Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

M T A

Description
Channel part of Myanmar Tawhlan Network, under Myanmar Telegram News
Advertising
We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 3 weeks ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 3 weeks ago

ChaĂŽne telegram officielle de RT France

Last updated 2 years, 2 months ago

5 hours ago

တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိလာ
~~~
■ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိရှိလာပြီလို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။

တနင်္သာရီတိုင်းမှာ အမြဲတမ်းစစ်ဘေးရှောင်နေရသူဦးရေ နှစ်သောင်းဝန်းကျင်ရှိပြီး ကျန်လေးသောင်းခန့်က လတ်တလောတိုက်ပွဲတွေကြောင့် ယာယီတိမ်းရှောင်နေကြရတာပါ။

ပြီးခဲ့တဲ့ ဧပြီလမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ။ ပုလောနဲ့ တနင်္သာရီမြို့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာသူဦးရေ တိုးလာတာလို့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။

“ဒီခြောက်သောင်းနီးပါးထဲမှာ ယာယီစစ်ဘေးရှောင်တွေလည်း ပါသလို စစ်ဘေးရှောင်စခန်းမှာ နေတဲ့သူတွေလည်းပါတယ်။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေတော့ အထိုက်အလျောက် အကူအညီရကြပေမယ့် တောတောင်တွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရှောင်နေတဲ့သူတွေကတော့ အတော်ကို ခက်ခဲကြတယ်။ တိုက်ပွဲကြာလာရင် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံကြတယ်”

ထားဝယ်၊ တနင်္သရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားလို့ စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာ နေအိမ်မီးရှို့ခံရမှုနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်က သုံးသောင်းကျော်ရှိပါတယ်။ မြိတ်ခရိုင်မှာတော့ ပုလော၊ မြိတ်ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၈ ထောင်ကျော်အထိ ရှိနေတာပါ။

လက်ရှိမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အပြင် မြေမြှပ်မိုင်းထောင်တာတွေလည်းရှိနေတာကြောင့် ဒေသခံတွေ ဥယျာဉ်ခြံလုပ်ငန်းတွေကို မလုပ်နိုင်ကြဘူးလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ကိုမင်းလွင်ဦးက ပြောပါတယ်။

“စစ်ပွဲပြီးသွားရင်တောင်မှပဲ သူတို့ မိုင်းထောင်ခဲ့တယ်။ အဲလို အခြေအနေမျိုးမှာ ရွာသူရွာသားတွေကလည်း ဥယျာဉ်ခြံမြေထဲကို သွားပြီးတော့ လုပ်ရကိုင်ရတာ အဆင်မပြေတော့ဘူး။ ဘယ်နေ့ထွက်ပြေးရမှန်း မသိတဲ့အခြေအနေမှာ ရော်ဘာလုပ်တဲ့သူတွေလည်း အဲလိုပဲ ရော်ဘာတောကြီး ရှိရဲ့သားနဲ့ ဒီတိုင်းပစ်ထားရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”

မကြာခင် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုမိုခက်ခဲနိုင်ပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ ထပ်တိုးနေတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီး ဒါဟာ တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရုံးက မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____

တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)
#RFAburmese

5 hours ago

တမူးမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံနှစ်ဦး သေဆုံး
~~~
■ စစ်ကိုင်းတိုင်း တမူးမြို့နယ် မြို့သစ်မြို့အနီးက မိုးလင်းရွာမှာ မေလ ၁၄ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကိုလိုင်းထင်ဒမ်းနဲ့ ကိုအောင်မိုးလွင်တို့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရာကနေ လက်ရှိမှာ ပစ်ခတ်မှုတွေ မရှိတော့လို့ ရွာကိုပြန်လာစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေတာ။ အခုက ရွာထဲမှာ အဝတ်အစားတွေယူရင်း အိမ်ကိုကြည့်ဖို့ ပြန်သွားတာ။ အဲဒီသွားတဲ့လမ်းမှာ မိုင်းနင်းမိလို့ သေဆုံးတာဖြစ်တယ်”

စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းလို့ ဒေသခံတွေကပြောဆိုကြပြီး ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

တမူးမြို့နယ်၊ မြို့သစ်မြို့ကိုတော့ မေလ ၁၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသ ၊ တမူးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။
_____
#RFAburmese

5 hours ago

မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ရခိုင်တိုက်ပွဲနဲ့ တရုတ်နယ်စပ်ကိစ္စ အဓိကထားဆွေးနွေး
~~~
■ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ရဲ့ တရုတ်နိုင်ငံ ကူမင်းမြို့က ငါးကြိမ်မြောက် ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“ဒီတစ်ခေါက်က TNLA နဲ့ပတ်သက်တဲ့ကိစ္စတွေ သိပ်မပါဘူး။ ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စပဲလို့ သိထားရပါတယ်။ အရင်ဆွေးနွေးပွဲတုန်းက နောက်ဆက်တွဲကိစ္စတွေပါပဲ”

မေ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်အကြာ လုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာ မရှိပါဘူး။ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထဲမှာပါဝင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ ဒီဆွေးနွေးပွဲဟာ ထူးခြားမှု သိပ်မရှိဘူးလို့ ပြောပါတယ်။

အခုဆွေးနွေးပွဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းနဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA) ရဲ့ ပြင်ပဆက်ဆံရေးနဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကတော့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တက်ရောက်ခဲ့တာပါ။

ဒီအခြေအနေဟာ TNLA နဲ့ MNDAA ဘက်က ဆုံးဖြတ်ခွင့်ရှိသူတွေ မပါသလို စစ်ကောင်စီဘက်ကလည်း ဆွေးနွေးမဲ့သူ ပြောင်းလဲစေလွှတ်ခဲ့တာကို တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ဒီတစ်ခေါက်က ထူးဆန်းတယ်။ အရင်တက်နေကျ TNLA နဲ့ MNDAA က ဆုံးဖြတ်ခွင့်အဆင့်ရှိတဲ့သူတွေ မပါဘူး။ AA တစ်ခုပဲ ဒေါက်တာ ညိုထွန်းအောင် တက်တာတွေ့ရတယ်။ စစ်ကောင်စီဘက်ကလည်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သွားမယ်လို့ ကြားထားတာ တကယ်သွားတော့ စစ်ဥပဒေချုပ် သွားတယ်ဆိုတော့လေ”

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် တိုက်ပွဲတွေ ရပ်တန့်ခဲ့တာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ် မရပ်နဲ့ တရုတ်နယ်စပ်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်စလာနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
__

စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် MNDAA၊ TNLA၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်။ (Photo: Myanmar Military)
#RFAburmese

2 months ago

ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)၏ Special Force Training သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းမ်
(ဇိုတုန်)၊ မတ် ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-ဇိုတုန်မှ ဦးစီးကျင်းပသည့် Special Force Training ရက်ရှည်သင်တန်းဆင်းပွဲကို ယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ မတ်လ ၁၇ ရက်နေ့တွင်
CDF-ဇိုတုန်က ထုတ်ပြန်သည်။

အဆိုပါအခမ်းအနားကို ဇိုတုန်နယ်၊ ထိန်းချုပ်နယ်မြေတွင် ကျင်းပခဲ့ပြီး ရဲဘော်သစ်များအား ဆုတောင်းပေးခြင်းနှင့် ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တန်းတူညီမျှမှုအပြည့်အ၀ရှိသော ပြည်ထောင်စုနိုင်ငံ‌‌တော်တည်ဆောက်ရေးနှင့် အမိချင်းလဲန်း၊ ချင်းလဲန်းရှိပြည်သူများအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်‌‌ကြောင်း ထုတ်ပြန်ချက်တွင်ရေးသား ဖော်ပြထားသည်။

#ချင်းကာကွယ်ရေးတပ် #ဇိုတုန် #SpecialForceTraining #သင်တန်းဆင်းပွဲ #အခမ်းအနား

ဓာတ်ပုံ-CDF-ဇိုတုန်၏ သင်တန်းဆင်းပွဲအခမ်းအနား။
#Ayeyarwaddy_Times

2 months ago

မကွေးမြို့နယ်မှာ လူငယ်တစ်ဦးရေနစ်သေဆုံး

မတ် ၁၇၊ The Nation Voice
ငြိမ်း

မကွေးမြို့နယ်၊ ချောင်းဖြူရွာနဲ့မယ်လှတောင်ရွာကြားက ဧရာဝတီမြစ်လက်ကြားထဲမှာ လူငယ်တစ်ဦးရေနစ်သေဆူံးခဲ့တယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာကသိရပါတယ်။

မတ်လ၁၆ရက် မနေ့ကညနေ ၄နာရီခွဲဝန်းကျင်မှာ အသက်၁၇နှစ်အရွယ် လူငယ်တစ်ဦးရေနစ်သေဆုံးလို့ မိသားစုက လာရောက်ကူညီပေးဖို့ တောင်းဆိုတာကြောင့် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရေငုတ်ရှာဖွေကယ်ဆယ်ရေးအသင်းက ရေငုပ်ရှာဖွေပေးခဲ့တယ်လို့သိရပါတယ်။

ရေနစ်သေဆုံးသူလူငယ်ဟာ မကွေးမြို့၊ အောင်မေတ္တာ (ဃ)ရပ်ကွက် ၅လမ်းမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

အဲဒီနောက်ရေနစ်သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို မကွေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့‌ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလူငယ်ရေနစ်သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အခုသတင်းရေးသားနေတဲ့ မတ်လ၁၇ရက် နေ့လယ်ပိုင်းအထိ မသိရှိရသေးပါဘူး။
#nationvoicemyanmar

2 months ago

ကနီမြို့သိမ်းတိုက်ပွဲ ၁၁ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၄၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံး

ဧရာဝတီတိုင်းမ်
(ကနီ)၊ မတ် ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၂ ရက်မှ မတ် ၁၂ ရက်နေ့အထိ ၁၁ ရက်တာ ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

ကနီမြို့ ၁၁ ရက်တာတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းများတွင် တပ်စွဲနေသည့် ခလရ- ၈၇၊ ၈၉၊ ၂၂၂၊ ခမရ-၃၁၃ တပ်ရင်း၊ ဘီလူးစစ်ကြောင်း စသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ စခန်းများ၊ အထိုင်ချရာ နေရာဖြစ်သည့် ဘုရားကုန်း စခန်း တို့ ကို စီးနင်းထားနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကူအင်အားများပြားမှုများအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ရိက္ခာ ပြတ်တောက်မှု၊ ခဲယမ်းပြတ်တောက်မှုတို့ကြောင့် မတ် ၁၃ ရက်နေ့ တွင်ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ ကျားသစ်နက် တပ်ဖွဲ့ကလည်း တိုက်ပွဲမှာ ၆ ရက်တာ ပါဝင်ဆင်နွှဲခဲ့တယ်။ ဘုရားကုန်းကို ဝင်စီးတော့ ကျားသစ်နက်တပ်ဖွဲ့လည်း ပါဝင်ခဲ့တယ်။နောက်ဆုံး ရိက္ခာပို့တဲ့သူတွေလည်း ရှေ့ရောက်မလာနိုင်တော့ ၂ ရက်တိတိ ရိက္ခာပြတ်ခဲ့တယ်။ နောက်ဆုံး တပ်ကူတွေရောက်မလာတော့ ဘုရားကုန်းကိုကာကွယ်ရင်းနဲ့ပဲ လက်လွှတ်ခဲ့ရတယ်" ဟု ကျားသစ်နက် တပ်မတော် တာဝန်ခံ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကနီမြို့သိမ်းတိုက်ပွဲအတွင်း မြို့ကိုလက်လွှတ်ခဲ့သော်လည်း လက်နက်မျိုးစုံ ၁၁လက်၊ ဗုံးသီး ၅၀ ကျော်၊ ကျည်‌ေတာင့် ၁၃၀၀ ကျော်၊ မီးကျည် ၂၀၊ ရှေ့ထွက်မိုင်း သုံး ခု၊ ကျည်ဘောက် ၂၀ ကျော်နှင့် Jammer(တယ်လီဖုန်းလှိုင်းနှောက်စက်) နှစ်ခု တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ရပြီး ၃၅ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲကို ယင်းမာပင်ခရိုင်ကွပ်ကဲမှုနှင့်အတူ ယင်းမာင်ခရိုင်တပ်ရင်း၁၊၂၊၆၊၉၊၁၇၊၁၈၊၂၁၊၂၂၊၂၃၊၂၅၊၂၇၊၃၀၊၃၂၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ၊ ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊မုံရွာ စသည့် နီးစပ်ရာ တပ်ရင်းများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ( LPDF) များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - လှုမှုကွန်ရက်

#ကနီမြို့သိမ်းတိုက်ပွဲ #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #PDFကျဆုံး #Ayeyarwaddy_Times

2 months ago

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးထွက်ပြေးခဲ့ရာ တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၁ ရက်

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးထွက်ပြေးခဲ့ရာတစ်ဦး ပြန်လည်ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ မတ်လ ပထမအပတ်က လက်နက်မပါဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

အလားတူ ခလရ ၂၇၄ တပ်ရင်းမှ ယမန်နေ့၊ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့၊ မွန်းလွဲ ၁ နာရီခန့်က မင်းတပ်မြို့ပေါ်တွင် လိုက်လံရှာဖွေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြန်လည်ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

"ခလရ ၂၇၄ တပ်ရင်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပြန်ဖမ်းမိပြီး ကြိုးတုတ်၊ ရိုက်နှိုက်ထိုးကြိတ်ကြပြီး တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အရင်ပတ် က ထွက်ပြေးတဲ့ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးကတော့ လွတ်မြောက်သွားတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မင်းတပ်မြို့၊ ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ခလရ ၂၇၄ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီခံရသည့်အမျိုးသမီးနှစ်ဦးကို ည ၇ နာရီ ၄၅ မိနစ်ခန့်က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မင်းတပ်မြို့၊ အခြေစိုက် ၂၇၄ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ CDF-မင်းတပ်ထံ ရောက်ရှိလက်ခံခြင်းရှိ/မရှိကို ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- ခလရ ၂၇၄ တပ်ရင်း

#မင်းတပ်မြို့ #ခလရ၂၇၄တပ်ရင်း #စစ်ကောင်စီ #တပ်ဖွဲ့ဝင်များထွက်ပြေး #Ayeyarwaddy_Times

2 months ago

ရွှေဘိုထောင်မှာ နိုင်/ကျဉ်း ငါးဦး အာဟာရ ချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါတွေ ခံစားနေရ၊
စစ်အုပ်စုက လုံလောက်တဲ့ အစာအာဟာရနဲ့ ဆေးဝါးကုသမှု မပေး၊

MN/MFP ၊ မတ် - ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ငါးဦး အစာအာဟာရ ချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါဝေဒနာတွေ ခံစားနေရပြီး အကျဉ်းထောင် ဘက်က လုံလောက်တဲ့ အစာအာဟာရ ကျွေးမွေးတာ၊ ဆေးဝါးကုသမှု ပေးတာ မရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNMM) က သတင်း ထုတ်ပြန်ပါတယ်။

ရွှေဘို အကျဉ်းထောင်အတွင်း နိုင်/ကျဉ်းတွေကို ကျွေးမွေးတဲ့ ထမင်းဟင်းမှာ ဗီတာမင်ဓာတ် ပါဝင်မှု နည်းတာ၊ လှုပ်ရှား သွားလာခွင့် နည်းပါးတာ၊ အခန်းတွင်း ပိတ်လှောင်မှု (တန်းပိတ်ချိန်) များလွန်းတာ၊ အိပ်ဆောင်တွေထဲမှာ လူဦးရေး များပြားကျပ်ညပ်နေတာ စတာတွေကြောင့် နိုင်/ကျဉ်းတွေမှာ ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါဝေဒနာ (ထောင်အခေါ်အဝေါ် -တုတ်ဆွဲသည်) တွေ ခံစားနေကြရတာလို့ PPNMM က ဆိုပါတယ်။

“ထောင်ထဲမှာ အစာအာဟာရ ကျွေးမွေးတာကတော့ လုံးဝကို လောက်ငမှု မရှိဘူး။ အခု ရောဂါ ဝေဒနာ ခံစားနေရသူတွေကိုလည်း အခြား အကျဉ်းသားတွေကို နေ့စဉ်ကျွေးနေတဲ့ ပုံစံအတိုင်းပဲ ကျွေးနေတာ။ ဆေးဝါကျတော့ အနည်းငယ် စောင့်ရှောက်မှု ရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း အကျဉ်းထောင်တွေ မှာက ဆေးဝါးတွေက လုံလောက်မှု မရှိဘူးဆိုတာ ကျွန်တော်တို့ အမြဲတမ်း ပြောနေကြပါပဲ။ သူတို့က စီဗစ်လေး တိုက်တာလောက်တော့ ရှိတယ်။ အများသောအားဖြင့်ကတော့ မိမိကိုယ်တိုင်ပဲ ကျန်းမာအောင်နဲ့ ပြန်လည် သန်စွမ်းအောင် လေ့ကျင့်နေကြရတဲ့ အနေအထားပေါ့။ အခုလို ဖြစ်စဉ်တွေက အခြားအကျဉ်းထောင်တွေထက် အခု ရွှေဘို အကျဉ်းထောင်က ပိုပြီးတော့ အမြဲလိုလို ဖြစ်နေတာတွေ ကြုံနေရတာ ဖြစ်ပါတယ်”လို့ PPNMM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက MFP ကို ပြောပါတယ်။

လက်ရှိ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေ ခံစားနေကြရတဲ့ အောက်ပိုင်းချိနဲ့တဲ့ ရောဂါ လက္ခဏာတွေဟာ ခန္ဓာကိုယ်အောက်ပိုင်း ရုတ်တရက် သေသွားသလို ဖြစ်တာ၊ ခန္ဓာကိုယ်အောက်ပိုင်း ပျော့လာတာ၊ လမ်းမလျှောက်နိုင်တော့တာ၊ လမ်းပြန်လျှောက်လို့ ရလာပါကလည်း ထော့နင်းထော့နင်း ဖြစ်တာ စတဲ့ လေဖြတ်တဲ့ ရောဂါလက္ခဏာပုံစံမျိုး ဖြစ်သလို ရောဂါဖြစ်ပွားနေချိန်မှာ ကိုက်ခဲ ညောင်းညာတာ၊ လမ်းမလျှောက်နိုင်တာ၊ အပေါ့အပါး သွားလာရ ခက်ခဲတာနဲ့ စိတ်ကျ‌ရောဂါဝေဒနာတွေ အထိ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်တယ်လို့ PPNMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အခု အကျဉ်းသားတွေက ပုဒ်မမျိုးစုံနဲ့ မတရား စွပ်စွဲပြီးတော့ ဖမ်းဆီး ထိန်းသိမ်းခံထားကြရတာ ဖြစ်တယ်။ ဖမ်းဆီး ခံရချိန်ကနေ အခုချိန်ထိ တိုင်အောင် အကျဉ်းသားတွေဟာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်။ နောက်ပြီး စစ်ကြောရေးတွေမှာ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်တွေကြောင့် အကျဉ်းထောင်တွေ ထဲမှာ ဝေဒနာတွေ များစွာ ခံစားနေကြရတယ်။ ဒါတွေကို အကျဉ်းထောင်ဘက်က လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးနိုင်တဲ့အပြင် အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေက ဆေးဝါးပို့ခွင့်တွေ ရသင့်တဲ့ နိုင်ငံခြား ဆေးဝါးတွေကိုပါ ပိတ်ပင် ခံနေရာတာတွေကို တွေ့နေရပါတယ်။ ဒါတွေက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အကျဉ်းသားတွေ၊ ပြည်သူတွေကို မတရား ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးထားတဲ့အပြင် ဒီလိုမျိုး အကျဉ်းထောင်ထဲမှာ အကျဉ်းသားတိုင်း ရရှိသင့်တဲ့ အခွင့်အရေးတွေ၊ အခြေခံ စားသောက် နေထိုင်ရေးတွေကို လုံလောက်စွာ မပေးနိုင်ဘူးဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ အားလုံး လွှတ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်”လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ခိုးဆိုးလုနှိုက် ရာဇဝတ်မှုကျူးလွန်သူတွေကို အကျဉ်းထောင်တွေထဲကနေ လွှတ်ပေးခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ ဖမ်းဆီးတဲ့ ပြည်သူတွေကို အကျဉ်းထောင်ကို မပို့မီ စစ်ကြောရေးခန်းတွေမှာ ညှဉ်းပန်း နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်သလို ထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးတာ၊ အစာအာဟာရ လုံလောက်စွာ မကျွေးမွေးတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းချိန်ကနေ ၂၀၂၄ မတ်(၈)ရက်အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံရကြောင်း အသေးစိတ် အတည်ပြုနိုင်သူ (၄၆၅၄)ဦး၊ အချက်အလက် အတည်ပြုနေဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀)ဦး၊ ဖမ်းဆီးခံရသူ (၂၆၂၂၈)ဦး ရှိတယ်လို့ ဆိုပါတယ်။ AAPP ဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို လက်လှမ်းမီသလောက် နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရွှေဘိုထောင်/Photo – MN/MFP

#Mandalay_Free_Press_MFP

2 months ago

ရခိုင်သို့ စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပို့ရန်အတွက် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင် စီက မဲနှိုက် ရွေးချယ်

■ ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောများ လုပ်ငန်းရပ်နားခိုင်းပြီး ရခိုင်မှ စစ်တပ်အတွက် အသင့်ပြင်ထားရန် အမိန့်ပေး

ရန်ကုန်၊ မတ် ၁၁

ရခိုင်ပြည်နယ်သို့ စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပို့ဆောင်ရန်အတွက် ရန်ကုန်ရှိ ရေကြောင်းရုံးတွင် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင်စီက မဲနှိုက် ရွေးချယ်ကြောင်း ပုဂ္ဂလိကသင်္ဘောပိုင်ရှင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်ရှိ ရေကြောင်းအာဏာပိုင်ရုံးတွင် ရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး ရခိုင်သို့ စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများ စစ်တပ်အတွက် သယ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းနောက် ပုဂ္ဂလိကရေယာဉ်နှင့် တွဲသင်္ဘောပိုင်ရှင်များကို ဖိတ်ခေါ်ရာ မည်သူကမှ လိုလိုလားလား မရှိကြကြောင်း၊ ယင်းနောက် မဲနှိုက်ရွေးချယ်ခြင်းဖြင့် မဲပေါက်သော ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်တချို့ကို စစ်တပ်အတွက် စားနပ်ရိက္ခာနှင့်စက်သုံးဆီ သယ်ဆောင်ပေးရန် ခိုင်းစေကြောင်း၊ အခြားသော သင်္ဘောနှင့် ရေယာဉ်ပိုင်ရှင်များကိုလည်း လုပ်ငန်းများ ရပ်နားခိုင်းပြီး အဆင်သင့် စောင့်ခိုင်းထားကြောင်း သိရှိရသည်။

"မြန်မာ့ရေကြောင်းအာဏာပိုင်တွေက မနေ့က ပုဂ္ဂလိက ရေယာဥ်နဲ့တွဲ သင်္ဘောပိုင်ရှင်တွေကိုအစည်းအဝေးခေါ်ပြီး မဲနှိုက်ခိုင်းတယ်။ အုပ်စု ၃ ခုခွဲလိုက်တယ် ။ အလုပ်တွေရပ်နားထားဖို့နဲ့ အုပ်စု ၁ ကျတဲ့သူတွေကို အဆင် သင့်စောင့်ခိုင်းထားတယ်၊ ရခိုင်ကို ရေနဲ့စက်သုံးဆီသယ်ယူဖို့၊ အုပ်စု ၂ ကိုလည်း လုပ်ငန်းရပ်နားထားပြီး အဆင်သင့်စောင့်နေဖို့ ညွှန်ကြားထားပါတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်တွေမြို့ မကျစေရေးအတွက် ခုခံစစ်များ အကြီးအကျယ် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
#khit_thit_media

2 months, 1 week ago

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက် နေ့က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ငါန်းဇွန်မြို့ နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့တာ၊ ရဲ၊ စစ်သား ၄ ဦးသေတယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့ အရေ အတွက်ကတော့ များတယ်လို့ပဲ သိရတယ်၊ အတိ အကျ မသိရဘူး၊” ဟု ရွှေခြံသားပြောက်ကျား တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ် | Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-2 နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့။

Photo-AP
Source-KhitThit

We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 3 weeks ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 3 weeks ago

ChaĂŽne telegram officielle de RT France

Last updated 2 years, 2 months ago