Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

News Of Myanmar NOM

Description
News Of Myanmar Official Channel.

WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S
Advertising
We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
Реклама: @medianews_uz

Last updated 1 month ago

Welkom bij het officiële FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 3 weeks, 1 day ago

Kanaal van Brecht Arnaert

Last updated 1 month, 2 weeks ago

6 days, 2 hours ago

[မရမ်းကုန်းတွင် ပေါက်ကွဲမှုဖြစ်

NOM](https://t.me/newsofmyanmar) ဧပြီ ၂၇၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ဧပြီလ ၂၆ ရက်ည ၁၁း၃၀ နာရီအချိန်ကပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုမှာ သံသုမာလမ်းဘေးမြက်ခင်းတွင်ဖြစ်ပြီး ပေါက်ကွဲသည့်နေရာကို လုံခြုံရေးတပ်မှရှင်းလင်းစဥ် ဘီယာဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းနှစ်လုံးကို မပေါက်ကွဲဘဲထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

6 days, 12 hours ago

အနောက်အုပ်စုကထောက်ပံ့သည့်လက်နက်ခဲယမ်းသယ်လာသည့်ယူကရိန်းရထားကိုရုရှားတိုက်ခိုက်
NOM
အနောက်အုပ်စုကထောက်ပံ့သည့်လက်နက်ခဲယမ်းများသယ်ဆောင်လာသောယူကရိန်းကုန်တင်ရထားကိုသောကြာနေ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကကြေညာလိုက်သည်။
တိုက်ခိုက်မှုသည်ဒွန်ဘတ်စ်ပြည်နယ်ယူဒါချန်နိုရီဒေသတွင်ဖြစ်ပြီးလေတပ်၊အမြောက်နှင့်ဒုံးကျည်များပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်။
ရုရှာကွယ်ရေးဝန်ကြီးကအနောက်အုပ်စု၏လက်နက်ခဲယမ်းထောက်ပံ့မှုကြောင်ရုရှား၏စစ်ရေးရည်မှန်းချက်များထိခိုက်ရန်အကြောင်းမရှိဟုပြောကြားခဲ့သည်။ထို့အပြင်ရုရှားတပ်ဖွဲဝင်များသည်သောကြာနေ့ကစစ်မျက်နှာအသီးသီးတွင်အမေရိကန်လုပ်M777ဟောင်ဝစ်ဇာငါးလက်၊အပေါ့စားယာဥ်ဆွဲ105မမဟောင်ဝစ်ဇာ၂လက်၊အမေရိကန်ဒီဇိုင်းဖြင့်ထုတ်ထားသောတန်ပြန်ပစ်ခတ်ရေးရေဒါတစ်ခု၊ဗြိတိန်ထုတ်FH-70ဟောင်ဝစ်ဇာတစ်လက်ကိုဖျက်ဆီးခဲ့ကြောင်းသိရသည်။
News Of Myanmar NOM

6 days, 12 hours ago

[ကျိုက်ထိုမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီဂိတ်တစ်ခု၌ရှိနေသော အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM](https://t.me/newsofmyanmar) ဧပြီလ ၂၇၊ ၂၀၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ ဦးကျော် (၄၈) နှစ်သည် ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းထောင့်ရှိ ဆိုင်ကယ် ကယ်ရီဂိတ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM

2 months, 1 week ago
News Of Myanmar NOM
2 months, 1 week ago
ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို …

ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖမ်းဆီးထားကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သတင်းတု ၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

2 months, 1 week ago
News Of Myanmar NOM
4 months, 1 week ago

ဂျပန်ရောက် မြန်မာများအနေဖြင့် အခွန်ဆောင်ရာတွင် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့် ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ဆောင်ရမည်

ရန်ကုန် ဒီဇင်ဘာ ၂၁၊ ၂၀၂၃

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့်ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင် ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

ပြည်ပတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်နိုင်ငံခြားဝင်ငွေဖြင့် စုစုပေါင်းလစာဝင်ငွေအပေါ် အောက်တိုဘာ ၁ ရက်ကစတင်ကာ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် ဝင်ငွေခွန်ထမ်းဆောင်ရာတွင် လိုက်နာရမည့်နည်းလမ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ကြရမည်ဖြစ်ပြီး ဂျပန်တွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၂၀၀၀၀၀ နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရယန်း ၄၀၀၀ သတ်မှတ်ထားကာ အဆိုပါယန်း ၄၀၀၀ အနက်သက်သာခွင့်အဖြစ်ယန်း ၂၀၀၀ သတ်မှတ် ပေးသွားမည်ဖြစ်၍ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သတ်မှတ်ထားသည့်တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀၀၀၀ အောက်လျော့နည်းရရှိသူများအနေဖြင့်လည်း အထောက်အထားများဖြင့်တင်ပြလာပါက ၎င်းတို့အတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၁၅၀၀၀၀ နှုန်းသတ်မှတ်၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း ၃၀၀၀ သတ်မှတ်သွားမည်ဖြစ်ကာ အဆိုပါယန်း ၃၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာအထောက်အထားများ ထုတ်ပေးမည်ဖြစ်ပြီး အခွန်ထမ်းနိုင်ငံသားမှ သတ်မှတ်ကာလတစ်ခုအတွင်း သံရုံးတွင်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန် ပေးဆောင်မှုဆိုင်ရာ အထောက်အထားလက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက ၎င်းတို့အနေဖြင့် သံရုံးတွင် အမှန်တကယ်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏနှင့်ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာထုတ်ပေးသွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအပါအဝင် မြန်မာသံရုံးအသီးသီးကလည်း အခွန်ပေးဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံအလိုက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

4 months, 1 week ago

[ရွှေဘိုမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ "ပန်တလင်း" ဘုန်းကြီးကျောင်းအနောက် မုခ်ဦးအနီးရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသော ရပ်ကွပ်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM](https://t.me/newsofmyanmar) ဒီဇင်ဘာ ၂၂၊ ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ "ပန်တလင်း" ဘုန်းကြီးကျောင်းအနောက် မုခ်ဦးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဒီဇင်ဘာလ ၂၀ ရက် နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အ ချိန်၌ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြတ်မျိုးထွန်း (၅၁) နှစ်သည် ၎င်းလက်ဖက်ရည်အတွင်း ထိုင်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF အကြမ်းဖက်သမားသုံးဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမြတ်မျိုးထွန်းကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

4 months, 1 week ago

PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၂၁ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက် ၉ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာထွက်ပြေး သွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (ခ)ရပ်ကွက်၊ အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်း လျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက လောင်းလုံးမြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။
ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များ ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများအပေါ် ဒေသခံပြည်သူ များအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

4 months, 2 weeks ago
[ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန် ကျေးရွာအနီး ကျောက်ဆည်-မိတ္ထီလာသွားကားလမ်းဘေးတွင် PDF အကြမ်းဖက်သမားများက …

[ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန် ကျေးရွာအနီး ကျောက်ဆည်-မိတ္ထီလာသွားကားလမ်းဘေးတွင် PDF အကြမ်းဖက်သမားများက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM](https://t.me/newsofmyanmar) ဒီဇင်ဘာ ၁၆၊ ၂၀၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန် ကျေးရွာအနီး ကျောက်ဆည်-မိတ္ထီလာသွားကားလမ်းဘေးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ PDF အကြမ်းဖက်သမားများသတ် ဖြတ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

အသတ်ခံရသူမှာ ကမ်းပါးနီကျေးရွာနေ ဦးတင်မင်း (၄၈) နှစ်ဖြစ်ပြီး ၎င်းသည် မွန်းလွဲ ၁ နာရီခွဲတွင် ၎င်း၏ တူမနှင့်အတူ ကြွယ်ကန် ကျေးရွာမှ ဈေးဝယ်ပြီး ကမ်းပါးနီကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက် တွင် လမ်းဘေး၌ ဆိုင်ကယ်နှစ်စီးဖြင့်ရပ်နေသည့် PDF အကြမ်းဖက်သမားနှစ်ဦးက ဦးတင်မင်းတို့ဆိုင်ကယ်အား တားဆီးကာ ဦးတင်မင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးတင်မင်းမှာ ဦးခေါင်းနောက် စေ့ ပွင့်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News Of Myanmar NOM

We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
Реклама: @medianews_uz

Last updated 1 month ago

Welkom bij het officiële FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 3 weeks, 1 day ago

Kanaal van Brecht Arnaert

Last updated 1 month, 2 weeks ago