ရဲဝံ့စွန့်စား ပြည်ချစ်သား

Description
တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
**နယ်မြေရှင်းလင်းခြင်း (မတ္တရာ)**

နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီချိန်ခန့်က နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် မတ္တရာမြို့၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မြကန်သာရွာအနီးတွင် အကြမ်းဖက်သမား ၅ ဦးနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၂ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ

1 year, 1 month ago
**တိုက်ပွဲသတင်း (မကျီးဇင်)**

တိုက်ပွဲသတင်း (မကျီးဇင်)

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းအချိန်က ဂွမြို့နယ်အစပ် မကျီးဇင်ရွာ၏ မြောက်ဘက် ဘောမိကျေးရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA သောင်းကျန်းသူ ၃၀ ဦးခန့်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
မှတ်တမ်းပုံများအား ထပ်မံဖော်ပြပေးပါမည်။
-
တိုက်ပွဲသတင်းစုံ

1 year, 1 month ago
**တိုက်ပွဲသတင်း (ဗန်းမော်တက္ကသိုလ်)**

တိုက်ပွဲသတင်း (ဗန်းမော်တက္ကသိုလ်)

ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီချိန်ခန့်က ဗန်းမော်မြို့၏မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ ဗန်းမော်တက္ကသိုလ်အား အကြမ်းဖက် KIA/PDF အင်အား (စိစစ်ဆဲ)မှာ အဝေးမှ လာရောက်နှောင့်ယှက်ပစ် ခတ်သဖြင့် ပြန်လည်ပစ်ခတ်ပြီး နယ်မြေရှင်းလင်းခဲ့။ မိမိထိခိုက်မှုမရှိ။ ရန်သူ့ထံမှ -
(၁) KA သေနတ် ၁ လက်
(၂) ကျည်အိမ် ၅ ခု၊ ကျည် ၁၀၀ ခန့်
(၃) RPG ဒုံးသီး ၂ လုံး
(၄) ၄၀ မမ ဗုံးသီး ၉ လုံး
(၅) လက်ပစ်ဗုံး ၉ လုံး
(၆) ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာ ၁ ထည်
(၇) အိုင်ကွန် ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ

1 year, 1 month ago
**၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ (၁၀) …

**၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ

Mizzima ၊ Khit Thit ၊ မြေလတ်အသံ ၊ DVB ၊ Ayeyarwaddy Times နှင့် RFA Page စတဲ့ ပြည်ဖျက်မီဒီယာများ Post တင်ရေးသားထားတဲ့ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန် အချက်အလက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
-
မြေပြင်တွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လုပ်ကြံသတင်းအတုများရေးသားခြင်း
-
ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အမှန်အတိုင်း ဖော်ပြရေးသားခြင်းမရှိဘဲ သွားပုတ်လေလွှင့် အခြေအမြစ်မရှိတဲ့ အထောက်အထားများနဲ့ မဟုတ်မမှန်ရေး သားထားခြင်းတို့ကို သတင်းစစ်တမ်းပြုလုပ်ပြီး ဇယားဖြင့် အကျဉ်းချုံးဖော်ပြ ပေးလိုက်ပါတယ်။
#Fakenews#Disinformation
FACTCHECK**သတင်းမှန်တွေ ဖတ်ဖို့ ? နှိပ်ပါ

1 year, 1 month ago
စစ်ကောင်စီနဲ့ KIA ၊ TNLA တို့ရဲ့ ဝါဒဖြန့်တိုက်ပွဲအပေါ်တွေ့ရှိချက်

စစ်ကောင်စီနဲ့ KIA ၊ TNLA တို့ရဲ့ ဝါဒဖြန့်တိုက်ပွဲအပေါ်တွေ့ရှိချက်

KIA အပေါ် စစ်ကောင်စီရဲ့ဝါဒဖြန့်ချိ တိုက်ခိုက်မှုများအပေါ်လေ့လာခြင်းဆိုပြီး TNLA ရဲ့ ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ Shwe Phee Myay News Agency ကသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရပါတယ်။

အိုးကမပူစလောင်းကပူတယ်ဆိုတဲ့အတိုင်း ဝါဒဖြန့်ခံရတဲ့ KIA က ဘာမှမတုန့်ပြန်ဘဲသူ့တပည့် TNLA က စစ်ကောင်စီရဲ့အထောက်အထားနဲ့ပြောဆိုထားတဲ့ အချက်အလက်တွေကို ဗြောင်လိမ်ဗြောင်စားငြင်းဆိုထားပါတယ်။

TNLA ရဲ့ post မှာ အဓိက သုံးချက်ဖြစ်တဲ့. . .
• KIA ရဲ့နောက်မှာ CIA ရှိတယ်…

• ကချင်မျိုးနွယ်စုနယ်မြေတွေကို KIA ဂျိန်းဖောအုပ်စုနယ်မြေချဲ့ထွင်နေတယ်…
• KIA ကတရုတ်နိုင်ငံသားတွေကို ဖမ်းဆီးနှင်ထုတ်သတ်ဖြတ်နေတယ်…

ဆိုတဲ့အချက်တွေကို KIA မလုပ်ကြောင်း တရုတ်
စစ်သံရုံး၊ သံရုံးတို့ကလည်း မသိရှိကြောင်း KIA နယ်မြေထဲက သတင်းတွေကိုဖော်ပြနေတဲ့ KIA သတင်းဌာနတွေကလည်း ရေးသားဖော်ပြထားခြင်းမပြုကြောင်း တုန့်ပြန်ရေးသားထားပါတယ်။

TNLA က အခုလိုလေ့လာသုံးသပ်ဖော်ပြလိုက်မှပဲ အဲ့ဒီသုံးချက်ကို KIA ကလုပ်ဆောင်နေမှန်း ပိုမိုထင်ရှားပေါ်လွင်သွားပါတယ်။ ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းဖြစ်တယ်ဆိုတဲ့စကားအတိုင်း KIA ဘာကြောင့် နှုတ်ဆိတ်နေသလဲဆိုတာ TNLA ကငတုံးတွေမသိရှာပါဘူး။

NUG နောက်ကွယ်မှာ CIA ရှိနေပြီး NUG နဲ့ KIA ပူးပေါင်းဆောင်ရွက်မှုတွေ ၊ CIA အစီအစဉ်နဲ့ ၂၀၁၄ ခုနှစ်က KIA ထိပ်ပိုင်းခေါင်းဆောင် ဂွမ်မော်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန် တို့မှာ NGO အမည်ခံ ဘာသာရေးအမည်ခံ ထိုင်ဝမ်နိုင်ငံသားအမည်ခံ CIA Cells တွေရဲ့လှုပ်ရှားမှုတွေကို တရုတ်ကြီးက မသိဘူးထင်နေရင်တော့အလွန်မိုက်မဲရာကြပါလိမ့်မယ်။

ကချင်ပြည်နယ်မှာ ဂျိန်းဖောက လူမျိုးကြီးဝါဒကျင့်သုံးပြီး လချိတ်၊ရဝမ်၊လီဆူးတွေကို အနိုင်ကျင့် တာတွေက သမိုင်းမှာဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းတွေရှိပါတယ်။လက်ရှိလချိတ်ဒေသက ချီဖွေ၊ပန်ဝါ၊ ရဝမ်ဒေသက မချမ်းဘောနဲ့နောင်မွန်း၊ လီဆူးဒေက ဆွမ်ပရာဘွမ် နယ်မြေတွေကိုနယ်မြေချဲ့သိမ်းပိုက်နေတာတွေကို အားလုံးအသိပဲဖြစ်ပါတယ်။

ကချင်မျိုးနွယ်စုမဟုတ်တဲ့ ရှမ်းနီတွေအများစုနေထိုင်တဲ့ ဗန်းမော်၊မိုးကောင်း၊မိုးညှင်း၊ အင်းတော်ကြီးဒေသတွေကိုလည်း တိုက်ကွက်ဖော်နေတာဟာ KIA ဂျိန်းဖောအုပ်စုရဲ့ နယ်မြေချဲ့ထွင်မှုတွေပဲဖြစ်ပါတယ်။

ပေါက်ဖော်ကြီးက ကချင်နယ်စပ်ဂိတ်တွေကိုပိတ်ပြီးနောက်ပိုင်း ဂျိန်းဖောတွေက လိုင်ဇာ ၊မိုင်ဂျာယန်၊ကန်ပိုက်တီး ၊ပန်ဝါနယ်စပ်မြို့တွေမှာ ဂျိန်းဖောတွေက တရုတ်လူမျိုးတွေဖမ်းဆီးပြီးသတ်ဖြတ်တာတွေက လုပ်ကြံထားတာမဟုတ်ပဲတကယ့်ဖြစ်ရပ်မှန်တွေဆိုတာဘယ်လိုမှငြင်းမရတဲ့အထောက်အထားမှန်း လူတိုင်းသိကြပါတယ်။

ဒါကြောင့် KIA ကိုမျက်နှာလိုမျက်နှာရနဲ့ မီဒီယာကနေကာကွယ်ပေးချင်တဲ့ TNLA ရဲ့ ရွှေဖီမြေသတင်းဌာနက KIA အပေါ် စစ်ကောင်စီရဲ့ဝါဒဖြန့်ချိ တိုက်ခိုက်မှုများအပေါ်လေ့လာခြင်းဆိုတဲ့တုန့်ပြန်ရေးသားချက်တွေဟာ စစ်ကောင်စီရဲ့ဝါဒဖြန့်မှုတွေမပေါ်လွင်ပဲ KIA အဖွဲ့ဟာ CIA ရဲ့ ဩဇာခံဖြစ်ပြီးတရုတ်လူမျိုးတွေကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ် ၊မျိုးနွယ်စုမတူတဲ့ လချိတ်၊ရဝမ်၊လီဆူး၊ရှမ်းနီတို့ရဲ့နယ်မြေတွေကို ချဲ့ထွင်သိမ်းပိုက်နေတဲ့ လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းပိုမိုထင်ရှားသွားစေပါတယ်။

အောင်ရှင်း

1 year, 1 month ago
(ကျွန်းလှ)

(ကျွန်းလှ)
ဇန် ၁၀

ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကျွန်းလှမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာ တည်ပင်ကျေးရွာအနီးသို့အရောက် နေရာ ၂ နေရာမှ အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

အကြမ်းဖက် ၂ လောင်း
ကျည် ၂၀ တောင့်
လက်လုပ်မိုင်း ၁၆ လုံး
အိုင်ကွန် ၁ လုံး
ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့။

တိုက်ပွဲသတင်းစုံ

1 year, 1 month ago
**ရမ်းဗြဲ ကျောက်နီမော်မှာရှိတဲ့ အကြမ်းဖက် AA အသိုက်ကို ဗုံးကျဲလိုက်တာ …

ရမ်းဗြဲ ကျောက်နီမော်မှာရှိတဲ့ အကြမ်းဖက် AA အသိုက်ကို ဗုံးကျဲလိုက်တာ AA ၄၇ ယောက်သေ၊ ၅၀ ကျော် ဒဏ်ရာရသတဲ့။ ခဲယမ်းနဲ့ ရိက္ခာသိုလှောင်ရုံဖြစ်လို ပေါက်ကွဲအားက ကြည့်ကောင်းသဗျ .. တဝုန်းဝုန်းနဲ့။
-
တစ်ဖက်အုပ်စုက မျက်ရည်ချူနေပေမယ့် အားလုံးဟာ AA တွေချည်းဖြစ်တယ်။
-
နောက်ထပ်လာမယ့် အရာတွေကို ဆန်ကွဲဆန်ပြုတ်သောက်ပြီး စောင့်နေကြပေတော့။
❤️*❤️*❤️
-**သာကီမျိုးဟေ့ .. တိုဗမာ

1 year, 1 month ago
တိုက်ပွဲသတင်း(ဗန်းမော်)

တိုက်ပွဲသတင်း(ဗန်းမော်)

ဇန်နဝါရီ ၉ ရက်

ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ မြို့ခံ ပြည်သူလူထု၏ သတင်းပေးပို့ချက်အရ ဗန်းမော်မြို့တွင်းသို့ စိမ့်ဝင်လာသော KIA၊ PDF အကြမ်းဖက်သမားများ၏ အစုလိုက်အပြုံလိုက် အခြေပြုနေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ၁၂၂ မမ ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ​မြေပြင်စစ်ကြောင်းများဖြင့် ရှင်းလင်းတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်..

ဇန် ၉ ရက်နေ့ မနက် ၇ နာရီခန့်မှ နေ့လည် ၂ နာရီခန့်အထိ ဗန်းမော်တက္ကသိုလ်အနီး နေရာ ၃ နေရာ ခန့်တွင် KIA ၊ PDF အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများ အလောင်းများ ဆွဲယူပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။

ဖြစ်စဥ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဆုတ်ခွာသွားသည့်နေရာအား နယ်မြေရှင်းလင်းခဲ့ရာ..

အမ်(၂၂) ၄ လက်
Type-81 ၂ လက်
အာပီဂျီ ၁ လက်
ကျည်အိမ် ၁၀ ခု
ကျည် ၁၄၅၀ တောင့်
ဒုံးသီး ၄ လုံး
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့

ဗန်းမော်မြို့တိုက်ပွဲများတွင် KIA ၊ PDF များ ထိခိုက်ကျဆုံးများပြားနေပြီး ၎င်းတို့ရဲ့ သေဆုံးအလောင်းများ မီဒီယာပေါ် မရောက်ရှိစေရေးအတွက် အလောင်းများကို 4wheel ကားများဖြင့် သယ်ဆောင်ပြီး ကျောက်စခန်းရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာ လျှိုများအတွင်း ၁၀ လောင်း၊ ၁ ကျင်းနှုန်း ဖြင့် ကျင်းတူးမြှုပ်နှံနေကြောင်း သိရှိရပါတယ်…

ဓာတ်ပုံမှတ်တမ်းများ ရရှိပါက ထပ်မံတင်ပေးသွားပါမည်။

တိုက်ပွဲသတင်းစုံ

1 year, 1 month ago
Breaking News***‼******‼******‼***

Breaking News

1 year, 1 month ago
ရဲဝံ့စွန့်စား ပြည်ချစ်သား
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago