Khayan Channel

Description
Khayan Channel မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago

7 months, 3 weeks ago
Khayan Channel
8 months ago

အကူအညီတောင်းခံခြင်း ကျွန်တော်တို့ ခရမ်းချန်နယ်ထံ ဒေသကာကွယ်ရေးတပ်ဖွဲ့က အကူအညီတစ်ခု လာရောက်တောင်းခံထားပါတယ်ခင်ဗျာ။ အဆိုပါကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံခဲ့ရပြီး လက်နက်၊ ခဲယမ်းတွေသိမ်းခံရပြီး စခန်းပါ ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ။…

8 months ago

အကူအညီတောင်းခံခြင်း

ကျွန်တော်တို့ ခရမ်းချန်နယ်ထံ ဒေသကာကွယ်ရေးတပ်ဖွဲ့က အကူအညီတစ်ခု လာရောက်တောင်းခံထားပါတယ်ခင်ဗျာ။ အဆိုပါကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံခဲ့ရပြီး လက်နက်၊ ခဲယမ်းတွေသိမ်းခံရပြီး စခန်းပါ ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ။

လက်ရှိမှာ အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် လက်နက်၊ ခဲယမ်းအပြင် စခန်းပြန်လည်ထူထောင်ဖို့ အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေပါတယ်ခင်ဗျာ။

ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကျွန်တော်တို့ ခရမ်းချန်နယ်ထံ လာရောက်အကူအညီတောင်းခံခဲ့လို့ ကျွန်တော်တို့မှ ပြည်သူတွေဆီ ထောက်ပံ့လှူဒါန်းငွေများ တောင်းခံအပ်ပါတယ်ခင်ဗျာ။

လှူဒါန်းလိုသူများအနေဖြင့် @KYAC1 သို့ ဆက်သွယ်ပေးပါခင်ဗျာ။ အကူအညီလိုအပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့အတွက် ကျွန်တော်တို့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။🙏

@KYAC1

11 months ago
ခရမ်းရှိ NLD ပါတီရုံးချုပ်ရဲ့ အလံနဲ့ ဆိုင်းဘုတ် ဖြုတ်ချခံရ

ခရမ်းရှိ NLD ပါတီရုံးချုပ်ရဲ့ အလံနဲ့ ဆိုင်းဘုတ် ဖြုတ်ချခံရ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်မှာ တပ်ဆင်ထားတဲ့ ပါတီအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ NLD ပါတီရုံးချုပ်ရဲ့ အလံနဲ့ဆိုင်းဘုတ်ကို ဘယ်သူတွေကဖြုတ်ချသွားတယ်ဆိုတာ မသိရှိရပေမယ့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ပြောကြားချက်အရ လွန်ခဲ့တဲ့ ၅ ရက်ခန့်ကတည်းက အလံနဲ့ဆိုင်းဘုတ်က ဖြုတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

ခရမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း စစ်ကောင်စီထောက်ခံတဲ့လူတစ်စုကြောင့် NLD ပါတီရုံးချုပ်အတွင်းက ပြတင်းပေါက်တွေနဲ့ မှန်တံခါးတွေ ကွဲကြေခဲ့ရပြီး အဆိုပါဖြစ်ရပ်အပြီး ယခု ပါတီအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ - ခရမ်းမြို့ NLD ပါတီရုံးချုပ်(ယခုလက်ရှိရုပ်ပုံ)။

#KhayanChannel
#KhayanMedia

11 months ago
ကာကွယ်ရေးတပ်တွေ မြို့တွင်းပြန်ဝင်ရောက်နိုင်တယ်လို့ဟုဆိုကာ ခရမ်းမြို့အဝင်အထွက်ဂိတ်များနှင့် ရဲစခန်းရှေ့တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထား

ကာကွယ်ရေးတပ်တွေ မြို့တွင်းပြန်ဝင်ရောက်နိုင်တယ်လို့ဟုဆိုကာ ခရမ်းမြို့အဝင်အထွက်ဂိတ်များနှင့် ရဲစခန်းရှေ့တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထား

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့နယ်တွင်းပြန်လည်ဝင်ရောက်နိုင်တယ်လို့ဟုဆိုကာ ခရမ်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့အဝင်အထွက်ဂိတ်များအားလုံးနှင့် ရဲစခန်းရှေ့တို့မှာ စစ်တပ်က ယခင်ထပ်ပိုမိုလုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရပါတယ်။

သစ်တောဂိတ်၊ ဒေးပေါက်ဂိတ်၊ ဆည်မြောင်းဂိတ်နဲ့ ရဲစခန်းရှေ့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ပြီး စစ်တပ်က ယခင်ကထပ် လုံခြုံရေးရော စစ်အင်အားပါတိုးမြှင့်ထားတယ်လို့သိရပြီး အဆိုပါလုံခြုံရေးတိုးမြှင့်ဖို့ကိစ္စကို ခရမ်းမြို့တာဝန်ကျ ဗျူဟာမှူးကိုယ်တိုင် တိုက်ရိုက်ညွှန့်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

လွတ်မြောက်နယ်မြေမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မျှော်လင့်ခြင်း ရန်ကုန် "The Hope of RANGOON'' ကမ်ပိန်းကို စတင်လုပ်ဆောင်နေပြီး မကြာခင်အချိန်အတွင်းမှာ ရန်ကုန်တိုင်းမြို့နယ်တွေကို ပြန်လည်ဝင်ရောက်နိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ -ဆည်မြောင်းဂိတ်တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားသည့်မြင်ကွင်း
#KH

11 months ago
ခရမ်းတွင် စစ်တပ်က ဆန္ဒပြစဥ်အချိန်က လူထုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများကို အထူးအမိန့်နဲ့ လိုက်လံဖမ်းဆီးနေ

ခရမ်းတွင် စစ်တပ်က ဆန္ဒပြစဥ်အချိန်က လူထုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများကို အထူးအမိန့်နဲ့ လိုက်လံဖမ်းဆီးနေ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ခရမ်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဆန္ဒပြစဥ်အချိန်အခါက လူထုဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သောပြည်သူများကို စစ်ကောင်စီရဲ့အထူးအမိန့်နဲ့ လိုက်လံဖမ်းဆီးနေကြကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမိန့်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် ခရမ်းမြို့နယ်ရဲစခန်းအား လျှို့ဝှက်စွာပေးပို့ခဲ့ကြောင်းသိရပြီး စစ်တပ်က ခရမ်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့ညပိုင်းမှစတင်ကာ ဖမ်းဆီးမှုများပြုလုပ်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြစဥ်အခါက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော လူထုခေါင်းဆောင်များ၊ အထင်ကရလူပုဂ္ဂိုလ်များ၊ ထင်ရှားသောပြည်သူများ၏ ဓာတ်ပုံများကိုလည်း မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များရှိ စစ်တပ်များအား ပေးပို့ထားပြီး ပေးပို့ထားသောဓာတ်ပုံနှင့်တူညီနေပါက ချက်ချင်းဖမ်းဆီးရန် ညွှန့်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ခရမ်းမြို့နယ်လူထုဆန္ဒပြပွဲ(၂၀၂၁ ခုနှစ်ပုံအဟောင်း)။

#KhayanChannel
#KhayanMedia

1 year ago

ခရမ်းမြို့ပေါ်ရပ်ကွက်များတွင် လူ ၅ ဦးကနေ ၈ ဦးအထိ ကင်းစောင့်ခိုင်း၊ ကင်းမစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ အုပ်ကြီးတွေပြော

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်အများစုမှာ တစ်ရပ်ကွက်လျှင် လူ ၅ ဦးကနေ ၈ ဦးအထိ ရပ်ကွက်ကင်းများစောင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက အသက်အရွယ်မရွေး ကင်းစောင့်ခိုင်းနေကြပြီး ကင်းမစောင့်ချင်ပါက ပိုက်ဆံပေးရမယ်လို့ပြောဆိုကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်က(စက်တင်ဘာလ ၁၀ ရက်နေ့)ကတည်းကစတင်ပြီး ခရမ်းမြို့ပေါ်ရပ်ကွက်တွေမှာ အဆိုပါကင်းစောင့်ရမယ့်ကိစ္စကို စကစခန့်အုပ်ချုပ်ရေးမှူးတွေက တစ်ပြိုင်တည်းလုပ်ဆောင်လာကြတာဖြစ်ပါတယ်။

တစ်ချို့ရပ်ကွက်တွေမှာ ကင်းတဲများပြုလုပ်ထားကြပြီး စကစခန့်အုပ်ချုပ်ရေးမှူးတွေက ကင်းတဲတွေကို စစ်ကောင်စီတပ်ရဲ့ ဘန်ကာ၊ စောင့်ကြည့်ကင်းတဲပုံစံမျိုး သဲအိတ်တွေနဲ့ ဆောက်လုပ်ထားကြောင်း သိရပါတယ်။

" တစ်ရပ်ကွက်ကို ၅ ယောက် ၈ ယောက်အဖွဲ့ဖွဲ့ပြီး တစ်ညကိုတစ်ဖွဲ့စောင့်ခိုင်းတယ်၊ မစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ပြောတယ်၊ ကင်းမစောင့်ရရင် တစ်ဦးကိုတစ်သောင်းနှုန်းကောက်တယ်။ ကင်းတဲတွေကိုလည်း စစ်တပ်ကင်းတဲပုံစံမျိုးဆောက်ထားတယ် သဲအိတ်အထပ်ထပ်နဲ့ဆောက်ထားတာ၊ ကင်းစောင့်ခိုင်းတဲ့သူတွေကို စစ်တပ်စောင့်နေတဲ့ပုံစံလုပ်ထားတာ'' ဟု ခရမ်းမြို့ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ခရမ်းမြို့ကျေးရွာတွေမှာရော ဘယ်လိုအခြေအနေရှိနေပါသလဲ၊ တခြားသော အကြောင်းအရာတွေ ထူးခြားမှုရှိနေပါသလဲ ခရမ်းချန်နယ် ဖေ့ဘုတ်စ်မက်ဆင်ဂျာကနေတဆင့် ပေးပို့နိုင်ပါတယ်။

ဓာတ်ပုံ - စစ်တပ်ကင်းဂိတ်(ခရမ်းမြို့)။

#KhayanChannel
#KhayanMedia

1 year, 1 month ago

ဘယ်ကောင်ကပဲ အာဏာပြန်သိမ်းသိမ်း ဒီပုံစံက ဒီပုံစံပဲ။
မအလ မင်းအောင်လှိုင်နေရာမှာ မအလ အောင်လင်းဒွေးလို့ တပ်ဆဲရုံပဲ။

1 year, 2 months ago

ခရမ်းတွင် ဧည့်စာရင်းစစ်ဆေးမှုများပြားလာနေပြီး အသက် ၂၅ နှစ်အောက်လူငယ်များကို မသင်္ကာသည်ဟုဆိုတာ ဖမ်းဆီးမှုတွေရှိနေ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။

ခရမ်းမြို့ မြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးမှုများ ယခုလအတွင်း များပြားလာနေလျက်ရှိပြီး ဧည့်စာရင်းစစ်ဆေးနေစဥ်အတွင်း အသက်၂၅ နှစ်အောက်လူငယ်များကို မသင်္ကာသည်ဟုဆိုကာ ဖမ်းဆီးမှုတွေရှိနေကြောင်း သိရသည်။

ဧည့်စာရင်းစစ်ဆေးမှုကို စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ စစ်တပ်တို့က စစ်ဆေးခြင်းဖြစ်ပြီး တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်စစ်ဆေးကြောင်း၊ ဧည့်စာရင်းစစ်ဆေးနေစဥ်အတွင်း ၎င်းတို့မသင်္ကာသူများနဲ့ ဧည့်စာရင်းမတိုင်ထားသူများကို ဖမ်းဆီးနေလျက်ရှိကြောင်း ပြည်သူများထံမှ သိရသည်။

"ဧည့်စာရင်း တစ်ပတ်ကို ၂ ကြိမ်အနည်းဆုံးစစ်တယ်၊ အိမ်ထောင်စုစာရင်းမှာပါတဲ့ နာမည်နဲ့လူတွေနဲ့ တိုက်စစ်တာ၊ လူငယ်တွေတွေ့ရင် သူတို့မသင်္ကာဘူးဆိုပြီး ဖမ်းသွားကြတာ'' ဟု ခရမ်းမြို့နေပြည်သူတစ်ဦးက ဆိုသည်။

ခရမ်းချန်နယ်မှ ရယူထားသော သတင်းအချက်အလက်များအရ ခရမ်းမြို့နယ်တွင် ယခုဇူလိုင်လအတွင်း အသက် ၂၅ နှစ်အောက် လူငယ် (၁၀) ဦးခန့် စစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုအထဲမှ (၄) ဦးခန့်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်း သိရသည်။

#KhayanChannel
#KhayanMedia

1 year, 3 months ago

ခရမ်းမြို့ သစ်တောဂိတ်တွင် ဂိတ်စောင့်ရဲများမရှိတော့ဘဲ စစ်တပ်သီးသန့်အစားထိုးစောင့်နေ

▫️သစ်တောဂိတ်တာဝန်ကျရဲများကို ဇွဲတွန်ဂိတ်ကို ချက်ချင်းပြောင်းပြစ်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

ခရမ်းမြို့နယ် သစ်တောစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီကတာဝန်ချထားသည့် ဂိတ်စောင့်ရဲများတစ်ယောက်မှမရှိတော့ဘဲ စစ်တပ်သီးသန့်အစားထိုး၍ ဂိတ်စောင့်ခိုင်းထားကြကြောင်း သိရသည်။

ထို့ပြင် ၎င်းဂိတ်အတွင်း တာဝန်ကျနေသောရဲများကို ဇွဲတွန်စစ်ဆေးဂိတ်သို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်းသိရပြီး ဇွဲတွန်ဂိတ်မှ စစ်သားများကိုလည်း သစ်တောဂိတ်သို့ ချက်ချင်းပြန်ပို့ခဲ့ကြောင်း သိရသည်။

"သစ်တောဂိတ်မှာ ရဲတစ်ယောက်မှ မရှိတော့ဘူး၊ အရင်က ရဲတစ်ဝက် စစ်သားတစ်ဝက်စောင့်တာ အခုစစ်သားတွေချည်းပဲ စောင့်ခိုင်းတာတွေ့တယ်၊ ဇွဲတွန်ဂိတ်က စစ်သားတွေလည်းမရှိတော့ဘူး၊ သစ်တောဂိတ်က ရဲတွေကို ဇွဲတွန်ပို့ပြီး ဇွဲတွန်က စစ်သားတွေကို သစ်တောဂိတ်ကိုပြန်ပို့တာ'' ဟု ပြည်သူတစ်ဦးထံမှ သိရသည်။

ခရမ်းမြို့တွင် ပင်မမြို့အဝင်အထွက်ဂိတ်လမ်းများဖြစ်သော သစ်တောဂိတ်နှင့် ဒေးပေါက်လမ်းဆုံးဂိတ်များအနက် စစ်တပ်တစ်တပ်လုံးစောင့်သည့် ပထမဆုံးစစ်ဆေးရေးဂိတ်မှာ သစ်တောဂိတ်ဖြစ်လာခဲ့သည်။

Photo - သစ်တောဂိတ်(ပုံအဟောင်း)။

#KhayanChannel
#KhayanMedia

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago