ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 8 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 9 months, 1 week ago
ရန်ကုန်၊ဇန်နဝါရီ ၂၉။
ယနေ့ ရန်ကုန်တွင် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတ ရှီကျင့်ဖျင် တို့၏ ရုပ်ပုံများ၊ “China…Stop Your Hypocrisy! “, “China…Stop Killing Myanmar People by Supporting Fascist Criminals” စသည့်စာသားများပါဝင်သော ပိုစတာများအား ထောင်နှင့်ချီ ကြဲချခြင်း၊စတစ်ကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုကို ရန်ကုန်မြို့နေ တော်လှန်ပြည်သူလူထုနှင့်အတူ
- စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) နှင့်
- ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
၄င်းလှုပ်ရှားမှုမှတစ်ဆင့် မြန်မာပြည်သူလူထု၏လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်များကို ရက်စက်စွာ ဖိနှိပ် ခြင်းဖြင့်လည်းကောင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ရှိရာ စစ်ဘေးရှောင်စခန်းများ၊ ကျေးလက်ဒေသများ အပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတစ်ဆင့် စစ်ပွဲသုံးလေယာဥ◌် များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်လည်ကောင်း စသည့်နည်းလမ်းများဖြင့် ဖိနှိပ်သတ်ဖြတ်နေသည့် အာဏာရူး မင်းအောင်လှိုင်နှင့် အပေါင်းအပါ တစ်စုတို့အား အားပေးထောက်ခံရပ်တည်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များအပေါ် ကန့်ကွက် ရှုတ်ချပြီး တရုတ်အစိုးရအနေဖြင့် မြန်မာပြည်၏ ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့ ချီတက်လျှောက်လှမ်းနေသည့် နွေဥ◌ီးတော်လှန်ရေး၏ ရည်မှန်းချက် ပန်းတိုင်အပေါ် လေးစားခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း မပြုပဲ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းဖြင့် ရပ်တည်ပေးပါရန် ကျွန်ုပ်တို့ အင်အားစုများက ပြည်သူလူထုနှင့်ထပ်တူ တောင်းဆိုလိုက်သည်။
“China…Stop Your Hypocrisy”
“China…Stop Killing Myanmar People by Supporting Fascist Criminals”
#SCstrike
#owlcommunity
#Yangon4Brothers
#KyimyindaingNetworks_KMD18
#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#ChinaStopYourHypocrisy
❝အထွေထွေဖိနှိပ်မှုကို အန်တုကြ
ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ❞
═══════
မိဘပြည်သူတို့ခင်ဗျာ...။
ဖိနှိပ်ကျပ်တည်းမှုအလီလီကြားမှာ ကြမ်းတမ်းရက်စက်မှုအချီချီကို ခေါင်းငုံမခံ ရုန်းကန်အန်တုနေရတဲ့ ကျနော်တို့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင်မှာ ၄ နှစ်တိတိပြည့်ပါတော့မယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုခါစ ကာလများနဲ့ယှဥ်ရင် လက်ရှိမှာ ကျနော်တို့ ပြည်သူ့တော်လှန်ရေး အင်အားစုများဟာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကို တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အရှုံးအလီလီနဲ့ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ ဧကံအမှန်တရားတခုပါပဲ။
ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေတာကစလို့ လက်ရှိ လျှပ်စစ်မီး မမှန်တာတွေ၊ အလုပ်အကိုင် အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။ စစ်အင်အား လိုအပ်နေတဲ့အတွက်လည်း အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေ တဆင့်ပြီးတဆင့် ရန်သူက ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ဒေသတွေမှာလည်း စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေး တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ။
ဒီလိုပဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအခြေအနေအရ ထွက်ပေါက်ရှာဖို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်လာပြန်တယ်။ တလျှောက်လုံးမှာ စစ်ကောင်စီက သူ့အကျပ်အတည်းဖြစ်တိုင်း စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်လေ့ရှိတယ်။
ကျနော်တို့ ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုကို ဖိနှိပ်သထက် ဖိနှိပ်၊ ရက်စက်သထက် ရက်စက်လာဖို့လမ်းတွေပါပဲ။
ဒီထွက်ပေါက်ကို ဖွင့်မရနိုင်ဖို့အတွက် လူထုကိုယ်တိုင် အုံကြွတွန်းလှန်တိုက်ပွဲဝင်မှ ရပါမယ်။ မတရား ပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်။ စစ်ရေးလည်း မသာ၊ နိုင်ငံရေးလည်း မျက်နှာပန်းမလှဘူး၊ ဒါကိုမှ လူထုကပါ အင်တိုက်အားတိုက် တော်လှန်ကြမယ်ဆိုရင် အနှေးနဲ့အမြန် ရန်သူဟာ ပြိုလဲကျသွားမှာပါပဲ။
ဒီလေးနှစ်တာကာလပတ်လုံး ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေနဲ့ တော်လှန်အလံတွေအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ...။
#အထွေထွေဖိနှိပ်မှုကိုအန်တုကြ
#ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့
အရေးတော်ပုံ အောင်ရမည်။
❝ လူ့အခွင့်အရေး ထွန်းကားစေ
တရားမျှတ လွတ်လပ်မြေ ❞
═══════════════
အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ (၇၆)နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတာ လူသားတိုင်းရဲ့ အခြေခံအကျဆုံး မွေးရာပါ ရပိုင်ခွင့်ဖြစ်သလို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတော်တစ်ရပ် ဖြစ်တည်ရေး အတွက် လိုအပ်တဲ့ အရင်းခံ အကြောင်းတရားတွေလည်း ဖြစ်ပါတယ်။
အာဏာရှင်စနစ်အောက်မှာ ရှိနေတဲ့ တိုင်းပြည်က ပြည်သူလူထုတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့ လူအခွင့်အရေးတွေကို ကောင်းကောင်းမွန်မွန် ခံစားရလေ့ မရှိပါဘူး။ ကျမတို့ တိုင်းပြည်မှာလည်း ပြည်သူလူထုအနေနဲ့ ဘယ်တုန်းကမှ လူ့အခွင့်အရေးဆိုတာကို ပြည့်ပြည့်ဝဝ မရရှိခဲ့ဖူးတာ အားလုံး အသိပါပဲ။ အထူးသဖြင့် ဒီ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဒီနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ အလုံးစုံ ဆိတ်သုဉ်းကွယ်ပျောက်နေခဲ့ပါတယ်။
ဒါကြောင့်လည်းပဲ ကျမတို့ ပြည်သူတွေဟာ မိမိတို့ရဲ့ လူ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ ကိုယ်တိုင်ကိုယ်ကျ တော်လှန် တိုက်ပွဲဝင်နေကြရတာ မဟုတ်ပါလား။ အခုဆိုရင်လည်း ဒီလို တော်လှန်တိုက်ပွဲဝင်မှုတွေကြောင့် ပြည်သူလူထုဟာ အောင်မြင်မှု အသီးအပွင့်အချို့ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပါပြီ။
ရှေ့ဆက်ပြီးလည်း တိုင်းသူပြည်သူအပေါင်းရဲ့ လူ့အခွင့်အရေးတွေကို ပိတ်ပင် တားဆီး ချိုးဖောက်နေတဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းစေဖို့ တစ်ဦးတစ်ယောက်ချင်းစီက တတ်နိုင်သမျှ အစွမ်းကုန် တော်လှန် တိုက်ပွဲဝင်ကြပါဦးစို့ရှင်။
တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးတွေနဲ့ ပြည့်ဝ ထုံမွှမ်းတဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာစေဖို့ အတွက် အားလုံး အရှိန်အဟုန်မြှင့် ချီတက် ရုန်းကန်ကြပါစို့ရှင်။
#လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ
#အရေးတော်ပုံ_အောင်ရမည်
? ? လူထုလှုပ်ရှားမှု ရက်သတ္တပတ်
====================== “
“နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှု၊ ပံ့ပိုးကူညီမှု"
နိုဝင်ဘာ ၂၃ (မြန်မာစံတော်ချိန် ၇ – ၉ နာရီ)
အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။
လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။
လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု တတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတကာ အဝန်းအဝိုင်းနှင့် အစိုးရများ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ၊ အင်အားစုများ၏ ချိတ်ဆက်လှုပ်ရှားမှုများကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆွေးနွေးမှုအား PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာ မျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
#လူထုလှုပ်ရှားမှုရက်သတ္တပတ်
#ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။
“နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း"
နိုဝင်ဘာ ၂၂ (မြန်မာစံတော်ချိန် ည ၇ – ၉ နာရီ)
အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။
လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။
လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု ဒုတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်တွင် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့တိုင် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည့် လူထုလှုပ်ရှားမှု (Civil Resistance) ကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆွေးနွေးမှုအား နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက်နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
#လူထုလှုပ်ရှားမှုရက်သတ္တပတ်
#ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။
ရပ်တည်ပြုကျင့်ခြင်း ရဲ့ အကျိုးဆက် ဖြစ်ပြီး “ဘယ်သူမပြု မိမိမှု “ လို့သာ မှတ်ယူထားနိုင် ဖို့ ကြိုတင်စကားပါးထားချင်ပါတယ်။
ကမ္ဘာ့စူပါ ပါဝါနေရာကို တဖန်ပြန် ရယူလိုနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ပါတီ“၊ ”မိမိအကျိုးစီးပွားအတွက် အိမ်နီချင်းနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဖက်ဆစ်ပါတီ” ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက တနေ့ တခြားပိုပိုသိလာပါလိမ့်မယ်။
အောင်ဝင်း
ဆက်လက်ဖတ်ရှုရန် -
ဝမ်းနည်းဖို့ကောင်းတာကတော့ “တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ် ပါတီ” တို့ဟာ သြဂုတ်လ ၁၄ ရက် ဝမ်ယိ ခရီးစဥ်မှာ မင်းအောင်လှိုင်ရဲ့ သွေးစွန်းလက်ကို အားပါတရ ဖမ်းဆုပ် လက်ဆွဲ နှုတ်ဆက်ရင်း မြန်မာပြည်သူများရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ်းလက်ကို ပုတ်ထုတ် ရိုက်ချ လိုက်တာပါပဲ။
မြန်မာပြည်သူများဟာ “ကိုလိုနီပြုခဲ့တဲံ အင်္ဂလိပ်ကို လည်း မမုန်း၊ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ဂျပန်တွေရဲ့ အပြစ်တွေ ကိုလည်း မုန်းခဲ့သူတွေ မဟုတ်ပါဘူး။” ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုတဲ့ ချစ်စဖွယ် စိတ်ထားဗီဇ ရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့မှ အကြောင်းမဲ့ သက်သက် မုန်းတီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သမ္မတ ရှီ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ သံအမတ် မာကျားတို့ ကိုယ်တိုင်ဟာ “ တရုတ်မုန်းတီးရေး ဆူးညှောင့်ကို မြန်မာပြည်သူတွေရင်ထဲ မျိုးစေ့ချ ရိုက်သွင်းပေးနေသူတွေဖြစ်နေပြီဆိုတာကို သတိပြုစေချင်ပါတယ်။
မြန်မာစစ်တပ် ပြိုကွဲလို့ မရ ဆိုတဲ့ အထူးကိုယ်စားလှယ် တိန့်ရဲ့ ဝ ခေါင်းဆောင်တွေအပေါ် ပေးလိုက်တဲ့ သြဝါဒဟာ မြန်မာပြည်သူတွေရဲ့ နားထဲ သံရည်ပူလောင်းနေတယ်ဆိုတာ သူ သိမှ သိပါလေစလို့ စိတ်ပူမိပါတယ်။ မြန်မာပြည်သူတွေ အတွက် လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ စစ်တပ်ဆိုတာ မရှိတော့ဘူး။ လွတ်လပ်ရေးနဲ့ အတူ ဦးအောင်ဆန်း တည်ထောင်ချင်ခဲ့ တဲ့ စစ်တပ် ဆိုတာသည် ဒီနေ့ ရှိနေတဲ့ စစ်တပ်မျိုးမဟုတ်ပါဘူး။ ဒီနေ့ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်တပ် ဆိုတာသည် ယူနီဖောင်းဝတ် လူဆိုးဂိုဏ်း ၊ ဓားပြဂိုဏ်း အကြီး စား တခုအဖြစ်သာ မြန်မာပြည်သူတွေက ရှုမြင်ပါတော့တယ်။ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားကို မြင်တာနဲ့ အရိုက်ခံရမလား၊ ငွေများညှစ်မလား ၊ ငါ့များ ဘာလုပ်မလဲ ဆိုပြီး ပြည်သူတွေက တွေးပူနေရပြီ။ ရွံ ကြောက်ကြီးတွေ ဖြစ်နေပါပြီ။
မြန်မာစစ်တပ်က စစ်သား မှန်သမျှကလည်း သူတို့ ရဲ့ “နိုင်ငံတော်နဲ့ နိုင်ငံသားကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ ကတိသစ္စာစကားထက် လူတွေကို ဘယ်လိုညှဥ်းပန်းရမလဲ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အရ ဘယ်လို ပါးစပ်အရသာ ခံ စော်ကားမလဲ၊ ဘယ်လိုမုဒိမ်းကျင့်လိုက်ရမလဲ၊ ဘယ်နည်းနဲ့ လူတွေရဲ့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ ငွေကြေး တွေကို လုယူနိုင်မလဲ ပဲတွေးနေကြတာပါ။
မင်းအောင်လှိုင် စစ်တပ်နဲ့ မြန်မာပြည်သူ၊ မြန်မာ့လူ့အဖွဲ့အစည်း ဟာ ကမ္ဘာ့ရန်ဖြစ်သွားပြီ။ ကမ္ဘာကြေရင်တောင် ဥဒါန်းကျေနိုင်စရာမရှိတော့ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ဒီ စစ်တပ်ကြီး ဟာ ချက်ကြိုးပြတ်သွားပြီ။ အခုလို အတင်း ဒရမန်းကြမ်း သေနတ်ထောက်၊ အင်အားပြ ဖိနှိပ်နေလို့သာ လူထုက သည်းခံအောင့်အည်းနေပေမယ့် အခါအခွင်သင့် အခြေအနေ ပေးတာနဲ့ ပြည်သူအပေါ် စော်ကား ဖိနှိပ်နေတဲ့ “ စစ်တပ် တခုလုံးကို အမှုန့်ကြိတ် အမြစ်ဖြတ်ချင်စိတ်က မြန်မာ ပြည်သူတိုင်း၊ လူငယ်တိုင်း၊ကလေးတိုင်းရဲ့ ရင်မှာ ကိန်းအောင်သွားပါပြီ။
ဒီလိုဖြစ်အောင်လည်း မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပဲလုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီအခြေအနေတွေကို တရုတ်အစိုးရ ၊ တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဟာ နားလည်မနေကြဘူး။ နားလည်ရင်တောင် အတင်းဇွတ် မသိချင် ၊ မမြင်ချင်ယောင်ဆောင်ပြီး စစ်ကောင်စီကို သံအမတ် မာကျားတို့ က ဖူးဖူးမှုတ် ကျားကန်ပေးနေကြတယ်။ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတွေ နဲ့ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက်တွေမှာ “မြန်မာပြည်သူများကို မျက်နှာမူပါသည်” ဆိုတဲ့ စကားကို ဖန်တရာတေအောင် သုံးနေပေမယ့် အပြောတမျိုး အလုပ်တမျိုး နှင့် တရုတ်အစိုးရ ရဲ့ လုပ်ရပ်တွေ ကို မြန်မာပြည်သူတွေက ကောင်းကောင်းကြီး သိပါတယ်။ လေကြောင်းကနေ ဗုံးကျဲနိုင်ဖို့ လေယာဥ်တစီးလုံးတင်မက၊ လေယာဥ်ဆီနဲ့ အပိုပစ္စည်း တွေ ပံ့ပိုးလို့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေ တခွင်
တပြင်ကို ဗုံးမိုးရွာနေခြင်းရဲ့ နောက်ကွက်မှာ တရုတ်အစိုးရ ရှိနေတယ်ဆိုတာကိုလည်း မြန်မာပြည်သူတွေ သိပါတယ်။
နေ့စဥ် နေ့ရက်တိုင်း မြန်မာပြည်သူတွေ ခံစားနေရတဲ့ မလုံခြုံမှု၊ မလွတ်လပ်မှု ၊ ငတ်မွတ် ခေါင်းပါးမှုတွေ အတွက် သမ္မတကြီး ရှီနဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိတို့ ရဲ့ လက်ရာခြေရာ တွေ မကင်းဘူးဆိုတာ ကိုလည်း မြန်မာပြည်သူတွေ ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။ စစ်အာဏာရှင်ကို နှုတ်၏ စောင်မခြင်း ၊လက်၏ စောင်မခြင်း တွေနဲ့ ရပ်တည် ပေးနေတဲ့ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို မြန်မာပြည်သူတွေဟာ တေးမှတ်ထားတယ်။ အခုချိန်မှာတော့ ဘာမှ မတုန့်ပြန် (နိုင်) သယောင် ရှိနေပေမယ့် “ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံနဲ့အတူ ရှီကျင့်ဖျင့် ၊ ဝမ်ယိ၊ တိန်ရှီကျွင်း ၊မာကျား တို့ရဲ့ ဓာတ်ပုံတွေ၊ စစ်တပ်ရဲ့ အလံတွေနဲ့ အတူ တရုတ်ပြည်ရဲ့ အလံတွေကို သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မီးရှို့ ဖျက်စီးတဲ့ ပုံရိပ်တွေ” များမကြာမီ နှစ်တွေ လတွေ အတွင်း ပေကျင်းက တရုတ်အစိုးရ မြင်ခဲ့ရရင် မအံ့သြ မတုန်လှုပ်ပါနဲ့..။ ဒီအရာတွေဟာ တရုတ်အစိုးရ ရဲ့ မြန်မာပြည်သူတွေအပေါ် လွဲမှားစွာ
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 8 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 9 months, 1 week ago