Infinity Creation

Description
Infinity Creation is a YouTube channel which have interesting Videos.

(IC Social)
Facebook - https://www.facebook.com/InfinityCreationOfficial
YouTube - https://www.youtube.com/@ICteam357
Tiktok - https://www.tiktok.com/@ic.0fficial
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago

1 Jahr, 5 Monate her
Infinite White Writer >>> [Check here](https://t.me/ICteam_TG/1164)

Infinite White Writer >>> Check here

1 Jahr, 5 Monate her
***❕*****"Infinite White Writers"*****❕***

❕"Infinite White Writers"❕

📝 စာရေးရတာဝါသနာပါပြီး ကိုယ့်ရဲ့စာရေးထားတဲ့စွမ်းရည်ကိုဘယ်နေရာမှာချပြရမလဲမသိဖြစ်နေတဲ့သူများအတွက် Black White Library နှင့် Infinity Creation တို့ အတူတူပြုလုပ်ပေးတဲ့ " Infinite White Writer " Competition  လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

🔴 Program ကဘယ်လိုသူမျိုးတွေအတွက်လဲ?

📩 Wattpad နှင့်အခြားသော Social media များတွင် Fic များ ၊ ဝတ္ထုများ ရေးသားနေသော လူငယ်ရွက်ပုန်းသီးများကိုမွေးထုတ်ပေးမှာဖြစ်တဲ့အတွက် ကိုယ်က စာပေချစ်မြတ်နိုးပြီး စာရေးရတာဝါသနာပါတဲ့လူငယ်တစ်ယောက်ဆိုရင် ဒီ Competition ကို Join ဖို့အသင့်တော်ဆုံးပါပဲ။

🔴 ဘယ်လိုမျိုးရေးသားရမှာလဲ ၊ စည်းကမ်းချက်တွေကရော ၊ အချိန်ကလောက်ပါ့မလား?

📚 စာရေးသူများအနေဖြင့် ခက်ခက်ခဲခဲရေးရမှာ မဟုတ်ဘဲ အချိန်ကိုလည်း အလုံအလောက်ပေးသွားမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ သုတ ၊ ရသ ဝတ္ထုရှည်တစ်ပုဒ်ကိုရေးသားသွားရမှာဖြစ်ပြီးတော့ အချိန်နေနဲ့ တစ်လအချိန်ပေးသွားမှာဖြစ်ပါတယ်။

📌 စည်းကမ်းချက်တွေအနေနဲ့က ... 👇

✓ Deadline အမီ PDF File (သို့မဟုတ်) Words File နဲ့သာ @Infinite_White_Writers_botသို့ ပို့ရန်။

✓ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်ကန်တိကျမှု ရှိရပါမည်။

✓ နိုင်ငံရေး ငြိစွန်းစေမည့် စကားလုံးများ ရှောင်ကြဉ်ပေးပါရန်။

✓ 18+ နှင့် ဆဲရေးတိုင်းထွာ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများ ထည့်သွင်းရေးသားခြင်း မပြုပါရန် မေတ္တာရပ်ခံပါရစေ။

✓ အခြားစာရေးသူများ၏စာမူကို တိုက်ရိုက်မကူးယူရ။ ကိုးကားချက်များရှိပါက ထည့်သွင်းပေးရန်။

✓ လွတ်လပ်စွာရေးသားခွင့်ကို ရရှိတဲ့အပြင် Normal မှမဟုတ်လေဘဲ အခြားသော BL, GL များကဲ့သို့ LGBTQ+ နှင့်သက်ဆိုင်ရာများကိုပါ စိတ်ကြိုက် ပုံဖော် ရေးသားနိုင်ပါတယ်။

ဟုတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း စည်းကမ်းချက်များကို လိုက်နာရမှာ ဖြစ်ပြီးတော့ စည်းကမ်းချက်နှင့်မကိုက်ညီသော ဝတ္ထုများကို စိတ်မကောင်းစွာဖြင့် ပယ်ချသွားမှာဖြစ်ပါတယ်။

🤖 ဒါဆို ဝတ္ထုတွေကို Bot ကိုဘယ်လိုပို့ရမလဲ?

Bot အသုံးပြုရတာလွယ်ကူပြီးရိုးရှင်းပါတယ်။ Bot ဆီစာပို့တော့မယ်ဆိုရင်တော့

🔹ပထမဆုံး Writer လေးတို့ရဲ့ Telegram Search bar မှာ @Infinite_White_Writers_bot
ဆိုတာ လေးကိုပထမဆုံးရှာရပါမယ်။

🔹ဒုတိယအနေနဲ့ bot chat လေးပေါ်လာပြီဆိုရင် Start ဆိုတာာ လေးကိုနှိပ်ပြီး Writer လေးတို့ပေးပို့ချင်တဲ့ Pdf file or words file လေးတွေကို ပေးပို့ပေးလို့ရပါပြီရှင်။

🔹bot လေးကို ကိုယ်ပို့ထားတဲ့ file လေးရောက်၊မရောက်ကိုတော့ Confirm လေးပြန်ပို့ပေးပါမယ်ရှင်။

🔹နှစ်ရက်နေလို့မှ Writer လေးတို့ဆီကို Confirm ပြန်မကျဘူးဆိုရင်တော့ @Hsumyatahlinkarနဲ့ @Nway_Oo_Poem_38 တို့ရဲ့ DM မှာလာရောက်စစ်ဆေးခိုင်းလို့ရပါတယ်။

ဒါဆိုပို့တတ်သွားပြီလို့ထင်ပါတယ်။

🛎 ပြိုင်ပွဲကနေ အကောင်းဆုံးရေးသားနိုင်သူ ငါးယောက်ရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့ ထိုငါးယောက်ကိုတော့ Black White နဲ့ Infinity Creation တို့မှ မြန်မာစာ ဆရာ/မ များနှင့်အတူ အဖွဲ့အစည်းနှစ်ခုမှ တာဝန်ရှိသူများရွေးချယ်သွားမှာဖြစ်ပါတယ်။

ထို ရွေးချယ်ခြင်းခံရသူ ငါးယောက်ကို Infinity Creation နှင့် Black white Library တွင်

*✍ ဝတ္ထု အညွှန်း
✍ ဝတ္ထုနှင့်အတူ စာရေးသူနာမည်
✍ ဝတ္ထု Summary
✍ Audio Book*

ပြုလုပ်ပေးသွားမှာဖြစ်ပြီး Certificate များလည်းပေးအပ်သွားမှာဖြစ်ပါတယ်။ အခြားသော ပါဝင်ယှဉ်ပြိုင်သောသူများကိုလည်း အသိမှတ်ပြုသည့်အနေဖြင့် Certificate များပေးအပ်သွားမှာဖြစ်ပါတယ်။

❗️ဝတ္ထုများကို Deadline - 5 March, 2025 မတိုင်ခင် အချိန်မီ ပို့ပေးဖို့မေတ္တာ ရပ်ခံပါတယ်ဗျ။ ရလဒ်များကိုတော့ 20 March, 2025 များတွင်ထုတ်ပြန်ကြေညာသွားမှာပဲဖြစ်ပါတယ်။ ❗️

📌Deadline - 5 March, 2025
📌Results - 20 March, 2025

🚪 ဒီ Program လေးကတော့ ရွက်ပုန်းသီးလူငယ်များအတွက် အကျိုးရှိမယ့် Program လေးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲလေးမှာပါဝင်ဖို့အတွက် ကျွန်တော်တို့အဖွဲ့စည်းနှစ်ခုလုံးကနေ နွေးထွေးစွာ ကြိုဆိုလျက်ပါ။

🌷 Black White Library - https://t.me/black_white_Library

🪻 Infinity Creation - https://t.me/ICteam_TG

🪷 Infinity Library - https://t.me/infinity_library1

#Infinite_White_Writers#Black_White_Library#Infinity_Creation#Infinity_Library#Content_by_JK#Content_by_June#Graphic_by_Peter

1 Jahr, 5 Monate her
"ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ" >>> [Book Review](https://t.me/infinity_library1/9)

"ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ" >>> Book Review

"ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ" >>> Read Book

#Infinity_Library

1 Jahr, 5 Monate her
"Yung Kai Blue"

"Yung Kai Blue"

မြန်မာနိုင်ငံက Video တော့မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ့ Musical instrument တစ်ခုဖြစ်တဲ့  Xylophone ( ပတ္တလား ) လို့ခေါ်တဲ့တူရိယာဖြင့် ပြန်လည် Cover တီးခက်ထားခြင်းဖြစ်ပါတယ်ဗျ။

မူရင်း Video သည် Combodia ဖြစ်ပါတယ်။ မူရင်း Video အား Crd ပေးပါသည်။ မူရင်း video ကို Tik Tok  @n_s_nha accတွင်သွားရောက်ကြည့်ရူ့နိုင်ပါတယ်။

Video >>> Play

#JK
#Infinity_Library
#crd

1 Jahr, 5 Monate her
Stress with youth >>> [Check here](https://t.me/ICteam_TG/1160)

Stress with youth >>> Check here

1 Jahr, 5 Monate her

Merriam Webster Dictionary အရ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေဟာဆိုရင် ကြုံတွေ့နေကျ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဥပမာ ကျွန်မတို့တွေက ကျောင်းသားတွေဖြစ်တဲ့အ‌ေလျာက် စာမေးပွဲနီးလေ ပိုစိုးရိမ်လေဖြစ်တာမျိုးတွေပေါ့။

စိတ်ပညာရှင်တွေရဲ့အဆိုအရ စိတ်ဖိစိမှုးဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျွန်မတို့အပေါ်မှာ အပြုသဘော ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် နီးကပ်လာတဲ့စာမေးပွဲကြောင့် ကျွန်မတို့တွေဟာ မကြာခဏ စိတ်ဖိစီးမှုတွေဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုစိတ်ဖိစီးမှုတွေဟာ အပြုသဘောအနေနဲ့ဆိုရင် စာကိုပိုပြီးအာရုံစူးစိုက်နိုင်ပြီးတော့ စာလေ့လာဖို့ တွန်းအားပေးပါတယ်။ အခြားတစ်ဖက်အနေနဲ့ စိုးရိမ်ပူပန်ပြီးဘာမှမလုပ်ပဲနေထိုင်မယ်ဆိုရင်တော့ အပျက်သဘောဆောင်သွားမှာပဲဖြစ်ပါတယ်။

ဆိုတော့ စိတ်ဖိစီးမှုတွေကို သက်‌သာ‌ေအာင် ဘယ်လိုမျိုးလုပ်ကြမလဲ?

  1. Listen to music
    ဒါကတော့ လူတော်‌ေတာ်များများစိတ်ဖိစီးတာကိုလျော့ချတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့သီချင်းနားထောင်တာဟာ ကျွန်မတို့ရဲ့ stress တွေကို လျော့ကျစေရုံသာမက စိတ်ကိုမြူးကြွစေပြီး ကိုယ်လုပ်ရမဲ့အပေါ်မှာ ပိုပြီးအာရုံစူးစိုက်စေနိုင်မှာဖြစ်ပါတယ်

  2. Leave your desk
      ကိုယ်အလုပ်လုပ်နေတဲ့/စာလုပ်နေတဲ့ နေရာကနေ ခဏလောက်ထပြီး အပြင်မှာ 15 မိနစ်လောက် လမ်းလျှောက်ပေးတာဟာဆိုရင် သွေးလည်ပတ်မှုအား‌ေကာင်းစေပြီး ကျွန်မတို့ရဲ့ ပင်ပန်းနေတဲ့ ကြွက်သားတွေဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးနိုင်တာပဲဖြစ်ပါတယ်။

  3. Take deep breaths
    5 seconds လောက် အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်တာဟာ ယောဂလေ့ကျင့်ခြင်းနဲ့ ဆင်တူပါတယ်။ အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်ကျွန်မတို့ရဲ့စိတ်ကို ငြိမ်သက်စေပြီး stress တွေကိုလျော့ကျစေမှာပဲဖြစ်ပါတယ်။

4.Dwell on pleasant throughs

အတိတ်က ကြည်နူးစရာကောင်းတာတွေ၊ဟာသမြောက်တဲ့ အဖြစ်အပျက်တွေ၊ ဒါမှမဟုတ် ကိုယ့်ကို အလွန်ဂရုစိုက်တဲ့သူ ဒါမှမဟုတ် ကိုယ်အလွန်ဂရုစိုက်တဲ့လူတစ်ယောက်အကြောင်းကို တွေးပါ။ တစ်ခါတစ်လေမှာ ကလေးဘဝမှာဖြစ်ပျက်ခဲ့တဲ့ရယ်စရာအဖြစ်အပျက်လေးတွေကို ပြန်တွေးကြည့်တဲ့အချိန်ဟာဆိုရင် ကျွန်မတို့ရဲ့စိတ်ဖိစိီးမှုတွေကိုလျော့ကျစေနိုင်ပါတယ်။

  1. Relax your muscles while in bed
    မနက်အိပ်ယာနိုးတဲ့အခါ အိပ်ယာမထခင်မှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အကြောလျော့ခြင်းဟာဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီးတော့ ကောင်းမွန်တဲ့ နေ့တစ်နေ့ကိုစတင်နိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကိုဘယ်လိုမျိုးလျော့ချရမလဲဆိုတာကိုပြောပြပြီးသွားပြီဆိုတော့ အထက်မှာအကြံပြုထားတဲ့နည်းလမ်းတွေထဲက တစ်ခုကိုရွေးချယ်ပြီးအသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

#Harden
#Infinity_Creation

1 Jahr, 6 Monate her
Calling for Volunteers! >>> [Check here](https://t.me/ICteam_TG/1158)

Calling for Volunteers! >>> Check here

1 Jahr, 6 Monate her

အိမ်မှာနေရင်းနဲ့ ကုသိုလ်လည်းရ ကိုယ့်အတွက် Skills တွေလည်း ပြည့်ဝစေမယ့် အခွင့်အရေးကြီး တစ်ခုကို Infinity Creation ကနေပြီးတော့ အားလုံးအတွက် ယူဆောင်ပေးလို့ လာပါပြီရှင့်။ 🥳

ဒီအခွင့်အရေးအလေးကတော့.... 👀

Infinity Creation ကနေပြီးတော့ Volunteer Calling Section လေး ပြန်ရောက်လာပါပြီရှင့်။ ❤️

Infinity Creation ဆိုတာက ဘယ်လို အဖွဲ့အစည်းမျိုးလဲ?

ပထမဆုံး အနေနဲ့ ပြောပြချင်တာကတော့ Infinity Creation ဆိုတာက လူငယ်တွေရဲ့ Creation တွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ပြီးတော့ အများအကျိုးပြုနေတဲ့ Non-Profit Org တစ်ခုအနေနဲ့ ရပ်တည်လာနေတာ ဒီနှစ်နဲ့ဆိုရင် (၃) နှစ်ပြည့်ပါပြီရှင့်။ 🫶

Infinity Creation ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Infinity Library ဆိုတာက ဘာလဲ?

Infinity Creation ကနေပြီးတော့ ထပ်မံအခွဲတစ်ခုအနေနဲ့ အများအကျိုးပြု စာကြည့်တိုက်လေး တစ်ခုဖြစ်တဲ့ Infinity Library ဆိုတဲ့ Audio books channel and Library ကိုလည်း ဖွင့်လှစ်ထားပါတယ်ရှင့်။

Infinity Library မှာ ဆိုလျှင် အမြင်အာရုံချို့ယွင်းသူများလည်း စာအုပ်များကို နားထောင်လို့ရအောင် အဓိက အနေနဲ့ Audio Books များကို တင်ပေးသွားမှာ ဖြစ်ပြီးတော့ Infinity Library ဆိုတာကလည်း အားလုံးနဲ့မတူ တမူထူးခြားအောင် စာအုပ်တိုင်းရဲ့ Audio Books အပြည့်အစုံကို တင်ပေးသွားမယ့် Library channel တစ်ခုလည်း ဖြစ်ပါတယ်ရှင့်။ 😻

ဘယ်လိုလူတွေ လာရောက်ပြီးတော့ ပါဝင်အားဖြည့်သင့်သလဲ?

လမ်းပျောက်နေတဲ့ လူငယ်တွေ ၊ ကိုယ့်ရဲ့ စွမ်းရည်တွေကို ချပြဖို့ရာအတွက် အခွင့်အရေး မရသေးတဲ့ သူတွေ စသည်ကဲ့သို့သော လူငယ်တွေအပြင် ကိုယ့်ရဲ့ Skills တွေကို မြှင့်တင်ချင်တဲ့ လူတိုင်း မည်သူမဆို ပါဝင် လျှောက်ထား အားဖြည့်ရင်းနဲ့ အတူတူ ကုသိုလ်ယူလို့ ရပါတယ်ရှင့်။ 😍

ခေါ်ယူမယ့် Position လေးတွေကတော့.... 😘

*⚡️ Social Media Department*

✨ Content writer (2 posts)

✨ Graphic Designer (3 posts)

✨ Video Editor (3 posts)

✨ Translator (3 posts)

✨ Voice Actor (5 posts)

*⚡️ Operation Department*

✨ Coordinator Team leader (1 post)

✨ Project Coordinator (2 posts)

✨ Web developer & Social user (4 posts)

*⚡️ HR Department*

✨ PR officer (2 posts)

✨ HR Team members (1 post)

✨ Training & Development Team leader (1 post)

✨ Volunteer Coordinator (1 post)

*⚡️ Training & Development Team*

✨ Content writing (1 post)

✨ Leadership & Management (1 post)

✨ Vocal trainer ( vocal & Rap ) (2 posts)

✨ Video / audio editor trainer (2 posts)

စသည်တို့ပဲ ဖြစ်ပါတယ်ရှင့်။

💗 Experience အတွက်က စိတ်မပူနဲ့နော်။ ယုံကြည်ချက် အပြည့်နဲ့သာ လာခဲ့ပါရှင့်။ အရှေ့က စီနီယာတွေကနေပြီးတော့လည်း ကူညီသင်ကြား ပြသပေးသွားမှာ ဖြစ်သလို Training တွေကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Skills တွေကိုလည်း မြှင့်တင်လို့ရသလို မရှိသေးတဲ့ Skills တွေကိုလည်း ဖြည့်တင်းလို့ ရပါတယ်ရှင့်။

💗 ထို့အပြင် Volunteer လုပ်ရင်းနေပြီးတော့ Networking တွေ ရရှိနိုင်တဲ့အပြင်ကိုမှ Training တွေကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် Skills တွေကို အပြည့်ဖြည့်နိုင်မှာ ဖြစ်တဲ့အပြင် Volunteer ကာလ (၃) လ နှင့်အထက် ဆိုလျှင်တော့ IC ဘက်ကနေပြီးတော့ Certificate and Recommendation Letter ကိုလည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

💗 အခုလိုမျိုး အကျိုးကျေးဇူး များစွာ ရရှိတဲ့ Volunteer နေရာလေးကို လာရောက်ပြီးတော့ အတူတူ ကုသိုလ်ပါဝင် ယူချင်တယ် ဆိုလျှင်တော့....

Registering Form Link - https://forms.gle/1nE92AS9gA5B6E2b6

မှာ စာရင်းသွင်းပြီး Form ဖြည့်လို့ ရပါတယ်ရှင့်။

*‼️ တစ်ခုတော့ မှတ်ထားပေးဦးနော်။ ‼️***

Form Deadline - 31. January. 2025

💗 ထို့အပြင် Form ကနေမှ အရွေးချယ်ခံလိုက်ရတဲ့ သူလေးတွေကိုတော့ Deadline အပြီး တစ်ပတ်အတွင်း ဆက်သွယ်ပေးသွားပြီး Mail ပို့သွားမှာ ဖြစ်တဲ့အတွက် Gmail Inbox and Spam Box တွေမှာပါ အကုန်လိုက်စစ်ပေးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ရှင့်။

ဒါဆိုရင်တော့ အားလုံးပဲ....

Welcome to Infinity Creation!

#Infinity_Creation
#June

1 Jahr, 6 Monate her
Collaboration >>> [check here](https://t.me/ICteam_TG/1156)

Collaboration >>> check here

1 Jahr, 6 Monate her
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago