Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Naymin News Channel

Description
Naymin
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago

2 days, 3 hours ago
Jun 3

Jun 3

တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှု ယနေ့ကစ၍ ယာယီရပ်ဆိုင်း

၃.၆.၂၀၂၄
Written By Zun

တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုအား ထပ်မံ၍ ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရကြောင်း သံတွဲမြို့ခံများ ပြောဆိုမှုနှင့် MT News စုံစမ်းမှုအရ သိရသည်။

“ဒီနေ့ ပဲ ရပ်တာ။ တိုက်ပွဲက လေယာဉ်ကွင်းနားမှာ ဖြစ်နေတာ။ မဇင်ရွာ၊ စပါးကြီးရွာ၊ ဂေါ့ အဲဒီအနားမှာ ဖြစ်တာဆိုတော့ လေယာဉ် ပျံသန်းဖို့က မဖြစ်နိုင်ဘူးလေ။ အခု ကျွန်တော်တို့လည်း အိမ်မှာတော့နေတယ်။ ကြောက်တော့ ကြောက်တာပေါ့။ တပ်ဖက်က လေယာဉ်နဲ့ ချတာ။ AA တွေ မလွယ်လောက်ဘူး”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်က မဇင်လေဆိပ်အနီး ဂေါ့ကျေးရွာအနီးတွင် အခြေချနေသော AA လက်နက်ကိုင်အဖွဲ့ကို လေကြောင်းဖြင့် ချေမှုန်းလျက်ရှိပြီး AA အဖွဲ့များ အထိအခိုက်များ...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=68731

#AA #သံတွဲ #ငပလ#တိုက်ပွဲ #MT #mtnews

2 days, 3 hours ago
Naymin News Channel
2 days, 3 hours ago
Naymin News Channel
1 week, 3 days ago

-
ဗန်းမော်မြို့နယ်၊ နန့်လှိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ KIA နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

NOM မေလ ၂၅၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နန့်လှိုင်ကျေးရွာအား မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ KIA နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသည့် အဆိုပါကျေးရွာနေ ဦးဇော်ဝင်းကို (၄၃) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

1 week, 3 days ago

Breaking News!!!
26 May 2024
ကျောက်မဲမြို့ရှိ One Love Hotel တွင် ယနေ့ည (၈)နာရီကျော်ဝန်းကျင် ပေါက်ကွဲမူဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ကနဦးသိရသည်။

Thaungpaw Tharlay

1 week, 3 days ago

တီးတိန်မြို့
ဆဲဇန်ရွာဖက်ကနေတီးတိန်မြို့တွင်းကားသုံးစီးဖြင့်CNAအင်အား(၂၀၀)ဝင်ရောက်နေပြီဟုကနဦးသိရသည်။

တပ်အောက်ခြေ၊စကောလမ်းရှိလူများကို၂၅ရက်နောက်ဆုံးထားCNAမှဖယ်ရှားခိုင်းနေ။တီးတိန်မြို့အစွန်ဗုံးကြဲမှရလိမ့်မယ်၊အနားထိတော်တော်ကပ်လာနေတဲ့သဘောထင်တယ်...

နေပြည်တော်

2 months, 1 week ago

-

AA အကြမ်းဖက်အဖွဲ့၏ စေခိုင်မှုအတိုင်း စစ်တွေမြို့သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဘုရင့်နောင်ဆိပ်ကမ်း၌ ဖမ်းဆီးရမိ

≋AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး ကာလတန်ဖိုး ၂၉၄.၈၂ ဘီလီယံကျပ်ဖြစ်ဟုဆို≋

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ AA အကြမ်းဖက်အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးမှ ဘူးသီးတောင်မြို့နေ AA အကြမ်းဖက်အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်း နှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့မှတဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးကို မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက ထုတ်ပြန်သောသတင်းအရ သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းနေ့ ညပိုင်းအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောအား ဝင်‌ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကတ္ထူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

Myanmar-Hard-Talk

2 months, 1 week ago

-
တိုက်ပွဲသတင်းထုတ်ပြန်ချက်
မတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
=======================

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်း၏ တောင်ဘက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် အင်အား ၆၀ ဦးခန့် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ထူးချောင်းစခန်း တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

မိမိဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။ အတည်ပြုဆဲ သတင်းများအရ သေဆုံးဒဏ်ရာ ရသူများအား ထူးချောင်းအရှေ့ဘက် ကြိုးတံတား ဟောင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂) နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းသို့ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦး ခန့်က ၂ ကြိမ်၊ ချောင်းဦးစေတီသို့ အင်အား ၃၅ ဦးခန့်က ၁ ကြိမ်၊ မြို့မဘုရားသို့ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်း ၁၂၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့သည့် KNLA အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွား။

တနင်္သာရီတိုင်း

ဘုတ်ပြင်းမြို့နယ် ချောင်းသာစူးကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

>>>လက်လုပ်ရီမုမိုင်း ၁ လုံး၊ ရီမု ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဓာတ်ခဲ ၆ လုံး၊ ဒီတိုနေတာ ၄၀ ခု၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊ လက်လုပ်ခြေနင်းခလုတ် ၆ ခု၊ ဝါယာကြိုး ၂ ခွေ၊ အိုင်ကွန်တိုင် ၃ ချောင်း သိမ်းဆည်းရမိ။

#တိုက်ပွဲသတင်းစုံ

2 months, 1 week ago

-
မော်လမြိုင်မြို့ပေါ် လခရများ
လွယ်ကြိုးများ ရှောင်တခင်စစ်ဆေးအဖွဲ့များ
၃၁ ၃၅ ထားကြပါ။

ကျိုက်မရောဂွင် ဖိနေချိန်မှာ
မော်လမြိုင်မြို့ပေါ် အဖျက်အမှောင့်
နှောက်ယှက်ဖျက်စီးမှုများ
လုပ်လာနိုင်၍ စစ်ရေးအသိ၊စစ်ရေးသတိရှိကြပါ။

မှိုပွင့်နှင့် ပဒူး အထူးဂရုစိုက်ပါ။

လက်ဝဲသုန္ဒရ

2 months, 2 weeks ago
-

-

ကချင်ပြည်နယ်၊ နမ္မတီးမြို့
(ဂျန်ဂါး) မိတ္တူဆိုင်ပိုင်ရှင်
ဦးခွန်ဂျော်လီ အားဆက်ကြေးမပေးသဖြင့်[ Kia]က ယ‌နေ့ဝင်ရောက်ပစ်သတ်သည်။

#News;

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 day, 15 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 1 day ago