It's me, Ye Swan Aung

Description
Lifestyle
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months ago

3 weeks, 5 days ago
ဘယ်နေရာမှာမှ မတော်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်နေလား ***❓***

ဘယ်နေရာမှာမှ မတော်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်နေလား

ဟိုဟာမေးရင်လည်း သိတယ်။
ဒီဟာမေးရင်လည်း သိတယ်။
ဒါပေမယ့် Detail ကျကျတော့ သေချာ မသိဘူးဆိုတဲ့ သူတွေရှိလား?

စိတ်မပူပါနဲ့။ ကျွန်တော်လည်း အဲ့လိုလူမျိုးထဲက တစ်ယောက်ပါပဲ။

ဒါက မတော်လို့ဆိုတာထက် ကိုယ်က Specialist ထက် Generalist ဖြစ်နေလို့ပါပဲ။

နားလည် လွယ်အောင် ရှင်းပြပေးပါမယ်။

Specialist ဆိုတာကတော့ အလုပ်တစ်ခုခုမှာ တဖက်ကမ်းကျွမ်းကျင်တဲ့ သူတွေပေါ့။
ဥပမာ- Digital Marketing Specialist တို့ Content Marketing Specialist တို့လိုမျိုး။ ဒါမှမဟုတ် ဆရာဝန်မှာမှ အရိုးအထူးကုဆရာဝန်တို့ နှလုံးအထူးကုဆရာဝန်တို့ ရှိတယ်မလား ဒီလိုမျိုး။

Generalist ကျတော့ အဲ့လိုမဟုတ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ တော်တော်များများကို သိတဲ့သူ။
ဥပမာ- Business အကြောင်းသိတယ်။ Graphic Design တွေအကြောင်း Content အကြောင်းတွေလည်း သိတယ်။ ဘာမေးမေး သိတော့ သိတယ်။ ကြားဖူးနားဝါးရှိတယ်။ စမ်းတော့ စမ်းကြည့်ဖူးတယ်ဆိုတဲ့သူတွေပေါ့။

ဒီ Blog မှာတော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေမိတဲ့ Generalist လေးတွေကို အဓိက ထားပြီးပြောပြသွားမယ်။

ကိုယ်က အဲ့လ်ိုခံစားနေရပြီဆို ကိုယ့်ကိုယ်ကိုယ် အရင် ပြန်စမ်းစစ်ကြည့်ပါ။

🔹 ကိုယ်က ဘယ်လို အကြောင်းအရာတွေကို လိုက်လေ့လာဖြစ်လဲ? စိတ်ဝင်စားလဲ?
🔹ဘယ်လိုအကြောင်းအရာတွေနဲ့ ပတ်သက်ရင်တော့ ပိုသိလဲ?

၅ ခုဆိုလည်း ၅ ခုထွက်လာလိမ့်မယ်။ အဲ့ထဲကမှ ၁ ခု ၂ ခုလောက်ကို အရင်ဆုံး ဦးစားပေးပြီး လေ့လာကြည့်စေချင်တယ်။
အဲ့နှစ်ခုကို Specialist တွေလောက် အရမ်းမသိရင်တောင် သူတို့နဲ့ စကားပြောနိုင်ဆိုနိုင်ရှိလောက်တဲ့ အထိ လေ့လာထားပါ။
ဒါဆို သူတို့နဲ့ နယ်ပယ်တူထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းက ပိုများလိမ့်မယ်။ (ဒါက ကျွန်တော့်အမြင်သပ်သပ်ပါ)

အဲ့ကျမှ ကျန်တဲ့ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းတွေကိုလည်း Skill တဖြည်းဖြည်းချင်းဖြည့်သွားပါ။

ဒါဆို အချိန်ကြာလာတာနဲ့အမျှ ကိုယ်က နေရာတစ်နေရာတော့ ရလာလိမ့်မယ်။

ဘာလို့လဲဆိုတော့ Specialist တွေလို တစ်မျိုးထဲကို In-Depth သိတာမျိုးမဟုတ်ဘဲ တခြား Perceptive တွေကနေပါ ဖြန့်ကျက်ပြီး စဉ်းစားလာနိုင်မယ်။ ချိတ်ဆက်ပြီး တွေးတော လာနိုင်ပါလိမ့်မယ်။

ဒါက အရမ်းကောင်းတဲ့အချက်ပဲ။

ကိုယ်က တစ်ခုထဲမှာ Specialize လုပ်ထားတာမဟုတ်တဲ့အတွက် Business တစ်ခု စတဲ့အခါမှာ တော်တော် အဆင်ပြေသွားနိုင်တယ်။ Marketing အကြောင်းလည်း သိတယ်။ လုပ်ငန်းကို ဘယ်လို လည်ပတ်ရမလဲဆိုတဲ့ Operation အကြောင်းလည်း သိမယ်။ Customer တွေနဲ့ ဆက်ဆံတဲ့ Customer Service အကြောင်းလည်း သိမယ်။ ဒါဆို ဘယ်လောက်ကောင်းလိုက်မလဲ?

ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာရင် ကိုယ့်အောက်က ဝန်ထမ်းတွေကို ပြန်ပြီး Educate လုပ်ရမှာတွေရှိသလို သူတို့ လုပ်နေတာ မှန်လား မှားလားဆိုတာလည်း ဝေဖန် စမ်းစစ်နိုင်တဲ့ အတွေးအခေါ်တွေ ပိုရှိလာလိမ့်မယ်။

ဒါကြောင့် Generalist ဖြစ်နေတာကို အရမ်းကြီး စိတ်မညစ်နေနဲ့။
အနာဂတ်အတွက် ပိုအဆင်ပြေတာတွေပဲဖြစ်လာလိမ့်မယ်လို့ ယုံကြည်လိုက်ပါ။

သို့သော်....

ကိုယ်က ကိုယ်ပိုင် စီးပွားရေး လုပ်ချင်တာမဟုတ်ဘူး။
Corporate တွေ Company အကြီးကြီးတွေမှာ ရာထူးကြီးကြီးဖြစ်ချင်တဲ့သူ ဖြစ်နေမယ်ဆိုရင်တော့ Specialist ဖြစ်အောင်လုပ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်လုပ်မယ့် အလုပ်အပေါ်မှာ တဖက်ကမ်းကျွမ်းကျင်အောင်လုပ်ပါ။ ဒါမှ အဲ့လို Competitive ဖြစ်တဲ့နေရာတွေမှာ Job Secure ဖြစ်မှာပါ။

ဒီလောက်ဆို နားလည် သွားလောက်မယ်ထင်တယ်။

ကျွန်တော် တွေးမိတဲ့အတိုင်းလေး ရေးတာမလို့
ကျွန်တော့်စာထဲမှာ အမှားလည်း ပါသွားနိုင်သလို အမြင်မတူတာလည်း ပါနိုင်တယ်။
ဒါကြောင့် ချင့်ချိန်ပြီး ယုံဖို့လည်း ပြောချင်ပါတယ်။

Facebook Group
https://www.facebook.com/groups/6970714666378515/?mibextid=oMANbw

Personal Facebook Account
https://www.facebook.com/yeswan.aung.79/

It’s me, Ye Swan Aung

#itsmeyeswanaung

4 weeks, 1 day ago
System တစ်ခုရှိဖို့ ဘာလို့ အရေးကြီးတာလဲ ***❓***

System တစ်ခုရှိဖို့ ဘာလို့ အရေးကြီးတာလဲ

ကျွန်တော်တို့ရဲ့ Personal Life မှာပဲဖြစ်ဖြစ် Professional Life မှာပဲဖြစ်ဖြစ် Business တစ်ခုမှာပဲဖြစ်ဖြစ် System တစ်ခုရှိဖို့က အရမ်းအရေးကြီးတယ်လို့မြင်တယ်။

ကိုယ်တိုင်က System ဆိုတာကို Value ထားတတ်တဲ့သူတစ်ယောက်။
ဘယ်အလုပ်ပဲလုပ်လုပ် အရင်ဆုံး Organize ဖြစ်ဖို့ စဉ်းစားတယ်။
ရလာတဲ့ Information တွေ Data တွေအပေါ်မူတည်ပြီး ဘယ်လိုမျိုး System ချရမလဲ စဉ်းစားတယ်။

System ဆိုတာက ဘာပြီးရင် ဘာလုပ်မယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို အစီအစဉ်တကျ၊ စနစ်တကျ ပြင်ဆင်ထားတဲ့ Process တစ်ခုလို့ ပြောလို့ရတယ်။

Personal Life ကို ကြည့်ရအောင်။
တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အလေ့အကျင့်‌တွေ၊ အမူအကျင့်တွေ မတူညီကြဘူး။
နောက်ပြီး တစ်ရက်တာမှာ ဘယ်ချိန်မှာတော့ ဘယ်လိုခံစားရတယ်။ ဘယ်ချိန်မှာတော့ ကိုယ့် Mood က ဘယ်လိုရှိတယ်။ ဘယ်အချိန်မှာတော့ Energy အပြည့်နဲ့ အလုပ်တွေ စာတွေကို အာရုံစိုက်နိုင်တယ်။ ဒါတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပြန်ဘူး။

Productive ဖြစ်ချင်တယ်။ အချိန်ကို သေချာ စီမံချင်တယ်ဆိုပြီး စာတွေလိုက်ဖတ်တယ်။ တကယ်လုပ်နေတဲ့သူတွေအတိုင်း လိုက်လုပ်တယ်။ မပြောင်းလဲသွားဘူး။

ဒါက ဘာကြောင့်လဲဆိုတော့ တခြားသူတွေကိုအသုံးဝင်တဲ့ System က ကိုယ့်အတွက် အသုံးမဝင်တာမျိုး ဖြစ်နေလို့ပဲ။

ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့အတွက် Journaling System မရှိဘူး။ ကိုယ့်ရဲ့ Morning Routine တွေ Night Routine တွေကို သေချာရေရာအောင် မလုပ်ဘူး။ စားချိန်၊ အိပ်ချိန်တွေကို သေချာ မသိဘူးဆိုရင်တော့ ဘယ်သူတွေ ဘယ်လိုအကြံပေးပေး လိုက်လုပ်လည်း မထူးပါဘူး။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရင် သိမှသာ ပြင်ဆင်ဖို့ဆိုတာက ပိုအဆင်ပြေမှာမလို့။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ဆိုရင် System တစ်ခုတော့ ရှိကို ရှိသင့်ပါတယ်။
System လို့တော ပြောနေတာပဲ။ ဘယ်လိုအရာကို System လို့ခေါ်တာလဲ မေးစရာရှိတယ်။

- Goal Setting, Execuating, Tracking
- Habit Building
- Morning routine, night routine
- Time Management
- Energy Management
- Financial Management
- Self-Care routine
- Career Goals
- Second Brain
ကျွန်တော် စဉ်းစားမိသလောက်သာ ချရေးလိုက်တာ။ အများကြီးရှိတာပေါ့။
ကိုယ့်ကိုယ်ကိုယ် သိလေလေ System တစ်ခု တည်ဆောက်ဖို့ ပိုအဆင်ပြေလေပဲမလို့ ကိုယ့်ကိုယ်ကိုယ်သိအောင် ကြိုးစားပါ။

Facebook Group
https://www.facebook.com/groups/6970714666378515/?mibextid=oMANbw

It’s me, Ye Swan Aung

#itsmeyeswanaung
#system
#obw

1 month ago

Hello မင်္ဂလာပါ

ကျွန်တော် အရင်က Facebook မှာ တင်ထားပြီး Telegram မှာ မတင်ရသေးတဲ့ Content လေးတွေကို အားလုံး ဖတ်လို့ရအောင်လို့ ပြန်တင်ပေးထားပါမယ်ဗျ

ကျွန်တော့်ကို ရေးစေချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း Comment မှာ ပြောကြားခဲ့နိုင်ပါတယ်ခင်ဗျ

4 months, 1 week ago
4 months, 1 week ago
4 months, 1 week ago

Facebook Page မှာ Post အသစ်တင်ထားပါတယ်
ဖတ်ပြီးကြပြီလားဗျ ?

7 months ago

အသက် 18 ကနေ 24 နှစ် လူငယ်တွေအတွက် အခွင့်အရေးတစ်ခု ??

OR Seeding The Future ASEAN Camp 2024 (Fully-funded)

OR Seeding The Future ကနေ 6 ရက်တာ ပြုလုပ်သွားမယ့် Camp အစီအစဉ်လေးဖြစ်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ အသက် 18-24 ကြား University Students တွေအတွက် ဖြစ်ပါတယ်။

November 24 ကနေ 29 အထိ 6 ရက်တာကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြပါတယ်။ Program မှာ အရွေးခံရတဲ့သူတွေအတွက် မြန်မာနိုငံကနေ ထိုင်းကို လာမယ့် လေယာဉ်စရိတ်၊ နေစရိတ်၊ အစားအသောက်နဲ့ အာမခံတွေ အားလုံးအတွက် Full Sponsorship ရရှိမှာဖြစ်ပါတယ်။

ဒီ Program Join ဖို့ ဘာတွေ လုပ်ဖို့လိုလဲ

Step 1: @OR Seeding The Future Page ကို Like လုပ်ထားပါ။

Step 2: နှစ်မိနစ်ထက်မပိုတဲ့ Video တစ်ခု ဖန်တီးပါ။
ကိုယ့်နာမည်၊ နိုင်ငံသား၊ တက်နေတဲ့ တက္ကသိုလ်၊ ဌာန အစရှိတဲ့ အချက်အလက်တွေအပြင် ကိုယ် ထည့်သွင်းပြောကြားချင်တဲ့ အကြောင်းအရာတွေပြောလို့ရပါတယ်။ ဒါ့အပြင် နှစ်မိနှစ်အတွင်းမှာတင် ကိုယ်က ဒီ Camp ကို ဘာကြောင့် Join ချင်ရတာလဲ။ စီးပွားရေး၊ ပတ်ဝန်းကျင်နဲ့ Community ကို ရေရှည်တည်တံ့အောင် Gen Z တွေအနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲ? အစရှိတဲ့ မေးခွန်းလေးတွေကို ပါအောင် ဖြေသွားရပါမယ်။

Step 3: ကိုယ်ရိုက်ထားတဲ့ Video ကို OR Seeding The Future Facebook Page ကို Mention/ Tag တွဲပြီး Facebook မှာ တင်ပေးရပါမယ်။ အဲ့တစ်ခုကတော့ မဖြစ်မနေလိုပါတယ်။ နောက်ထပ် Youtube/ TikTok တို့မှာ ထပ်တင်ချင်လည်း ရပါတယ်။

Step 4: Application Form ဖြည့်ရပါမယ်။ ထွေထွေထူးထူး အများကြီး ဖြည့်စရာမလိုပါဘူး။ အဓိကကတော့ 2 Minutes Video ဖန်တီးဖို့ပါပဲ။ Application Form ထဲမှာ Advisory’s name, email နဲ့ ဖုန်းနံပါတ်တောင်းပါတယ်။ အဲ့ဒါက ကိုယ် ကျောင်းတက်နေတဲ့ ကာလမှာ ဒီ Program ကို Join ပါမယ်ဆိုတာ အသိပေးထားတဲ့ ကျောင်းက Advisor ရဲ့ အချက်အလက်ဖြည့်ရမှာပါ။ ကျွန်တော် မသေချာလို့ Page မှာ သွားမေးလိုက်တာ “Your university advisor who is going to acknowledge that you'll attend the camp during the school week.” ဒီလို ပြန်ဖြေပါတယ်။

Video ကို Jul 18 ကနေ Sep 15, 2024 အတွင်း Facebook မှာ တင်ထားရပါမယ်။

တစ်လလောက်အောင် အချိန်ရသေးတဲ့အတွက် ပြင်ဆင်ချိန်အများကြီးရှိတာမလို့ လျှောက်သင့်တယ်နော် ?

အရွေးခံရတဲ့သူစာရင်းကို OR Seeding The Future ရဲ့ Facebook Page မှာ Sep 23, 2024 မှာ ကြေညာသွားပေးမှာဖြစ်ပါတယ်။

အရင်နှစ်ရဲ့ အချက်အလက်အရ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံက လူငယ်ပေါင်း အယောက် 50 ကို ခေါ်ယူသွားပြီး တစ်နိုင်ငံစီက 10 ယောက်စီ ရွေးသွားတာတွေ့ရပါတယ်။ ဒီနှစ်လည်း အယောက် 50 ခေါ်မှာဆိုတော့ ကိုယ့်အနေနဲ့ ပါဝင်နိုင်ဖို့ အခွင့်အရေး အများကြီးရှိတယ်လို့ မြင်တယ်။

ဘယ်သူတွေ Join လို့ရမလဲ Eligible Criteria တွေက ဘာတွေလဲ

? အသက် 18-24 ကြားရှိတဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ရမယ်။
? ထိုင်း၊ ဖလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်။
? Nov 29, 2024 ပြန်ဖို့အထိ သက်တမ်း အနည်းဆုံး 6 လကျန်တဲ့ Passport ရှိရမယ်။

Requirement အများကြီးမရှိပါဘူး။

အသေးစိတ်အချက်အလက်တွေကို အောက်က Link တွေက တဆင့် ဝင်ကြည့်နိုင်ပါတယ်။
အခု ကျွန်တော်ရေးထားတဲ့အချက်အလက်တွေကလည်း အောက်က Link တွေက တဆင့်ပဲ ဖတ်ပြီး ပြန်ရေးထားတာမလို့ လျှောက်ဖို့ သေချာပြီဆို သူတို့တင်ထားတဲ့ Information အကုန်လုံးကို သေချာ ဖတ်ဖို့ အကြံပေးချင်ပါတယ်။

Detailed Information: https://shorturl.at/UPW8T
For more information: https://shorturl.at/95woQ
How to upload your video clip: https://shorturl.at/tmtPy
Q&A: https://shorturl.at/ElwEc
Application Form: https://shorturl.at/NruyT

ကျွန်တော်ကိုယ်တိုင်လည်း ဒီ Program အကြောင်းလေး မြင်တော့ စိတ်ဝင်စားသွားတာနဲ့ လိုက်ရှာဖတ်ကြည့်ရင်း ပြန် Sharing လုပ်ပေးတာဖြစ်ပါတယ်။

တခြား သူငယ်ချင်းတွေကိုလည်း ပြန်လည် မျှဝေပေးပါဦးနော်။
တစ်စုံတစ်ရာ အကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်။
နောက်လည်း ကြုံရင်ကြုံသလို အခွင့်အလမ်းတွေအကြောင်းကို မျှဝေသွားပေးပါမယ်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months ago