စာတို၊ကဗျာတို...🥀

Description
စာတိုပေစတွေနဲ့ မွေးဖွားခြင်းဖြင့်အချစ်ကိုရရှိနိုင်
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago

1 Jahr her

ကျုပ် အရက်ကို မမုန်းဘူးအကို။
အရက်သမား ကိုမုန်းတာ။
အဲ့ဒီရီဝေနေတဲ့
မျက်လုံးတွေကပြောတယ်...
စီးပွားရေး မထိခိုက်ပါဘူးတဲ့။
ဒါပေမဲ့ ယိုင်ထိုးနေတဲ့
ခြေလှမ်းတွေကသိက္ခာတော့
ပျက်စီးစေတယ်မဟုတ်လား....။

#Kosaw

1 Jahr her

ဒီလိုပါပဲ
ငစောရာ
အရက်ဆိုတာ
သူနေရာသူ
အသူံးဝင်ပါတယ်
အရက်ဆိုတာ
ကိုယ့်ခံစာနေရတာကို
သူကိုမျှချင်ကြရုံပါ
ကြားထဲက အရက်ဆိုတာ
ဝေဒနာပျောက်ဆေးတခုလိုပါပဲ
ငါ့ညီရာ

1 Jahr her

ပျော်လို့ သောက်ကြတယ်။
ငိုဖို့ သောက်ကြတယ်။
မူးစမ်းဟဲ့ အရူး
ဟိုးအောက်က
ခွေးတောင်ရှောင်တဲ့ဒီငမူး။
သိပ့်စိတ်ပျက်ဖို့ ကောင်းတဲ့
လူထူး။

#Kosaw

1 Jahr, 2 Monate her

မျှော်တော်ယောင် ပျော်ပျော်ကြီး လုပ်ချင်စမ်းပါရဲ့အချစ်ရယ်။
မြင့်သထက်မြင့်ဖို့
မျှော်ရတာများ အဆန်းမှတ်လို့။
အလွမ်းနဲ့မျှော်မယ်
သတိရခြင်းနဲ့မျှော်မယ်
ပြီးတော့ ပီတိနဲ့မျှော်မယ်။
မြတ်နိုးသူ အမြင့်ရောက်လေဖို့
ခပ်ပြုံးပြုံးသာ မျှော်ရချည်သေးရဲ့ဗျာ။

# မိုးနှောင်း

1 Jahr, 2 Monate her

ချစ်သူရေ...
တစ်ဘဝစာအတွက် တစ်ခဏတော့ ဝေးရအုံးမယ်...
ဒီတစ်သက် နီးစပ်ခွင့်ရရင် နီးချင်ပါသေးရဲ့။......
စောင့်နေမယ်လို့တော့ မမျှော်လင့်ဘူးရယ်။...
ဖြစ်နိုင်ရင် စောင့်နေစေချင်တယ်။.....
အဝေးကချစ်ရသူ။

#.....

1 Jahr, 2 Monate her

ဟောင်းနွမ်းသွားတဲ့ အတိတ်ကဒဏ်ရာတွေက..
ဆောင်းည ရောက်လာပြီဆို ပြန်နာကျင်ရတယ်..
#Ba_nic

1 Jahr, 2 Monate her

ဆေးလိပ်တို့ ဘီယာတို့သောက်ရင်..
စောစောသေတာပေါ့နော်။
ဒါမဲ့ ကိုယ့်ကို မချစ်တဲ့ လူတယောက်ကို ချစ်မိရင်ကျ ဘာလို့ အကြိမ်"သေတာပါလိမ့်..
#Ba_nic

1 Jahr, 2 Monate her

Hello December

ပိုက်ဆံကလွဲပြီး ဘာမှဝင်မလာပါနဲ့ ?

1 Jahr, 2 Monate her

❝ အချစ်ဘွဲ့ ❞ - အောင်ချိမ့်

စိတ်မကောင်းပါဘူး
အဲသလို လွဲသွားခဲ့ရတာ။

“ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ” တဲ့ ကဗျာတစ်စ
ငါ့မှာ ရွတ်သမိပါတယ်။

ဘယ်သိမှာလဲ
မဟုတ်ဘူးလား။

လူတွေ၊ ဇာတ်လမ်းတွေ၊ အကတွေ၊ အချစ်တွေ
ထိုင်ငေး
တစ်သက်လုံး အာသာငမ်းငမ်းဖြစ်
တစ်သက်လုံး ဘာမှမရ။

ငါ စာအုပ်ဖတ်မယ်
ငါ စဉ်းစားခန်းဝင်မယ်။

နောင်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်။

သို့သော်…
မင်းကို ငါချစ်တယ်။ ။

-အောင်ချိမ့်

1 Jahr, 2 Monate her

မေတ္တာတွေ / သစ္စာတွေနဲ့ ချည်မှမြဲမဲ့
"ချစ်ခြင်းမေတ္တာတွေ" ကြားမှာ
ကိုယ့်ကို မင်းရဲ့ဆံချည်မျှင်လေး..
၁ မျှင်နဲ့သာ ခပ်ဖွ"ချည်ပါ။
ကိုယ့်မှာ မရုန်းနိုင်ပါဘူး ချစ်ရယ်။
#Ba_nic

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago