းတဲ့သူတွေအတွက်ကတော့နားကြပ်တွေအသုံးပြုနေကြပြီ။ဒါကြောင့်ယခုဆိုရင်သာမာန်လူတွေနဲ့တန်းတူဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်နေပါပြီ။

💒အကြားအာရုံချို့တဲ့သူတွေ၊အကြားအာရုံအားနည်းတဲ့သူတွေနဲ့သာမာန်လူတွေ communication ကောင်းအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ?

ဒီအချက်ကတော့သိပ်ကိုအရေးကြီးပြီးအဓိကြတယ်။ဘာလို့ဆိုနေ့စဥ်ဘဝမှာနေ့ရက်တိုင်းသူတို့နဲ့ဆက်သွယ်တဲ့အခါမှာသူတို့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပေးနိုင်ရန် supporting ပေးနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသူတို့ရဲ့အားနည်းချက်ကိုအားနည်းချက်လို့မမြင်ဘဲသာမန်လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြမှာဖြစ်ပါတယ်။

🌟အကြားအာရုံအားနည်းတဲ့သူတွေနဲ့အကြားအာရုံဆုံးရှုံးထားတဲ့သူတွေကိုတန်ဖိုးထားတဲ့အနေနဲ့ယနေ့ကို Lanncien Myanmar မှဂုဏ်ပြုလိုက်ပါတယ်။

#World Hearing Day
#Lanncien_Myanmar
#Content _by_Nwe

1 Jahr, 6 Monate her
ကျွန်တော် Page ကိုလဲ Follow ပေးထားကြပါဗျစကားပြောတတ်ခြင်းအနုပညာသင်တန်းမှာသင်လိုက်ရတဲ့အချက်တွေ ၊ …

https://www.facebook.com/share/1BXywgp1xb/

ကျွန်တော် Page ကိုလဲ Follow ပေးထားကြပါဗျစကားပြောတတ်ခြင်းအနုပညာသင်တန်းမှာသင်လိုက်ရတဲ့အချက်တွေ ၊ တစ်ခြားအားလုံးကိုစိတ်ဓါတ်ခွန်အားရဖို့အကြောင်းရာတွေကိုနောက်ပိုင် Live အမြဲလွှင့်ပေးဖို့ရှိပါတယ်ဒါကြောင့် Follow ပေးပါဒီလကုန် Follower 100 ပြည့်ချင်းလို့ပါဗျ

1 Jahr, 7 Monate her

*‼️Lanncien Library ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခြင်း ‼️***

🙏 အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင့်။

📥 ဒီနေ့မှာတော့ Lanncien Library ကနေပြီးတော့ အထူး ကြေညာစရာလေး တစ်ခု ရှိနေပြီးတော့ အားလုံးကိုလည်း အသိပေးစရာလေး ဆိုရင်လည်း မမှားပါဘူးနော်။

🌓 အကောင်း နဲ့ အဆိုး က ဒွန်တွဲနေကြပြီးတော့ အဆိုးတွေ ဖြစ်လာတာက အကောင်းဖြစ်လာဖို့ကို ဦးတည်တဲ့ မြှားဦး ပဲလို့ လူကြီးသူမတွေ ပြောဖူးကြတာကို အားလုံးလည်း ကြဖူးကြမယ်လို့ ထင်ပါတယ်ရှင့်။

🕯 အခုမှာလည်း Lanncien Library ကနေပြီးတော့ အားလုံးအတွက် သတင်းဆိုးလို့ မသတ်မှတ်နိုင်တဲ့ သတင်းလေး တစ်ခုကို လာပြောပြချင်တာကတော့....

📚 Lanncien Library ဆိုတာနဲ့ Member ဝင်ပြီးတော့ အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို ရှာဖွေတဲ့ အနေနဲ့ စာအုပ်တွေကို ဝင်ဖတ်ကြပြီး Telegram က Group မှာ ဖတ်လို့ရတယ်ဆိုတာ သိပြီးကြမှာပါနော်။

🪧 ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ Lanncien Library ကို မကြာခင် အချိန်အတွင်းမှာ တရားဝင် ဖျက်သိမ်းသွားမှာ ဖြစ်တဲ့အကြောင်းကို အားလုံးကို အသိပေး အကြောင်းကြား လိုက်ရပါတယ်ရှင်။

🪄 အခုလိုမျိုး ဖျက်သိမ်းသွားရလို့လည်း အားလုံးက ဝမ်းနည်းနေကြမှာကို ခံစားမိပါတယ်။ ဒါ့ကြောင့် အပေါ်မှာ အပြောပြခဲ့တဲ့အတိုင်း အဆိုးတွေ ဆိုတာက အကောင်းဖြစ်ဖို့အတွက် ဦးတည်ပေးတဲ့ မြှားဦးလေးတွေ ဖြစ်တာကြောင့်မလို့....

📤 များမကြာမီ အချိန်တစ်ခုမှာ အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ သတင်းကောင်းလေးတစ်ခုနဲ့အတူ ပြန်လာခဲ့မှာမလို့ မလွတ်တမ်း စောင့်မျှော်ပေးကြည်ဖို့ကို တောင်းဆိုရင်းနဲ့ပဲ နှုတ်ဆက်ခဲ့လိုက်ရပါတယ်ရှင်။

#Lanncien_Library#Lanncien_Myanmar#Content_by_June#Graphic_by_Toffee

1 Jahr, 8 Monate her
1 Jahr, 8 Monate her

New life, New survive

ပျော်ရွှင်စရာ နှစ်သစ်လေးတစ်ခု ဖြစ်ပါစေလို့ အားလုံးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ ?

နှစ်သစ်တစ်ခုကိုလည်း ကူးပြောင်းပြီ ဆိုတဲ့အတွက် အတိတ်ဟောင်းတုန်း က ဖြစ်ခဲ့တဲ့ ပြဿနာတွေ ၊ အတိတ်ဆိုးတွေကို ထားရစ်ခဲ့ဖို့အတွက် ပထမဆုံး အကြံပေးလိုက်ချင်ပါတယ်။

လူတစ်ယောက် မှာ အဓိက က အတိတ်ကနေ ရုန်းထွက်ဖို့အတွက် အရေးကြီးဆုံး ဖြစ်ပြီးတော့ ရှေ့ဆက်လျှောက်မယ့် အနာဂတ် ခရီးလမ်းကို လှပတဲ့ ပန်းတိုင်တစ်ခု ဖန်တီးဖို့အတွက် ပစ္စုပ္ပန်ကိုသာ အာရုံစိုက်စေချင်ပါတယ်။

လူတိုင်းမှာ အတိတ်ဆိုတာက ကောင်ခြင်း ၊ ဆိုးခြင်း ဆိုပြီးတော့ကို နှစ်မျိုးလုံးက ဒွန်တွဲခြင်း နဲ့ သွားလာလှုပ်ရှားနေရတာဖြစ်တာမလို့ အဆိုးဆိုတဲ့ အရာတွေကို စိတ်နှလုံးထဲကနေပြီးတော့ ထုတ်ပစ်လိုက်ပြီးတော့ အနာဂတ်ကိုသာ အကောင်းမွန်ဆုံး ဖန်တီးဖို့အတွက် ပစ္စုပ္ပန်တစ်ခုကို ကောင်းမွန်စွာ ရင်ဆိုင် ကျော်ဖြတ် နိုင်ရပါမယ်။

နှစ်သစ် တစ်ခု စတင်တယ် ဆိုတာက ကိုယ့်အတွက် အခွင့်အရေး တစ်ခုကို အသစ်ပေးပြီးတော့ ဘဝသစ်တစ်ခုကို စတင်လို့ ရတယ်လို့တောင် လူအချို့အတွက် သတ်မှတ်လို့ရတဲ့ နှစ်ကူး ၊ နှစ်ပြောင်း တစ်မျိုးလည်း ဖြစ်ပါတယ်။

နှစ်သစ်တစ်ခုကူးပြီဆိုတာနဲ့ ဘဝသစ်တစ်ခုကို ရနိုင်ခဲ့တာမလို့ အကောင်းဆုံး ရှင်သန်ကျော်ဖြတ်ပြီး ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုစီကို သွားလာနိုင်ဖို့ရာအတွက် ကို့အတွက် New life, New survive  တစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

နှစ်သစ်ကူးပြီ ဆိုတာနဲ့ အားလုံးကို မှာကြားချင်ပြီး ပြောကြားချင်တာကတော့ အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့ပြီးတော့ ဘဝသစ်တစ်ခုကို သေချာလေး စတင်ပြီး အကောင်းဆုံးသော စိတ်သစ် ၊ လူသစ် နဲ့ ပြောင်းလဲ ပစ်လိုက်ပါ။

အတိတ်တုန်း က မှားခဲ့တဲ့ အမှားမျိုးကို ထပ်မမှားအောင် ဂရုစိုက်ပြီးတော့ အတိတ်တုန်း က ကိစ္စတွေစီကနေ သင်ခန်းစာတွေ ရရှိပြီး အနာဂတ်ကို ရှေ့ဆက်လျှောက်မယ့် လမ်းကို အထောက်အကူ ပြုမယ့် ထောက်တိုင်တွေကိုပဲ ယူလိုက်ပါ။

ကိုယ့် စိတ်ကို နာကျင်စေမယ့် ဆူးတွေကိုတော့ လက်ထဲမှာ တကူးတကကြီး ဆုပ်ကိုင်ပြီးတော့ အနာဂတ်အထိကို သယ်ဆောင်မသွားပါနဲ့။

လူဆိုတာက အခွင့်အရေး အသစ်ရတုန်း ရအောင် ဆုပ်ကိုင်ထားလိုက်ပြီး ပြောင်းလဲပစ်လိုက်ပါ။

ဘဝသစ်တစ်ခုကို ပေးနိုင်တဲ့ နှစ်သစ်မှာလည်း မိသားစုတွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အကောင်းမွန်ဆုံးအရာတွေကို ပြောင်းလဲပစ်ပါစေ။ ?

နှစ်သစ် တစ်ခုမှာ စိတ်သစ် ၊ လူသစ် ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ ဘဝလမ်းခရီး အသစ်တစ်ခုကိုပါ ရပါစေလို့ ဆုတောင်းပေးလိုက်ရင်းနဲ့...

အားလုံးပဲ...

Happy New Year! ?

#Happy_New_Year
#Lanncien_Myanmar
#content_by_June

1 Jahr, 8 Monate her

"ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်"

ယနေ့ (၃၀.၁၂.၂၀၂၄)
ဟာဆိုရင်ဖြင့်မြန်မာပြည်ထောင်စုဖွားကရင်တိုင်းရင်းသားလူမျိုးတို့၏သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တဲ့ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အဖြစ် ပထမဆုံး အစိုးရအသိအမှတ်ပြုရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)အဖြစ်သတ်မှတ်လိုက်ကြတယ်။  ယနေ့တိုင်  ကရင်အမျိုးသားအားလုံးအတွက်  ကရင်နှစ်သစ်ကူးနေ့မှာ (သလေလဆန်း ၁ ရက်) ပြာဆိုလဆန်း ၁ ရက်နေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၈၄) ကြိမ်တိုင်ခဲ့ပြီ။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားတို့ နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း  အတီးအမှုတ်ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ သက်ကြီးဝါကြီးဘိုးဘွားမိဘများအားဂါရဝပြုပြီး ကောက်သစ်စားသောက်ဖွယ်ဖြင့်ပူဇော်ကန်တော့ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများပေးကမ်းလှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး  လူအပေါင်းတို့အားဆုတောင်းမေတ္တာပို့သခြင်း  စသည့်မွန်မြတ်သောကရင်တိုင်းရင်းသား တို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာသည် ချစ်မြတ်နိုးဖွယ်ရာဂုဏ်ဒြပ်ကိုထင်ဟပ်ပေါ်လွင်စေတယ်။၎င်းတို့ချစ်မြတ်နိုးတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသားစာပေ၊  ယဉ်ကျေးမှုဓလေ့ထုံးစံများကို  ထိန်းသိမ်းစောင့်ရှောက်တဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။

ကဲ...ဒါဆိုရင်တော့ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ Lanncien Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဒီလိုဗဟုသုတရစရာတွေကို Lanncien
Myanmar မှဆက်လက်တင်ပေးသွားမှာမို့  Like&shareလုပ်ထားဖို့မမေ့နဲ့နော်။?‍?

#Happy_Kayin_New_Year
#Lanncien_Myanmar
#content_by_Nwe

1 Jahr, 8 Monate her

Lanncien Myanmar Organization – 1 Year Anniversary

? ကြီးမားသောအောင်မြင်မှုနှင့် အတူ ၁ နှစ်ပြည့်ပြီ ?

ဒီနေ့ဟာ Lanncien Myanmar Organisation ရဲ့ ၁ နှစ်ပြည့်နေ့ဖြစ်ပါတယ်။
ကျွန်ုပ်တို့အဖွဲ့ဟာ ရည်မှန်းချက်များနှင့် အိပ်မက်ကြီးများအတွက် စတင်ခဲ့ပြီး ယနေ့မှာတော့ လူမှုအသိုင်းအဝိုင်းအတွက် အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြပြီးပါပြီ။

ဒီတစ်နှစ်အတွင်း ကျွန်ုပ်တို့
အခမဲ့ပညာရေးနှင့် အွန်လိုင်းသင်တန်းများပံ့ပိုး
လူငယ်များအတွက် စာဖတ်ခြင်းစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများစတင်
လူထုအကျိုးပြုစေမဲ့ Event များဆောင်ရွက်
စတဲ့ များစွာသောလုပ်ငန်းစဉ်များကို တိုးတက်အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ပါတယ်။

ဒါလေးတွေဟာ ကျွန်ုပ်တို့အဖွဲ့သားများရဲ့ ကြိုးစားမှုနဲ့အတူ အားပေးနေတဲ့ သင်တို့လို မိတ်ဖက်တွေရဲ့ အကူအညီကြောင့်ဖြစ်ပါတယ်။

နောက်နှစ်မှာလဲ
ပိုမိုထူးချွန်ပြီး တာဝန်ယူမှုရှိတဲ့ လုပ်ငန်းစဉ်များ
လူမှုအသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ သစ်လွင်စိတ်ကူးများ
ပညာပေးဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကတိပြုပါသည်။

? Lanncien Myanmar Organization နဲ့အတူရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီနေရာအထိ ရောက်လာနိုင်ဖို့ အားပေးလိုက်သူတိုင်းကို ကျွန်ုပ်တို့ ကျေးဇူးအထူးတင်ပါတယ်။

ကျွန်ုပ်တို့နှင့်အတူ၊ အနာဂတ်ကိုတည်ဆောက်ပါ။
#LanncienMyanmar #1YearAnniversary #TogetherWeGrow #CommunityImpact

1 Jahr, 10 Monate her
Lanncien Myanmar Organisation ခွဲ Lanncien Academy …

https://www.facebook.com/profile.php?id=61567135013689&mibextid=ZbWKwL
Lanncien Myanmar Organisation ခွဲ Lanncien Academy Official Facebook Page ဖြစ်ပါတယ်ရှင့်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago