????????? ?????? ◇⃟‌⃕☕

Description
အကယ်၍ သင်ကဗဟုသုတတွေလိုလားရင်

စာဖတ်ရတာဝါသနာပါရင်

ဒီချန်နယ်လေးကသင့်ကိုကြိုဆိုပါတယ်ဗျ

Started Date 29.10.2023

No add post + No link allowed

+ No need Admin
We recommend to visit

အကယ်၍ သင်ကဗဟုသုတတွေလိုလားရင်

စာဖတ်ရတာဝါသနာပါရင်

ဒီချန်နယ်လေးကသင့်ကိုကြိုဆိုပါတယ်ဗျ

Started Date 29.10.2023

No add post + No link allowed

+ No need Admin

Last updated 11 months ago

Reklam : https://t.me/+ZNMYRg1fiYBjYmZk

Last updated 2 years, 5 months ago

Owner : @iftiano | ??

65,000+ On TikTok
30,000+ On Instagram.

Last updated 10 months, 1 week ago

11 months ago

Merry Christmas to you ?????

Wishing you a festive holiday season filled with warmth, laughter, and memories to last a lifetime.

! Merry Christmas ??

#Moon

11 months ago

ကိုယ့်အတွက် အခက်ခဲဆုံးဖြစ်နေတဲ့ ဘာသာရပ်တစ်ခုကို ဘယ်လိုလေ့လာကြမလဲ ****

ကျွန်တော်အပါအဝင် လူအများစုဟာကျောင်းသားတွေ ဖြစ်တဲ့အလျောက် ဘာသာရပ်တွေ အများကြီးကို လေ့လာကြရပါတယ်။ အဲ့ဒီလိုလေ့လာရတဲ့အခါမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ဘာသာရပ်တစ်ခုကတော့ ရှိနိုင်ပါတယ်။ ခက်ခဲတဲ့ဘာသာရပ်ဆိုတာက ကိုယ်လေ့လာဖို့ ခက်ခဲတဲ့ဘာသာရပ်ကိုပြောချင်တာပါ။ ကိုယ်က နားမလည်တာကြောင့် မလေ့လာဖြစ်၊ မလေ့လာဖြစ်တော့ ပိုခက်ခဲသွားရတာပေါ့။ ဒါပေမယ့် ဒီလို ကိုယ့်အတွက် ခက်ခဲတဲ့ဘာသာရပ်တွေအပေါ်မှာကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

နည်းလမ်း (၁) (◍⁠•⁠ᴗ⁠•⁠◍⁠)

ကိုယ့်အတွက်ခက်ခဲတဲ့ဘာသာရပ်ကို ပိုလေ့လာရပါမယ်။ " ငါ ဒီဘာသာ မလိုက်နိုင်ဘူး၊ ဒီစာတွေက အရမ်းခက်တယ်၊ စာမေးပွဲမှာ ဖြေနိုင်ပါ့မလား မသိဘူး" စတဲ့ စကားတွေကို မပြောဘဲ ခက်ခဲတယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ ရှောင်ပြေးမနေဘဲ ဘာလို့ခက်ခဲရတာလဲဆိုတဲ့ အရင်းအမြစ်ကို ရအောင်ရှာပြီး ကြိုးစားလေ့ကျင့်ပေးမယ်ဆိုရင် သင့်အတွက်ခက်ခဲမှာ မဟုတ်ပါဘူး။ ဒီလိုလေ့လာတဲ့အခါမှာလည်း ကိုယ်သဘောကျတဲ့ အရာတစ်ခုခုနဲ့ ဘာသာရပ်ကြား တူညီမှုတွေကို ရှာဖွေပြီးတော့ လေ့လာရင် ပိုပြီး ခရီးရောက်နိုင်ပါတယ်။

နည်းလမ်း (၂) (◍⁠•⁠ᴗ⁠•⁠◍⁠)

သင်ယူလေ့လာတဲ့နည်းလမ်းနဲ့ပုံစံကိုပြောင်းကြည့်ပါ။ ဘာသာရပ်တစ်ခုကိုလေ့လာတဲ့နည်းတွေအများကြီးရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းနဲ့ လေ့လာသင့်ပါတယ်။ အခုဆိုရင် စာလေ့လာတဲ့အခါ YouTube က video လေးတွေကနေလည်း လေ့လာလို့ရနိုင်တဲ့အတွက် ကိုယ်နားမလည်ရင် YouTube မှာလေ့လာလို့ရပါတယ်။

နည်းလမ်း (၃) (◍⁠•⁠ᴗ⁠•⁠◍⁠)

ဒါကတော့နောက်ဆုံးအချက်လေးပါ။ ကိုယ့်ရဲ့ဘာသာရပ်အပေါ်ထားတဲ့အမြင်ကို ပြောင်းလဲပစ်ရပါမယ်။ ကိုယ်တိုင်က ခက်ခဲတယ်လို့ ယူဆနေရင် လေ့လာတဲ့အချိန်ပိုပြီးကြာမြင့်နိုင်ပါတယ်။ဒါ့ကြောင့် ခက်ခဲတယ်ဆိုတာမမြင်ဘဲ "ခက်ခဲရင်တောင် ရအောင်ကြိုးစားမယ်" ဆိုတဲ့စိတ်နဲ့လေ့လာသင်ယူပါ။

‌အိမ်မက်တွေက ဈေးကြီးတယ်။ ဒါပေမယ့် မက်ခွင့်ရှိတယ်..ဟုတ်တယ်မလား။ မင်းသာ ဆန္ဒရှိရင် ဘာမဆို ပြောင်းလဲနိုင်ပါတယ်။

#Moon
#studying_moti
#studying_knowledge

မင်မင့်ချန်နယ် ပေါက်စလေးအား လူကြီးမင်းတို့ ကြိုက်နှစ်သက်ရင် joinနိုင်ပါတယ်ရှင့်?

https://t.me/foryou1272006

11 months ago
11 months, 1 week ago

Dear me......,

သင်စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်။ ဒါပေမယ့် မျှော်လင့်ချက်မမဲ့ပါနဲ့။Tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။

တခြားသူအပေါ်မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။ သင်အကူအညီလိုတိုင်း သင့်အနားကိုရောက်လာမယ့်သူတွေကို ပိုပြီးမမျှော်ကိုးပါနဲ့။ ဘယ်သူကမှ ဘယ်သူ့ဟာ မှ မဟုတ်တာကြောင့်ပါ။

တခြားသူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးမိပါစေနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာအကြွေးဖြစ်တယ်။

ဒီလောကမှာ နောက်ပြန်လှည့်လို့မရတာပဲရှိတယ်။ ကျော်ဖြတ်လို့မရတဲ့ဟာဆိုတာ မရှိပါဘူး။

သင့်အပေါ်သူကောင်းရင် သူ့အပေါ် သင် ဆတိုးကောင်းပါ။ သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင့်မှာ ကောင်းတာတွေ မလုံလောက်သေးတာကြောင့်ပါ။

လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ၊ အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာ ခေါင်းမာမာနဲ့ ယုံကြည်ပေးပါ။

# နိုင်းနိုင်းစနေ
# ကိုယ်တိုင်ဖတ်ဖို့ရေးတဲ့စာ
#Moon

11 months, 1 week ago
11 months, 1 week ago

မဂ်လာပါရှင့်။

ကျွန်မကတော့ ကျွန်မပေါ့နော်??

ဟဲဟဲ ပြောစရာလေး နဲနဲရှိလို့ပါရှင့်။

ဘာလဲဆိုတော့ ဒီချန်နယ် အုံနာ မင်မင် Eric ကိစ္စပါရှင့်။ Subလေးတို့ သိကြတဲ့ အတိုင်း မင်မင် Eric က လိုင်းမရလို့ ချန်နယ် မရန်းနိုင်တာ ကြာပြီပေါ့နော်။ သူက သူ့ချန်နယ်လေးကို အရမ်းချစ်တာ၊ ကျွန်မနဲ့ နေ့တိုင်းစကားပြောဖြစ်ပါတယ်။ နေ့တိုင်းလည်း channel sub အရေအတွက်တွေ မေးတယ်၊ ချန်နယ်ရော ဘယ်လို ဖြစ်နေပြီလဲ ၊ စာဖတ်သူလေးတွေကိုရော အားနာတယ်ဆိုတဲ့ အကြောင်း နေ့တိုင်းပြောပြပါတယ်။

ဒီရက်ပိုင်း ချန်နယ်မှာ လူထွက်တာ အရမ်းများလာတယ်ပေါ့နော်။ အဲ့ဒါ မင်မင် Eric ကို ပြန်ပြောပြတော့ သူက channel add post မှာ ပါဖို့ ပြောပါတယ်။ ဆိုတော့ ကျွန်မက တနလာ်နေ့ (ဒီနေ့) မှာ Add post ပါဝင်ထားပါတယ်ရှင်။

ဒီချန်နယ်မှာရှိကြတဲ့ channel owner လေးတွေ သိမှာပါ။ add post မှာ ပါရင် channel က postကို ကိုယ့်ချန်နယ်ကို forward လုပ်ရတယ်ဆိုတာလေ.....။

အဲ့လို ကျွန်မက forward ရင် တချို့ထင်ကောင်းထင်ကြမှာပါ။ knowledge မတင်ပဲ ဘာတွေ တင်နေလဲဆိုပြီး...။ ချန်နယ်အပေါ်မှာ တစ်မျိုးထင်ပြီး ထွက်ကုန်ကြမှာ စိုးလို့ပါရှင့်။ knowledge တွေ၊ စာတိုတွေလည်း ကျန်တဲ့ မင်မင်လေးတွေ တင်ပါလိမ့်မယ်ရှင့်။

ကျွန်မက ဒါလေး သတိလာပေးတာပါရှင့် ...ဟုတ်ကဲ့။

ကောင်းမွန်သာယာသော ညချမ်းလေးဖြစ်ပါစေရှင်။

#Moon

11 months, 2 weeks ago

အလုပ်လုပ်ရင်း ကျရှုံးသွားတာဟာ

ဘဝသေဆုံးတာမဟုတ်ပါဘူး။

ကျရှုံးသွားတဲ့နေရာမှာ ရပ်တန့်လိုက်တာကမှ

ဘဝပါသေဆုံးသွားစေတာပါ။

**ကြိုးစားမှုတွေကို မရပ်တန့်လိုက်ပါနဲ့။

ကြိုးစားနေသရွေ့ မင်းဘဝရဲ့ ‌

အောင်မြင်မှုတွေဟာ

ရှင်သန်နေအုံးမှာပါ။**

#Moon
#moti_quote
#crd

11 months, 2 weeks ago

**လူငယ်ဆိုတာ Positive နဲ့နိုးထပြီး Positive နဲ့အိပ်စက်ရတယ်...။

အပြုံးနဲ့နိုးထပြီး အပြုံးနဲ့အိပ်စက်နိုင်မှ တစ်နေ့တာလုံး စိတ်ကြည်လင်လန်းဆန်းကာ စီမံလုပ်ကိုင်ဆောင်ရွက်သမျှတွေ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ပြီးဆုံးမှာ ဖြစ်ပါတယ်...။

စီစဥ်ထားသလို မျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင်လဲ ကြည်လင်လန်းဆန်းနေတဲ့စိတ်ကို ဒေါသစိတ်အဖြင့်မပြောင်းလဲပဲ စိတ်ရှည်သည်းခံပြီး အတွေ့အကြုံသစ်အဖြစ်သင်ခန်းစာယူကာ အပြုံးမပျက် အကြည်ဓာတ်လေးနဲ့ ဆက်လက်ဆောင်ရွက်ပါ...။

အကျင့်ဆိုးတွေက ပြောင်းလဲယူရတာလွယ်ပေမဲ့
အကျင့်ကောင်းတွေက ပြောင်းလဲယူရတာခက်ပါတယ်။

အကျင့်ကောင်းကို အကျင့်ကောင်းအတိုင်းထိန်းသိမ်းထားနိုင်ဖို့ အသိသတိထားဆောင်ရွက်ခြင်း
ဖြင့် ထိန်းသိမ်းပါ...။

"No one can persuade another to change."
တခြားသူကိုပြောင်းလဲဖို့ ဘယ်သူကမှ မဆွဲဆောင်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် ပြောင်းလဲဖို့ အာရုံ စိုက်သတိထားရမှာပါ...။

အမှားကိုသိလို့ အမှန်ပြင်ကြတဲ့သူတွေသာ လူတော်လူကောင်းပါ။ မှားမှန်းသိရက်နဲ့ အရွဲ့တိုက်ပြီး ဆက်မှားနေလဲ ၎င်းရဲ့အကျိုးဆက် အနည်းအများ အတိမ်အနက်ပေါ်မူတည်ပြီး ကိုယ်ပဲပြန်ခံစားရမှာပါ။ အနှေးနဲ့ အမြန်ပါ...။

ကမ္ဘာတလွှားမှာ Positive Vibe ရှိသူလူငယ်တွေပဲ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေကြတာပါ။ လူရယ်လို့ဖြစ်လာရင် လောကဇာတ်ခုံပေါ်မှာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နေကြသူတွေကြီးပါ။ အကုန်လုံး ကသူကြည့်ကိုယ်ကောင်း ကိုယ်ကြည့်သူကောင်းတွေပါပဲ။ အယုတ်အလတ်အမြတ်မရွေး ဘယ်သူတွေရဲ့ဘဝတွေကမှ ပိုကောင်းပြီး ပိုပြည့်စုံနေကြတာမရှိပါဘူး...။

အဓိက,က ကိုယ့်ကိုကိုယ် သိမြင်နားလည်ခြင်းပါ။**#Moon#personal_development#crd

11 months, 2 weeks ago

အဘွားရေ Long Distance Relationshipတွေက အဆင်ပြေနိုင်မယ်လို့ထင်လား ?

"မင်းရဲ့အဖိုးက စစ်တပ်ထဲဝင်ပြီး သူနဲ့ post card စာတွေ ပို့ကြရင်း စကားပြောခဲ့ကြတာပါ။

အခု မင်းတို့ခေတ်မှာ ဖုန်းတွေ၊ လိုင်းတွေ၊ video call ခေါ်တာတွေ ရှိနေတာတောင် အဆင်မပြေဘူးဆိုရင် မင်းတို့ရဲ့အချစ်ဆိုတာကို အပြစ်တင်ပါ။

အကွာအဝေးကြောင့် မဟုတ်ရပါဘူး။ တကယ် အချစ်စစ်မှန်ခဲ့မယ် ဆိုရင်ပေါ့လေ.....။"

#Moon
#crd
#Relationship_quote

11 months, 3 weeks ago

"Day 1" Vocabulary 1. Generous "Willing to give money, help and support to other people" 2. Stingy "unwilling to spend money" 3. Kind "Caring about other people and willing to help them" 4. Mean "Not kind" 5. Bored "Unhappy because something is not…

We recommend to visit

အကယ်၍ သင်ကဗဟုသုတတွေလိုလားရင်

စာဖတ်ရတာဝါသနာပါရင်

ဒီချန်နယ်လေးကသင့်ကိုကြိုဆိုပါတယ်ဗျ

Started Date 29.10.2023

No add post + No link allowed

+ No need Admin

Last updated 11 months ago

Reklam : https://t.me/+ZNMYRg1fiYBjYmZk

Last updated 2 years, 5 months ago

Owner : @iftiano | ??

65,000+ On TikTok
30,000+ On Instagram.

Last updated 10 months, 1 week ago