EHS Myanmar

Description
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months ago

3 months ago

နှစ်သစ် သတင်းကောင်းယူဆောင်လာပါပြီ ! 📢
----------------------------------------------------------------
ကျွန်မတို့ EHS Myanmar အဖွဲ့အစည်းက အခုဆိုရင် ဥရောပ အခြေစိုက် The CPD Group (UK) မှ အသိအမှတ်ပြုလက်မှတ် CPD (Continuing Professional Development) Accreditation ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ 🎉

ယခုနှစ် (၂၀၂၅) ကစပြီး EHS Myanmar ၏ Online Courses များ နှင့် စီစဉ်ကျင်းပတဲ့ Webinar ၊ Bootcamp နဲ့ Campaign များအပါအဝင် အခြားသော အစီအစဉ်များမှတဆင့် မြန်မာလူငယ်များ နှင့် ကျွမ်းကျင်ပညာရှင်များ ကို နိုင်ငံတကာအဆင့်မှီ သင်ရိုးညွှန်တမ်းများနှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု CPD Credits နဲ့ CPD Hours များပါဝင်တဲ့ Certificate များ ပေးအပ်နိုင်သွားမှာ ဖြစ်ပါတယ်။ ♻️

ယခုဆိုလျှင် EHS Myanmar က ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO အဖွဲ့အစည်းများထဲတွင် ပထမဆုံးသော နိုင်ငံတကာအသိအမှတ်ပြု CPD Credit ပေးနိုင်တဲ့အဖွဲ့အစည်းလဲဖြစ်လာခဲ့ပါပြီ။ 💪

ကျွန်မတို့ EHS Myanmar ရဲ့ ရည်မှန်းချက်များတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးခြင်းဆိုင်ရာအသိပညာဗဟုသုတတွေ မျှဝေရင်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ Professional Development ကိုပါ မြှင့်တင်ပေးဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။ 🌟

ဒါကြောင့် EHS Myanmar ရဲ့ နောက်လာမယ့် CPD-certified programs တွေကို စောင့်မျှော်ပေးကြပါဦး 🙌
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/

#EHSMyanmar #CPDProvider #CPDUK #EnvironmentalEducation

3 months, 1 week ago

EHS Myanmar's Monthly Theme: What is it for January?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို SDG Action Campaign လမ်းညွှန်ချက်များနှင့်အညီ Knowledge Sharing များ ပြုလုပ်လျက်ရှိပါသည်။

🧻 ယခု ဇန်နဝါရီလအတွက် theme ကတော့ "Sustainability in Classrooms and Beyond" ဖြစ်ပါသည်။

🇲🇲 ‌စာသင်ခန်းမှ စတင်သော ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း ပညာရပ် နှင့် ပတ်သတ်သော ပညာပေးဆောင်းပါးများ ရေးသားတင်ဆက်ခြင်း၊ ဟောပြောပွဲများ၊ စကားဝိုင်းများစီစဉ်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်သွားပါမည်။

✌️ Sustainability in Classrooms and Beyond နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."

#EHSMyanmar #sustainable #SDGs #classrooms #education

4 months, 3 weeks ago

🌿 မကြာခင်ပြုလုပ်တော့မှာဖြစ်တဲ့ "Sustainable Entrepreneurship" Virtual Bootcamp မှာ တက်ရောက်ခွင့်ရရှိသူတွေကို Email ကနေတဆင့် အကြောင်းကြားထားပြီးဖြစ်ပါတယ်နော်။

📌Email စစ်ဖို့မမေ့ပါနဲ့နော်။ ကိုယ့် Inbox ထဲမှာ မတွေ့ပါကလည်း Spam ထဲမှာ စစ်ဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။ Bootcamp မှာဆုံကြပါမယ် 🥰
------------------------------------------------
Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar

#EHSMyanmar #SustainableEntrepreneurship #Bootcamp

5 months, 1 week ago
EHS Myanmar
5 months, 1 week ago
EHS Myanmar
5 months, 2 weeks ago

"သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာများ၏ အခန်းကဏ္ဍ"
-----------------------------------------------
Podcast by EHS Myanmar

EHS Myanmar Monthly Podcast အစီအစဉ်ရဲ့ ဒီတစ်ခေါက် ဆွေးနွေးမှုမှာတော့ "Role of Technology in Sustainability" ခေါင်းစဉ်နဲ့အတူ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် နည်းပညာတွေက ဘယ်လိုအကူအညီပြုနေလဲဆိုတာကို ဝေမျှပေးထားပါတယ်။

ဒီ podcast လေးမှာတော့ EHS Myanmar ရဲ့ intern တွေဖြစ်ကြတဲ့ ကိုအောင်သူ၊ မယုယလွန်းခင်နဲ့ ကိုပြည့်ဖြိုးအောင်တို့က ဆွေးနွေးပေးထားကြပါတယ်။

EHS Myanmar ရဲ့ YouTube Channel အပြင် EHS Myanmar website (www.ehsmyanmar.org) နဲ့ Spotify, Apple Podcast, Google Podcast, Anchor FM, Amazon Music စတဲ့ Podcast Platform တွေမှာပါ နားဆင်လို့ရနေပါပြီ။

? Website - https://www.ehsmyanmar.org/podcast-1
? Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq...
? Anchor FM - https://anchor.fm/ehsmyanmar...
? Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854...

---------------------------------------------------------------------------
Don't forget to subscribe our YouTube Channel - https://youtube.com/@ehsmyanmar

#EHSMyanmar #ehsmyanmarpodcast #sustainability #sustainabilitysolutions #environmentalpodcast #ehsmyanmarpodcast

8 months, 1 week ago

မြေအောက်ရေ ညစ်ညမ်းမှု နှင့် လူသားများ၏ ကျန်းမာရေး
-----------------------------------------------
EHS Myanmar | 10.8.2024

ကမ္ဘာကို အာကာသထဲကကြည့်လိုက်ရင် မျက်နှာပြင်အနှံ့မှာ အပြာရောင်တော်တော်များများ ဖုံးလွှမ်းနေတာကြောင့် “အပြာရောင်ဂြိုဟ်” (Blue Planet) လို့ ခေါ်လေ့ရှိပါတယ်။ ကမ္ဘာမြေမှာ ကုန်းထုထက်၊ ရေထုက အများကြီးပိုကျယ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ရှိတဲ့ ရေထုရဲ့ ၉၇% ဟာလည်း ဆားငန်ရေတွေသာဖြစ်ပြီး၊ ကျန်တဲ့ ၃% ကသာ လူတွေသောက်သုံးလို့ရတဲ့ ရေချိုတွေ ဖြစ်ပါတယ်။ ရေချို ၃% လေးမှာမှ မြေအောက်ရေဟာ ၀.၆၁% ပဲရှိပါတယ်။

၁% တောင်မရှိတဲ့ ပမာဏဖြစ်ပေမယ့် ကမ္ဘာပေါ်က ဘီလျံနဲ့ချီတဲ့ လူတော်တော်များများက သူတို့ရဲ့ အဓိကသောက်သုံးရေကို မြေအောက်ရေကနေ ရရှိတာပါ။ မြေအောက်ထဲက ရေကြောမှာ စုနေကြတဲ့ ရေတွေက သာမန်အားဖြင့် သောက်သုံး၊ အသုံးပြုဖို့အတွက် သန့်ရှင်းပေမယ့် အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ညစ်ညမ်းမှုတွေ ပိုပိုဖြစ်လာပါတယ်။ ဘာတွေကြောင့် ဘယ်လိုဖြစ်လာတာလဲဆိုရင် ထုံးစံအတိုင်း လူသားတွေရဲ့ ဆောင်ရွက်ချက်တွေကြောင့်ပါပဲ။ ဖြစ်စေတဲ့အချက်တွေအများကြီးမှာမှ မြန်မာနိုင်ငံရဲ့ ရှုထောင့်ကနေ မြေအောက်ညစ်ညမ်းမှု ဖြစ်စေတဲ့အရာ (၃) မျိုးကိုပြောပြပါမယ်။

၁) ဓာတု ပိုးသ/တ်ဆေးများ နှင့် ဓာတု မြေဩဇာများ အလွန်အကျွံအသုံးပြုခြင်း
လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်တဲ့ မြန်မာနိုင်ငံမှာ ကောက်၊ ပဲ၊ သီးနှံတွေ အထွက်တိုးဖို့နဲ့ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် ဓာတုဓာတ်မြေဩဇာတွေကို အများအပြားအသုံးပြုလာကြပါတယ်။ ဒီအရာတွေက နိုက်ထရိုဂျင်ကိုအခြေခံထားတဲ့ compound တွေဖြစ်တာကြောင့် အပင်တွေကိုဖြန်းတဲ့အခါမှာ တစ်၀က်လောက်ကသာ အပင်အတွက်အသုံးဝင်မှာဖြစ်ပြီး၊ ကျန်တစ်၀က်လောက်ကတော့ မြေပေါ်ကျပြီး၊ မြေဆီလွှာထဲ ဖြည်းဖြည်းချင်းစိမ့်၀င်သွားတဲ့အခါမှာ မြေအောက်ရေကို ညစ်ညမ်းစေပါတယ်။

၂) စက်ရုံများမှ ဓာတုအညစ်အကြေးများကို စနစ်တကျ မစွန့်ပစ်ခြင်း
စက်ရုံတွေကထွက်တဲ့ ဓာတုအညစ်အကြေးတွေမှာ မျိုးစုံသော အန္တရာယ်ရှိတဲ့ အရာတွေပါ၀င်ပါတယ်။ Acid တွေ၊ စွန့်ပစ်ပစ္စည်းတွေကထွက်တဲ့ ရေမှာပျော်ဝင်နိုင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေ အစရှိတဲ့အရာတွေကို စနစ်တကျမစွန့်ပစ်တဲ့အခါ မြေအောက်ရေထိကို ဖြည်းဖြည်းချင်း စိမ့်၀င်သွားပြီး မြေအောက်ရေကိုညစ်ညမ်းစေပါတယ်။

၃) အမှိုက်ပုံများ
မိုးရွာချတဲ့အခါ မိုးရေတွေက အမှိုက်တွေအပေါ်ကိုကျသွားပြီး၊ အဲ့ဒီအမှိုက်တွေမှာပါတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်တွေ၊ ဘတ်တီးရီးယားတွေနဲ့ ဗိုင်းရပ်(စ်) တွေနဲ့ထိတွေ့သွားတဲ့အတွက် မိုးရေတွေက ညစ်ညမ်းသွားပါတယ်။ ဒီညစ်ညမ်းသွားတဲ့ရေတွေက မြေအောက်ထဲစိမ့်၀င်သွားတဲ့အခါမှာ မြေအောက်ရေကိုပါ ညစ်ညမ်းသွားစေပါတယ်။

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေတဲ့ရေပမာဏက မြေအောက်ရေထဲကို စိမ့်၀င်တဲ့အခါမှာ နဂိုသန့်ရှင်းတဲ့ မြေအောက်ရေတွေက လူသားတွေအသုံးပြုဖို့ အန္တရာယ်များလာပါတယ်။ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ကြီးကြီးမားမားရှိလာနိုင်ပါတယ်။

ညစ်ညမ်းတဲ့မြေအောက်ရေတွေကို အမြဲသောက်သုံးနေမိမယ်ဆိုရင်
- ၀မ်းလျှောရောဂါ / ကာလ၀မ်းရောဂါ
- ၀မ်းကိုက်ရောဂါ
- အူရောင်၀မ်းဖျားရောဂါ တွေဖြစ်နိုင်ပြီး၊

ရေထဲမှာ အဆိပ်အတောက်ဖြစ်တဲ့ ဓာတုဓာတ်တွေများနေမယ်ဆိုရင်လည်း
- ကင်ဆာရောဂါ
- အာရုံကြောထိခိုက်စေနိုင်တာ
- မျိုးပွားခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေနဲ့ ကြုံရနိုင်ပါတယ်။

ညစ်ညမ်းတဲ့ မြေအောက်ရေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မိမယ်ဆိုရင်တော့ အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုပါ ကြုံရနိုင်ပါတယ်။

ဒီလို အန္တရာယ်ကြီးမားတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ အများကြီးမဖြစ်လာအောင် မြေအောက်ရေကို လူသားတစ်ယောက်ချင်းစီတိုင်း သေချာ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အခုမျှဝေပေးခဲ့တဲ့ မြေအောက်ရေညစ်ညမ်းစေတဲ့ အချက်တွေကိုသိခြင်းအားဖြင့်၊ ဒီအချက်တွေကို ဘယ်လိုလျှော့ချနိုင်အောင်လုပ်သင့်လဲ၊ ဘာတွေကာကွယ်ဖို့လိုအပ်နေလဲဆိုတာ အတိုင်းအတာတစ်ခုထိ မြင်မိသွားမယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ - Asta (EHS Myanmar)
ကိုးကား - cdc.gov , thesustainabilitycloud.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/

#EHSMyanmar #freshwater #undergroundwater #waterconservation #freshwaterconservation #waterpollution

8 months, 1 week ago

အသုံးမလိုတော့တဲ့ပစ္စည်းတွေကို ပြန်ရောင်းနိုင်မယ့် Platform တစ်ခုအကြောင်း တစေ့တစောင်း

မိမိတို့ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ အိမ်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများမှ နေ့စဉ် အသုံးမလိုတော့တဲ့ ပြန်သုံး၍ရသော Waste တွေထွက်ရှိလို့နေပါတယ်။ ဒီအကျိုးဆက်တွေကြောင့် အမှိုက်ပုံရဲ့ ထုထည်ဟာလည်း အရှိန်အဟုန်နှင့်အတူ ကြီးထွားနေပါတယ်။ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့ Waste To Wealth လို့ခေါ်တဲ့ Prevent Plastics ကပြုလုပ်ထားတဲ့ Platform တစ်ခုကအသင့်ရှိလို့နေပါတယ်။ မိမိလုပ်ငန်းမှာအသုံးမလိုတော့တဲ့ပစ္စည်းတွေ‌သည် တခြားသူများအဖို့ ဈေး‌သက်သက်သာသာနဲ့ ရရှိနိုင်တဲ့ ကုန်ကြမ်းများဖြစ်လို့နေပါတယ်။ ထို Platform ပေါ်မှာ ရောင်းသူရော ၀ယ်သူရောပါရှိနေပြီး မိမိတို့စိတ်ကြိုက် ရောင်းခွင့်၊၀ယ်ခွင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နေ့စဉ် မိမိလုပ်ငန်းမှထွက်ရှိနေတဲ့အမှိုက်တွေကို ပြန်ရောင်းချင်လို့ပဲဖြစ်ဖြစ်၊ မိမိလုပ်ငန်းအတွက်ကုန်ကြမ်းတွေကို ဈေးသက်သာစွာဖြင့် ဝယ်ယူချင်လို့ပဲ ဖြစ်ဖြစ်၊ Platform အကြောင်းစိတ်၀င်စားလို့ ၀င်ရောက်လေ့လာချင်တာပဲဖြစ်ဖြစ် Waste To Wealth Platform မှာ Register လုပ်ပြီး ၀င်ရောက်လေ့လာနိုင်ပါတယ်။ Platform မှာ ဘာသာစကား၂ခု (မြန်မာ၊English) ဟုထားရှိထားပြီး မိမိအားသန်ရာဘာသာစကားဖြင့်လေ့လာနိုင်တယ်။

? Register လုပ်ရန်
https://waste-to-wealth.com/
-----------------------------------------------------------------------
"??????? ????????? ?? ??? ????? ???? ?? ??????. ??????? ?? ?? ??? ????? ???? ?? ????????."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/

#EHSMyanmar #METoME #MicroEffortToMillionEffects #Mediapartnership

Waste-To-Wealth

Waste to Wealth

Web site created using create-react-app

8 months, 2 weeks ago

ရာသီဥတု ဖောက်ပြန်မှုက ရေချိုဂေဟစနစ်ကို ဘယ်လိုသက်ရောက်မှုရှိနေလဲ?
-----------------------------------------------
EHS Myanmar | 7.8.2024

ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး အရာတစ်ခုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀% ကျော်ကိုရေများဖြင့် လွှမ်းခြုံထားသော်လည်း ၎င်းတို့အနက် ၃% ခန့်သာ ရေချိုများဖြစ်သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အဆိုအရ ကမ္ဘာပေါ်ရှိ ရေချိုပမာဏ၏ ၀.၅% မျှသာ အမှန်တကယ် အသုံးပြု၍ ရကြောင်း သိရှိရပါသည်။

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် များစွာကြုံတွေ့ခံစားနေရသော အဓိက ပြဿနာမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း (Climate Change) ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့မှုပြင်းထန်လာခြင်း၊ အချိန်အခါမဟုတ်မိုးများခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်မှု များပြားလာခြင်း၊ ရေခဲပြင်ရေခဲတောင်များ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆားပေါက်မြေများ များပြားလာခြင်း စသည့်အကြောင်းအရာများကြောင့် ရေချိုပမာဏ ရရှိမှုမှာ နည်းပါးလာသည်။ ထို့ကြောင့် ၂၀၅၀ ခုနှစ်ရောက်သည့်အခါ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံ (၅ ဘီလီလျံ) ခန့်သည် အနည်းဆုံး တစ်လကြာ ရေပြတ်လပ်မှုကို ကြုံတွေ့ရနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ကြိုတင်ခန့်မှန်းထားသည်။ ဤသို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် စိန်ခေါ်မှုဖြစ်သည့်အပြင် လူသားများနှင့် သက်ရှိသတ္တဝါများစွာအတွက် မရှိမဖြစ်လိုအပ်သော မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်များ နှင့် ရေချိုအရင်းအမြစ် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် အရာတစ်ခုဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု၏ တိုက်ရိုက်အကျိုးဆက်များထဲမှ တစ်ခုမှာ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းဖြစ်သည်။ အချို့ဒေသများတွင် မိုးသည်းထန်းစွာရွာသန်းပြီး ရေကြီးရေလျှံမှုများ ပိုမိုကြုံတွေ့ရပြီး အချို့ဒေသများတွင်မူ ကာလကြာရှည်စွာ မိုးခေါင်မှုကို ကြုံတွေ့ရသည်။ ထိုမှတစ်ဆင့် ရေချိုအရင်းအမြစ်များ၏ သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး ရေချိုရရှိမှုကို ထိခိုက်စေသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် တစ်နှစ်ထက်တစ်နှစ် အပူချိန် ပိုမိုမြင့်မားလာသည်။ ဤသို့ ကမ္ဘာကြီးပူနွေးလာမှုသည် ရေခဲတောင်များနှင့်ရေခဲပြင်များကို အရည်ပျော်စေပြီး ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်စေသည်။ ထို့အပြင် ပူပြင်းသောအပူချိန်သည် ရေကန်များ နှင့် မြစ်များ၏ အငွေ့ပျံနှုန်းကို ပို၍တိုးမြင့်စေပြီး ပင်လယ်ရေသည် ကမ်းရိုးတန်း ရေတိမ်လွှာများအတွင်းသို့ ဝင်ရောက်လာကာ ရေချိုနေရာများတွင် ပင်လယ်ဆားငန်ဓာတ်များ တိုးလာစေသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေချိုရရှိနိုင်မှုနည်းပါးခြင်းနှင့် ရေအရည်အသွေးပြောင်းလဲမှုများသည် သောက်သုံးရေထောက်ပံ့မှုများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် ရေအသုံးပြုမှုကို ထိခိုက်စေနိုင်သည့်အပြင် လူမှုအသိုက်အဝန်းအတွက် ကျန်းမာရေး အန္တရာယ်များလည် ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် လူနှင့်သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရန်အတွက် ရေချိုဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကျွန်ုပ်တို့ နေ့စဉ်ဘဝတွင် ရေအသုံးပြုမှုကို လျှော့ချခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချခြင်း၊ ရေအသုံးပြုမှုအသိပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ ရေသိုလှောင်မှုနှင့်ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံများ တိုးမြှင့်ခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျော့ပါးစေရန် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အနာဂတ်မျိုးဆက်များအတွက် ရေချိုအရင်းအမြစ်များ ရရှိရန် ကာကွယ်ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။

ဤသို့ ရာသီဥတုဖောက်ပြန် စိန်ခေါ်မှုများကြားမှ သန့်ရှင်းပြီး ကျန်းမာသော ရေချိုဂေဟစနစ်များကို ရှင်သန်ကြီးထွားလာစေရန် လူထုအားအသိပညာပေးကာ တကူတကွလုပ်ဆောင်ကြပါစို့။

ရေးသားသူ - Kyaw Naing (EHS Myanmar)
ကိုးကား - www.usbr.gov, www.nationalgeographic.org, myanamr.un.org, www.seametrics.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/

#EHSMyanmar #FreshWaterEcosystem #freshwater #climatechange #freshwaterconservation

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months ago