Mandalay Black King Scorpion PDF

Description
MBKS တပ်ဖွဲ့၏ တရားဝင် Channel ဖြစ်ပါတယ် ။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

hace 3 años, 1 mes

ယနေ့ နေ့လယ်ပိုင်း တစ်ချို့မြို့နယ်များတွင် စကစမှ ဆိုင်ကယ်များ ဖမ်းဆီးနေပြီး ဆိုင်ကယ် အပြင် စက်ဘီးများကိုပါ အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးနေကြပြီး ဒဏ်ငွေမတောင်းပဲ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိမ်းထားတဲ့ ပစ္စည်းတွေကို စခန်းမှာ လာရောက်တန်းစီ ခိုင်းပြီး ထုတ်ယူခိုင်းနေပါတယ်။ ထိုသို့ ပြုလုပ်ခြင်း သည် မနက်ဖြန် Silent Strike တွင် မပါဝင်နိုင်အောင် အပြင်ကို တစ်နည်းမဟုတ် တစ် နည်း နဲ့ ထွက်အောင် လုပ်တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပြည်သူကိုခုတုံး လုပ်ခြင်းဖြစ်သည်ဟု ဖရဲသီးတစ်လုံး က ကျွန်တော့်ကို သတင်းပို့ပါတယ်။

အဲတာကြောင့် ပြည့်သူများ စခန်းသွားရောက် တန်းမစီဖို့ ပြောကြားလိုပါတယ် ။

ဒါလေးကိုလည်း ပြည်သူအများသိအောင် Share ပေးကြပါခင်ဗျ။????

#NGU

hace 3 años, 1 mes

Last Mission

ဒီနေ့ mission တွေ လုပ်သမျှ အောင်နေလို့ ရေခဲတို့ နှစ်ယောက်လုံး ပျော်နေကြတာ မြောက်ကြွကြွတွေဖြစ်လို့။ ရဲဘော်ရေခဲနဲ့ ‌ရဲဘော်တေဇအောင်ဆိုတာ နွေဦးတော်လှန်ရေးမှာ ရေခဲတို့ စိတ်ကြိုက်ပေးထားသည့် အမည်တွေ။ တော်လှန်ရေးအတွင်းမှ ပိုချစ်ပြီး ပိုစည်းလုံးလာသည့် သူငယ်ချင်းတွေပေမယ့် အစစအရာရာ ယုံကြည်စိတ်ချစွာတိုင်ပင်ကြသည်။

မနက် လင်းကတည်းက mission တွေဆက်တိုက်မို့ လမ်းပေါ်မှာပဲ အချိန်တွေကုန်နေပေမယ့် mission ၃ ခု မှာ ၂ ခု အောင်အောင်မြင်မြင်ပြီးသွားပြီဆိုတော့ ပင်ပန်းရကျိုးနပ်လှ၏။
နောက်ဆုံးမစ်ရှင်အနေနဲ့ သိပ္ပံလမ်းက khwayကြည့် CCTV ရှင်းလင်းရေးမစ်ရှင် ပြီးတာနဲ့ အိမ်ကို ခဏပြန်ရမည်။ အမေတို့ ခမျာ ရေခဲ ပြန်မလာတာကြာလို့ ‌ဖုန်းဆက်တာ အကြိမ်မနည်းတော့။ တေဇတို့အိမ်ကလည်း ဖုန်း ခဏခဏ ဆက်နေတာမို့ နှစ်ယောက်သား အိမ်ခဏပြန်ဖို့ တိုင်ပင်ထားကြသေးသည်။
အတွေးနှင့်အတူ မစ်ရှင်အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သိပ္ပံလမ်းပေါ်အတက်...

"အုံးးး"
ရေခဲတို့ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တူးဘောက်စ်ထဲက ပစ္စည်းပေါ-က်-ကွဲ-ထွက်ခြင်း ဟု သိလိုက်ရချိန် ဆိုင်ကယ်ပေါ်က နှစ်ဦးလုံး လေထဲ လွင့်ထွက်သွားတော့သည်။ ရေခဲ လေထဲလွင့်‌ထွက်သလို ခံစားနေရပေမယ့် သူငယ်ချင်း တေဇအောင်ကို မြင်နေရသည်။ တေဇက ကတ္တရာလမ်းပေါ်မှာ ပက်လက်‌၊ သွေးတွေအိုင်လို့၊ တေဇဆီသို့ အပြေးသွားမိသည်။ တေဇဘေးနားမှာ sit khway တွေက ဝိုင်းလျှက်၊ တေဇရဲ့ ခန္ဓာကိုယ်ကို ခြေထောက်တွေနဲ့ကန်ကြည့် နေကြသည်။ ရေခဲ အသံကုန်ခြစ်အော်လည်း တေဇက နိုးမလာ။

ရေခဲတို့ ဒီညနေ ကိုယ့်အိမ်ကိုခနပြန်ကြမည် ဟု တိုင်ပင်ထားကြသည်လေ...
ညနေပြန်လာမယ်အမေ လို့ ဖုန်းဆက်တုန်းက ပြောထားတာမို့လား...
အမေ မျှော်နေလိမ့်မည်...
အတွေးနှင့်အတူ ရေခဲ မတ်တပ်ထအရပ်မှာ
ဟိုဘက်က တစ် ကောင် က လွင့်ကျကတည်းက အသက်မရှိတော့ဘူး ဟူသော အသံကို ကြားလိုက်ရ၏...
ရေခဲ အံတင်းတင်းကြိတ်လျှက် အိမ်ပြန်ဖို့ ခြေလှမ်းပြင်သည်။
ရေခဲ အိမ်ပြန်ရပါအုံးမည်။
ရေခဲ ချစ်တဲ့ အမေက ရေခဲကို မျှော်နေမှာ အသေအချာမို့ ရေခဲ အမေရှိတဲ့ အိမ်ကို ပြန်ရပါအုံးမည်။

(၁၄.၃.၂၀၂၂)မန္တလေးမြို့ သိပ္ပံလမ်း ၇၈လမ်းဖြစ်စဉ်တွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြသော ရဲဘော်ရေခဲနှင့် ရဲဘော် တေဇအောင်အား တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့် ရေးဖွဲ့သည်။)

အိမ်ရှိပေမယ့် အိမ်မပြန်နိုင်တော့တဲ့၊ ပြန်စရာအိမ်မရှိတော့တဲ့ ရဲဘော်ရေခဲပေါင်းများစွာ၊ ရဲဘော်တေဇအောင် ပေါင်းများစွာ အတွက် အမှန်တရား ဘက်တော်သား ပြည်သူများသွေးမအေးစေရန် ရည်ရွယ်လျှက်...

#ငါတို့နိုင်မှာ
Mandalay Black King Scorpion PDF

#BurmeseAlphabetConcreteVisualArt

hace 3 años, 1 mes
Mandalay Black King Scorpion PDF
hace 3 años, 1 mes
Mandalay Black King Scorpion PDF
hace 3 años, 1 mes
Mandalay Black King Scorpion PDF
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago