Unlock a World of Free Content: Books, Music, Videos & More Await!

Z Fighter News [⌨︎]

Description
[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑

→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month, 2 weeks ago
**ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့**

ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့

🟣 Z Fighter March 25 🟣

ယမန်နေ့ မတ်လ ၂၄ မှာ ကျရောက်တဲ့ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်က  ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

"စစ်တပ်ကမြို့ကိုဖျက်စီးနေတယ်ဆိုပေမယ့် ဒီရက်ပိုင်း စစ်ကောင်စီ ဝန်ထမ်းတွေရုံးထဲကျန်တဲ့ ပစ္စည်းဝင်ယူချိန် ကြမပစ်ဘဲ ရပ်ထားပေးတယ် ကျန်တဲ့အချိန်ဆို လေယာဥ်နဲ့ကျဲချနေတာ"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။ [Burma Associated Press][Z-F]

ဓာတ်ပုံ- PNLA

ဆက်လက်ဖတ်ရှုရန် >>> https://telegra.ph/Z-Fighter-03-25-55

#Adm_12
#Burma_Associated_Press
#z_fighter

1 month, 2 weeks ago
**နာဂဒေသ၊ လဟယ်မြို့နယ်တွင် စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းနေမှုကို …

နာဂဒေသ၊ လဟယ်မြို့နယ်တွင် စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထိရောက်စွာအရေးယူမည်ဟု သတိပေး

🟣 Z Fighter March 25 🟣

စစ်ကိုင်းတိုင်း၊ နာဂဒေသ၊ လဟယ်မြို့နယ်တွင် အကြမ်း ဖက် စစ်တပ်က အဓမ္မ တပ်သားသစ် စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်မဆို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို စစ်မှုထမ်းရန် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် လ၀ကဌာနတို့ကို သတ်မှတ်ထားသည့် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်ထားကာ ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲသာမရှောင်သာ စတင်ပြီး အကောင်ထည်ဖော်နေသည်ကို သိရှိရကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောကြားသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>> https://telegra.ph/Z-Fighter-03-25-54

#Adm_12
#KhitThitMedia
#z_fighter

1 month, 2 weeks ago
**ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် …

**ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံး

■ ရန်အောင်မြင်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ**

🟣 Z Fighter March 25 🟣

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိပြီး တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်တပ်စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ [Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>>> https://telegra.ph/Z-Fighter-03-25-53

#Adm_12
#KhitThitMedia
#z_fighter

3 months, 2 weeks ago
**မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် …

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထား

🛑Z Fighter January 25🛑

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာ အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အေမီဈာန် အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာကာ ကွာလာလမ်ပူမြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ ဖူးပွင့်ခိုင်နှင့် အခြားသူများ မလွတ်မြောက်သေးဘဲ ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး ဖူးပွင့်ခိုင်သည် မလေးရှားရဲ၏ ဆေးစစ်ဆေးချက်အရ ဆေးကျထားသူဖြစ်ကြောင်း သိရသည်။[Khit Thit Media][Z_F]

Read more>> https://telegra.ph/Z-Fighter-01-25-119

#Adm_1
#KTM
#z_fighter

3 months, 2 weeks ago
**ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု …

ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

🛑Z Fighter January 25🛑

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ် စစ်ကြောင်းမှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၅) ပြုလုပ်ခဲ့သည်။

သပိတ်ကော်မတီဝင်တို့က "ပြည်သူလူထုရဲ့ စည်းလုံးမှုနဲ့ ညီညွတ်မှုကို ဘယ်ခွေးမှတားလို့မရစေရ" ၊ "လူထုအရေးတော်ပုံ တိုက်ပွဲကြီး မုချအောင်မြင်ရမည်" ၊ "အရေးတော်ပုံအောင်ကိုအောင်ရမည်" စသည့် စာသားများကို ပြည်သူလူထုထံ လိုက်လံဖြန့်ဝေခဲ့သည်။

စစ်ကောင်စီမှ ပြည်သူ့အာဏာကို လုယူခဲ့ခြင်း (၃)နှစ်ပြည့်တော့မည် ဖြစ်သည့်အတွက် ပြည်သူများ သွေးအေးမသွားကြရန် တိုက်တွန်းလှုံ့ဆော်ခြင်း ဖြစ်ကြောင်း ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဆိုသည်။ယင်းဆန္ဒပြလှုပ်ရှားမှုကို Royal Tiger Force (RTF) ပြောက်ကျားတပ်ဖွဲ့က လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးခဲ့သည်။[People's Spring][Z_F]

ဓာတ်ပုံ - RTF

#Adm_1
#PS
#z_fighter

3 months, 2 weeks ago
**လူထုအင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည့် မုံရွာသပိတ်**

လူထုအင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့သည့် မုံရွာသပိတ်

🛑Z Fighter January 25🛑

စစ်ကိုင်းတိုင်း ​မုံရွာမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လူထုအင်အားအများအပြားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ယနေ့ (ဇန်နဝါရီ ၂၅) ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး အာဏာသိမ်းခြင်း သုံးနှစ်ပြည့်ခါနီးသော်ငြားလည်း ပြည်သူလူထုအနေဖြင့် စစ်အုပ်စုကို လုံးဝလက်မခံကြောင်း တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသပိတ်စစ်ကြောင်းကို မုံရွာပင်မသပိတ် ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု၊ AFCC (မန္တလေး)၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ တို့မှ အဖွဲ့ဝင်များ ပူးပေါင်းဝန်းရံချီတက်ခဲ့ကြသည်။[People's Spring][Z_F]

ဓာတ်ပုံ - မုံရွာအမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ

#Adm_1
#PS
#z_fighter

3 months, 3 weeks ago
**မြန်မာနိုင်ငံတစ်ဝန်း စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံး**

မြန်မာနိုင်ငံတစ်ဝန်း စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံး
🟣 Z Fighter January 18 🟣

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စ-စ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးTayဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စ-စ်သားများ Tayဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။[Khit Thit Media][Z-F]

#Adm_12
#KhitThitMedia
#z_fighter

3 months, 3 weeks ago
**KNUနှင့် စစ်ကောင်စီ ၂၀၂၃အတွင်း တိုက်ပွဲပေါင်း အကြိမ်လေးထောင်ကျော်ဖြစ်ခဲ့ဟု ထုတ်ပြန်

**KNUနှင့် စစ်ကောင်စီ ၂၀၂၃အတွင်း တိုက်ပွဲပေါင်း အကြိမ်လေးထောင်ကျော်ဖြစ်ခဲ့ဟု ထုတ်ပြန်

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်tayဆုံးခဲ့ဟု ဖော်ပြ**

🛑Z Fighter January 18🛑

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် စစ်ကောင်စီတပ်တို့ ယမန်နှစ်က တိုက်ပွဲပေါင်း အကြိမ် ၄,၀၀၀ကျော်ဖြစ်ခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၁၈ရက်တွင် သတင်းထုတ်ပြန်သည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကို ဖော်ပြခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ နှင့် စစ် ကောင်စီအကြား တိုက်ပွဲပေါင်း ၄,၆၂၃ ကြိမ်ထက်မနည်းဖြစ်ခဲ့သည်ဟု ဖော်ပြသည်။[People's Spring][Z_F]

(၂၀၂၃အတွင်း ကရင်ပြည်နယ်၌ ဖြစ်ပွားခံ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)

Read more>> https://telegra.ph/Z-Fighter-01-18-74

#Adm_1
#PS
#z_fighter

3 months, 3 weeks ago

*📰 January 18 ရက်နေ့အတွက် သတင်းပေါင်းချုပ်အား အောက်ပါ Z Fighter News Facebook Page တွင်ဖတ်ရှုနိုင်ပါပြီ။https://m.facebook.com/story.php?story_fbid=pfbid02AwbFamuB3sQZaY5YNfM9Y7dd2hM2rSXyzX1RrHkewokYT3Dk5HXmWTFaX5muYrHkl&id=61553449964524&mibextid=9R9pXO#သတင်းပေါင်းချုပ်* #SummaryNews#z_fighter#zfighternews#News

4 months ago
**ထွက်ပြေးလွတ်မြောက်လာတဲ့ ပျူရွာ က သားအမိလေးယောက်(ဆောင်းပါး)**

ထွက်ပြေးလွတ်မြောက်လာတဲ့ ပျူရွာ က သားအမိလေးယောက်(ဆောင်းပါး)

🔴 Z Fighter January 11 🔴

ဇီးဖြူကုန်းကျေးရွာထဲမှာ သူတို့မိသားစုအပေါ် ပျူစောထီးတွေက ယုံကြည်မှုမရှိဘဲ သံသယတွေနဲ့ အမြဲစောင့်ကြည့်နေကြတယ်။ တဖက်မှာ မိသားစုစားဝတ်နေရေးကလည်း ပိုမိုကျပ်တည်းလာတာကြောင့် ဒေါ်တင်တို့ မိသားစု ၄ ယောက်ဟာ ကျေးရွာကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

( ဦးရင်နဲ့ ဒေါ်တင်တို့ဟာ အမည်လွှဲတွေဖြစ်ပြီး သူတို့ရောက်နေတဲ့ နေရာကို လုံခြုံရေးအရ မဖော်ပြထားခြင်းဖြစ်ပါတယ်။ )[Myaelatt Athan][Z-F]

ဆောင်းပါးအပြည့်စုံ
https://telegra.ph/Z-Fighter-01-11-94

#Adm_2
#MyaelattAthan
#z_fighter

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago