Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

💢 ZeeGwat🦉🦉💢

Description
ZeeGwat Media Presenting
Advertising
We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
РокНаПа: @medianews_uz

Last updated 1 month ago

Welkom bij het officiĂŤle FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 3 weeks, 2 days ago

Kanaal van Brecht Arnaert

Last updated 1 month, 2 weeks ago

6 months, 1 week ago

ရန်ကုန်တွင်လူငယ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။ (ရုပ်/သံ)

၂၇ အောက်တိုဘာ ၊ ၂၀၂၃။

North Dagon Oppressed People's Strike Colition - NDOPSC နှင့် မဟာမိတ်များပူးပေါင်း၍ တော်လှန်စစ်ကို ထောက်ခံကြိုဆိုကြောင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။

'' အမှန်ကတော့ ကျနော်တို့မြို့ကို ကျနော်တို့ပိုင်တယ်။ ကျနော်တို့ငြိမ်ချင်ငြိမ်မယ်။ ကြွချင်ကြွမယ်။ ဘယ်လိုဖိနှိပ်မှုမျိုးကိုမှ ကျနော်တို့မခံဘူး ။ တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ အသံတွေထွက်ပေးဖို့လိုပါပြီ ။ ဖိနှိပ်မှုတွေ ကိုခါးစည်းခံနေလို့မရတော့ပါဘူး ။ တယောက်တသံထွက်နေတာထက် ပြိုင်တူတွန်းရင်အရွေ့မြန်မှာပဲ ။ '' လို့ အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် လူငယ်တဦးမှပြောသည်။

#NDOPSCADMINTEAM
#Operation1027

6 months, 3 weeks ago
💢 ZeeGwat🦉🦉💢
6 months, 3 weeks ago
💢 ZeeGwat🦉🦉💢
6 months, 3 weeks ago
💢 ZeeGwat🦉🦉💢
6 months, 3 weeks ago
မကြာ​သေးမီက ယာဥ်လိုင်းနံပါတ်သစ်များဖြင့် ​

မကြာ​သေးမီက ယာဥ်လိုင်းနံပါတ်သစ်များဖြင့် ​
ပြောင်းလဲ​ပြေးဆွဲ​ပေးလျက်ရှိ​သော ထပ်တိုးယာဥ်လိုင်း
နံပါတ်သစ်များ၏ ခရီးစဥ်လမ်း​ကြောင်းများ 📌

*** YBS လမ်းညွှန် မှ လမ်း​ကြောင်းခရီးစဥ်များကို စီစဥ်​ရေးသားထား​ခြင်းဖြစ်ပါသည်။

#YBSလမ်းညွှန်

7 months ago
အားလုံးဘဲ***❗******❗*** ကူညီပေးကြပါ ခင်ဗျာ

အားလုံးဘဲ❗❗ ကူညီပေးကြပါ ခင်ဗျာ
ကျွန်တော့် အဖေပါ
Taxi မောင်းတာပါ
( 5-10-2023 ) ညက နေ အဆက်အသွယ် မရတာပါ.
ကားရောလူရောပျောက်နေလို့ပါ။
အမည် - မောင်မောင်ပါ
တွေ့ရှိသူများ အကြောင်းကြားပေးကြပါ။
ဖုန်းလည်း ဆက်သွယ် မရလို့ပါ။
တွေ့ရှိပါက ဖုန်းဆက်ပေးပါ။

Ph-09958715590
09980250378
Link

7 months, 1 week ago
ဆီကို ~ တန်းစီ

ဆီကို ~ တန်းစီ
ဆေးကို ~ နှစ်ဆ
ဆန်ကို ~ အရစ်ကျ

#Crd

Kmkl mal 🖕🏻

7 months, 1 week ago

၁.၁ဝ.၂ဝ၂၃ ရက်နေ့မှစတင်၍ဖော်ပြပါယာဥ်လိုင်းများအား ယာဥ်လိုင်းနံပါတ်အသစ်များဖြင့်ပြောင်းလဲပြေးဆွဲသွားပါမည်။ခရီးစဥ်လမ်းကြောင်းအပြောင်းအလဲမရှိပါ

အနောက်ပိုင်းတက္ကသိုလ်-လသာ YBS - 21
အနောက်ပိုင်းတက္ကသိုလ်-မော်တင် YBS - 21 အစား YBS - 131

အနောက်ပိုင်းတက္ကသိုလ်-လင်းစဒေါင်း YBS - 79
အနောက်ပိုင်းတက္ကသိုလ်-ဗိုလ်တထောင်ဘုရား YBS - 79 အစား YBS - 132

ရတနာနှင်းဆီအိမ်ရာ-ဗိုလ်ချုပ်စျေး YBS - 4
ယုဇနဥယျာဥ်မြို့တော်-ဗိုလ်ချုပ်စျေး YBS - 4 အစား YBS - 133

၁၆၈ရပ်ကွက်-သုမနလမ်း-လသာ YBS - 8
၁၆၈ရပ်ကွက်-ယမုံနာလမ်း-လသာ YBS - 8(minibus) အစား YBS - 134

ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS - 10
ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS - 10(minibus) အစား YBS - 135

အောင်မင်္ဂလာအဝေးပြေး-လသာ YBS - 11
အောင်မင်္ဂလာအဝေးပြေး-လသာ YBS - 11(minibus) အစား YBS - 136

ဒဂုံတက္ကသိုလ်-ပြည်လမ်း-တညင်းကုန်း YBS - 15
ဒဂုံတက္ကသိုလ်-ကြိုးတံတား-ပေါက်တောဝ YBS - 15 အစား YBS - 137

ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ(ဆေးရုံကွေ့) YBS - 17
ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ(ဆင်ဖုံ) YBS - 17(minibus) အစား YBS - 138

ရွှေပေါက်ကံတံတားထိပ်-ဆူးလေ YBS - 29
ဒဂုံတက္ကသိုလ်-ဆူးလေ YBS - 29 အစား YBS - 139

ရွှေပြည်သာ(ဝါးတရာ)-လသာ YBS - 39
ရွှေပြည်သာ(လှော်ကားတာဆုံ)-မော်တင် YBS - 39(GYCT) အစား YBS - 140

ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS - 40
ရွှေပြည်သာ(ညရပ်ကွက်)-သခင်မြပန်းခြံ YBS - 40 အစား YBS - 141
ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS - 40(PST) အစား YBS - 142
ရွှေပြည်သာ(သံဒင်း)-သခင်မြပန်းခြံ YBS - 40 အစား YBS - 143

တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS - 59
တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS - 59(minibus) အစား YBS - 144

ရွှေပြည်သာ(လှော်ကားတာဆုံ)-ဗိုလ်တထောင်ဘုရား YBS - 65
ရွှေပြည်သာ(လိန်ကုန်း)-ဗိုလ်တထောင်ဘုရား YBS - 65 အစား YBS - 145

#YBS

7 months, 2 weeks ago

အင်မတန် နိုင်ငံကြီးသား ပီသလှပါတယ် ဆိုတဲ့သူတွေဟာ ဘောလုံးကွင်းထဲက လူအုပ်ကြီးထဲ ရောက်သွားတဲ့အခါ ပြိုင်ဘက်အသင်းက လူမည်းကစားသမားကို မျောက်လို့ အော်ဆဲဖို့ ဝန်မလေးတော့ဘူး။ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ အကောင့်တုတစ်ခုကနေလည်း ရေးချင်ရာ ရေးဖို့ သိပ်လွယ်သွားတယ်။

ပြောချင်တာက ကိုယ့်ရင်ထဲက မကောင်းတဲ့စိတ်ဆိုတာ အခွင့်မသာသေးလို့ ငြိမ်နေတာမျိုးလည်း ရှိတတ်တယ် ဆိုတာပဲ။

🔳 ဒီတော့ ဘယ်အတိုင်းအတာထိ ဟီရိကို ကျင့်သုံးမှာလဲ။ တစ်နည်းပြောရရင် ကိုယ့်အဆင့်အတန်းကို ဘယ်အနိမ့်လောက်အထိ ဆွဲချမှာလဲ ဆိုတာ သိပ်အရေးကြီးသွားပြီ။

- ရည်းစားနဲ့ Sex chat တာရယ်၊
- သူစိမ်းမိန်းကလေးတစ်ယောက်ကို ထိကပါး ရိကပါးပြော၊ မဟုတ်တရုတ်ပုံတွေ ပို့ပြီး Sexual harassment လုပ်တာရယ်၊
- အဲဒီလိုလုပ်ပြီးတာတောင် ဝန်မခံဘဲ ဒီမိန်းကလေးကို နာမည်ဖျက် တိုက်ခိုက်နေတာရယ်၊
- ကာယကံမြောက် အဓမ္မပြုကျင့်တာရယ်၊ ဒါတွေက လိင်ကိစ္စတွေ ဖြစ်ကြပေမဲ့ အတိမ်အနက်ချင်းရော ထိခိုက်မှုချင်းပါ မတူကြဘူး။

လိင်စိတ်တို့၊ ဒေါသတို့၊ မနာလိုတာတို့၊ လက်စားချေလိုစိတ်တို့ကတော့ လူတိုင်းမှာ ရှိကြတာပါပဲ။ ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုထိန်းသိမ်းစီမံသလဲ ဆိုတဲ့အပေါ် မူတည်ပြီး လူ့အဆင့်အတန်းတွေ ကွာခြားကုန်ကြတာ ဖြစ်ပါတယ်။

🔳 "ငါ နင့်ကို မုန်းတယ်၊ ဒါပေမဲ့ ငါသိထားတဲ့ နင့်အကြောင်းတွေ၊ အတွင်းရေးတွေတော့ ဘယ်တော့မှ ငါ ထုတ်မပြောဘူး။ (ခေတ်စကားနဲ့ ပြောရရင် အောက်ဖဲမလှန်ဘူး)"

"ငါ မှားသွားတယ်၊ မင်းနစ်နာခဲ့ရတာ​တွေအတွက် ငါ​တောင်းပန်တယ်"

"စစ်တိုက်ဖို့လိုလို့ တိုက်တယ်။ ဒါပေမဲ့ ဖမ်းမိလာတဲ့ သုံ့ပန်းတွေကိုတော့ လူ့အခွင့်အရေးနဲ့အညီ ဆက်ဆံပေးတယ်"

ဒါကြောင့် ဟီရိနဲ့ ပတ်သက်လို့ ပြောရမယ်ဆို သူတော်စင် မဟုတ်ရင်နေပါ၊ လူပီသဖို့လေးပဲ လိုပါတယ်။ သူတော်ကောင်းတွေ ပေါ်ထွက်မလာလို့ ဘာမှမဖြစ်ပေမဲ့ သူယုတ်မာတစ်ယောက် ပေါ်လာရင်တော့ အဲဒီလူ့အဖွဲ့အစည်း ဒုက္ခအကြီးအကျယ် ရောက်တတ်ပါတယ်။

🔳 လူနဲ့ပတ်ဝန်းကျင်၊ အတွင်းနဲ့အပြင်၊ ဟီရိနဲ့ သြတပ္ပ၊ ဒါတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်မှု ရှိနေတာပါ။

လူမှုအဖွဲ့အစည်းရဲ့ စံနှုန်းတွေ တလွဲဖြစ်လာတော့ တလွဲဖြစ်နေတဲ့လူတွေ နေရာပိုရလာတယ်။ ဒီအခါ လူ့အဖွဲ့အစည်းကလည်း တလွဲပိုဖြစ်လာတယ်။

သြတပ္ပတရား ပျက်ယွင်းတော့ ဟီရိတွေပါ ပျက်လာတယ်။ အဲဒီလိုလူတွေ များလာတော့ သြတပ္ပက ပိုပျက်စီးတယ်။

ဒါကြောင့် ကောင်းတဲ့သူကို ချီးမြှောက်၊ မကောင်းတဲ့သူကို ရှုံ့ချတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ပေါ်လာဖို့ လိုအပ်သလို၊ လူသိတာ၊ မသိတာ နောက်ကိစ္စ၊ ကိုယ့်စိတ်ကိုက ဒါမျိုးမလုပ်ချင်တာ၊ ကိုယ့်အဆင့်အတန်းကို နှိမ့်မပစ်ချင်တာ ဆိုတဲ့သူတွေ များများရှိနေဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။

🔳 လောကကို စောင့်ရှောက်တဲ့ တရားတွေ ပိုမိုထွန်းကားဖို့ လောကကလည်း ပြန်လည်စောင့်ရှောက်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၇.၉.၂၀၂၃

Photo credit - Pixabay

7 months, 2 weeks ago

“ကိုယ့်အဆင့်အတန်းကို ဘယ်လောက်အနိမ့်ထိ ဆွဲချမှာလဲ”

🔳 ဟီရိသြတပ္ပတရား ဆိုတာ လောကကို စောင့်ရှောက်တဲ့ လောကပါလတရားတွေ ဖြစ်ပါတယ်။ မမြင်နိုင်တဲ့ နတ်တွေ၊ သိကြားတွေက စောင့်ရှောက်ပေးနေတယ် ဆိုတာလိုမျိုး ပုဂ္ဂိုလ်တစ်ယောက်ယောက်က လုပ်ပေးနေတာ မဟုတ်ဘူး။ လောကအတွင်း ရှင်သန်နေထိုင်ကြတဲ့ လူတွေကြားထဲမှာ ဒီတရား ၂ ပါး ထွန်းကားနေမှသာ အဲဒီလောကဟာ သာယာလှပတယ်လို့ ဆိုလိုချင်တာ ဖြစ်တယ်။

🔳 ဟီရိဆိုတာ "မဟုတ်တာ လုပ်ရမှာ ရှက်ခြင်း" နဲ့ သြတပ္ပကတော့ "မဟုတ်တာလုပ်ရမှာ ကြောက်ခြင်း" လို့ နားလည်ခဲ့ဖူးပါတယ်။ ပါချုပ်ဆရာတော်ကြီး ဥပမာပေးတာကတော့ ပိုရှင်းတယ်။

မစင်ပေနေတဲ့ ပစ္စည်းတစ်ခုကို ကိုင်မလားဆို မကိုင်ဘူး။ ဘာလို့ မကိုင်တာလဲဆိုတော့ ရွံလို့ မကိုင်တာ။ ကိုယ့်စိတ်ကိုက မကိုင်ချင်လို့ မကိုင်တာ။

မီးအပူပေးထားတဲ့ ပစ္စည်းတစ်ခုကိုရော ကိုင်မလားမေးရင် မကိုင်ဘူး။ ဒါကျတော့ ရွံလို့ မဟုတ်ဘူး။ ကိုင်လိုက်ရင် ကိုယ့်ကို ပူမှာကြောက်လို့ မကိုင်တာ။

ပြောမယ်ဆို ဟီရိသည် အတွင်းထဲက ဖြစ်တည်လာတဲ့ အရှက်တရား။ သြတပ္ပက အပြင်ပတ်ဝန်းကျင်ကို စိုးထိတ်တဲ့ အကြောက်တရား။

🔳 ဒီနှစ်ခုလုံးဟာ သိပ်အရေးကြီးတယ်။ ကိုရီးယားကားတွေထဲ မြင်ဖူးကြမှာပေါ့။ တစ်ခုခု အမှားလုပ်မိတယ်ဆို အလုပ်ကနေ နှုတ်ထွက်တာမျိုး၊ မိဘနဲ့သိလို့၊ အကပ်ကောင်းလို့ ဒီအလုပ်ရတာဆို ကာယကံရှင်ကလည်း ရှက်သလို၊ တခြားလူတွေကလည်း ကဲ့ရဲ့ကြတာမျိုး။ အဲဒီအခါ လူမှုအဖွဲ့အစည်းကလည်း နေပျော်တာပေါ့။ သာယာတာပေါ့။

ကျွန်တော်တို့နိုင်ငံကို ကြည့်ကြည့်ရအောင်။ နှစ်ပေါင်းများစွာ စနစ်ဆိုးအောက်မှာ ဖြတ်သန်းခဲ့ရတဲ့အတွက် ဗုဒ္ဓဘာသာနိုင်ငံ ဆိုပြီး အမည်ခံထားတာသာ ရှိတယ်။ ဟီရိသြတပ္ပတရားကတော့ ထင်ဟပ်မနေဘူး။ လူ့အဖွဲ့အစည်းက ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တယ်။

🔳 အဘသားသမီး၊ ခရိုနီသားသမီးဆို အားတွေကျလို့။ တကယ်ဆို သူခိုးအကြီးစားတွေပဲ။ ခိုးရာပါပစ္စည်းတွေနဲ့ ချမ်းသာနေကြတာ။ ဘာများ အားကျစရာ ရှိလဲ။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့ ကလေးကသာ မျက်နှာမွဲ။ ဆရာ၊ ဆရာမတွေကအစ ခုနကလို အကောင်သားသမီးတွေဆို သည်းသည်းလှုပ် ဂရုစိုက်။ အစစအရာရာ ဦးစားပေး။ ပြောင်းပြန်တွေ ဖြစ်နေတာ။

ခရိုနီတွေက စင်ပေါ်ရောက်လိုရောက်။ ဘယ်လိုအောင်မြင်ခဲ့ပါတယ် ဆိုတာကို တိုင်းပြည်ဘဏ္ဍာတွေ ခိုးခဲ့တဲ့ အပိုင်းလေး ချန်ပြီး ပြောပြ။ လူငယ်တွေရဲ့ Idol ဖြစ်လာ။

ဆိုတော့ ဘယ်လိုနည်းနဲ့ပဲ ကြိုးစားကြိုးစား ပိုက်ဆံချမ်းသာဖို့က အဓိက။ နာမည်ကြီးဖို့က အဓိက။ အာဏာရှိဖို့ကသာ အဓိက။ ဒီလိုဖြစ်လာတယ်။ သြတပ္ပတရားတွေ ဆိတ်သုဉ်းလာတဲ့သဘောပဲ။

🔳 တရားဥပဒေ စိုးမိုးမှုလည်း မရှိတော့ ဥပဒေအရ အပြစ်ပေးခံရဖို့ဆိုတာ ဝေလာဝေး။ ငွေရှိရင် ဘာမဆို ဖြစ်တယ်။ ဘယ်လောက်ကြီးတဲ့အမှုပဲဖြစ်ဖြစ် ပပျောက်အောင် လုပ်လိုက်လို့ရတယ်။

Social Punishment ရော၊ Legal Punishment ပါ မရှိမှတော့ ဒီလူ့အဖွဲ့အစည်း ပျက်စီးသွားတာ ဘာဆန်းသေးလဲ။

🔳 ကြာလာတော့ ဟီရိပါ ပျောက်ဆုံးလာတယ်။ မဟုတ်တာ လုပ်ရမှာ မရှက်တော့ဘူး။ အပြစ်​ပြောရကောင်းမှန်း သိသေးတဲ့ လူအရေအတွက်က လက်တစ်ဆုပ်စာပဲ ကျန်တော့တာလည်း ပါသလို ကာယကံရှင်တွေက ရှက်ရကောင်းမှန်းကို မသိတော့တာလည်း ပါတယ်။

အခု EDM ပွဲတွေမှာ မြန်မာဘီယာသောက်ရင်း ကဲနေတဲ့ လူငယ်တွေကို သွားမေးကြည့်ပါလား။ ရှက်သလားလို့။ သူတို့သောက်လိုက်သမျှ အရက်ဘီယာတွေက သူတို့နဲ့ သက်တူရွယ်တူ လူငယ်တွေရဲ့ အသက်ကို ခြွေယူမဲ့ ကျည်ဆန်တွေ ဖြစ်လာမှာ။ စိတ်ထွက်ပေါက်ရဖို့၊ ပျော်ချင်လို့ ပွဲလမ်းသဘင်တွေ သွားတာ ထားလိုက်ဦးနော်။ မြန်မာဘီယာနဲ့ ပတ်သက်နေတဲ့ ပွဲကို သွားရလောက်တဲ့အထိကို အရှက်မဲ့ကုန်ကြတာ။

ဒါကလည်း အဆန်းမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့ အလုပ်လုပ်တဲ့ ဝန်ထမ်းမိသားစုက ဒုက္ခရောက်ပြီး ပေါင်းတတ်သင်းတတ် ခိုးတတ်လိမ်တတ်တဲ့ ဝန်ထမ်းက ရာထူးတိုးတဲ့ခေတ်မှာ ရှင်သန်ခဲ့ကြရတာကိုး။ အတုမြင် အတတ်သင် ဆိုသလို ကိုယ့်တစ်ကိုယ်စာ အဆင်ပြေဖို့သာ အဓိက၊ ပိုက်ဆံချမ်းသာဖို့သာ အဓိက ဆိုတဲ့ Mindset တွေ ဝင်လာကြတော့တာပေါ့။

🔳 ဒါကြောင့်မို့ လောကကို စောင့်ရှောက်တဲ့ တရားတွေကို လောကကလည်း ပြန်စောင့်ရှောက်ဖို့ လိုတယ်၊ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းဖို့ လိုတယ်လို့ ပြောရတာပါ။

- မရိုးသားတဲ့နည်းနဲ့ ချမ်းသာလာတာထက် ရိုးဂုဏ်ကို ပိုမြတ်နိုးတဲ့၊

- မတရားတာ မြင်လျက်နဲ့ လက်ပိုက်ကြည့်နေသူထက် တတ်နိုင်တဲ့ဘက်က ဝင်ကူညီသူကို ပိုဂုဏ်ပြုတဲ့၊

- စည်းစိမ်ဥစ္စာထက် ကိုယ်ကျင့်တရားကို တန်ဖိုးပိုထားတဲ့

လူ့အဖွဲ့အစည်းမျိုး ဖြစ်နေဖို့ဟာ သိပ်အရေးကြီးတယ်။

မဟုတ်တာလုပ်တဲ့သူတွေပဲ နေရာရနေသရွေ့တော့ နောက်ထပ် နောက်ထပ် မဟုတ်တာ လုပ်မဲ့သူတွေ အများကြီး ပေါ်လာဦးမှာပါပဲ။ ဒါက သြတပ္ပကို တည်ဆောက်တာပေါ့။

🔳 ဟီရိကတော့ ပိုလိုအပ်တယ်။ ဒါပေမဲ့ ပိုလည်း ရှုပ်ထွေးတယ်။ ခက်ခဲတယ်။ ဘာလို့ဆိုတော့ လူ့သဘာဝအရ မဟုတ်တာတော့ လုပ်ချင်ကြတာချည်းပဲကိုး။

ကိုယ် အရမ်းမုန်းတီးတဲ့လူကို လုပ်ချင်တိုင်း လုပ်ခွင့်ရမယ်ဆိုရင်၊ လိင်မှုကိစ္စတွေကို ကြိုက်တဲ့လူနဲ့ ကြိုက်တဲ့နေရာမှာ စိတ်တိုင်းကျ ပြုလုပ်ခွင့်ရမယ်ဆိုရင်၊ ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို Superpower တစ်ခုခုများ ကိုယ့်မှာ ရှိလာမယ်ဆိုရင် ဘာလုပ်မလဲ၊ ဘယ်လိုအသုံးချမလဲ စဉ်းစားကြည့်ပေါ့။

We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
РокНаПа: @medianews_uz

Last updated 1 month ago

Welkom bij het officiĂŤle FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 3 weeks, 2 days ago

Kanaal van Brecht Arnaert

Last updated 1 month, 2 weeks ago