MHAAT θARR

Description
တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 5 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 9 months, 3 weeks ago

10 months, 1 week ago
MHAAT θARR
10 months, 1 week ago
MHAAT θARR
10 months, 1 week ago
MHAAT θARR
10 months, 4 weeks ago
1 year ago

နီလာအလျား၊ မြကားအပြား၊ ပတ္တမြားအမောက်၊ စိန်မှာအစောက်
?❗️‼️⁉️?????
နီလာကို အလျားလိုက် အနေအထားမျိုးဖြစ်အောင် သွေးရသည်။ မြကို ပြားသော အနေအထားမျိုးဖြစ်အောင် သွေးရသည်။ ပတ္တမြားကို မောက်သော အနေအထားမျိုးဖြစ်အောင် သွေးရသည်။ စိန်ကို စောက်သော အနေအထားမျိုးဖြစ်အောင် သွေးရသည်။
အကိုး။ ။မြန်မာဆိုရိုးစကား။
#Adage ? @MHAATSARR ?
?????????

1 year, 1 month ago
1 year, 2 months ago

ရေဓာတ်ခမ်းခြောက်ခြင်း
နွေရာသီရောက်လာတဲ့အခါ လူကြီးမိဘတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ရေဓာတ်ခမ်းတာပါ။ ရေဓာတ်ခမ်းတာက နေပူနေချိန်မှာ ချွေးထွက်များတာ၊ ရေဓာတ်ပြည့်ဝအောင် မသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ခမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းတာက မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ရေဓာတ်ပြည့်ဝအောင် အထူးဂရုစိုက်ကြပါ။
အကိုး။ ။Hello Sayarwon
#Health @MHAATSARR

1 year, 2 months ago

Gender Equality နဲ့ Gender Equity

Gender Equality ဆိုတာကိုပဲ သိတဲ့ ယောင်္ကျားတွေက သောက်တလွဲတွေချည်းပြောကြတယ်။

မိန်းမက လက်ပါလို့ ယောင်္ကျားကပြန်လက်ပါတာကို Gender Equality တို့ဘာတို့ဆိုပြီး

တကယ်က Gender Equality ဆိုတာက ဇီဝဗေဒဆိုင်ရာ ပေးထားချက်တွေ စဉ်းစားစရာမလိုတဲ့ အခြေအနေတွေကိုပဲပြောတာ ၊

ဥပမာ အမျိုးသမီး တွေ မဲပေးတာတို့ ၊ CEO လုပ်တာတို့ပေါ့။

ဇီဝဗေဒဆိုင်ရာ ပေးထားချက်ကို ထည့်သွင်းစဉ်းစားလာရပြီဆိုရင် Gender Equity လို့ခေါ်တယ်။

Titanic ကားထဲမှာ သင်္ဘောမြုပ်တော့ မိန်းမတွေကို ဦးစားပေးရမယ်ဆိုပြီး လုပ်ခဲ့တာ လူတိုင်းကြည့်ဖူးမှာပါ။ တကယ်တမ်းက အသက်တစ်ခုပါတာချင်း အတူတူ လာမကယ်ရင် အားလုံးသေကြမှာချင်း အတူတူဘာလို့ အဲ့လိုဆုံးဖြတ်တာလဲ ပေါ့။ ဘာလို့လဲဆိုတော့ လာမကယ်ရင် သေမှာချင်းတူတူတောင် သင်္ချာနည်းနဲ့တွက်ရင် ယောင်္ကျားတွေရှင်နိုင်ခြေက မိန်းမထက်ပိုများပြီးသားပဲ။ Zero ချင်းတူရင်တောင် ယောင်္ကျားက သူရဲ့ဇီဝဗေဒ ပေးထားချက်အရ အသက်ရှင်နိုင်ခြေပို မြင့်တယ်လို့ ယူဆတာ Gender Equity အတွေးအခေါ်ပဲ။

Gender Equity အယူအဆမှာ မိန်းမကလက်ပါရင် ယောင်္ကျားကပြန်လက်ပါခွင့်မရှိဘူး (ပြင်းထန်စွာနာကျင်စေတာမျိုး အသက်အန္တရာယ် ချိန်းခြောက်တာမျိုး မဟုတ်သ၍)

ဘာလို့လဲဆိုတော့ လက်ပါတာချင်းတူရင်တောင် ခံနိုင်ရည်ချင်း ခွန်အားချင်းမတူဘူး။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အပေါ်သက်ရောက်မှုမတူဘူး။ မိန်းမကယောင်္ကျားကို လက်ပါတာက ယောင်္ကျားအတွက် လမ်းဘေးကခွေးလာဟောင်သလိုပဲ ၊ မကြိုက်ပေမယ့် စိတ်ညစ်သွား စိတ်အားငယ်သွား ရလောက်အောင် ခံစားရမှာမဟုတ်ဘူး။ မိန်းမကို ယောင်္ကျားကလက်ပါရင်ကျတော့ မိန်းမဘက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများတယ်။ ငါပြန်မလုပ်နိုင်ဘူးလေ ဆိုတဲ့ feeling မျိုးပေါ့။ အကာအကွယ်မဲ့ defenseless ခံစားချက်မျိုးက မိန်းမတွေ က ယောင်္ကျား ကိုယ်ထိလက်ရောက်လုပ်တာခံရမှဖြစ်တာ။

ယောင်္ကျားတွေ ကို မိန်းမတွေက လုပ်ရင် ဘယ်တော့မှ defenseless feeling မဖြစ်ဘူး။
ငါပြန်လုပ်လိုက်ရင် ရတာပဲ ဆိုတဲ့ feeling ရှိသေးတယ်။ အဲ့တာတွေကို ထိန်းညှိတာ gender equity ပဲ။

ပြီးတော့ gender equity က မိန်းမတွေအတွက်ပဲ အကျိုးပြုတာလားဆိုတော့လည်း မဟုတ်ဘူး။

အပေါ်က ပြောခဲ့တဲ့ အသက်ဘေးကြုံလာရင် မိန်းမကိုဦးစားပေးတာ ၊ လက်ပါးရင်တောင် အနည်းအကျဉ်းလောက်ကို ခွင့်လွတ်တာက gender equity စိတ်ရှိတဲ့ ယောင်္ကျားတွေရဲ့ အယူအဆ။

Gender equity စိတ်ရှိတဲ့ မိန်းမတွေရဲ့ အယူအဆတစ်ခုက အမျိုးသမီးချင်း ချီးကျူးသလို မျိုး အမျိုးသားတွေကို ရုပ်ပိုင်းဆ်ုင်ရာ ချီးကျူးကြတာမျိုး ၊ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ဘဝမှာ ဆန့်ကျင်ဖက်လိင်ကဖြစ်စေ လိင်တူချင်းကဖြစ်စေ ရရှိဖူးတဲ့ ချီးကျူးမှုဟာ အမျိုးသမီးတွေရဲ့ ဆယ်ပုံတစ်ပုံပဲရှိမှာ။

ဆိုတော့ အမျိုးသမီးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာ ချီးကျူးခံရရင်ရတဲ့ adrenaline ထက် အမျိုးသားတွေက သူတို့ချီးကျူးခံရရင် ဆယ်ဆလောက်ပိုရကြတယ်။ အဲ့တာ gender equity concept ပဲ။

ယောင်္ကျားနဲ့ မိန်းမဆိုတဲ့ အဓိက လိင်နစ်မျိုးနဲ့ပဲ ဒီကမ္ဘာကြီးဖြစ်တည်လာတယ်။ ယောင်္ကျားလိုအပ်တဲ့ဟာကို မိန်းမကပေးပြီး မိန်းမလိုအပ်တဲ့ဟာကို ယောင်္ကျားကပေးတာသည် gender equity ပဲ။

ဒါက gender equity 101 အဆင့်တောင်မရှိသေးဘူး။ ဒီထက်ပိုတဲ့ အယူအဆတွေအများကြီးရှိသေးတယ်။

တစ်ခါတစ်ခါ စကားလုံးတစ်ခုခုကို ကြားဖူးနားဝ နဲ့လိုက်မယောင်ဖို့ တကယ်လိုအပ်တယ်။

feeling
#Thought @MHAATSARR

1 year, 3 months ago

ကျွန်တော့်ဘဝရဲ့ မြင်ဖူးသမျှထဲမှာ ရင်နင့်သည်းဖွယ် အကောင်းဆုံးဖြစ်ရပ်ထဲက တစ်ခုပါ

ကျွန်တော်နေတဲ့ တိုက်ခန်းမှာ ဓာတ်လှေကားစောင့်လူကြီးတစ်ယောက်ရှိပါတယ်။ သူ့အလုပ်ချိန်က မနက်ရှစ်နာရီကနေ ညရှစ်နာရီထိပါ။ ကျွန်တော်က မနက်တိုင်း ကိုးနာရီနှစ်ဆယ်မိနစ်ကနေ ကိုးနာရီနှစ်ဆယ့်ငါးမိနစ်ကြားထဲမှာ ဓာတ်လှေကားစီးပါတယ်။ ကျွန်တော် သူ့ကိုကြည့်လိုက်တိုင်း သူ့လက်ထဲကဖုန်းကို ဝမ်းနည်းစွာကြည့်နေတာကို အမြဲတမ်းတွေ့ရပါတယ်။ (ခေါင်းလေးတောင် တစ်ချက်လုံးဝ မော့မကြည့်ပါဘူး။)

တစ်ရက်တော့ ကျွန်တော်လည်း စပ်စုချင်စိတ်နဲ့ ဘာလို့ဖုန်းကို အဲ့လောက်တောင် ကြည့်နေရတာလဲဆိုပြီး မေးကြည့်ပါတယ်။
သူက ကိုးနာရီခွဲမယ့်အချိန်ကို စောင့်နေတာပါ။
သိပ်မကြာခင်ကမှ အိမ်ထောင်ကျသွားတဲ့ သူ့သမီးကို အဲ့အချိန်ရောက်တဲ့အခါမှသာ ဖုန်းဆက်နိုင်တယ်ဆိုတဲ့အကြောင်း သိရပါတော့တယ်။
သူ့သမက်က သူ့သမီး ဖအေနဲ့ဖုန်းပြောတာကို မကြိုက်လို့ပါတဲ့။ အဲ့တာကြောင့် သူ့သမက်အလုပ်သွားပြီးမယ့်အချိန်ကို စောင့်ပြီး သူ့သမီးရဲ့ တစ်နေ့တာဖြတ်သန်းခဲ့သမျှ အဆင်ပြေမပြေ လှမ်းမေးဖို့ ဖုန်းဆက်ရပါတယ်။
#Story @MHAATSARR

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 5 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 9 months, 3 weeks ago