? ZeeGwat???

Description
ZeeGwat Media Presenting
We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
Реклама: @bugunuzreklama

Last updated 7 months ago

Welkom bij het officiële FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 5 months ago

News Of Myanmar Official Channel.

WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S

Last updated 5 months ago

hace 11 meses, 1 semana

ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

ဗိုက်ထဲမှရစ်ပြီးနာခြင်း

ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)
@Dr.မာမီ

5.7.24 ; 11:30PM

Edited ? လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

hace 11 meses, 1 semana

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

?ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

?ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

?မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

?ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

ယင်လုံအိမ်သာအသုံးပြုပါ။

အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

?ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

?ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

?ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

?ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

?အရေးကြီးတဲ့လက္ခဏာတွေကတော့

hace 11 meses, 2 semanas

###ခရိုင်များပြောင်းလဲသတ်မှတ်ခြင်း.....

ကျောက်တံတား မြို့နယ်
ပန်းဘဲတန်း မြို့နယ်
လသာ မြို့နယ်
လမ်းမတော် မြို့နယ်
ဒဂုံ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ကျောက်တံတား ခရိုင်ဟုပြောင်းသည်။

အလုံ မြို့နယ်
ကြည့်မြင်တိုင် မြို့နယ်
စမ်းချောင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင် ဟုပြောင်းသည်။

မရမ်းကုန်း မြို့နယ်
လှိုင် မြို့နယ်
မြောက်ဥက္ကလာ မြို့နယ်
၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုပြောင်းသည်။

ကမာရွတ် မြို့နယ်
ဗဟန်း မြို့နယ်
၂ မြို့နယ် ပေါင်း၍
ကမာရွတ် ခရိုင် ဟုပြောင်းသည်။

သင်္ဃန်းကျွန်း မြို့နယ်
တောင်ဥက္ကလာပ မြို့နယ်
ရန်ကင်း မြို့နယ်
တာမွေ မြို့နယ်
၄ မြို့နယ် ပေါင်း၍
သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းသည်။

ဗိုလ်တစ်ထောင် မြို့နယ်
ဒေါပုံ မြို့နယ်
မင်္ဂလာတောင်ညွန့် မြို့နယ်
ပုဇွန်တောင် မြို့နယ်
သာကေတ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းသည်။

ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်
၄ မြို့နယ် ပေါင်း၍
ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းသည်။

သန်လျှင် မြို့နယ်
ကျောက်တန်း မြို့နယ်
သုံးခွ မြို့နယ်
ခရမ်း မြို့နယ်
ကိုကိုးကျွန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
သန်လျှင် ခရိုင် ဟုပြောင်းသည်။

တွံတေး မြို့နယ်
ဆိပ်ကြီးခနောင်တို မြို့နယ်
ဒလ မြို့နယ်
ကော့မှူး မြို့နယ်
ကွမ်းခြံကုန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
တွံတေး ခရိုင် ဟုပြောင်းသည်။

အင်းစိန် မြို့နယ်
လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်
လှိုင်သာယာ အနောက်ပိုင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အင်းစိန် ခရိုင် ဟုပြောင်းသည်။

မင်္ဂလာဒုံ မြို့နယ်
ရွှေပြည်သာ မြို့နယ်
၂ မြို့နယ် ပေါင်း၍
မင်္ဂလာဒုံ ခရိုင် ဟုပြောင်းသည်။

မှော်ဘီ မြို့နယ်
ထန်းတပင် မြို့နယ်
၂ မြို့နယ် ပေါင်း၍
မှော်ဘီ ခရိုင် ဟုပြောင်းသည်။

လှည်းကူး မြို့နယ် အား
လှည်းကူး ခရိုင် ဟုပြောင်းသည်။

တိုက်ကြီး မြို့နယ် အား
တိုက်ကြီး ခရိုင် ဟုပြောင်းသည်။

Crd..
စုစုပေါင်းခရိုင်14 ခု ပါ၊

#SM

hace 11 meses, 3 semanas

၂၂.၆.၂၀၂၄ရက်နေ့၊ ၀၇ ၄၆အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၈လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။
Update
၀၇ ၅၇ အချိန်မီးထိန်းပါသည်။
Update
၀၈ ၀၉ အချိန်မီးငြိမ်းပါသည်။

hace 11 meses, 3 semanas

KIRA - ဝင်္ကပါ (Maze)

?https://t.me/feelingsong99

hace 11 meses, 3 semanas

Bye

hace 1 año, 1 mes

၃.၅.၂၀၂၄ ရက်နေ့၊ ၁၄ ၀၂ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၈)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။
#သာကေတမီးလောင်မှု

We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
Реклама: @bugunuzreklama

Last updated 7 months ago

Welkom bij het officiële FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 5 months ago

News Of Myanmar Official Channel.

WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S

Last updated 5 months ago