Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Kɴᴏᴡʟᴇᴅɢᴇ Hᴇᴀᴠᴇɴ

Description
အကယ်၍ သင်ကဗဟုသုတတွေလိုလားရင်

စာဖတ်ရတာဝါသနာပါရင်

ဒီချန်နယ်လေးကသင့်ကိုကြိုဆိုပါတယ်ဗျ

Started Date 29.10.2023

No add post + No link allowed
Advertising
We recommend to visit

Reklam : https://t.me/+ZNMYRg1fiYBjYmZk

Last updated 10 months, 3 weeks ago

Owner : @iftiano

Last updated 4 weeks ago

1 month, 3 weeks ago

ချစ်တယ်လို့ ဘယ်လောက်ပဲပြောပြော
လုပ်ရက်နဲ့ သက်သေမပြရင်
အလကားပဲမလား...

ချစ်တယ်ဆိုတာ အရေးပေးဖို့လိုတယ်
ချစ်တယ်ဆိုတာ ဂရုစိုက်ဖို့လိုတယ်

ချစ်တယ် ပြောရုံလောက်ကတော့
လူတိုင်း လုပ်တတ်ပါတယ်...

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

1 month, 3 weeks ago

မအားတာကို နားလည်ပေးလို့ရပေမဲ့...
နားချိန်ရှိရက်နဲ့ 3min လောက်တောင် အချိန်မပေးနိုင်သောအခါ...

မိန်းကလေးတစ်ယောက်
တိတ်ဆိတ်သွားတဲ့အကြောင်း
သိချင်ရင် မင်းရဲ့ဥပေက္ခာတွေကို
မြင်အောင်ကြည့်ပါ...

ချစ်တယ်လို့ ပြောပြီး
လျစ်လျူရှူခံရတာ 
အခံရခက်ဆုံး နာကျင်မှုတစ်ခုပါ

တကယ်တော့ အားတယ်မအားဘူးဆိုတာ မင်းရဲ့ချစ်ခြင်းမချစ်ခြင်း
မင်း သူအပေါ် ဦးစားပေးမှုတွေနဲ့ပဲ
သက်ဆိုင်တာပါ...

ဒီမိန်းကလေးက ငါမရှိရင်မနေနိုင်ပါဘူးကွာဆိုပြီး အကြိမ်ကြိမ်
နာကျင်အောင်လုပ်ပြီး
အခါခါမတောင်းပန်မိပါစေနဲ့

နားလည်ပေးနိုင်တဲ့သူကို
စိတ်ပျက်အောင် မလုပ်ပါနဲ့...
သူမရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်ပါနဲ့

သိပ်ချစ်တတ်တဲ့ မိန်းကလေး
တစ်ယောက် ပြတ်သားသွားတဲ့အခါ
သူများတွေထက် နှစ်ဆ
ပိုပြတ်သားတတ်ပါတယ်

သူမကို မလိုအပ်ရင်
သူမကလည်း ပြန်လိုအပ်တော့မှာ
မဟုတ်ဘူး...

မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို
စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့သူ
ဖြစ်နေပါစေ စွန့်လွှတ်ရဲတဲ့မာနကို
ဒီနေရာမှာ သူမ အသုံးချသွားပါလိမ့်မယ်

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Relationship_advice
୨୧ #Crd_to_original_writer

1 month, 3 weeks ago

ကျောင်းစာတွေကြောင့် ဖိအားတွေများနေပြီလားစာဖတ်သူလေး ⁉️

ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပါ‼️
💠 - သက်တောင့်သက်သာရှိစေရန် အသက်ကိုတစ်ဝကြီးရှုရှိုက်ကြည့်ပါ
အသက်ပြင်းပြင်းရှုခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေဖို့နဲ့ ဖိအားတွေကို လျော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဒေါသအရမ်းထွက်နေတဲ့ အချိန်၊ စိတ်တအား ရှုပ်နေတဲ့အချိန် အသက်ပြင်းပြင်းရှုခြင်းက စိတ်ကို အနားပေးရာလည်း ရောက်စေပါတယ်။

💠 - ကြွက်သားများကို ဖြေလျော့ပါ
ခန္ဓာကိုယ်မှာရှိတဲ့မတူညီတဲ့ကြွက်သားအုပ်စုတွေကို တင်းထားတာများဖြေလျော့စေပြီး အနားယူခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

💠 - သဘာဝနဲ့အတူအချိန်ကုန်ဆုံးပါ
အခုခေတ်မှာ လူငယ်တော်တော်များများက ကိုယ့်ရဲ့အားလပ်ချိန်မှာလည်း Digital Device တွေနဲ့ပဲ အချိန်ကုန်ကြတာများပါတယ်။ ဒါတွေကို ခဏလောက်လွှတ်ချပြီး အားလပ်ချိန်မှာ သဘာဝနဲ့ထိတွေ့ကြည့်ပါ။ သဘာဝတရားနဲ့ ထိတွေ့ခြင်းကလည်း စိတ်ကိုပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါပဲ။

မနက်စောစော ခြံထဲမှာလမ်းလျှောက် ထွက်တာမျိုး၊ သင်နဲ့ အနီးဆုံးပန်းခြံမှာ ပြေးတာမျိုး၊ ပန်းပင်လေးတွေ ရေလောင်း တာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတရားကြီးရဲ့ အသံ လေးတွေကို အာရုံစိုက်ပြီး နားထောင်ကြည့် တာမျိုး၊ မိုးရွာတာ ကို ထိုင်ကြည့်တာမျိုး၊ အချိန်ရရင် ခရီးထွက် တောင်တက်၊ ရေကူးတာမျိုး စတာတွေကို အချိန်ပေးပြီး လုပ်ကြည့်ပါ။ တိုးတက်မှုကို တွေ့ရှိရပါလိမ့်မယ်။

💠 - စိတ်အပန်းပြေစေမယ့် ဂီတမျိုးကိုနားထောင်ပါ
သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်ခြင်းက စိတ်ကိုလည်း အနားပေးရာရောက်သလို ဖိအားတွေလည်း လျော့ကျစေပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ နားကြပ်လေးတပ်ပြီး သာယာငြိမ့်ငြောင်းတဲ့ သီချင်း လေးတွေနားထောင်ကြည့်ပါ။ သီချင်းမှာပဲ အာရုံစိုက်ပြီး စိတ်ကိုခဏလောက်အနားပေးလိုက်ပါခင်ဗျာ။

အဆင်ပြေပါစေနော်။

#Eric
#Forward_only
#credit
#life_knowledge

1 month, 4 weeks ago

8 ယောက်ဘဲလိုတော့တယ်

ကူရှယ်ပေးကြအုန်း

😖😖😖😖😖😖

#Eric

1 month, 4 weeks ago

တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ဘယ်လိုကြိုးစားမလဲ။

၁) အလုပ်များနေပါစေ

၂) ကိုယ့်အနားမှာအမြဲရှိနေနိုင်တဲ့သူတွေနဲ့အချိန်ဖြုန်းပါ

၃) တွေးနေတာတွေကိုရပ်တန့်ပစ်ပါ။

၄) ည၁၁နာရီမတိုင်မီအိပ်ပျော်အောင်အိပ်ပါ။

၅) ရယ်မောစရာတွေရှာပါ။

၆) သင်ဝါသနာပါရာလေးတွေလုပ်ပါ။
#personal_growth
#forward_only
#credit
#Eric

1 month, 4 weeks ago

ဆံပင်တွေ အရှည်ပြန်ထားမယ်လို့
စိတ်ကူးရင်းကို ဆံပင်ညှပ်ဆိုင်မှာ
ငါ ဆံပင်တွေ ထိုင်ညှပ်နေတယ်

တကယ်တော့ ဆံပင်ရှည်တွေကို
မကြိုက်တော့လို့မှ မဟုတ်တာ
ဆံပင်ရှည်လာအောင် စောင့်ဆိုင်းနေရမှုနဲ့ အဲ့ဒီဆံပင်တွေကို ပြုစုယုယနေရမှုတွေကို မကြိုက်တော့တာ

အသက်တွေ တစ်နှစ်ထက်တစ်နှစ်
ကြီးပြင်းလာတာနဲ့အမျှ
ငယ်ငယ်တုန်းကလောက်
စိတ်ကူးယဥ်မဆန်တော့ဘူး

တစ်ချို့နေရာတွေမှာ စိတ်ရှည်လာပြီး
တစ်ချို့နေရာတွေမှာ
စိတ်မရှည်တတ်တော့ဘူး

မနက်ဖြန်မှာ ကောင်းဖို့ထက်
ဒီနေ့ကောင်းဖို့ပဲ ပိုမျှော်ကိုးတော့တယ်

အခုချိန်များ တစ်ယောက်ယောက်က
နှစ်ကာလကြာရှည်စွာ စောင့်ဆိုင်းနေပါလို့ လာပြောရင် အရူးကွက်နင်းပြီး
စောင့်နေမှာပေါ့လို့ ပြောရင်း
ငါကတော့ ငါ့လမ်းငါသွားနေမှာပဲ

မသိလို့ပါ

တခြားအရာတွေကို ငေးရင်း
ငါ့ဘဝတွေ ပျက်မလိုဖြစ်ဖူးတာ
ငါ နောက်ဘဝအထိတောင် မမေ့ဘူး

-နေဗလ်

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Feel_letter
୨୧ #Crd_to_original_writer

2 months ago

အလွှဲများစွာ😀😃😃😄 -------------------- ---- --------- 💐1.Fb account ကျပြီထင်တဲ့အဖွဲ့ကတစ်ဖွဲ့,••• 💐2.ယောင်တောင်တောင်နဲ့ Pw တွေကောက်ချိန်းတဲ့အဖွဲ့ကတစ်ဖွဲ့••• 💐3.Fb ကို Uninstall လုပ်ပြီး ပြန်ဝင်တာကတစ်ဖွဲ့••• 💐4.ဝင်မရတာကြီးကို 156 ခါလောက် …

2 months ago

အလွှဲများစွာ😀😃😃😄
-------------------- ---- ---------
💐1.Fb account ကျပြီထင်တဲ့အဖွဲ့ကတစ်ဖွဲ့,•••

💐2.ယောင်တောင်တောင်နဲ့
Pw တွေကောက်ချိန်းတဲ့အဖွဲ့ကတစ်ဖွဲ့•••

💐3.Fb ကို Uninstall လုပ်ပြီး
ပြန်ဝင်တာကတစ်ဖွဲ့•••

💐4.ဝင်မရတာကြီးကို 156 ခါလောက်
ဇွတ်ဝင်နေတာကတစ်ဖွဲ့•••

💐5.အကောင့်ဟက်ခံရပြီထင်ပြီး
သွေးပျက်နေတာကတစ်ဖွဲ့•••

💐6.Fb လေးနဲ့စျေးရောင်းနေရတာ
ငါတော့ဘွပျက်ပါပြီဆိုပြီး
ဘုရားရှိခိုးနေတဲ့သူတွေကတစ်ဖွဲ့•••

💐7.ခါတိုင်းဝင်တောင်မကြည့်ဖြစ်တဲ့ Viber
တွေ Telegram တွေထဲ အခုမှ
ပြူးတူးပြဲတဲဇွတ်ဝင်ကြည့်ပြီး
လတစ်ကမ္ဘာလုံးဖြစ်နေတာသိရမှ
စိတ်ချမ်းသာသွားတာက တစ်ဖွဲ့
(ငါ့လိုစိတ်ထား လေးဟိဟိ)•••

💐8.ရန်ဖြစ်ပြီး ဆဲချင်တာဆဲပီး
banခံရတာလို့ ထင်တဲ့တစ်ဖွဲ့•••

💐9.Playstore တောင်ဘယ်နားရောက်နေမှန်းမသိပဲ
Fb ဝင်မရမှ ဇွတ်Update တင်တာက တစ်ဖွဲ့•••

💐10.Fb Pw ကအရင်က ဘုရားနဲ့ကိုယ်ပဲသိတာ
အခုကျ ဘုရားပဲ သိတော့တာမို့
ဘုရားစီ Pw ပြန်မေးနေတာကတစ်ဖွဲ့•••

💐11. အိပ်ပျော်နေပြီးဘာမှမသိလိုက်တာက
တစ်ဖွဲ့•••

💐12. ဟိုလူ့ဖုန်းဆက်မေး ဒီလူ့ဖုန်းဆက်မေး
ကိုယ်မေးတဲ့သူတိုင်းဖြစ်နေလို့ စိတ်အေးသွားရတဲ့
အဖွဲ့ကတစ်ဖွဲ့•••

တစ်ခြားဘာကျန်သေးလဲ
ကျန်သေးရင်ပြောသွားကြဦး 🤭

youတို့ရော ဘယ်အဖွဲ့ထဲမှာပါလဲလို့😂
😁
#forward_only
#Eric
#credit
#funny

2 months ago

Sign အလိုက် အကြိုက်/အတွေး
——
Aries ……အသားညိုပြီး Sexy ကြတာ ငါကြိုက်တယ်
ပြင်းပြင်းပြပြပေါ့

Taurus……. တည်ငြိမ်ပြီး ဦးဆောင်ချစ်ပေးနိုင်သူ
အချစ်ခံချင်တယ်ငါ

Gemini……. စကားပြေားကောင်းပြီး မျက်ဝန်းဝိုင်းဝိုင်းလေးဆို စိတ်ဝင်းစားမိ့တယ် သွားစကားပြောအုန်းမယ်

Capricorn…… ချစ်မိ့ရင် ဖြူဖြူညိုညို ပေးစပ်ချစ်မဲ့ လူမျိူး ဒါပေမဲ့ ငါ့ကိုအကောင်းမထင်ကြဘူး

Virgo….. ငါသူ့ကိုကြိုက်ပေမဲ့ သူကအရည်ချင်းနဲ့ငွေရှိဖို့လိုတယ် တွက်ချက်ရတာ ငါကြိုက်တယ်

Sagittarius….. ငါယွရင်လိုက်ယွပေးနိုင်တဲ့လူ ငါလိုချင်တယ် ချုပ်ချင်ရင် လစ် တိမ်တွေပေါ်မှာ လွင့်နေတယ်လေး ငါလေး

Aquarius…. ရည်းစားထားရတာ ပျင်းဖို့ကောင်းလား ပျော်ဖို့ကောင်းလား ဟင်းးး နောက်မှတွေးတော့မယ်

Leo ….. ရုပ်ချောတဲ့လူတိုင်း ငါကြိုက်တယ် 🌚 B/G ဘာနေနေ ( ကလေးဆိုးကြီးလို)

Pisces…..Body ကောက်ကြောင်းလေးလှနေရင် သိပ်မိုက်တာဖဲး အိပ်ချင်တယ်

Cancer….. ငါနဲ့ထိုက်တန်ရဲ့လား (သူက )အလိုလိုနေရင်း ကဗျာဆန်နေသူ

Scorpio…… ငါ့ချစ်နေတုန်းပြန်ချစ်နော် မဟုတ်ရင် ငါ ငိုချင်နေလိပ်မယ် အများရှေ့ Ro ရတာကြိုက်သူ

Libra….. အချစ်နဲ့စစ်မှာ မတရားတာတွေထက် မျှမျှတတ ညီမျှစွာ ချစ်သူလိုချင်တယ်
Crush က ငါ့ကိုတော့ ပြန်ကြိုက့်ပါ့မလား ?

#Eric
#forward_only
#zodiac_sign
#credit

2 months ago

ဘဝရည်မှန်းချက်တွေ ကြီးမားလာတဲ့အခါ…

၁။ သင်ဟာ အိပ်ရာဝင်နောက်ကျပြီး စောစောထဖြစ်လာ လိမ့်မယ်။

၂။ သင်ဟာ သူငယ်ချင်းတွေ နည်းလာလိမ့်မယ်။

၃။ သင့်ကို လူတွေ နားမလည် ဖြစ်လာကြလိမ့်မယ်။

၄။ သင်ဟာ သင့်ဘဝကို နားလည်ပေးတဲ့ လက်တွဲဖော် အစစ်အမှန်ကို မတွေ့ ခင် single လေးတစ်ယောက် အဖြစ် ရှိနေလိမ့်မယ်။

၅။ လူတွေက သင်သူတို့ထက်သာသွားမှာကို စိုးရိမ် နေကြတယ်။

ဒါကြောင့် သင်တစ်ယောက်တည်း ကြိုးစားတတ်လာ လိမ့်မယ်။ ပန်းတိုင်ရောက်သည်အထိ ဆက်ကြိုးစားပါ။

#personal_growth
#credit
#forward_only
#Eric

We recommend to visit

Reklam : https://t.me/+ZNMYRg1fiYBjYmZk

Last updated 10 months, 3 weeks ago

Owner : @iftiano

Last updated 4 weeks ago