Khayan Channel

Description
Khayan Channel မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago

1 month, 3 weeks ago

ခရမ်းမြို့ ကျီနီချောင်ကျေးရွာတွင် စစ်သားအချင်းချင်းရန်ဖြစ်ပြီး ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်သားတချို့ထိခိုက်ဒဏ်ရာရရှိ

ဧပြီလ ၁၃ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

ခရမ်းမြို့နယ် ကျီနီချောင်ကျေးရွာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်သားအချင်းချင်း ရန်ဖြစ်ကြပြီး ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့ညပိုင်းက ကျီနီချောင်ကျေးရွာတွင် စစ်သားအချင်းချင်းရန်ဖြစ်ကြပြီး သေနတ် ၅ ချက်အရင်ပစ်ဖောက်ခဲ့ကြကြောင်း၊ ထို့နောက် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ဖြစ်စဥ်အပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် စစ်ကောင်စီတပ်သားများကို ဘုရားပျိုကျေးရွာဘက်မှ အရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

"ခွေးချင်းရန်ဖြစ်ပြီး သေနတ် ၅ ချက်အရင်ဖောက်တယ်၊ ပြီးတော့ ဗုံးထပေါက်တယ်​။ ပြီးတော့ ရွာထဲကို လာပြီးတော့ PDF ၂ ယောက်မိလို့ ဘာလို့နဲ့ ကျီနီချောင်အုပ်ကြီးက ပြပါလားဆိုတာတောင် မပြဘူးတဲ့" ဟု ပြည်သူတစ်ဦးကဆိုသည်။

ဆက်လက်ပြီး "ဗုံးပေါက်ခဲ့တဲ့ တဲမှာ သူတို့က တပ်စွဲပြီးနေနေတာ၊ သူတို့အချင်းချင်း ရန်ဖြစ်ရင်းဖြစ်တာဖြစ်မယ်၊ ကိစ္စတွေပြီးလို့ သွားကြည့်တော့ အဲ့တဲလေးလည်း မီးရှို့သွားတယ်၊ မသောက်ရသေးတဲ့ ဘီယာ၂ ဖာလည်း ကျန်နေခဲ့တယ်" ဟု ရွာခံပြည်သူတစ်ဦးက ခရမ်းချန်နယ်ကို ထပ်မံပြောဆိုခဲ့သည်။

Photo - ခရမ်းမြို့တွင် တပ်စွဲထားသောစစ်တပ်( ၂၀၂၁ ခုနှစ်)။

#KhayanChannel
#KhayanMedia

1 month, 3 weeks ago

ပြည်သူများသို့ အသိပေးခြင်း - မနက်ဖြန်တွင်ကျရောက်သည့် သင်္ကြန်အချိန်အခါတွင် ခရမ်းမြို့ပြည်သူများအနေဖြင့် သင်္ကြန်ရေဆော့ကစားခြင်း၊ အိမ်အပြင်ထွက်လည်ခြင်းတို့မှ ရှောင်ကျဥ်ကြပြီး တော်လှန်သင်္ကြန်တွင် ပါဝင်ဆင်နွှဲပေးကြဖို့ တိုက်တွန်းလိုပါသည်။ လာမည့်သင်္ကြန်သည် ပျော်ရွှင်စရာသင်္ကြန်အချိန်အခါမဟုတ်သေးပဲ တော်လှန်ရမည့်သင်္ကြန်သာဖြစ်ပါသည်။

ထို့ကြောင့် ခရမ်းမြို့ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်က သင်္ကြန်ကျင်းပခြင်းမပြုလုပ်ဘဲ မိမိတို့၏မိသားစုဝင်များဖြင့်သာ အိမ်တွင်းသင်္ကြန် ဆင်နွှဲပေးကြဖို့ တိုက်တွန်းအပ်ပါသည်။

မိမိတို့ ရပ်ကွက်/ကျေးရွာများတွင်လည်း သင်္ကြန်ဆော့ကစားနေသည့်ပုံရိပ်များကို ခရမ်းချန်နယ်သို့ ဓာတ်ပုံနှင့်တကွ ပေးပို့နိုင်ပါသည်။

#KhayanChannel
#KhayanMedia

1 month, 3 weeks ago

Breaking News: ခရမ်းမြို့ ကောင်းကင်ယံပေါ်တွင် ယနေ့ည ၈ နာရီ ၅၀ မိနစ်မှစတင်၍ ယခုသတင်းထုတ်ပြန်နေချိန် ည ၉ နာရီ ၄၂ မိနစ်အထိ စစ်ဘက်သုံးလေယာဥ်နှစ်စီး မြို့ကိုအခေါက်ခေါက်အခါခါပတ်၍ ပျံသန်းနေကြကြောင်း သိရသည်။

တစ်စီးမှာ မြေပြင်မှ အလွန်နိမ့်စွာပျံသန်းနေပြီး တစ်စီးမှာ ပုံမှန်လေယာဥ်ပျံသန်းသည့် အမြင့်တွင် ပျံဝဲနေလျက်ရှိကြောင်း သိရသည်။

10.4.2024 (9:42 PM)

#KhayanChannel
#KhayanMedia

3 months, 2 weeks ago
ဒီကနေ့ဟာ ခရမ်းမြို့နယ်ရဲ့ နွေဦးတော်လှန်ရေးခေါင်းဆောင်၊ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဝင်း(မီးပွား-ခရမ်း)ရဲ့ အသက် …

ဒီကနေ့ဟာ ခရမ်းမြို့နယ်ရဲ့ နွေဦးတော်လှန်ရေးခေါင်းဆောင်၊ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းဝင်း(မီးပွား-ခရမ်း)ရဲ့ အသက် ၄၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

တော်လှန်မွေးနေ့ပါ ကိုမီးပွားရေ.....။

Htun Htun Win

#KhayanChannel
#KhayanMedia

3 months, 2 weeks ago

Breaking News
17.2.2024: ခရမ်းမြို့နယ်တွင် ယနေ့မနက် (၅) နာရီကျော်ခန့်က အလုပ်သွားရန်လာသည့် အသက် (၂၀) အရွယ် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ယနေ့မနက် (၅) နာရီကျော်ခန့်က အသက် (၂၀) အရွယ် လူငယ် ၃ ဦးက အလုပ်သွားရန်လာနေစဥ် စစ်ကောင်စီတပ်၏လှည့်ကင်းနှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံခဲ့ရသောလူငယ်များ၏ ရပ်ကွက်/ကျေးရွာနာမည်များကို အတိအကျမသိရှိရသေးပေ။

#KhayanChannel
#KhayanMedia

3 months, 3 weeks ago

ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်သားသစ် စတင်ခေါ်ယူ

Khayan Channel (ဖေဖော်ဝါရီ ၁၅)

ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က တပ်သားသစ် စတင်ခေါ်ယူမည်ဖြစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

"ကျွန်ုပ်တို့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan) သည် တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်း တော်လှန်ရေးအပေါ်သစ္စာရှိရှိ ပြည်သူကိုမျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ပါသည်။ ယခုလက်ရှိအခြေအနေအရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုသော ပြည်သူ့ရဲဘော် တော်လှန် ရေးတပ်သားသစ်များကို လက်ခံကြိုဆိုသွားမည်ဖြစ်ပါသည်။

ခိုင်မာမြဲမြံသောတော်လှန်ရေးယုံကြည်ချက်ဖြင့် ပြည်သူအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် လူငယ် လူရွယ်များအနေဖြင့် ယခုထုတ်ပြန်သည့်နေ့မှ (၁) လအတွင်း တပ်ဖွဲ့မှထုတ်ပြန်ထားသည့် တပ်သားသစ်ခေါ်ယူရေး စည်းကမ်းချက်များနှင့်အညီ ဆက်သွယ်နိုင်ပါသည်။

“တပ်သားသစ်အဖြစ် လျောက်ထားလိုသော လူငယ်လူရွယ်များခင်ဗျား ပင်ပန်းမယ် ၊ ဆင်းရဲမယ် ၊ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို မမေ့လျော့ဘဲ ကြံ့ကြံ့ခံရင်ဆိုင်မယ်ဆိုသည့် စိတ်ပိုင်းဖြတ်မှုရှိမှသာ ဆက်သွယ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”

သို့ဖြစ်ပါ၍ တပ်သားသစ်အဖြစ် လျောက်ထားလိုသူများသည် လုံခြုံရေးကိုအထူးသတိပြု၍ တပ်ဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ တပ်သားသစ်များအဖြစ် တော်လှန်ရေးတိုက်ပွဲဝင်ရန် တပ်ဖွဲ့ဝင်သစ်လျောက်ထား နိုင်ပါကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

“ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲဖြစ်တယ်
အဆုံးထိ တိုက်ပွဲဝင်ကြစို့”

တပ်သားသစ်အဖြစ် ပါဝင်လိုသူများအနေဖြင့် - https://www.facebook.com/profile.php?id=100070962236100 သို့ ဆက်သွယ်နိုင်ပါသည်။

#PDFKhayan
#KhayanChannel
#KhayanMedia

Facebook

PDF - Khayan

PDF - Khayan. 30,274 likes · 1,430 talking about this. ရန်ကုန်တိုင်း၊ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်သားသစ် စတင်ခေါ်ယူ
3 months, 3 weeks ago

Update News
12.2.2024: ခရမ်းမြို့နယ်တွင် ယနေ့၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စကစအုပ်ချုပ်ရေးမှူးများက တစ်မြို့နယ်လုံးတွင်ရှိသမျှ လူဦးရေစာရင်းများကို လိုက်လံကောက်ခံခဲ့ကြောင်း သိရပါသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖွဲ့များက ခရမ်းတစ်မြို့နယ်လုံးတွင် လူဦးရေစာရင်းကောက်ခံခဲ့ကြောင်း၊ (ကျား/မ) ခွဲ၍ ကောက်ခံခဲ့ကြောင်း ပြည်သူများထံမှ သိရပါသည်။

ယခုလိုကောက်ခံမှုအား ပြည်သူတချို့က ၎င်းတို့အား ပြန်လည်မေးမြန်းခဲ့ရာ မည်သည့်အကြောင်းပြချက်မှ ပြောဆိုသွားခြင်းမရှိကြောင်းကိုလည်း သိရပါသည်။

#KhayanChannel
#KhayanMedia

3 months, 3 weeks ago

ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ ကြားနေလူတွေ၊ စစ်ဘောမလေးတွေ၊ ရေပေါ်ဆီတွေ၊
အကုန်လုံး ရှေ့တန်းမှာ ပြန်ဆုံကြတာပေါ့။

3 months, 4 weeks ago
ရန်သူက ရန်သူပီသပါတယ်

ရန်သူက ရန်သူပီသပါတယ်
ရှေ့ဆက် ရန်သူဟာ
ရန်သူလိုပဲသဘောထားဖို့ လိုပါတယ်။

#Photocrd

5 months, 3 weeks ago
ခရမ်း PDF ရဲ့ ``ယူနီဖောင်း ၁၅၀ ကမ်ပိန်း …

ခရမ်း PDF ရဲ့ ``ယူနီဖောင်း ၁၅၀ ကမ်ပိန်း ´´ ပြည့်ဖို့
🚩အရှင်ကောဝိဒ(ရွှေအုန်းပင်)
🚩ပြည်သူ့အချစ်တော် ဟားငါးကောင်အဖွဲ့ တို့က

🕐 ယနေ့ ညနေ (၆) နာရီတွင်
PDF Khayan နဲ့ ဟားငါးကောင် Facebook Page များမှ Live လွှင့်၍ နှိုးဆော်အားဖြည့်သွားပါမည်။

အားလုံး ဝိုင်းဝန်းပါဝင် အားဖြည့်ပေးပါဦးခင်ဗျာ။

Live On - PDF Khayan (https://www.facebook.com/profile.php?id=100070962236100)

Live On - ဟားငါးကောင်(https://www.facebook.com/harngerkaung)

#KhayanChannel
#KhayanMedia

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago