ပေဖူးလွှာ

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 2 months ago
1 year, 2 months ago

တို့အညာ

တို့အညာမှာလေ
ဒီအတောအတွင်း
စစ်ခွေးတွေ သေနေတာများ
မှုန်မှိုင်းရာသီ လေအဝေ့မှာ
ရွက်ကြွေတွေ
တဖြုတ်ဖြုတ်ကြွေ​နေသလိုဘဲကွဲ့
ဟိုတလောက ဘုတလင်မှာ
စစ်ခွေးကြောင်းဖြုတ်ချပုံများ
တယ်ဆန်းသကွဲ့
ကဲ ဒီလိုတော့အကြောမခံဘူး
အလောင်းဘုရားသွေးတွေကြွလို့
ဝက်လက်မှာလေ
ဒို့သွေးတွေနီနေကြောင်း သက်သေပြရဲ့
အပေါင်းအပါခွေးတွေများ
မရှုမလှနဲ့ ငရဲလားစေသား
မကြာမီ ကာလအတွင်းမှာ
တို့အညာမှာလေ
စစ်ခွေးတွေပြုန်းပြုန်းပြုတ်လို့
ရောင်နီလာ ငြိမ်းချမ်းရေးကို
သောသောညံညံ ကြိုဆိုကြရန်
သပြေညိုစိုက်ကြပါမနှေး။

အရွှန်း

@SagaingSNetworkbot သို့ ဖော်ပြစေချင်သော ကဗျာများကို ပေးပို့နိုင်ပါတယ်ရှင်

https://t.me/PalmLetter

1 year, 2 months ago

နွေဦးတို့ရဲ့အိမ်အပြန်

ခက်ညံ့ညံ့ကောင်တွေက
အရက်ကိုမကြိုက်ကြဘူး မနေရီနွယ်
ကျနော့်မှာ
ဘယ်လောက်များရွေးစရာတွေများခဲ့လို့လဲ
မနေရီနွယ်နဲ့ ကဗျာ
အပေါစားအရက်တလုံးရယ် ဂစ်တာ
သေနတ်သံတွေ တနေ့တော့တိတ်သွားမှာပါ
အိမ်ဟာ အိမ်လိုစောင့်နေတာမို့
(ရှိသေးသေး မရှိသေးသေး)
ပြန်ဖို့ပဲလိုတာ

အိုးဝေငြိမ်း

@SagaingSNetworkbot သို့ ဖော်ပြစေချင်သော ကဗျာများကို ပေးပို့နိုင်ပါတယ်ရှင်

https://t.me/PalmLetter

1 year, 2 months ago

ဘဝဇာတ်ခုံ ကကြိုးစုံ
ဆရာ့ဇာတ်ရုပ်ပုံ၊
ဘဝကျေးမုံ ကြည်စင်ပ
သမိုင်းမတ်တန်းလှ။

နာသုံးနာမှ အရင်းတည်
ဖြည့်စည်းပါရမီ၊
ဆရာဟူသည် ဥယျှာဥ်မူး
ရခဲဘဝထူး၊။

ပမါမီးရူး တန်းသဖွယ်
ဖြည့်စွမ်း အလင်းကြွယ်၊
ရှောင်ဖယ်ခွင်းရာ မှောင်အမိုက်
ပမာ မီးပြတိုက်။

အဖိုးထိုက်သည့် ရတနာ
သားကောင်း မွေးဖွားရာ၊
ဆရာဆိုတာ ဓားသွေးကျောက်
သွေးတိုင်း အရောင်တောက်။၊

ကျောက်သွေးသမား ပမာတူ
လုံ့လတံခွန်ထူ၊
စေတနာဖြူ နှလုံးလှ
ကကြိုးစုံတဲ့တဲ့ဆရာ့ဘဝ။

အောင်နိုင်ဦး(ဆရာကြီး)CDM လယ်ယားရဲ့ကဗျာလေး အရမ်းကြိုက်လို့ မျဝေလိုက်ရပါတယ် ဆရာ့စေတနာတေကိုတန်ဘိုးထားလျှက်ပါ?

နွေဦး သခင်

@SagaingSNetworkbot သို့ ဖော်ပြစေချင်သော ကဗျာများကို ပေးပို့နိုင်ပါတယ်ရှင်

https://t.me/PalmLetter

1 year, 2 months ago

ခေတ်အဆက်ဆက် ကျိန်စာ

∆ ခေတ်ဟာ သစ်ဖို့ထက်
စစ်ဘက်ကိုပဲ မျက်နှာမူနေရတယ်။
ပဒေသရာဇ်၊ကိုလိုနီ၊အာဏာရှင်၊ဒီမိုကရေစီ
စနစ်ကိုစစ်တွေနဲ့ပြောင်းလဲခဲ့ကြ
ပုံစံအသေ၊သီအိုရီအဟောင်းတွေနဲ့
ခေတ်ကြီးကိုတိုက်စားခဲ့ကြ။

∆ ဗုဒ္ဓရဲ့ ဗြဟ္မစိုရ်တရားဟာ
ယမ်းငွေ့တွေကြားမှာနေ‌သားကျနေပြီ။
လောဘတွေ ယင်းထလာတိုင်း
စစ်ပွဲတွေကို မီးထထညှိကြတယ်။

∆ ဟီရန်ဂျွန်ဆင်ကပြောတယ်
စစ်ပွဲတခုမှာ ပထမဆုံး ဆုံးရှုံးလိုက်ရတာ အမှန်တရားပဲ တဲ့။
ခေတ်အဆက်ဆက် အမှန်တရားဟာ
အာဏာတွေနဲ့ပေါင်းသင်းလိုက်
သံတိုင်တွေနောက်မှာရပ်နေလိုက်
တောတောင်ကြားမှာပုန်းအောင်းလိုက် ပဲ။

∆ ဝဋ်နာကံနာငရဲဟာ
မြန်မာပြည်မှာပဲမဟုတ်လား
စနစ်နှစ်ခုကြားမှာညှပ်ပြီဆိုရင်
လူငယ်တွေကိုဆွဲချတော့တာပဲ။
ခေတ်ပျက်ကြီးကားလိတ်နောက်ကထွက်လာတိုင်း ငါတို့ ပြည်သူဘဝတွေ
ပစ်ပစ်ပေးခဲ့ကြရ။

∆ ကပ်ကျော်ရေ
ခင်များက ဘုရားကိုမြင်ဖို့
နောက်လှည့်ကြည့်စေချင်ပေမယ့်
ရှေ့မှာဟိုလူကြီးတွေ‌ လျှောက်တဲ့လမ်းက
ပိုဖြောင့် ပိုဖုံနေတော့
အတ္တာဟိအတ္တတောနာထော ဆိုပြီး
ငရဲပန်းတွေကို
နေကာမျက်မှန်တကားကားနဲ့
ကိုးရို့ကားရားပန်ဆင်သွားကြတယ်။

∆ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုပြီး
မင်းရောငါရော ထအော်ဖူးကြတာပဲ။
ငါတို့ဟာ
We Love Myanmar ဆိုင်းဘုတ်တွေကိုင်ရင်း
ဥရောပကို‌ မျှော်ကြည့်လိုက်
အိမ်နီးချင်းတွေကိုမော်ကြည့်လိုက် ပဲ
ငါတို့မျိုးဆက်တွေဟာ
လုပ်သားယိုစိမ့်မှုပြဿနာကြားက
လူငယ်ဘဝတွေကို
ကျွန်ခံရင်း ဖြုန်းတီးပစ်ခဲ့ကြရ။

∆ အပေါ်ကိုမော့ကြည့်ရင်း
ငါတို့တတ်ခဲ့တဲ့လှေကားဟာ
တထစ်ချင်းအောက်ဆင်းနေခဲ့ရမှန်း
နှစ်ပေါင်း(၇၀)ကျော်အကြာမှာ
ပညာရေးစနစ်နဲ့အတူ သိခဲ့ကြရ။
စာရိတ္တက
ရေဆိုးမြောင်းထဲက အသားတစ်လို
ပုတ် ပွ နံစော်နေ။

∆ ခေတ်ပြောင်းတော်လှန်ရေးတွေ
ဘယ်လောက်ပြောင်းပြောင်း
လူတွေက
အခုထိမဖြောင့်နိုင်ကြသေးဘူး။
ဓမ္မဟာ ဓါးမဖြစ်သွားရင်း
အချင်းချင်း ခြေခံထိုးရင်း
တွန်းတိုက်ဆွဲလှဲရင်း
နေရာတခုအတွက် တိုးကြခွေ့ကြရင်း
ငါတို့ဟာ
အသက်တွေကိုဆွဲဆန့်နိုင်ဖို့
ရေငုံနှုတ်ပိတ်နေကြရင်း ။ ။

မိုးပြေး #flurry

#Palmletter

@SagaingSNetworkbot သို့ ဖော်ပြစေချင်သော ကဗျာများကို ပေးပို့နိုင်ပါတယ်ရှင်

https://t.me/PalmLetter

1 year, 2 months ago

?ကံစမ်းမဲအစီအစဉ်?

ကျွန်တော်တို့ ဘာမထီတော်လှန်ရေး တပ်ဖွဲ့သည် Local အနေဖြင့် ကျရာနေရာ ကြုံရာနေရာများမှ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အမြဲလိုလို မိုင်းဆွဲခြင်း တိုက်ပွဲဖော်ဆောင်ခြင်းများကို မဟာမိတ်အဖွဲ့အစည်းများနဲ့အတူ ပြုလုပ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည် ။

သို့ရာတွင် ယခုချိန်ခါသည် ပြည်သူများစွာ၏ လိုအပ်ချက် အခက်ခဲများစွာကို မျက်ဝါးထင်ထင်မြင်တွေ့နေရပါသဖြင့် ပြည်သူ့အကျိုးပြု ကူညီကယ်ဆယ်ရေး (ကူ/ကယ်) လုပ်ငန်းများလည်း လုပ်ဆောင်ပေးနိုင်ရန်အတွက် သယ်ယူပို့ဆောင်နိုင်ရေးများမှာ မရှိမဖြစ်သော ကားတစ်စီး လိုအပ်နေပါသည်။

ထို့အတွက်ကြောင့် ခက်ခဲကြပ်တည်းမှုကြားထဲမှ ကံစမ်းမဲလက်မှတ်လေးများကို ပေါက်ရင်ယူ/မပေါက်ရင်လှူ ဆိုသော စိတ်မျိုးလေးနဲ့ ဝိုင်းဝန်းကာကူညီအားဖြည့်ပေးကြပါရန် ညှိုးငယ်စွာဖြင့် တိုက်တွန်းပါရစေခင်ဗျာ?

(တော်လှန်ရေးအတွက် အမှန်တကယ်လုပ်ဆောင်နေကြောင်းကို ကျွန်တော်တို့၏ ဘာမထီတော်လှန်ရေး အဖွဲ့ page မှာလည်း ကြည့်နိုင်ပါကြောင်း အသိပေးအပ်ပါသည်)
ကံစမ်းမဲလက်မှတ်များကို တစောင်လျှင် 5000ကျပ်နှုန်းဖြင့် အစောင်ရေ ၃ထောင် သတ်မှတ်ထားကာ ရရှိနိူင်မည့် ဆုများမှာ...
ပထမဆု- ဆယ်သိန်းတန် ဖုန်းသစ်တလုံး၊ ဒုတိယဆု-ရွှေလက်စွပ်တကွင်း၊ တတိယဆု-ထမင်းပေါင်းအိုးတလုံး နှင့် နှစ်သိမ့်ဆု ဆယ်ဆုတို့ ဖြစ်ပါသည်။

ကံစမ်းမဲလက်မှတ်များကို အောက်ပါ လင့်များမှဝယ်ယူကံစမ်းနိူင်ပါပြီခင်ဗျာ?

https://t.me/SSNTimes1

https://www.facebook.com/profile.php?id=61568694382248&mibextid=ZbWKwL

ဘာမထီတော်လှန်ရေးတပ်ဖွဲ့
Local PDF

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago