ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 1 week ago
National day for Ear and Hearing Loss
ယနေ့ (၃.၃.၂၀၂၅) ဟာဆိုရင်ဖြင့်ကမ္ဘာ့အကြားအာရုံဆုံးရှုံးခြင်းနေ့တစ် နေ့ဖြစ်ပါတယ်။
🌍2017ခုနှစ်မှာဆိုရင်ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHO) ကအကြားအာရုံဆုံးရှုံးခြင်းနေ့ကို March လ (၃)ရက်နေ့အဖြစ်သတ်မှတ်ခဲ့တယ်။ WHO ကအကြားအာရုံကိုအခမဲ့စစ်ဆေးနိုင်ရန်လည်းဆောင်ရွက်ပေးထားတယ်။
🌄တစ်ဦးနဲ့တစ်ဦးကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့ဆိုရင်နားထောင်တတ်တဲ့သူဖြစ်ဖို့နဲ့ကောင်းမွန်စွာပြန်လည်ပြောဆိုဖို့လိုတယ်။အကြားအာရုံချို့တဲ့သူတွေမှာဆိုရင်လည်းပါးစပ်နဲ့ဆက်သွယ်ခြင်းအပြင်အမူအရာသင်္ကေတများနဲ့လည်းဆက်သွယ်တာတွေရှိနေကြပြီ။အကြားအာရုံအားနည်းတဲ့သူတွေအတွက်ကတော့နားကြပ်တွေအသုံးပြုနေကြပြီ။ဒါကြောင့်ယခုဆိုရင်သာမာန်လူတွေနဲ့တန်းတူဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်နေပါပြီ။
💒အကြားအာရုံချို့တဲ့သူတွေ၊အကြားအာရုံအားနည်းတဲ့သူတွေနဲ့သာမာန်လူတွေ communication ကောင်းအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ?
ဒီအချက်ကတော့သိပ်ကိုအရေးကြီးပြီးအဓိကြတယ်။ဘာလို့ဆိုနေ့စဥ်ဘဝမှာနေ့ရက်တိုင်းသူတို့နဲ့ဆက်သွယ်တဲ့အခါမှာသူတို့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပေးနိုင်ရန် supporting ပေးနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသူတို့ရဲ့အားနည်းချက်ကိုအားနည်းချက်လို့မမြင်ဘဲသာမန်လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြမှာဖြစ်ပါတယ်။
🌟အကြားအာရုံအားနည်းတဲ့သူတွေနဲ့အကြားအာရုံဆုံးရှုံးထားတဲ့သူတွေကိုတန်ဖိုးထားတဲ့အနေနဲ့ယနေ့ကို Lanncien Myanmar မှဂုဏ်ပြုလိုက်ပါတယ်။
#World Hearing Day
#Lanncien_Myanmar
#Content _by_Nwe
https://www.facebook.com/share/1BXywgp1xb/
ကျွန်တော် Page ကိုလဲ Follow ပေးထားကြပါဗျစကားပြောတတ်ခြင်းအနုပညာသင်တန်းမှာသင်လိုက်ရတဲ့အချက်တွေ ၊ တစ်ခြားအားလုံးကိုစိတ်ဓါတ်ခွန်အားရဖို့အကြောင်းရာတွေကိုနောက်ပိုင် Live အမြဲလွှင့်ပေးဖို့ရှိပါတယ်ဒါကြောင့် Follow ပေးပါဒီလကုန် Follower 100 ပြည့်ချင်းလို့ပါဗျ
*‼️Lanncien Library ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခြင်း ‼️***
🙏 အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင့်။
📥 ဒီနေ့မှာတော့ Lanncien Library ကနေပြီးတော့ အထူး ကြေညာစရာလေး တစ်ခု ရှိနေပြီးတော့ အားလုံးကိုလည်း အသိပေးစရာလေး ဆိုရင်လည်း မမှားပါဘူးနော်။
🌓 အကောင်း နဲ့ အဆိုး က ဒွန်တွဲနေကြပြီးတော့ အဆိုးတွေ ဖြစ်လာတာက အကောင်းဖြစ်လာဖို့ကို ဦးတည်တဲ့ မြှားဦး ပဲလို့ လူကြီးသူမတွေ ပြောဖူးကြတာကို အားလုံးလည်း ကြဖူးကြမယ်လို့ ထင်ပါတယ်ရှင့်။
🕯 အခုမှာလည်း Lanncien Library ကနေပြီးတော့ အားလုံးအတွက် သတင်းဆိုးလို့ မသတ်မှတ်နိုင်တဲ့ သတင်းလေး တစ်ခုကို လာပြောပြချင်တာကတော့....
📚 Lanncien Library ဆိုတာနဲ့ Member ဝင်ပြီးတော့ အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို ရှာဖွေတဲ့ အနေနဲ့ စာအုပ်တွေကို ဝင်ဖတ်ကြပြီး Telegram က Group မှာ ဖတ်လို့ရတယ်ဆိုတာ သိပြီးကြမှာပါနော်။
🪧 ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ Lanncien Library ကို မကြာခင် အချိန်အတွင်းမှာ တရားဝင် ဖျက်သိမ်းသွားမှာ ဖြစ်တဲ့အကြောင်းကို အားလုံးကို အသိပေး အကြောင်းကြား လိုက်ရပါတယ်ရှင်။
🪄 အခုလိုမျိုး ဖျက်သိမ်းသွားရလို့လည်း အားလုံးက ဝမ်းနည်းနေကြမှာကို ခံစားမိပါတယ်။ ဒါ့ကြောင့် အပေါ်မှာ အပြောပြခဲ့တဲ့အတိုင်း အဆိုးတွေ ဆိုတာက အကောင်းဖြစ်ဖို့အတွက် ဦးတည်ပေးတဲ့ မြှားဦးလေးတွေ ဖြစ်တာကြောင့်မလို့....
📤 များမကြာမီ အချိန်တစ်ခုမှာ အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ သတင်းကောင်းလေးတစ်ခုနဲ့အတူ ပြန်လာခဲ့မှာမလို့ မလွတ်တမ်း စောင့်မျှော်ပေးကြည်ဖို့ကို တောင်းဆိုရင်းနဲ့ပဲ နှုတ်ဆက်ခဲ့လိုက်ရပါတယ်ရှင်။
#Lanncien_Library#Lanncien_Myanmar#Content_by_June#Graphic_by_Toffee
New life, New survive
ပျော်ရွှင်စရာ နှစ်သစ်လေးတစ်ခု ဖြစ်ပါစေလို့ အားလုံးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ ?
✨ နှစ်သစ်တစ်ခုကိုလည်း ကူးပြောင်းပြီ ဆိုတဲ့အတွက် အတိတ်ဟောင်းတုန်း က ဖြစ်ခဲ့တဲ့ ပြဿနာတွေ ၊ အတိတ်ဆိုးတွေကို ထားရစ်ခဲ့ဖို့အတွက် ပထမဆုံး အကြံပေးလိုက်ချင်ပါတယ်။
✨ လူတစ်ယောက် မှာ အဓိက က အတိတ်ကနေ ရုန်းထွက်ဖို့အတွက် အရေးကြီးဆုံး ဖြစ်ပြီးတော့ ရှေ့ဆက်လျှောက်မယ့် အနာဂတ် ခရီးလမ်းကို လှပတဲ့ ပန်းတိုင်တစ်ခု ဖန်တီးဖို့အတွက် ပစ္စုပ္ပန်ကိုသာ အာရုံစိုက်စေချင်ပါတယ်။
✨ လူတိုင်းမှာ အတိတ်ဆိုတာက ကောင်ခြင်း ၊ ဆိုးခြင်း ဆိုပြီးတော့ကို နှစ်မျိုးလုံးက ဒွန်တွဲခြင်း နဲ့ သွားလာလှုပ်ရှားနေရတာဖြစ်တာမလို့ အဆိုးဆိုတဲ့ အရာတွေကို စိတ်နှလုံးထဲကနေပြီးတော့ ထုတ်ပစ်လိုက်ပြီးတော့ အနာဂတ်ကိုသာ အကောင်းမွန်ဆုံး ဖန်တီးဖို့အတွက် ပစ္စုပ္ပန်တစ်ခုကို ကောင်းမွန်စွာ ရင်ဆိုင် ကျော်ဖြတ် နိုင်ရပါမယ်။
✨ နှစ်သစ် တစ်ခု စတင်တယ် ဆိုတာက ကိုယ့်အတွက် အခွင့်အရေး တစ်ခုကို အသစ်ပေးပြီးတော့ ဘဝသစ်တစ်ခုကို စတင်လို့ ရတယ်လို့တောင် လူအချို့အတွက် သတ်မှတ်လို့ရတဲ့ နှစ်ကူး ၊ နှစ်ပြောင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
✨ နှစ်သစ်တစ်ခုကူးပြီဆိုတာနဲ့ ဘဝသစ်တစ်ခုကို ရနိုင်ခဲ့တာမလို့ အကောင်းဆုံး ရှင်သန်ကျော်ဖြတ်ပြီး ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုစီကို သွားလာနိုင်ဖို့ရာအတွက် ကို့အတွက် New life, New survive တစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
✨ နှစ်သစ်ကူးပြီ ဆိုတာနဲ့ အားလုံးကို မှာကြားချင်ပြီး ပြောကြားချင်တာကတော့ အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့ပြီးတော့ ဘဝသစ်တစ်ခုကို သေချာလေး စတင်ပြီး အကောင်းဆုံးသော စိတ်သစ် ၊ လူသစ် နဲ့ ပြောင်းလဲ ပစ်လိုက်ပါ။
✨ အတိတ်တုန်း က မှားခဲ့တဲ့ အမှားမျိုးကို ထပ်မမှားအောင် ဂရုစိုက်ပြီးတော့ အတိတ်တုန်း က ကိစ္စတွေစီကနေ သင်ခန်းစာတွေ ရရှိပြီး အနာဂတ်ကို ရှေ့ဆက်လျှောက်မယ့် လမ်းကို အထောက်အကူ ပြုမယ့် ထောက်တိုင်တွေကိုပဲ ယူလိုက်ပါ။
✨ ကိုယ့် စိတ်ကို နာကျင်စေမယ့် ဆူးတွေကိုတော့ လက်ထဲမှာ တကူးတကကြီး ဆုပ်ကိုင်ပြီးတော့ အနာဂတ်အထိကို သယ်ဆောင်မသွားပါနဲ့။
✨ လူဆိုတာက အခွင့်အရေး အသစ်ရတုန်း ရအောင် ဆုပ်ကိုင်ထားလိုက်ပြီး ပြောင်းလဲပစ်လိုက်ပါ။
ဘဝသစ်တစ်ခုကို ပေးနိုင်တဲ့ နှစ်သစ်မှာလည်း မိသားစုတွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အကောင်းမွန်ဆုံးအရာတွေကို ပြောင်းလဲပစ်ပါစေ။ ?
နှစ်သစ် တစ်ခုမှာ စိတ်သစ် ၊ လူသစ် ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ ဘဝလမ်းခရီး အသစ်တစ်ခုကိုပါ ရပါစေလို့ ဆုတောင်းပေးလိုက်ရင်းနဲ့...
အားလုံးပဲ...
Happy New Year! ?
"ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်"
ယနေ့ (၃၀.၁၂.၂၀၂၄)
ဟာဆိုရင်ဖြင့်မြန်မာပြည်ထောင်စုဖွားကရင်တိုင်းရင်းသားလူမျိုးတို့၏သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တဲ့ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အဖြစ် ပထမဆုံး အစိုးရအသိအမှတ်ပြုရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)အဖြစ်သတ်မှတ်လိုက်ကြတယ်။ ယနေ့တိုင် ကရင်အမျိုးသားအားလုံးအတွက် ကရင်နှစ်သစ်ကူးနေ့မှာ (သလေလဆန်း ၁ ရက်) ပြာဆိုလဆန်း ၁ ရက်နေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၈၄) ကြိမ်တိုင်ခဲ့ပြီ။
ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားတို့ နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း အတီးအမှုတ်ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ သက်ကြီးဝါကြီးဘိုးဘွားမိဘများအားဂါရဝပြုပြီး ကောက်သစ်စားသောက်ဖွယ်ဖြင့်ပူဇော်ကန်တော့ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများပေးကမ်းလှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး လူအပေါင်းတို့အားဆုတောင်းမေတ္တာပို့သခြင်း စသည့်မွန်မြတ်သောကရင်တိုင်းရင်းသား တို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာသည် ချစ်မြတ်နိုးဖွယ်ရာဂုဏ်ဒြပ်ကိုထင်ဟပ်ပေါ်လွင်စေတယ်။၎င်းတို့ချစ်မြတ်နိုးတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသားစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ကဲ...ဒါဆိုရင်တော့ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ Lanncien Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒီလိုဗဟုသုတရစရာတွေကို Lanncien
Myanmar မှဆက်လက်တင်ပေးသွားမှာမို့ Like&shareလုပ်ထားဖို့မမေ့နဲ့နော်။??
Lanncien Myanmar Organization – 1 Year Anniversary
? ကြီးမားသောအောင်မြင်မှုနှင့် အတူ ၁ နှစ်ပြည့်ပြီ ?
ဒီနေ့ဟာ Lanncien Myanmar Organisation ရဲ့ ၁ နှစ်ပြည့်နေ့ဖြစ်ပါတယ်။
ကျွန်ုပ်တို့အဖွဲ့ဟာ ရည်မှန်းချက်များနှင့် အိပ်မက်ကြီးများအတွက် စတင်ခဲ့ပြီး ယနေ့မှာတော့ လူမှုအသိုင်းအဝိုင်းအတွက် အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြပြီးပါပြီ။
ဒီတစ်နှစ်အတွင်း ကျွန်ုပ်တို့
✅ အခမဲ့ပညာရေးနှင့် အွန်လိုင်းသင်တန်းများပံ့ပိုး
✅ လူငယ်များအတွက် စာဖတ်ခြင်းစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများစတင်
✅ လူထုအကျိုးပြုစေမဲ့ Event များဆောင်ရွက်
စတဲ့ များစွာသောလုပ်ငန်းစဉ်များကို တိုးတက်အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ပါတယ်။
ဒါလေးတွေဟာ ကျွန်ုပ်တို့အဖွဲ့သားများရဲ့ ကြိုးစားမှုနဲ့အတူ အားပေးနေတဲ့ သင်တို့လို မိတ်ဖက်တွေရဲ့ အကူအညီကြောင့်ဖြစ်ပါတယ်။
နောက်နှစ်မှာလဲ
✨ ပိုမိုထူးချွန်ပြီး တာဝန်ယူမှုရှိတဲ့ လုပ်ငန်းစဉ်များ
✨ လူမှုအသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ သစ်လွင်စိတ်ကူးများ
✨ ပညာပေးဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကတိပြုပါသည်။
? Lanncien Myanmar Organization နဲ့အတူရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီနေရာအထိ ရောက်လာနိုင်ဖို့ အားပေးလိုက်သူတိုင်းကို ကျွန်ုပ်တို့ ကျေးဇူးအထူးတင်ပါတယ်။
✨ ကျွန်ုပ်တို့နှင့်အတူ၊ အနာဂတ်ကိုတည်ဆောက်ပါ။
#LanncienMyanmar #1YearAnniversary #TogetherWeGrow #CommunityImpact
https://www.facebook.com/profile.php?id=61567135013689&mibextid=ZbWKwL
Lanncien Myanmar Organisation ခွဲ Lanncien Academy Official Facebook Page ဖြစ်ပါတယ်ရှင့်
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 7 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 8 months, 1 week ago