Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Shwe Moe

Description
Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d


မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

2 days, 16 hours ago
ဒီလို အချိန်က အားနည်းချက်တွေနဲ့ ဥပဒေအတိုင်း မဆောင်ရွက်နိုင်တဲ့အချိန်၊ အများကြီး …

ဒီလို အချိန်က အားနည်းချက်တွေနဲ့ ဥပဒေအတိုင်း မဆောင်ရွက်နိုင်တဲ့အချိန်၊ အများကြီး လှုပ်ရှားလို့မရတဲ့ အချိန် —

ဒါကို အခွင့်အရေးယူပြီး ကိုယ့်အသိစိတ်နဲ့ ကိုယ် စည်းကမ်းမရှိရင်၊ စည်းကမ်းပျက် လောက်ကောင်တွေကို ရတဲ့နည်းနဲ့ တရားမစီရင်နိုင်ရင် — ငါတို့တော်လှန်ရေးက zoom ထဲကထွက်နိုင်မှာမဟုတ်ဘူး။

#MaShweMoeKorea

2 days, 17 hours ago
စိတ်ထားလေးတခု — ***🙃***

စိတ်ထားလေးတခု — 🙃

#MaShweMoeKorea

2 days, 18 hours ago

တစ်ယောက် သင်္ကန်း တစ်ယောက်က ဘောင်းဘီ — အပေါ်ယံကွာခြားတာကလွဲရင် စိတ်ယုတ်မာရှိတာခြင်းကတူနေပါပြီ။

အာဏာစသိမ်းကတည်းက PDF ရဲဘော်တွေကို နာမည်ဖျက်၊ အထင်သေးအမြင်သေးနဲ့ စော်ကားခဲ့တဲ့ ပုဂ္ဂိုလ်တွေ အခုတော့တစ်ယောက်က ကျည်ကာနဲ့တစ်ယောက်က ကယ်ကြပါဦးလို့ မအော်ရုံတမယ်ပဲ။

PDFကိုတချိန်လုံး စိန်ခေါ်နေတဲ့သူတွေထဲမှာ သူတို့တွေလည်းပါတယ်။မင်းတို့ PDFကို မကြောက်ဘူး ငါ့နာမည်ဇော်ဘုန်းဟိန်း၊ပြင်ဦးလွင်မှာနေတာ သတ္တိရှိရင် လာသတ်လို့ပြောပြီး ပုံမှာကတော့မြင်တဲ့အတိုင်းပဲ၊ဟိုသင်္က္ကန်းခြုံလည်း ထိုနည်း၄င်း။

လက်ရှိအချိန်မှာ ဘောမဘက်ကလူတွေရဲ့ စိတ်မှာသူတို့ထောက်ခံပါတယ်ဆိုတဲ့ စစ်တပ်ကြီးကို ယုံကြည်မှုနည်းလာသလို၊ PDFတွေကိုလည်း လျော့မတွက်ရဲတော့ဘူး။

သူတို့ကိုယ်တိုင် နေတာ၊ထိုင်တာ၊သွားတာ၊လာတာကအစ အရမ်းကိုဂရုစိုက်ပြီး နေထိုင်နေကြတာကိုမြင်နေရတယ်။

အကြောင်းက PDFတွေက သူတို့ထင်တာထက်ပိုပြီး လက်ဇောင်းထက်လာလို့ပဲ။ ကျန်တာမကြည့်နဲ ဒင်းတို့ ဘတ်ဘတ်ကြီးကိုယ်တိုင် ခုဆိုသူဘယ်မှာရှိပြီး ဘာလုပ်နေတယ်ဆိုတာကို နေပြည်တော်စစ်ရုံးထဲက သူတွေကိုတောင် ပေးမသိတော့ဘဲ သူ့ကိုယ်ရံတော်တပ်ဖွဲ့လောက်ကိုပဲ ပေးသိတော့တယ်။

ဒါကိုကြည့်ခြင်းအားဖြင့် PDFတွေရဲ့တိုက်ခိုက်မှုက ဘယ်လောက်ထိရောက်တယ်ဆိုတာ ဘောမတွေဘက်ကငြင်းမရတဲ့ သက်သေပဲ။

#MaShweMoeKorea

1 week, 2 days ago
ပြစ်ဒဏ်ကျခံတာချင်းအတူတူ လူစိတ်ရှိတဲ့ အဖွဲ့အစည်းအောက်မှာ ပြစ်ဒဏ်ကျခံရတော့ လူသားချင်းစာနာစိတ်နဲ့ လွှတ်ပေးလိုက်တာကို …

ပြစ်ဒဏ်ကျခံတာချင်းအတူတူ လူစိတ်ရှိတဲ့ အဖွဲ့အစည်းအောက်မှာ ပြစ်ဒဏ်ကျခံရတော့ လူသားချင်းစာနာစိတ်နဲ့ လွှတ်ပေးလိုက်တာကို မြင်ရတယ်။

စစ်ကောင်စီသာ CDMတွေကို အခုလို ဖမ်းထားရင် ဘယ်လောက်ကြာအောင်ထောင်ထဲထည့်ထားမယ်ထင်လဲ ။

#MaShweMoeKorea

1 week, 2 days ago
မြ၀တီကို အလုံးစုံ ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်ဟာ အောင်ဇေယျစစ်ကြောင်းဆိုတဲ့ နာမည်နဲ့ …

မြ၀တီကို အလုံးစုံ ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်ဟာ အောင်ဇေယျစစ်ကြောင်းဆိုတဲ့ နာမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးသတ်မှတ်ပြီး လူအင်အား၊လက်နက်အင်အားအပြည့်နဲဲ့ ကရင်ပြည်နယ်ထဲကို စစ်ကြောင်းထိုးလာပါတယ်။

စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့် ဒေါနတောင်ခြေမှာပဲ တပ်လန်ကျတာ အကြိမ်ကြိမ်ရှိနေပါပြီ။ သေဆုံးသူ ခန့်မှန်းခြေတစ်ရာ
ခန့်ရှိသလို အရှင်ဖမ်းမိသူ ၅၀ကျော်နဲ့ ထွက်ပြေးသူတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းတချို့ဆုံးရှုံးခဲ့သလို၊ သံချပ်ကာ ကားတွေကအစ ချန်ထားပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာတွေလည်း တွေ့ရပါတယ်။

ကရင်ပြည်နယ်ထဲမှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုကလည်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ယခုထက်ပိုပြီး ရှေ့ဆက်တိုးလို့မရအောင် ဟန့်တား တိုက်ခိုက်နေသလို ၊ စစ်ကောင်စီဘက်မှလည်း ယိုးဒယားထိတက်သိမ်းခဲ့တဲ့ ဦးအောင်ဇယျအမည်ကို အသုံးပြုပြီး တက်လာပေမယ့်လည်း လက်ရှိမှာ မြ၀တီရောက်ဖို့ဝေးစွ ဒေါနတောင်ခြေမှာပဲ အလောင်းတွေပုံနေပြီး တိုင်ပတ်နေပါတယ်တဲ့ ရှင် !  ။

#MaShweMoeKorea

1 week, 2 days ago
တဖြည်းဖြည်းနဲ့ မြောက်ကိုရီးယားနဲ့တူဖို့ သိပ်မလိုတော့ဘူး။

တဖြည်းဖြည်းနဲ့ မြောက်ကိုရီးယားနဲ့တူဖို့ သိပ်မလိုတော့ဘူး။

လူ့အခွင့်အရေးဆိုတာတွေလည်း မရှိတော့သလို နေရာတကာအမိန့်တခုနဲ့ပဲ အုပ်ချုပ်ဖို့ကြိုးစားလာကြတယ်။အကြမ်းဖက်စစ်တပ်ဟာ နောက်မျိုးဆက်ကိုရတဲ့နည်းနဲ့ brainwash လုပ်ပြီး ဦးချိုးဖို့ကြိုးစားသွားမှာပဲ။

လက်ရှိမှာ GZတွေကြောင့် ဒုက္ခလှလှကြီးတွေ့လာတဲ့ အကြမ်းဖက်စစ်ကောင်စီက နောက်တက်လာမယ့် ကလေးတွေကို တော်လှန်ရေးနဲ့ အလှမ်းကွာပြီး တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတဲ့ စိတ်မျိုးနဲ့ စစ်တပ်ကို အာခံလို့ ဘယ်တော့မှရမှာ မဟုတ်ပါဘူးကွာဆိုတဲ့ အသိမျိုးဝင်လာအောင် လုပ်ကြမှာအေသအချာပါပဲ။

ဒါကြောင့် ဒီတပွဲက ကျမတို့အတွက်ရော အကြမ်းဖက် အာဏာရှင်စစ်တပ်အတွက်ရော နောက်ဆုံးပွဲလို့ သုံးနှုန်းကြတာ။ လက်ရှိမှာ အာဏာရှင်ကိုတော်လှန်နေကြတဲ့ သူတွေဟာ ဒီတိုင်းပြည်အတွက် နောက်ဆုံးမျိုးဆက်ပဲ။

ဒီမျိုးဆက်မှာမှ မနိုင်ဘူးဆိုရင် အာဏာရှင်ကိုထပ်မံဆန့်ကျင်ပြီး ခုထက်ပိုပြီး တော်လှန်နိုင်မယ့် မျိုးဆက်တခုက ထပ်ရှိလာဖို့ မလွယ်တော့သလို တနိုင်ငံလုံးလည်း အကြံတုံး၊ ဥာဏ်တုံးဘ၀နဲ့ မြောက်ကိုရီးယားထက်ဆိုးဝါးတဲ့ ဖိနှိပ်မှုတွေကို ကြုံတွေ့လာရမှာဖြစ်တယ်။

ဒါကြောင့် ကျမတို့နိုင်ကိုနိုင်အောင်တိုက်ဖို့လိုတယ်လို့ပြောနေရတာ။

#MaShweMoeKorea

2 weeks, 2 days ago

နိုင်ငံခြားရောက်တယ်လို့ ဘလိန်းနေကြတဲ့သူတွေကြည့်ကြပါ— သူများနိုင်ငံမှာ ဘယ်သူမှမနေချင်ကြဘူး။ ကိုယ့်နိုင်ငံမှာ ပိုဆိုးလို့ သူများနိုင်ငံထွက် အလုပ်ရတာ။

နိုင်ငံခြားရောက်မြန်မာတွေဟာအနည်းဆုံးတစ်ခါလောက်တော့ အနှိမ်ခံရ၊ခေါင်းပုံဖြတ်နှိပ်စက်ခံရတာကို ကြုံဖူးတဲ့သူတွေချည်း—သူတို့က ကိုယ်တွေကို ဈေးပေါတဲ့အလုပ်သမားတွေအဖြစ် ပဲမြင်ကြပါတယ်။

အိုမန်က မြန်မာအမျိုးသမီးတွေတဲ့— သူတို့ပြောပုံအရ ဖိလစ်ပိုင်မကရိုက်တော့ ကောင်မလေးတစ်ယောက်က ပြန်ရိုက် တစ်ယောက်က သတိလစ် တစ်ယောက်ကငို..

ရင်ထဲမကောင်းလိုက်တာ။

#MaShweMoeKorea

2 weeks, 2 days ago
ရွေးချယ်စရာအများကြီး မကျန်တော့ဘူး အစ်ကိုတို့ မောင်တို့ရေ—

ရွေးချယ်စရာအများကြီး မကျန်တော့ဘူး အစ်ကိုတို့ မောင်တို့ရေ—

ဘာလုပ်မှာလဲ ၊ ဘာလုပ်ကြမလဲဆိုတာ ကိုယ့်အပေါ်ပဲမူတည်တော့တယ်။

ရန်သူဟာ ရန်သူပီသစွာလုပ်တယ် သူ့မှာပြည်သူဆိုတာမရှိဘူး၊ သူကိုယ်တိုင်လည်း အုပ်ချုပ်သူ အစိုးရဆိုတာထက် လမ်းဘေးက လူမိုက်ဂန်းစတားဆန်ဆန်ပဲ တိုင်းပြည်ကို အုပ်ချုပ်ဖို့ကြိုးစားနေတယ်။

ရှင်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးချယ်ခွင့်ဆိုတာထက် လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ချောင်ပိတ်ရိုက်ပြီး သူတို့ဆင်ထားတဲ့ အကွက်ထဲ မဝင် ဝင်အောင်ရိုက်ထည့်နေတယ်ဆိုတာ သိဖို့လိုပြီ။

ဒီအချိန်ထိ အညာလို၊ ကရင်နီလို သူသေကိုယ်သေ မတော်လှန်ဘဲ ကယ်တင်ရှင်ရှာနေသေးတယ်၊ မျှော်နေသေးတယ်၊ နောက်ဆုံးမဖြစ်မနေဆိုတဲ့ အချိန်ထိစောင့်ကြည့်ချင်သေးတယ်ဆိုရင်လည်း သဘောပါပဲ။

အရာအားလုံးက ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ ကိုယ်ပဲလေနော်။

ကျမတို့ကတော့ ရှင်တို့ကို သတိပေး၊ နှိုးဆော်တာလောက်ပဲ တတ်နိုင်ပါတယ်။

#MaShweMoeKorea

2 weeks, 2 days ago

ကြိမ်ဒဏ် (၁၀) ချက် ၊ အလုပ်ကြမ်းနှင့် ပြစ်ဒဏ် ( ၁ ) လအပြင် တခြားလူမှုရေး ကူညီရမယ်ဆိုတဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့ခြင်းအတွက် ကြိုဆိုပါတယ်။

အသက်နဲ့ရင်းပြီး တော်လှန်နေကြတဲ့ ရဲဘော်တွေနဲ့ ဒုက္ခကိုခါးစည်းခံနေရတဲ့ ပြည်သူတွေရဲ့ မျက်နှာကိုငဲ့ပြီး ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေကို ကိုယ့်အောက်ခြေရဲဘော်တွေ ကိုယ်တိုင်က ချိုးဖောက်တာမျိုးမဖြစ်အောင်ပဲ ဂရုစိုက်ပေးကြပါ ။

တာ၀န်ရှိသူတွေနဲ့ သက်ဆိုင်ရာလူကြီးတွေ အားလုံးကို လေးစားပါတယ် ...

#MaShweMoeKorea

3 weeks, 4 days ago
Shwe Moe
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago