OCTOPUS (ရေဘဝဲ) 🐙

Description
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 9 months ago

hace 1 año, 2 meses

💙ရေဘဝဲအောင်သံ (ရုပ်၊သံ)

" တရားမျှတဖို့ နှုတ်မဆိတ်၊
ရေဘဝဲလို ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့အခါ
ဦးနှောက်ကိုအသုံးပြုပြီး ကိုယ်ယောင်ဖျောက်
လှုပ်ရှားခဲ့ တိတ်တဆိတ် "

ရေဘဝဲအောင်သံသည် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၁ နှစ်ပြည့်အထိမ်းအမှတ်တွင် ဖြန့်ချီခဲ့သော တော်လှန်ရေးတေးသံဖြစ်ပြီးတနည်း OCTOPUS anthem လည်းဖြစ်သည်။

ရေဘဝဲ၏ သပိတ်လှုပ်ရှားမှု မှတ်တမ်းရုပ်သံများတွင် သတင်းကြည့်ရှုသူမိဘပြည်သူများ စိတ်ဓါတ်တက်ကြွမှုစေရန်အတွက် နောက်ခံဂီတသံအဖြစ်လည်း ထည့်သွင်းအသုံးပြုလျက်ရှိသည်။

ရေဘဝဲ၏ ဒိုင်းကာအဖွဲ့အဖြစ်မှ မြေအောက်သပိတ်အဖွဲ့အစည်းတခုအဖြစ် တော်လှန်ရေးလိုအပ်ချက်အရ ဆင့်ကဲပြောင်းလဲလာမှုများကို ကိုယ်တိုင်ရိုက်မှတ်တမ်းရုပ်သံ၊ ဓါတ်ပုံများဖြင့် အမှတ်တရဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်မြောက်မည်ဖြစ်သည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရေဘဝဲအောင်သံ
#OCTOPUS #ရေဘဝဲ

hace 1 año, 3 meses

တရုတ်ဘုံကျောင်းတွင် ရေဘဝဲမှတကိုယ်တော်ဆန္ဒပြ
(ရုပ်သံ)

ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတန်းကိုကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

It has been 4 years since the military staged the coup!

" လေးနှစ်တာကာလတလျောက် နိုင်ငံတော်တဝန်းကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်းတက်တာတွေကအစ လျှပ်စစ်မီးမှန်မှန်မရတာတွေ ၊ပေါ်တာဆွဲခံရတာတွေ၊ ပြည်ပထွက်ခွင့်တင်းကျပ်ပိတ်ပင်တာတွေ၊မိသားစုတွေ ရှင်ကွဲသေကွဲကွဲနေရတာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲခံရတာတွေအဆုံးစတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အထွေထွေဖိနှိပ် ဖျက်စီးမှုတွေကြား ပြည်သူလူထုနဲ့အတူ တသားတည်း ရင်ဆိုင်အန်တုလျက်ရှိပါတယ်။ဒီလိုအထွေထွေဖိနှိပ် ဖျက်စီးခံနေရတဲ့ အ​ကျိုးတရားတွေဟာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ အကြောင်းတရားကြောင့်ပဲဖြစ်ပါတယ်။

အခုလည်း စစ်တပ်ဟာ တရုတ်အစိုးရရဲ့ထောက်ပံ့ကူညီမှုနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖိအားအမျိုးမျိုးပေးနေသလို၊ သူတို့ပဲမဲပေး သူတို့ပဲအုပ်ချုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ စီစဥ်နေတာလည်းအားလုံးအသိပါပဲရှင်။

ကမ်းကုန်အောင်မိုက်တဲ့စစ်အာဏာရှင် သက်ဆိုးရှည်လာလေလေ၊ ကျွန်မတို့ပြည်သူလူထုရဲ့နေ့စဥ်လူမှုဘဝ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး ပိုပိုကျပ်တည်းလာဖို့ပဲရှိတာမို့ ဒီစနစ်ဆိုးအမြန်ချုပ်ငြိမ်းဖို့အတွက် နည်းနာပေါင်းစုံ ပရိယာယ်မျိုးစုံအသုံးပြုပြီး ရရာတာဝန်ယူကာ ကျွန်မတို့အတူတူ ဆက်လက် အန်တုတွန်းလှန်ကြပါစို့။ "

အထွေထွေဖိနှိပ်မှုကို အန်တုကြ
ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

သတင်းထုတ်ပြန်သည့်ရက်စွဲ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ခုနှစ်၊ ရန်ကုန်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#whatshappeninginmyamar
#ရန်ကုန်မှာပြန်ဆုံမယ်
#Flashmob #Protest
#OCTOPUS #ရေဘဝဲ

hace 1 año, 3 meses
❝အထွေထွေဖိနှိပ်မှုကို အန်တုကြ၊

❝အထွေထွေဖိနှိပ်မှုကို အန်တုကြ၊
ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့❞

မိဘပြည်သူများရှင်

ဖိနှိပ်ကျပ်တည်းမှုအလီလီကြားက ကြမ်းတမ်းရက်စက်မှုအချီချီကို ခေါင်းငုံ့မခံ ရုန်းကန်အန်တု နေရတဲ့ ကျွန်မတို့ လူထုရဲ့ နွေဦးတော်လှန်ရေးဟာ မကြာမီများမှာဆို ၄ နှစ်တိတိပြည့်ပါတော့မယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုခါစကာလများနဲ့ယှဥ်ရင် လက်ရှိမှာ ပြည်သူ့တော်လှန်‌ရေး အင်အားစုများဟာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကို တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အရှုံးအလီလီနဲ့ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ အထင်းသားပါပဲ။

ဒီအတောအတွင်းမှာ ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေ တာကစလို့ လက်ရှိလျှပ်စစ်မီးမမှန်ကန်တာတွေ၊ အလုပ်အကိုင်အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။

အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေလည်းရန်သူက ပိုမို ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ‌ဒေသတွေမှာ စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေးတိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ။

ဒီလိုပဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတစုံလုံးနိုင်ငံရေးအခြေအနေအရ ထွက်ပေါက်ရှာဖို့ တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတယ်။ တလျှောက်လုံးမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်နေလေ့ရှိတယ်။

ကျွန်မတို့ လူထုတရပ်လုံးက စစ်ကောင်စီရဲ့ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရပါဘူး။ ဒီထွက်ပေါက်တွေဟာ တိုင်းပြည်နဲ့လူထုကို ဖိနှိပ်တထက်ဖိနှိပ်၊ ရက်စက်သထက်ရက်စက်လာတဲ့၊ လူထုသွေးနဲ့ ခင်းဖောက်တဲ့ လမ်းတွေပါပဲ။

ဒီထွက်ပေါက်ကိုဖွင့်မနိုင်ဖို့အရေးလူထုကိုယ်တိုင် အုံကြွတော်လှန်တိုက်ပွဲဝင်မှရမယ်။ မတရားပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်။ စစ်ရေးလည်း မသာ၊ နိုင်ငံ‌ရေးလည်း မျက်နှာပန်းမလှဘူး၊ ဒါကိုမှ လူထုကပါ အင်တိုက်အားတိုက် တော်လှန်ကြမယ်ဆိုရင် အနှေးနဲ့အမြန် ရန်သူဟာ ပြိုလဲကျသွားမှာပါပဲ။

ဒီလေးနှစ်တာကာလပတ်လုံး ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေနဲ့ တော်လှန်အလံတွေအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

#အထွေထွေဖိနှိပ်မှုကိုအန်တုကြ
#ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့
#လူထုလှုပ်ရှားမှုအင်အားစုများ
#အာဏာသိမ်း၄နှစ်

hace 1 año, 5 meses

နိုင်ငံထဲက ကမ္ဘာ့အဆင့်မီဝရမ်းပြေးဟာဘယ်သူလဲ
ရေဘဝဲတို့၏ နှိုးဆော်သံ (ရုပ်၊ သံ)

ကမ္ဘာ့အဆင့်မီဝရမ်းပြေးတယောက် နိုင်ငံထဲတွင်ရောက်ရှိနေကြောင်းအစချီကာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုတွင် ပြည်သူလူထုအား Bluetooth Speaker ဖြင့်အသိပေးနှိုးဆော်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ကဖမ်းဝရမ်းထုတ်ဖို့ကြိုးစားနေတဲ့ အခြေအနေဟာ ပြည်သူလူထုအတွက် ဝမ်းသာကြိုစရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ ခေတ္တနားချိန်မဟုတ်သေးပါဘူး။အခုလို လက်နက်မဲ့နိုင်ငံရေးအန်တုလှုပ်ရှားမှုတွေလုပ်နေကြတာတွေဟာ ဘဘဟံသာဝတီိီီီဦးဝင်းတင်ပြောခဲ့သလို "အရေးတော်ပုံကြီးခရီးမဆုံးသေး၊ ကြိုးတန်းလမ်းလျှောက်ပြနေတာမဟုတ်" ပါဘူး။

အရေးတော်ပုံကြီး ဘယ်တော့ခရီးဆုံးမှာလဲ၊ဒါကြီး ဘယ်တော့ပြီးမှာလဲလို့ ပြည်သူလူထုအများစုက အမြဲမေးခွန်းထုတ်တတ်ပါတယ်။အရေးတော်ပုံကြီးဟာ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်ရက်ပြီးမယ်လို့ အချိန်ကာလတွေအပေါ်သုံးသပ်အဖြေရှာတာထက် ဘယ်လောက်လုပ်နေနိုင်ပြီလဲ၊ ဘယ်လိုအခြေအနေတွေကိုပုံဖော်နိုင်ပြီလဲ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ လုပ်ရပ်တွေအပေါ် ချဥ်းကပ်သုံးသပ်တာကပိုလက်တွေ့ဆန်တဲ့ ပကတိအရှိတရားကိုမြင်နိုင်ပါလိမ့်မယ်။စိတ်ဓာတ်၊ ကျန်းမာရေး၊ စုဖွဲ့မှု နဲ့ လုံခြုံရေးမကျိုးပဲ့စေပဲ အားလုံးအတူတူ ကြိုးစားကြပါစို့။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

သတင်းထုတ်ပြန်သည့်ရက်စွဲ
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်၊ ရန်ကုန်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ICC #ရန်ကုန်
#OCTOPUS #ရေဘဝဲ

hace 1 año, 5 meses
***✅***အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့မှာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့မှာ
ပြုလုပ်ခဲ့တဲ့ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ?

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

ဇူလိုင် ၁၃ ရက်စွဲ သတင်းဓါတ်ပုံဖြစ်သည်။

#ICC #ရန်ကုန်မှာပြန်ဆုံမယ်
#OCTOPUS #ရေဘဝဲ

hace 1 año, 6 meses
OCTOPUS (ရေဘဝဲ) 🐙
hace 1 año, 8 meses

?"ရေဘေးအတွက်သာလှူပြီး တော်လှန်ရေးအတွက်မကူ" ဟူသော အကြောင်းတရားဖြင့် လူထုအား စည်းရုံးရေးကင်းမဲ့စွာ တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း ပြစ်တင်ပြောဆိုနေသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများအား ကျွန်မတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ကန့်ကွက်ရှုတ်ချပါသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#SpringRevolution #YangonStrike
#OCTOPUS #ရေဘဝဲ

Facebook

Log in or sign up to view

See posts, photos and more on Facebook.

hace 1 año, 8 meses

https://www.facebook.com/share/p/i7W1MNZX5zg7nLLE/?mibextid=oFDknk
တရုတ်ရဲ့ စစ်အာဏာရှင်ဖက်ဆစ်စစ်‌ကောင်စီ
ကို အားပေးအားမြှောက်ပြုပြီး ဖက်ဆစ်တော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်နေမှုအပေါ် မြန်မာပြည်သူများအနေနဲ့ အထူးကန့်ကွက်ရှုံ့ချကြောင်း ဒီ တရုတ်သံရုံးပို့စ်အောက်မှာ Comment တွေ မန့်ပေးကြပါရှင်

Facebook

Log in or sign up to view

See posts, photos and more on Facebook.

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 9 months ago