AERA71Monywa ( PDF ) channel

Description
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမုန်းရေး
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated hace 1 año

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 3 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated hace 1 año, 4 meses

hace 11 meses, 1 semana
“ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းလွှာ”

“ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းလွှာ”

ရက်စွဲ - ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂ ) ရက်နေ့

ပြည်သူကာကွယ်တပ်ဖွဲ့ Area71PDF Monywa အဖွဲ့မှ ရဲဘော် နိုင်လင်း(ခ) ဘဲကြီး အသက်(၄၀)သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ပေးအပ်သော တာဝန်များနှင့်နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့သည်များကို များစွာဂုဏ်ယူ၍ သူရဲကောင်းရဲဘော်အဖြစ် မှတ်တမ်းတင်အပ်ပါသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် ပေးဆပ်ခဲ့သည်များ၊ အနစ်နာခံခဲ့မှုများအပေါ် Area71PDF Monywa အဖွဲ့မှ အလွန်အမင်လေးစားဂုဏ်ယူကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကျဆုံးအာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်း ရေး တာဝန်များကို ကျန်ရစ်သူ ညီနောင်ရဲဘော်များနှင့် လက်တွဲ၍ ကျွန်ုပ်တို့ Area 71ရဲဘော်များမှ ဆက်လက်ထမ်းဆောင်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိ သစ္စာပြုအပ်ပါသည်။

https://t.me/aera71pdf
[email protected]

#အရေးတော်ပုံအောင်ရမည်
#area71_pdf

hace 11 meses, 3 semanas
hace 11 meses, 3 semanas
"စစ်ရေးသတင်း အသိပေး ကြေငြာခြင်း"

"စစ်ရေးသတင်း အသိပေး ကြေငြာခြင်း"

25.1.2025 - နံနက် 10:57am အချိန်တွင် မုံရွာမြို့ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော  ကြေးပြားများ သယ်ဆောင်လာ 25သော ကြေးနီ တွဲကား ၄၆ စီးတန်းနှင့် စကစ သံပြားကာ ၈ စီး ပါကာတန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြပါသည်။

ဖြစ်စဉ်မှာ...  25.1.2025. နံနက်အချိန်တွင် မုံရွာမြို့ နမခ စကစ စခဘခွေးခြံမှ  စခ သံပြားကာ ကားများသည်
ယနေ့ နံနက်ပိုင်းတွင် မုံရွာ နမခ ခွေးခြံမှနေပြီး  ကြေးနီသယ် ဆောင်မည့်ကားတန်းကို လုံခြုရေး လိုက်ပါပေးရန် မုံရွာ နမခ ခွေးခြံမှ ထွက်ခွါနေကြသည်ကို  မုံရွာ ကင်းထောက် အဖွဲ့ထံမှ သတင်းပေးလာပါသဖြင့် ကျနော်တို့ မိုင်းဆွဲ ရဲဘော်များမှာ မုံရွာ  / ချောင်းဦး လမ်းပိုင်းတနေ့ရာတွင် အသင့်ပြင်ဆင်ထားသော 
မိုင်းပွိုင့်အနီးသို့  လမ်းပိုင်း လုံခြုံရေး စခ ကင်းပုံး များအကြားမှ ခက်ခက်ခဲခဲ သွားရောက်ချဉ်ကပ်ပြီး
25.1.2025 - 10:57 am ပထမ အသုတ် မုံရွာမြို့မှ ထွက်ခွါ လာသော ရှေ့ပြေး စခ သံပြားကာ နှစ်စီး နှင် ကြေးနီသယ် တွဲကား လေးစီတန်း၏ နောက်ဆုံး လေးစီးမြောက် ကြေးနီသယ် တွဲကားများကို ကျနော်တို့ အထူပြုလုပ်ထားသော ပြင်းအားမြင့် ပဒေသာ ပေါက်စီမိုင်း လေးလုံး တစ်ပွိုင့်ဖြင့် ထိထိမိမိဖောက်ခွဲတိုက်ခိုက်ခဲ့ကြပါသည်
မိုင်းထိမှန်သော ကြေးနီသယ် တွဲကားမှာ မိုင်းထိမှန်ပြီး မလှမ်းမကမ်း နေရာတွင် ထိုးရပ်သွားပြီး လမ်းပိုင်းကင်ပုံးစခ များမှ ကျနော်တို့ မိုင်းဆွဲ ရဲဘော်များကို 60 mm လက်နက်ကြီး နှင်အတူ လက်နက်ငယ်များဖြင့် တလစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။
ကျနော်တို့ ရဲဘော်များမှာ ခေတ္တ ခိုအောင်းနေပြီး  ကင်းပုံး စခများ၏ ပစ်ခတ်မှု ရပ်ဆဲချိန် ခဏအတွင်းမှာ မိဘပြည်သူများ၏ ပို့သသောမေတ္တာများကြောင့် ခလုပ်မထိဆူးမငြိပဲ  ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါသည်။

စခများ အ‌ေ_သ‌ပျောက် ထိခိုက်ဒဏ်ရာရမှုကို ကို ဆက်လက်စုံစမ်းဆဲ ဖြစ်ပါသည်။

ယခု ဖောက်ခွဲတိုက်ခိုက်မှုကို
မုံရွာမြို့နယ် ပကဖ ဖေါက်ခွဲရေး အဖွဲ့နှင့်
ကျနော်တို့ Area 71 PDF Monywa
* နယ်စည်းမခြား လက်နက်ကြီး တပ်ဖွဲ့
ကမျဉ်းနီ (K .M .N) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြပါသည်။

https://t.me/aera71pdf
[email protected]

#အရေးတော်ပုံအောင်ရမည်
#area71_pdf

hace 1 año, 2 meses
6/November/2024

6/November/2024

ကျနော်တို့ Area 71 Defense Force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အခက်ခဲအကျပ်တည်းများကြားမှ ကူညီထောက်ပံ့ပေးကြပါသော အလှူရှင်များဖြစ်ကြသည့် မိဘပြည်သူများအား...

စစ်အာဏာရှင်ဘေးနှင့်တကွ ကျ‌န်ဘေးဒုက္ခအပေါင်းမှကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဖို့ ကျနော်တို့ Area 71အဖွဲ့ ရဲဘော်များအားလုံးမှ ဆုတောင်းမေတ္တာပို့သပါသည် ???

https://t.me/aera71pdf
[email protected]

#အရေးတော်ပုံအောင်ရမည်
#area71_pdf

hace 1 año, 2 meses
ကျွန်တော်တို့ Area71 PDF Monywa အဖွဲ့သည့် စကစ …

ကျွန်တော်တို့ Area71 PDF Monywa အဖွဲ့သည့် စကစ အုပ်စု၏ လက်နက်၊ရိက္ခာ၊အင်းအား အစရှိသည့်  သယ်ယူပို့ဆောင်ဆက်သွယ်မှုယန္တယား အားလုံးကို "မိုင်း"ဖေါက်ခွဲမှုဖြင့်  ဖြတ်တောက်ဖျက်စီး ခဲ့ကြသည်များကို မိဘပြည်သူအများမှာ သိရှိပြီး ဖြစ်ကြပါမယ်။
ကျွန်တော်တို့ Area 71 PDF Monywa သည်
19.7.2024 နေ့မှာ ကျွန်တော်တို့ရဲ့ မိုင်းတပ်သား ရဲဘော်ကျဆုံးပြီး လမ်းပိုင်းဖောက်ခွဲရေးများကို ခေတ္တရပ်တန့်ထားခဲ့သော်လည်း တိုက်ခိုက်ရေးပိုင်းများတွင် တပ်ပေါင်းစုများနှင့်အတူ ပါဝင်တိုက်ပွဲဝင်လျှက်ရှိပါသည်။ (တပ်ပေါင်းစု တိုက်ခိုက်ရေးများဖြစ်သည့် အတွက် ကျွန်တော်တို့ တိုက်ပွဲ သတင်းများကို မိဘပြည်သူများအား တင်ပြခွင့်မရှိခဲ့ပါ)
မုံရွာ/မန္တလေးလမ်းပိုင်း စစ်အုပ်စု၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖောက်ခွဲ တားစီး ရေးလုပ်ငန်းများကို အချိန်တစ်လခန့် အနားယူပြီး အတောအတွင်းမှာ မုံ/ မန်း လမ်းပိုင်းပေါ် ဖောက်ခွဲရေးများကို စိတ်မသက်သာမှုများစွာဖြင့် ပြန်လည်တက်ရောက်ခဲ့သည့်မှာ ယခုအချိန်နေ့အထိ ဖြစ်ပါတယ်။
ယနေ့အချိန် ကာလ တွင် မုံ /မန်း လမ်း ဖေါက်ခွဲရေးများမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်ခဲများစွာ ရှိနေပါသဖြင့် ကျွန်တော်တို့ Area 71PDF Monywa အနေဖြင့် မုံရွာမြို့တွင်း စခများ သွားလာ လှည့်ပတ်သည့် လမ်းပိုင်းများအား တစ်အကြာ ကင်းထောက် စောင့်ကြည့် သတင်းယူပြီး ဖြစ်ပါသဖြင့် မုံရွာမြို့ပေါ် ဖောက်ခွဲရေးများ ပြန်လည်ပြုလုပ်ပါတော့မည် ဆိုတဲ့အကြောင်းကို  မုံရွာမြို့ပေါ်မှ
မိဘပြည်သူများအား  အသိပေးကြေညာခြင်းဖြစ်ပါသည်။

https://t.me/aera71pdf
[email protected]

#အရေးတော်ပုံအောင်ရမည်
#area71_pdf

hace 1 año, 2 meses
AERA71Monywa ( PDF ) channel
hace 1 año, 6 meses

29/June/2024

ကျနော်တို့ Area 71 Defense Force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အခက်ခဲအကျပ်တည်းများကြားမှ ကူညီထောက်ပံ့ပေးကြပါသော အလှူရှင်များဖြစ်ကြသည့် မိဘပြည်သူများအား...

စစ်အာဏာရှင်ဘေးနှင့်တကွ ကျ‌န်ဘေးဒုက္ခအပေါင်းမှကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဖို့ ကျနော်တို့ Area 71အဖွဲ့ ရဲဘော်များအားလုံးမှ ဆုတောင်းမေတ္တာပို့သပါသည် ???

https://t.me/aera71pdf
[email protected]

#အရေးတော်ပုံအောင်ရမည်
#area71_pdf

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated hace 1 año

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 3 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated hace 1 año, 4 meses