Shwe Moe

Description
Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d


မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

9 months, 1 week ago
ထိုင်းဘက်က လျှပ်စစ်မီးနဲ ထိန်ထိန်ညီးခဲ့တဲ့ Kkpark အခုတော့ အမှောင်တိဖုံးနေပြီ။

ထိုင်းဘက်က လျှပ်စစ်မီးနဲ ထိန်ထိန်ညီးခဲ့တဲ့ Kkpark အခုတော့ အမှောင်တိဖုံးနေပြီ။

နစ်နာတဲ့လူတွေကိုသာ လွှတ်ပေးနေတာ အခုချိန်ထိတော့ ဦးဆောင်တဲ့ခေါင်းဆောင်တွေကို ဖမ်းလိုက်ပါတယ်လို့ မကြားမိသေးဘူး။

(Admin)

9 months, 1 week ago

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်တပ်၏ ပွိုင့် ၅၄၁၆ တောင်ကတုံးစခန်း (စစ်ဆင်ရေး ခြေကုပ်စခန်း) ကို ကရင်နီတပ်မတော်(KA)က ယမန်နေ့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ရရှိပြီး ထုတ်ပြန်လာတဲ့ ရုပ်သံ

(Admin)

9 months, 1 week ago
အကယ်ဒမီအမှိုက်ပုံး

အကယ်ဒမီအမှိုက်ပုံး

(Admin)

11 months, 3 weeks ago

ဘာတွေလဲ — ?

December 7th, 2024
#MaShweMoeKorea

11 months, 3 weeks ago
ဒီဇင်ဘာ (၇) ကိုရိးယားသတင်း updates

ဒီဇင်ဘာ (၇) ကိုရိးယားသတင်း updates
(ဗဟုသုတ အနေနဲ့ဖတ်ချင်သူများအတွက်)
https://www.facebook.com/share/p/1HZgc6F5uV/?

December 7th,2024
#MaShweMoeKorea

11 months, 3 weeks ago
၂၂၀ ကျော် ***?***

၂၂၀ ကျော် ?

December 7th,2024
#MaShweMoeKorea

12 months ago
NUG ဘာတွေကြာတာပါလိမ့် ..?

NUG ဘာတွေကြာတာပါလိမ့် ..?

❝ စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာနေလို့ မြို့နယ်ပအဖသေဒဏ်ချမှတ် — CJ Platform ❞ ဆိုတဲ့ သတင်းကိုဖတ်ပြီးရေးတာပါ။

CJ သတင်းကပဲ ပွါးထားတာလား၊ စလင်း ပကဖကပဲ ပွါးတာလား၊ တခုခုတော့ မှားနေပြီဗျို့။ NUG ကျထည့်မပြောဘူးလို့ အပြောမစောနဲ့ဦး။ CJ သတင်းဌာနက NUG ကို မဗျူးထားတော့ NUG ပွါးလား မပွါးလား မသိရလို့…။

( ‘ဒီကိစ္စကို စစ်ကောင်စီပြောရေးဆိုခွင့်ရသူ ဇော်မဲလုံးကို မေးမြန်းခဲ့ပေမယ့် ဖုနိးမကိုင်ပါဘူးရှင်၊ စာမပြန်ပါဘူးရှင်၊ အဖြေမပေးပါဘူးရှင်’— ဒါတွေက အလကားပြောတာမဟုတ်ဘူး၊ နှစ်ဦးနှစ်ဘက်မေးတယ် ဆိုတာ ထည့်ပြောတာပါ)

ဒါကြောင့် CJ သတင်းနဲ့ စလင်း ပကဖကိုပဲ ကျမ သိချင်တာတွေ မေးလိုက်ပါတယ်။ အွန်းလိုင်းပေါ်တက်ပြီးသွားတဲ့ သတင်းမို့ အွန်လိုင်းကမေးရတာပါ။

▬▬▬▬

တော်လှန််ရေးကာလမှာ တရားရုံးမရှိတဲ့နေရာတွေမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက တရားစီရင်ရေးဆိုင်ရာ တာဝန်တွေကို လုပ်ပိုင်ခွင့်ရှိတယ်လို့ နားလည်ထားပါတယ်။

ဆိုတော့ ပထမမေးခွန်းက တရားရုံးမရှိတဲ့ စလင်းပကဖ က သူလုပ်ရမယ့် အလုပ်လုပ်တာ မဟုတ်ဘူးလားဟင်။

▬▬▬▬

‘သေဒါဏ်’ ချရမယ့် အမှုကြီးကြီးမို့ NUG တရားရေးဌာနကိုတင်တယ်၊ NUG တရားရေးဌာနက အရေးယူဖို့ နှောင့်နှေးခဲ့တယ်၊ ဒါကြောင့် ဒီသတင်းတက်လာတာဖြစ်မယ်လို့ ဖြစ်မယ်လို့ တွေးမိလို့ စုံစမ်းကြည့်တော့ အဲ့ဒီ့ အမှုက စလင်းပကဖ က NUG တရားရေးဌာနကို တင်ပြထားတာ မရှိဘူးလို့ ကြားတယ်နော်။

CJ သတင်းဌာန သေချာစုံစမ်းကြည့်ပါဦး။ သတင်းမှားနေမှားစိုးလို့။

▬▬▬▬

သတင်းထဲမှာ NUG တရားရေးဌာန ဒီလူယုတ်မာကြီးကို စီရင်ချက်ချဖို့ လုပ်ငန်းစဉ် နှောင့်နှေးတယ်ဆိုလို ရက်တွက်ကြည့်တယ်။

ရာဇ၀တ်မှုက အောက်တိုဘာ ၂၁ ရက်က ဖြစ်တယ်၊သံသယရှိသူကအောက်တိုဘာ ၂၂ ရက်နေ့မှာ ဝန်ခံတယ်။ NUG တရားရေးဌာန က နှောင့်နှေးလို့ နိုဝင်ဘာ ၁၅ မှာ စလင်း ပဖက သေဒဏ်ချတယ်ဆိုတော့.. ကြာချိန် က (၃)ပတ်။

အချိန် (၃) ပတ်ဆိုတာက ‘မုဒိမ်းနဲ့ လူသတ်မှု’ အတွက် NUG တရားရုံးကစုံစမ်းစစ်ဆေးဖို့ လုံလောက်တဲ့ အချိန်လားဟင်?

▬▬▬▬

ဒါဆို စလင်းပကဖ က NUG တရားရေးဌာနနဲ့ မဆွေးနွေးပဲ ‘သေဒါဏ်’ အထိပေးလို့ရတာလား။

▬▬▬▬

ဒါကတော့ ကျမက ရဲ့ မှုခင်း အသိပါ။

သီအိုရီအရတော့ စုံစမ်းစစ်ဆေးဖို့နဲ့တရားစီရင်ရေးမဏ္ဍိုင်ပြီးဖို့ သုံးပတ်
အတွင်း စီရင်ချက်ချဖို့ ဖြစ်နိုင်ပါတယ်။တိုင်းပြည်တည်ငြိမ်နေတဲ့ အချိန်တောင်တကယ်မလွယ်ပါ။ စလင်းပကဖက အတော့်ကို ကြိုးစားထားပုံရပါတယ်။

ရာဇဝတ်မှုကြီးတွေ (အထူးသဖြင့် မုဒိမ်းမှု၊ လူသတ်မှု) ပြစ်မှုကို သံသယရှိသူက ဝန်ခံပြီ။ ဒါပေမဲ့ တရားမျှတတဲ့ တရားစီရင်ရေးစနစ်မှာ ဝန်ခံတာ တစ်ခုတည်းနဲ့ လိုအပ်တဲ့ သက်သေစံနှုန်းတွေနဲ့ မပြည့်မီပါဘူး။

တစ်ခါတလေ ‘ကျနော်ကြောက်လို့ ဝန်ခံလိုက်ရတယ်၊ အတင်းအကြပ် အတင်းအကျပ် ခိုင်းစေလို့ ဝန်ခံလိုက်ရတယ်’ လို့ စောဒကတက်လို့မရအောင် အထောက်အထား တွေလိုအပ်တယ်မဟုတ်လား။

❝ ကျွန်မတို့ စိုးမိုးနယ်မြေအရ စကစနဲ့ အားပြိုင်မှုတွေရှိသလို ကျွန်မတို့ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ပီပြင်ရေးအတွက် ပြည်သူတွေရဲ့ ကိစ္စတော်တော်များများကို အချိန်မီ ‌ဖြေရှင်းဆောင်ရွက်ပေးရတာတွေရှိပါတယ်။

နှောင့်နှေးကြန့်ကြာပြီး အချိန်တွေတအားဆွဲနေခြင်းက ကျွန်မတို့မြေပြင် လုပ်ဆောင်နေရသူတွေအတွက် အဆင်မပြေသလို ပြည်သူလူထုယုံကြည်မှုတည်ဆောက်ရေးကဏ္ဍလည်း အလိုလို Fail Down ဖြစ်စေပါတယ်" လို့ စလင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်က ပြောပါတယ်။ ❞

ဒါတွေစုံအောင်ရလိုက်တယ်ဆို စလင်းပကဖက အတော့်ကို ကြိုးစားထားပုံရပါတယ်။

▬▬▬▬

စလင်းပကဖ က NUG တရားရေးဌာနကိုတရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ‘ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂(က) သေဒါဏ်’ ကို (၃) ပတ်အတွင်း အမြန်လုပ်ဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။

‘သေဒါဏ်’ လို အရေးကြီးတဲ့ ဥပဒေရေးရာကိစ္စရပ်ကို ဒီလို သတင်းရေးထားတာ အတော့်ကို ပရော်ဖက်ရှင်နယ် မကျတာတော့ အမှန်ပဲရှင့်။ CJ သတင်းဌာနရော၊ စလင်း ပကဖ ရောပြည်သူတွေ အယုံအကြည်ကင်းမဲ့နိုင်သလို NUG ရဲ့ ဗဟိုအာဏာရော ထိခိုက်စေပါတယ်။

မေးခွန်းတွေက အများကြီး— သံသယရှိသူက ရှေ့နေရှိလား၊ စိတ်ရောဂါဖြစ်နေလို့လား၊ အဖွဲ့အစည်းတစ်ခုက ခိုင်းစေတာလား၊ ကြံရာပါရောရှိလား၊ဒါတွေအကုန်လုံးသိပြီး မှတ်တမ်းတင်ထားလား၊ ‘လား’ တွေအများကြီး..။

▬▬▬▬

ဟုတ်ကဲ့—

‘စလင်းမြို့နယ်က တော်လှန်ရေးစိုးမိုးနယ်မြေတွေထဲ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရေးအပြင် ပြည်သူတွေ ဘေးကင်းလုံခြုံစွာ တရားဥပဒေနဲ့အညီ နေထိုင်နိုင်ရေးအတွက် အထူးကြိုးစားဆောင်ရွက်နေတဲ့ မဟန်နီကယ်’ တို့ရေ—အဲ့ဒီ့ သတင်းက ရန်ဖြစ်နေသလိုကြီးပါ။

အဖွဲ့အစည်းတစ်ခု တည်းဖြစ်တဲ့ စလင်းပကဖ နဲ့ NUG တရားရေးဌာန ကြား ဆက်သွယ်ရေးပရိုတိုကောတွေ၊တာဝန်ခံမှုဆိုင်ရာ ကိစ္စတွေလုပ်ဖို့ ဆက်ဆံရေး မကောင်းဘူးလို့ အဓိပ္ပါယ်ရပါတယ်။ နောင်ဆင်ခြင်နိုင်ကြဖို့ပါ။

▬▬▬▬▬▬▬▬

မရွှေမိုး-ကိုရီးယား
November 30th, 2024.
#MaShweMoeKorea

12 months ago
ဟုတ်တယ် ကျော်စိုးဦးနဲ့ဇော်ဘုန်းဟိန်း ပေါင်းပြီး ကြံလိုက်တာ

ဟုတ်တယ် ကျော်စိုးဦးနဲ့ဇော်ဘုန်းဟိန်း ပေါင်းပြီး ကြံလိုက်တာ

ကျော်စိုးဦးက သတင်းသမားဆိုတော့ မင်းမင်းသတင်းကိုပေးတယ်၊ ဇော်ဘုန်းဟိန်းက သတ်ဖို့လူလွှတ်ပေးတယ် ။

မယုံရင် အဲ့နှစ်ကောင်ကို ဖမ်းပြီး စစ်ကြောရေးမှာမေးကြည့် အဖြေပေါ်လိမ့်မယ် — ?

November 30th, 2024
#MaShweMoeKorea

12 months ago

ကွကိုယ် မလေးမှာနေရင် အကောင်း

ခုတော့ — ?

November 30th, 2024
#MaShweMoeKorea

1 year ago
Good Night

Good Night

ဒိုးကတော့ အိပ်ပြီ
နင်တို့ သိမ်းခံရတိုင်း ငိုပြီး ကျန်နေရတဲ့ သိမ်းငိုတွေတော့ အိပ်မနေနဲ့ ရင်တမမနဲ့ စောင့်နေလိုက်ကြဦး —

November 23rd, 2024
#MaShweMoeKorea

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago