ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 2 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Last updated 5 days, 4 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 3 weeks ago
စစ်မှုထမ်းဟောင်းတွေပါ ထွက်ပြေးနေရပြီ
စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကြီးတွေကို KIA က ထပ်မံသိမ်းပိုက်လိုက်မှု၊ စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ မလုံလောက်တော့ဘူးလား၊ စစ်မှုထမ်းဟောင်းတွေပါ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေရပြီ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ဒီလင့်တွေမှာ အစအဆုံး နားဆင်ပါ။
Google Podcasts : https://bit.ly/44G3a1G
Apple Podcasts : https://apple.co/3ygJW6Q
Spotify : https://spoti.fi/4bdOXf4
Buzzsprout : https://bit.ly/44ASth9
အလင်းစက်အပေါင်းတို့ရေ …..
ရန်ကုန်အတွက် အလင်းစက် မှတစ်ဆင့်
ယခုလက်ရှိပြုလုပ်လျက်ရှိတဲ့ တောင်ပိုင်းအောင်ဇေယျစစ်ကြောင်းကို ဖြုတ်နေတဲ့ အဖွဲ့တစ်ချို့ရဲ့ လိုအပ်ချက်အတွက် အောခေါနောကမ်ပိန်းမှာ မုန့်ဟင်းခါးစားကြွရောက်ပါဝင် အားဖြည့်လို့ရသလို
အဆုံးသတ်အောင်ပွဲရဲ့ တော်လှန်ရေးအမှတ်တရပစ္စည်းများ ပိုင်ဆိုင်ဖို့ ကံစမ်းမဲလက်မှတ်များလည်းအားရပါးရပါဝင် အားဖြည့်လို့ရပြီဖြစ်ပါကြောင်း
အောခေါနောကမ်ပိန်း
https://www.facebook.com/share/p/augfryoh6GYoz3nG/?mibextid=WC7FNe
အဆုံးသတ်အောင်ပွဲ
https://www.facebook.com/share/p/KhuN4jRw7kT1zpfr/?mibextid=WC7FNe
#အောခေါနော
#FinalBattle
တော်လှန်ရေးအလားဂျစ်
------------------------
အာဏာရှင်တဲ့
ကာလရှည်ကြာ အိမ်တွင်းအကြမ်းဖက်ခဲ့ရုံမက
ခဏအတွင်းပဲ ခြေလွန်လက်လွန် အဓ္ဓမ ပြုကျင့်
အနီရင့်ရင့် သွေးစက်စက်
ဟဲလဲပက်စက် ဒဏ်ရာရ နိုင်ငံကြီးခမျာ
ကမ္ဘာ့အကြီးဆုံး အနာနဲ့
ကူကယ်ရာ ကုသရာဆေး
ဝေးနေခဲ့လေသလားပေါ့နော်။
စွန့်လွှတ်ပြီး ချစ်ကြ
အနစ်နာခံပြီး ချစ်ကြ
ချစ်ကြပုံ အမျိုးမျိုးနဲ့
ဆေးချိုချို ဆေးခါးခါး
ဆေးများများ ဆေးပေါ့ပေါ့
တော်တည့်ရာ ခန့်မှန်း
ကြမ်းကြမ်း နုနု
ပြုစု၊ ကုသ ပေးခဲ့ကြပါရဲ့
သိအိုရီနဲ့ လက်တွေ့
ကွက်တိကျမယောင်နဲ့ တေ့လွဲ
ကွဲပြားတဲ့ ကုသဆေးတွေ
ဝေဟင်ဆေး vs မြေပြင်ဆေး
တော်လှန်ရေး vs တည်ဆောက်ရေး
လူ့အခွင့်အရေး vs တော်လှန်ပြည်သူလုံခြုံရေး
ဓါတ်ပေး၊ ဓါတ်ယူ မသင့်
တနင့်နင့် ပိုနာ
နိုင်ငံတော်ခမျာလည်း
ဆေးကြောင့် ကြေရ၊ ဘေးကြောင့် ကြွေရ
ကာလကြာ နာတာရှည်၊ ဝေဒနာ ပိုစီး
တော်လှန်ရေးကြီး ကိုယ်တိုင်
ကုဆေး အလားဂျစ်ဖြစ်စပြု
ကုသသူတွေ သိကြပါလေစ။
# ပန်းရိပ်
ကဗ္ဗည်း
-----------
သူ့မြေတလျှောက် အလည်ရောက်ချိန်
စစ်ကျွန်နံ့ကင်း အောင်လံဝင်းတဲ့
လွတ်လပ်လေကို ရှူရသည် ။
သူ့ဒေသတွင်း ခြေကိုနင်းသော်
ပေးဆပ်စွန့်ခြင်း သွေးခင်းလမ်းနှင့်
ရဲရင့်မြေတို့ မြင်ရသည် ။
သူတို့ဌာနေ ရွာဦးမြေမှာ
ရဲရဲနီဆွေး အုတ်ဂူလေးကို
ကြယ်ဖြူခြယ်တပ် ကဗ္ဗည်းချပ်နှင့်
ဦးညွှတ်ကြတာ ငါတွေ့သည် ။
မေးမြန်းကြည့်သော် ဤမြေပေါ်ဝယ်
တော်လှန်စစ်ပွဲ ဝင်ကာနွှဲလျက်
အမိမြေထက် ပြည်သူ့ဘက်မှာ
ရပ်တည်ပြတ်သား သက်စွန့်သွားသည့်
ပြည်သူ့ကြားက ရဲဘော်အမည် ။
~ တေး
အရာတော်ပို့စ် | ကဗျာကဏ္ဍ
ဂီဒွန် အပါအဝင် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်း
လေး ခုကို KIA ထိုးစစ်ဆင်
▪︎ဂီဒွန်စခန်းကို သိမ်းပိုက်ခံရပြီး ၇ နှစ်ကျော်အကြာတွင် KIA ကပြန်လည်ထိုးစစ်ဆင်
ဟန်နွေ၊ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဂီဒွန် စစ်ကောင်စီ စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ယနေ့ (မေ ၄) ညနေပိုင်း၌ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့နှင့် KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။
ဂီဒွန်၊ ဆမား၊ ကဂမ် ၊အန်ခွမ် စစ်ကောင်စီတပ်စခန်း ၄ခုကို KIAက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
“ လိုင်ဇာနဲ့တော့ ဝေးတယ်။ ဝိုင်းမော်မြို့နယ်ထဲပဲ။ မနေ့ကတော့နည်းနည်း ထိတွေ့မှု ဖြစ်တယ်။ ဒီနေ့ကတော့ ထိုး
စစ်အနေနဲ့ စနေပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။
စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
ကဂမ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို မေလ ၃ရက်
နံက်မှစ၍ KIAနှင့် KPDFပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။ မေလ ၄ရက်နေ့ ညနေ ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး စခန်းမကျရေးခုခံနေကြောင်း ၎င်းကဆက်ပြောသည်။
"ကဂမ်ကို တိုက်နေပြီး ဂီဒွန်ကိုလည်း ပိတ်ထားတယ်။ သူတို့ လက်နက်ချချင်ချ။ မချလို့ပြေးမယ်ဆို တရုတ်ထဲပဲပြေးရမှာ" ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ကဂမ် နှင့် ဂီဒွန်သည့် တရုတ်နယ်စပ်အနီး မလှမ်းမကမ်း
၌တည်ရှိသည်ဟုသိရသည်။
KIA သတင်းပြန်ကြားရေးဌာနကလည်း ဆမား၊ ကဂမ်၊ ဂီဒွန် စစ်ကောင်စီတပ်စခန်း နေရာများ၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ယနေ့ညနေပိုင်း၌ ကချင်ဘာသာဖြင့် သတင်းဖော်ပြသည်။
“ညနေ ၄နာရီခန့်မှာ ကေအိုင်အေစုပေါင်းတပ်တွေ ထိုးစစ်ဆင်တဲ့အပေါ် ဗမာစစ်တပ်ကလည်း ဂျက်လေယာဉ် ၂စင်းနဲ့ ဗုံးလာကျဲဒါတွေရှိတယ်။ ဆမား၊ ကဂမ်၊ဂီဒွန် တောင်တွေမှာတပ်စွဲထားတဲ့ ဗမာစစ်တပ်တွေ နဲ့ ကေအိုင်ကေစုပေါင်းတပ်တွေနဲ့ မေလ၃ရက်နေ့ကနေ တိုက်ပွဲစဖြစ်ကြတယ်” ဟု ကချင်သတင်းရင်းမြစ် တစ်ဦးက KIA သတင်းပြန်ကြား
ရေး၏ ကချင်ဘာသာ သတင်းဖော်ပြချက်ကို ဘာသာပြန် ပြောပြပေးသည်။
ယခုတိုက်ခိုက်နေသည့် စခန်းများအနက် ဂီဒွန် တပ်စခန်းသည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက KIA လက်လွှတ်ခဲ့ရသည့် တပ်စခန်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စစ်တပ်က လေ
ကြောင်း၊ လက်နက်ကြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လေးလ ကျော်အကြာတွင် စစ်တပ်ကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော်က ဂီဒွန် တပ်စခန်း နှင့်ပတ်သက်ပြီးလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ရာ ကချင်အမျိုးသားများ၏ ယုံကြည်မှုနှင့် ဂီဒွန်စခန်းကို လဲလှယ်လိုက်ရသည့်အတွက် ဝမ်းမနည်းကြရန် ဖော်ပြကာ ခုခံတိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ၊ ရဲ
ဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိကို လေးစား အသိအမှတ်
ပြုကြောင်း ရေးသားခဲ့သည်။
ဂီဒွန်တပ်စခန်း ကိုဆုံးရှုံးခဲ့ရပြီးနောက် ၇နှစ်ကျော် အကြာတွင် KIAက ပြန်လည် ထိုးစစ်ဆင်ခြင်းလည်းဖြစ်သည်။
"နန်ဆန်ယန်နဲ့ မြစ်ကြီးနားကြားက မလိယန်တို့ ကန်ဒေါင်ယန်တို့ရဲ့ အရှေ့ဖက်တောင်ကြောမှာ ကာဂန်ဘွမ်တို့ ဆမားတို့ ရှိတယ်။ အဲဒီတောင်ကြောမှာ အဲဒီနံမည်တွေထက် ဂီဒွန်ကို လူသိများတယ်။ ဂီဒွန်မှာ ၂၀၁၆ ခုနှစ်လောက်က လနဲ့ချီတိုက်ခဲ့ကြဘူးတယ်။ ၈ နှစ်အကြာ ၂၀၂၄ ခုနှစ်အရောက်မှာ ကာဂန်ဘွမ်၊ ဆမား၊ ဂီဒွန်ဖက်ကို တကျော့ပြန် အလှည့်ကျပြီလို့ ကြားရပါတယ်"ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သူ၏ လူမှုကွန်ရက်၌ ယနေ့ ရေးတင်ထားသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၄
မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ပြည်တော်ဝင်
__
မြန်မာပြည် သည်ကာလ
ညီပါမှ ကောင်းမှာ
ချီပါကြ ပြောင်းလာစေရန်
ဟောင်းတာတွေ ဖယ်ထား
ဟောင်းစွဲတို့ ခေါင်းထဲခွာပါ
ပြောင်းလဲပါ ဝိုင်းကြစို့လား။
လမ်းဖောက်တုန်း မင်းပါဝင်
မင်းငါပင် အင်အား
မင်းကြာလျှင် ငြင်မသွားနဲ့
ပြင်ထားကွဲ့ စိတ်ကို
ခရီးတာ မဆုံးသေးခင်ပ
အရှုံးပေး ကြောက်ဖို့မလို။
ရဲရင့်မှ ပွဲတင့်ကြိုမည်
ဇွဲဆင့်လို ပန်းတိုင်နီးပြီမို့
လှမ်းကိုင်ပြီး ပျော်ရမှာပင်
လှော်ကြပါဝင်။
ရွှေပြည်သစ် ညီမျှော်မြင်ပါ
ပြည်တော်ဝင် နီးပြီပါ့လေး။ ။
# အောင်မြင်နွေဦး
ခေတ်ကြီးကောင်းသွားရင် -
ခပ်တင်းတင်း
ဖက်ထားရမယ့် လူတွေရှိတယ်...
ပြီးတော့
ခပ်ကင်းကင်း
မေ့သွားရမယ့် သူတွေလည်းရှိတယ် ...။
✍🏼လူခေး
ရွှေပေါက္ကံရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲနှစ်ဦးဒဏ်ရာရဟုဆို
ဧပြီလ ၂၄ ရက်
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံ မြို့သစ်ရဲစခန်းအား ပြည်သူများ၏တိုင်ကြားချက်အရ ပြင်းအားမြင့်မိုင်း ၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (၂)မှ တာဝန်ရှိသူကပြောသည်။
"စခန်းကနေ ကင်းလှည့်ဖို့ထွက်လာတဲ့ အဖွဲ့ထွက်လာမှ ခွဲဝာာ ။ နှစ်ယောက်ထိတယ်လို့ မြေပြင်သတင်းအရသိရပါတယ်"ဟု ၎င်းကပြောသည်။
ဧပြီ ၂၄ ရက် ည ၆နာရီ ၄၅ မိနစ်တွင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီးအဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
"ပြည်သူတွေတိုင်လို့ပါ။ညနေဆိုတံတားထိပ်မှာဆိုင်ကယ်ဖမ်းတာငွေညှစ်တာတွေရှိတယ်"ဟု ယင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ရသည့် အကြောင်းကို ပြောသည်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (၂)သည် ၎င်းတို့မြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 2 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Last updated 5 days, 4 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 3 weeks ago