Why Pay for Entertainment? Access Thousands of Free Downloads Now!

ပုလဲမြေ

Description
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago

1 day, 22 hours ago

လင်မယားနှစ်ဦးက အလုပ်သမား ၂၀၀ ဦးကျော်ထံမှ ငွေကျပ်သိန်း ၁၃၀၀ ကျော်လိမ်လည်ရယူပြီးနောက် ပြန်လည်ပေးချေခြင်းမရှိ

ဇွန်-၄

မြန်မာနိုင်ငံသား လင်မယားနှစ်ဦးက အလုပ်သ မားများအား မလေးရှားနိုင်ငံတွင် အလုပ်လုပ် ကိုင်ရမည်ဟုပြောဆိုပြီးနောက် ငွေကျပ်သိန်း ၁၃၀၀ ကျော်လိမ်လည်ရယူသွားပြီးနောက် ပြန် လည်ပေးချေခြင်းမရှိ၍ အခက်အခဲများကြုံတွေ့နေရကြောင်း အလုပ်သမားများထံမှသိရသည်။

အလုပ်သမားများထံမှ ငွေကျပ်သိန်း ၁၃၀၀ ကျော်အားလိမ်လည်ရယူသွားသော လင်မယားနှစ်ဦးသည် Always Trust General Service ကုမ္ပ ဏီမှတာဝန်ရှိသူများဖြစ်ကာ မလေးရှားနိုင်ငံရှိ အလုပ်အကိုင်(၇)ခုတွင် သွားရောက်အလုပ်လုပ် ကိုင်ရမည်ဟုပြောဆိုပြီးနောက် အလုပ်သမား (၂၂၈)ဦးထံမှ ငွေကျပ် ၁၃၄၄ သိန်းကိုလိမ်လည်ရယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို မလေးရှားမှာအလုပ်ရမယ်လို့ပြောပြီး ဝန်ဆောင်ခတောင်းတယ်။ ပတ်စ်ပို့စာအုပ်တွေလည်းတောင်းလို့ပေးခဲ့ရတယ်။ ဝန် ဆောင်ခနဲ့ပတ်စ်ပို့က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲကပေးခဲ့ရတာ။ မိသားစုအဆင်ပြေချင်ဇောနဲ့ အိမ်ပေါင်/ယာပေါင်ပြီးပေးခဲ့ရတာပါ"ဟု အလုပ် သမားတစ်ဦးကပြောသည်။

ထိုသို့ ဝန်ဆောင်ခငွေများပေးချေခဲ့သော်လည်း အလုပ်သမား(၂၂၈)ဦးမှာ လက်ရှိအချိန်အထိ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမရှိ၍ ပေးသွင်းထားသည့် ဝန်ဆောင်ခနှင့်ပတ်စ်ပို့စာအုပ်များကို ပြန်လည်တောင်းယူရာတွင် ယင်း လင်မယားနှစ်ဦးမှ ဝန်ဆောင်ခများကို ပြန်လည်ပေးချေခြင်းမရှိဘဲ ပတ်စ်ပို့စာအုပ်များကိုသာပြန်ပေးခဲ့ကြောင်း သိရသည်။

"ပတ်စ်ပို့စာအုပ်ပြန်ပေးပေမယ့် ကျွန်တော်တို့သွင်းထားတဲ့ ဝန်ဆောင်ခတွေကိုပြန်မပေးဘူး။ တောင်းလိုက်တိုင်း ဟိုနေ့ပေးမယ် ဒီနေ့ပေးမယ်ဆိုပြီးတော့ဘဲ ချိန်းတယ်။ ကျွန်တော်တို့က အိမ်ပေါင်/ယာပေါင်ပြီးပေးထားရတာ။ အခုချိန်ထိမသွားရသေးတော့ အတိုးတွေကအရမ်းများလာတဲ့အတွက် တစ်ချို့ဆိုရင် အိမ်တွေ/ယာတွေ ဆုံး ရှုံးသွားရတာတောင်ရှိတယ်။ အခက်အခဲတော် တော်ဖြစ်နေပါတယ်"ဟု အလုပ်သမားတစ်ဦးကပြောသည်။

ထို့ကြောင့် အလုပ်သမားများစုပေါင်း၍ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲများအား ကူညီဖြေရှင်းပေးရန် အလုပ်သမားဝန်ကြီးဌာနထံသို့ မေ တ္တာရပ်ခံစာပေးပို့ထားပြီး ငွေကျပ်(၁၃၄၄)သိန်းအား လိမ်လည်ရယူပြီး ပြန်လည်ပေးချေခြင်းမရှိ၍ အရေးယူပေးပါရန်လည်း လူကုန်တားရဲတပ် ဖွဲ့ထံတိုင်ကြားထားကြောင်း သိရသည်။

1 day, 22 hours ago
ကိုယ်ချင်းစာတရားတွေ ထားကြပါ။

ကိုယ်ချင်းစာတရားတွေ ထားကြပါ။

1 day, 22 hours ago
ပုလဲမြေ
1 week, 3 days ago

အနာရှိလို့ စပ်ကြတယ် 🙄

ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်တော့ ရွာပျက် ၊ မြို့ပျက်တွေ မကြာခဏ တွေ့ခဲ့ရတယ်။ စစ်ဖြစ်တာနဲ့ ပြည်သူတွေဟာ ပြေးကြရတော့တာပဲ။ တော်သင့် ပစ္စည်းလေး ယူပြီး အသက်ဘေးက လွတ်ဖို့ကြိုးစားရတာကိုး။ မွေးထားတဲ့ တချို့သော တိရိစ္ဆာန်တွေဟာ အိမ်မွေး တိရိစ္ဆာန်လို့တောင် ထင်ရက်စရာ မရှိလောက်အောင်အထိ ရိုင်းစိုင်းလွန်းနေခဲ့တာတွေ တွေ့ခဲ့ရတယ်။ ဒါမျိုးက တရွာလည်း မဟုတ်ဘူး။
-
ကဗျာဆရာ ဆန်းကျော်စွာဝင်းရေးသလိုပဲ။ အညာမှာ NUG မွေးတဲ့ မျောက်တွေက ရွာတွေကို ပြန်ခြောက်နေပြီဆိုတာ အမှန်တရားပဲ။ တနိုင်ငံလုံးကို စစ်ဘောင်ဖြန့်ထားရတော့ တပ်ကလည်း အလုံးစုံ မကာကွယ်နိုင်တော့ဘူး။ မုံရွာနဲ့ ရွှေဘိုကြား၊ မန္တလေးနဲ့ မြစ်ကြီးနားကြား ဘယ်ကားမှ ဖြောင့်ဖြောင့် မသွားရဲတော့ဘူး။ ကားဘီး တဘီးစာ လမ်းဘေး ချလိုက်တာနဲ့ ထောင်ထားတဲ့မိုင်းတွေ ကွဲတာကလည်း အစီအရီ။ ပြီးရင် ကာကွယ်ရေး ရံပုံငွေဆိုပြီး ဂိတ်တွေ ဖွင့်ထားတာလည်း မနည်းမနှောပဲ။ ဘုရား တမသွားရရင် ကြိုက်သလို ဆို။ ရဟန်းသံဃာတွေ ဒိတ်ဒိတ်ကြဲ အသတ်ခံရတာလည်း ဒီအညာဒေသပဲ။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»

Ko Thet News

အနာရှိလို့ စပ်ကြတယ်

ကချင်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်တော့ ရွာပျက် ၊ မြို့ပျက်တွေ မကြာခဏ တွေ့ခဲ့ရတယ်။ စစ်ဖြစ်တာနဲ့ ပြည်သူတွေဟာ ပြေးကြရတော့တာပဲ။ တော်သင့် ပစ...

**အနာရှိလို့ စပ်ကြတယ်** ***🙄***
1 week, 3 days ago

အောက်လမ်းအစီအမံ၊ စည်တော်ကြီးရဲ့သက်ရောက်မှု

အောက်လမ်းနည်းနဲ့လုပ်ထားလို့ အင်ဒိုစုံတွဲခွာမရဘဲ နောက်ဆုံးမှာ သေဆုံးခဲ့ရတဲ့ ဗွီဒီယိုရုပ်သံ အခုတလောခေတ်စားနေပါတယ်။
-
မယုံကြည်လို့မရတဲ့ အောက်လမ်းနည်းတွေဟာ တကယ်ရှိပြီး လုပ်သူတွေရဲ့ ရက်စက်မှု၊ ခံရသူတွေရဲ့ နာကြင်မှု၊ မြင်ရသူတွေရဲ့ စိတ်နှလုံးမချမ်းမြေ့မှုတွေကို အင်ဒိုဖြစ်စဉ်မှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
-
အလားတူပဲ မြန်မာနိုင်ငံမှာလည်း အလွန်နာမည်ကြီးခဲ့တဲ့ အောက်လမ်းအစီအမံနဲ့ စီမံထားတဲ့ စစ်ကိုင်းစည်တော်ကြီးကြောင့် စစ်ကိုင်းတိုင်းအတွင်း tway..ချောင်းစီး -တ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာဖြစ်ပါတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။
-
စစ်ကိုင်းတိုင်းအတွင်း ပြည်သူတွေစည်းလုံးညီညွတ်မှုပျက်ပြီး တစ်ရွာနဲ့တစ်ရွာ၊ တစ်မိသားစုနဲ့ တစ်မိသားစု၊ မိသားစုအချင်းချင်းဘာရန်ညိုးမှ မရှိဘဲ အပြန်အလှန်-တ်ဖြတ်မှုတွေဟာ မယုံကြည်လို့မရတဲ့…… တိုက်ဆိုင်မှုမဟုတ်တဲ့….. အင်းတွေနဲ့ စီမံထားတဲ့ စစ်ကိုင်းစည်တော်ကြီးကြောင့်လို့ ယုံကြည်သူတွေ အများအပြားရှိနေပါတယ်။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»

Ko Thet News

အောက်လမ်းအစီအမံ၊ စည်တော်ကြီးရဲ့သက်ရောက်မှု

အောက်လမ်းနည်းနဲ့လုပ်ထားလို့ အင်ဒိုစုံတွဲခွာမရဘဲ နောက်ဆုံးမှာ သေဆုံးခဲ့ရတဲ့ ဗွီဒီယိုရုပ်သံ အခုတလောခေတ်စားနေပါတယ်။ - မယုံကြည်လို့မရတဲ့ အောက်လမ...

**အောက်လမ်းအစီအမံ၊ စည်တော်ကြီးရဲ့သက်ရောက်မှု**
1 week, 3 days ago
ပုလဲမြေ
2 months, 1 week ago

တိုက်ပွဲသတင်းထုတ်ပြန်ချက်
မတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
=======================

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်း၏ တောင်ဘက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် အင်အား ၆၀ ဦးခန့် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ထူးချောင်းစခန်း တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

မိမိဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။ အတည်ပြုဆဲ သတင်းများအရ သေဆုံးဒဏ်ရာ ရသူများအား ထူးချောင်းအရှေ့ဘက် ကြိုးတံတား ဟောင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂) နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းသို့ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦး ခန့်က ၂ ကြိမ်၊ ချောင်းဦးစေတီသို့ အင်အား ၃၅ ဦးခန့်က ၁ ကြိမ်၊ မြို့မဘုရားသို့ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်း ၁၂၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့သည့် KNLA အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွား။

တနင်္သာရီတိုင်း

ဘုတ်ပြင်းမြို့နယ် ချောင်းသာစူးကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်ရီမုမိုင်း ၁ လုံး၊ ရီမု ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဓာတ်ခဲ ၆ လုံး၊ ဒီတိုနေတာ ၄၀ ခု၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊ လက်လုပ်ခြေနင်းခလုတ် ၆ ခု၊ ဝါယာကြိုး ၂ ခွေ၊ အိုင်ကွန်တိုင် ၃ ချောင်း သိမ်းဆည်းရမိ။

#တိုက်ပွဲသတင်းစုံ

https://t.me/kyawswar49111

2 months, 1 week ago
ပုလဲမြေ
2 months, 1 week ago
ပုလဲမြေ
2 months, 2 weeks ago
ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွအသင်းတော်၏ ခရစ်ယာန်ဓမ္မဆရာဟောင်း ခွန်ဂျော်လီ (Sr. …

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွအသင်းတော်၏ ခရစ်ယာန်ဓမ္မဆရာဟောင်း ခွန်ဂျော်လီ (Sr. Nammye Hkun Jaw Li) အား မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် နေအိမ်တွင်း၌ အမည်မသိလူသုံးဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း သိရသည်။

“၂ နာရီ မထိုးခင်လေးဖြစ်တာပေါ့။ မိတ္တူဆိုင်ဖွင့်ထားတာ။ ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက် အိမ်ထဲမှာကို လာပစ်သွားတာ။ အခုလောလောဆယ်တော့ ဆရာ့ကိုရင်ခွဲရုံကနေ ဆေးစစ်ချက်ယူပြီး အိမ်ပို့ထားပြီ။ ဦးခေါင်းတစ်ချက်၊ ကိုယ်လေးချက် ထိထားတယ်။ ဘာကြောင့် ခုလိုလုပ်သွားမှန်းမသိဘူး။ လန့်နေကြတာ။ တခြားအဖွဲ့တွေကို ရိုးမယ်ဖွဲ့တာလည်း မကောင်းပါဘူး။ သူနဲ့ သူတို့မိသားစုက အသိဆုံးဖြစ်မှာ” ဟု ကူညီသူတစ်ဦးက ပြောကြားသည်။

ဆရာခွန်ဂျော်လီသည် သေဆုံးချိန်တွင် အသက် (၄၀ နှစ်) ရှိပြီဖြစ်ပြီး နမ္မတီးကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော် (KBC) က အမှုတော်ဆောင်ဟောင်းတစ်ဦးဖြစ်ကာ လူထုအခြေပြုမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (Pat Jasan) နှင့် ရပ်ရွာအကျိုးလှုပ်ရှားရေး၌ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း ယင်းနှင့်နီးစပ်သူများက ဆိုသည်။

eleven media

https://t.me/kyawswar49111

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago