Why Pay for Entertainment? Access Thousands of Free Downloads Now!

M T A

Description
Channel part of Myanmar Tawhlan Network, under Myanmar Telegram News
Advertising
We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 3 weeks ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 3 weeks ago

Chaîne telegram officielle de RT France

Last updated 2 years, 2 months ago

2 months ago

ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)၏ Special Force Training သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းမ်
(ဇိုတုန်)၊ မတ် ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-ဇိုတုန်မှ ဦးစီးကျင်းပသည့် Special Force Training ရက်ရှည်သင်တန်းဆင်းပွဲကို ယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ မတ်လ ၁၇ ရက်နေ့တွင်
CDF-ဇိုတုန်က ထုတ်ပြန်သည်။

အဆိုပါအခမ်းအနားကို ဇိုတုန်နယ်၊ ထိန်းချုပ်နယ်မြေတွင် ကျင်းပခဲ့ပြီး ရဲဘော်သစ်များအား ဆုတောင်းပေးခြင်းနှင့် ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တန်းတူညီမျှမှုအပြည့်အ၀ရှိသော ပြည်ထောင်စုနိုင်ငံ‌‌တော်တည်ဆောက်ရေးနှင့် အမိချင်းလဲန်း၊ ချင်းလဲန်းရှိပြည်သူများအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်‌‌ကြောင်း ထုတ်ပြန်ချက်တွင်ရေးသား ဖော်ပြထားသည်။

#ချင်းကာကွယ်ရေးတပ် #ဇိုတုန် #SpecialForceTraining #သင်တန်းဆင်းပွဲ #အခမ်းအနား

ဓာတ်ပုံ-CDF-ဇိုတုန်၏ သင်တန်းဆင်းပွဲအခမ်းအနား။
#Ayeyarwaddy_Times

2 months ago

မကွေးမြို့နယ်မှာ လူငယ်တစ်ဦးရေနစ်သေဆုံး

မတ် ၁၇၊ The Nation Voice
ငြိမ်း

မကွေးမြို့နယ်၊ ချောင်းဖြူရွာနဲ့မယ်လှတောင်ရွာကြားက ဧရာဝတီမြစ်လက်ကြားထဲမှာ လူငယ်တစ်ဦးရေနစ်သေဆူံးခဲ့တယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာကသိရပါတယ်။

မတ်လ၁၆ရက် မနေ့ကညနေ ၄နာရီခွဲဝန်းကျင်မှာ အသက်၁၇နှစ်အရွယ် လူငယ်တစ်ဦးရေနစ်သေဆုံးလို့ မိသားစုက လာရောက်ကူညီပေးဖို့ တောင်းဆိုတာကြောင့် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရေငုတ်ရှာဖွေကယ်ဆယ်ရေးအသင်းက ရေငုပ်ရှာဖွေပေးခဲ့တယ်လို့သိရပါတယ်။

ရေနစ်သေဆုံးသူလူငယ်ဟာ မကွေးမြို့၊ အောင်မေတ္တာ (ဃ)ရပ်ကွက် ၅လမ်းမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

အဲဒီနောက်ရေနစ်သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို မကွေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့‌ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလူငယ်ရေနစ်သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အခုသတင်းရေးသားနေတဲ့ မတ်လ၁၇ရက် နေ့လယ်ပိုင်းအထိ မသိရှိရသေးပါဘူး။
#nationvoicemyanmar

2 months ago

ကနီမြို့သိမ်းတိုက်ပွဲ ၁၁ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၄၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံး

ဧရာဝတီတိုင်းမ်
(ကနီ)၊ မတ် ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၂ ရက်မှ မတ် ၁၂ ရက်နေ့အထိ ၁၁ ရက်တာ ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

ကနီမြို့ ၁၁ ရက်တာတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းများတွင် တပ်စွဲနေသည့် ခလရ- ၈၇၊ ၈၉၊ ၂၂၂၊ ခမရ-၃၁၃ တပ်ရင်း၊ ဘီလူးစစ်ကြောင်း စသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ စခန်းများ၊ အထိုင်ချရာ နေရာဖြစ်သည့် ဘုရားကုန်း စခန်း တို့ ကို စီးနင်းထားနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကူအင်အားများပြားမှုများအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ရိက္ခာ ပြတ်တောက်မှု၊ ခဲယမ်းပြတ်တောက်မှုတို့ကြောင့် မတ် ၁၃ ရက်နေ့ တွင်ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ ကျားသစ်နက် တပ်ဖွဲ့ကလည်း တိုက်ပွဲမှာ ၆ ရက်တာ ပါဝင်ဆင်နွှဲခဲ့တယ်။ ဘုရားကုန်းကို ဝင်စီးတော့ ကျားသစ်နက်တပ်ဖွဲ့လည်း ပါဝင်ခဲ့တယ်။နောက်ဆုံး ရိက္ခာပို့တဲ့သူတွေလည်း ရှေ့ရောက်မလာနိုင်တော့ ၂ ရက်တိတိ ရိက္ခာပြတ်ခဲ့တယ်။ နောက်ဆုံး တပ်ကူတွေရောက်မလာတော့ ဘုရားကုန်းကိုကာကွယ်ရင်းနဲ့ပဲ လက်လွှတ်ခဲ့ရတယ်" ဟု ကျားသစ်နက် တပ်မတော် တာဝန်ခံ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကနီမြို့သိမ်းတိုက်ပွဲအတွင်း မြို့ကိုလက်လွှတ်ခဲ့သော်လည်း လက်နက်မျိုးစုံ ၁၁လက်၊ ဗုံးသီး ၅၀ ကျော်၊ ကျည်‌ေတာင့် ၁၃၀၀ ကျော်၊ မီးကျည် ၂၀၊ ရှေ့ထွက်မိုင်း သုံး ခု၊ ကျည်ဘောက် ၂၀ ကျော်နှင့် Jammer(တယ်လီဖုန်းလှိုင်းနှောက်စက်) နှစ်ခု တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ရပြီး ၃၅ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲကို ယင်းမာပင်ခရိုင်ကွပ်ကဲမှုနှင့်အတူ ယင်းမာင်ခရိုင်တပ်ရင်း၁၊၂၊၆၊၉၊၁၇၊၁၈၊၂၁၊၂၂၊၂၃၊၂၅၊၂၇၊၃၀၊၃၂၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ၊ ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊မုံရွာ စသည့် နီးစပ်ရာ တပ်ရင်းများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ( LPDF) များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - လှုမှုကွန်ရက်

#ကနီမြို့သိမ်းတိုက်ပွဲ #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #PDFကျဆုံး #Ayeyarwaddy_Times

2 months ago

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးထွက်ပြေးခဲ့ရာ တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၁ ရက်

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးထွက်ပြေးခဲ့ရာတစ်ဦး ပြန်လည်ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ မတ်လ ပထမအပတ်က လက်နက်မပါဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

အလားတူ ခလရ ၂၇၄ တပ်ရင်းမှ ယမန်နေ့၊ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့၊ မွန်းလွဲ ၁ နာရီခန့်က မင်းတပ်မြို့ပေါ်တွင် လိုက်လံရှာဖွေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြန်လည်ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

"ခလရ ၂၇၄ တပ်ရင်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပြန်ဖမ်းမိပြီး ကြိုးတုတ်၊ ရိုက်နှိုက်ထိုးကြိတ်ကြပြီး တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အရင်ပတ် က ထွက်ပြေးတဲ့ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးကတော့ လွတ်မြောက်သွားတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မင်းတပ်မြို့၊ ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ခလရ ၂၇၄ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီခံရသည့်အမျိုးသမီးနှစ်ဦးကို ည ၇ နာရီ ၄၅ မိနစ်ခန့်က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မင်းတပ်မြို့၊ အခြေစိုက် ၂၇၄ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ CDF-မင်းတပ်ထံ ရောက်ရှိလက်ခံခြင်းရှိ/မရှိကို ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- ခလရ ၂၇၄ တပ်ရင်း

#မင်းတပ်မြို့ #ခလရ၂၇၄တပ်ရင်း #စစ်ကောင်စီ #တပ်ဖွဲ့ဝင်များထွက်ပြေး #Ayeyarwaddy_Times

2 months ago

ရွှေဘိုထောင်မှာ နိုင်/ကျဉ်း ငါးဦး အာဟာရ ချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါတွေ ခံစားနေရ၊
စစ်အုပ်စုက လုံလောက်တဲ့ အစာအာဟာရနဲ့ ဆေးဝါးကုသမှု မပေး၊

MN/MFP ၊ မတ် - ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ငါးဦး အစာအာဟာရ ချို့တဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါဝေဒနာတွေ ခံစားနေရပြီး အကျဉ်းထောင် ဘက်က လုံလောက်တဲ့ အစာအာဟာရ ကျွေးမွေးတာ၊ ဆေးဝါးကုသမှု ပေးတာ မရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNMM) က သတင်း ထုတ်ပြန်ပါတယ်။

ရွှေဘို အကျဉ်းထောင်အတွင်း နိုင်/ကျဉ်းတွေကို ကျွေးမွေးတဲ့ ထမင်းဟင်းမှာ ဗီတာမင်ဓာတ် ပါဝင်မှု နည်းတာ၊ လှုပ်ရှား သွားလာခွင့် နည်းပါးတာ၊ အခန်းတွင်း ပိတ်လှောင်မှု (တန်းပိတ်ချိန်) များလွန်းတာ၊ အိပ်ဆောင်တွေထဲမှာ လူဦးရေး များပြားကျပ်ညပ်နေတာ စတာတွေကြောင့် နိုင်/ကျဉ်းတွေမှာ ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ရောဂါဝေဒနာ (ထောင်အခေါ်အဝေါ် -တုတ်ဆွဲသည်) တွေ ခံစားနေကြရတာလို့ PPNMM က ဆိုပါတယ်။

“ထောင်ထဲမှာ အစာအာဟာရ ကျွေးမွေးတာကတော့ လုံးဝကို လောက်ငမှု မရှိဘူး။ အခု ရောဂါ ဝေဒနာ ခံစားနေရသူတွေကိုလည်း အခြား အကျဉ်းသားတွေကို နေ့စဉ်ကျွေးနေတဲ့ ပုံစံအတိုင်းပဲ ကျွေးနေတာ။ ဆေးဝါကျတော့ အနည်းငယ် စောင့်ရှောက်မှု ရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း အကျဉ်းထောင်တွေ မှာက ဆေးဝါးတွေက လုံလောက်မှု မရှိဘူးဆိုတာ ကျွန်တော်တို့ အမြဲတမ်း ပြောနေကြပါပဲ။ သူတို့က စီဗစ်လေး တိုက်တာလောက်တော့ ရှိတယ်။ အများသောအားဖြင့်ကတော့ မိမိကိုယ်တိုင်ပဲ ကျန်းမာအောင်နဲ့ ပြန်လည် သန်စွမ်းအောင် လေ့ကျင့်နေကြရတဲ့ အနေအထားပေါ့။ အခုလို ဖြစ်စဉ်တွေက အခြားအကျဉ်းထောင်တွေထက် အခု ရွှေဘို အကျဉ်းထောင်က ပိုပြီးတော့ အမြဲလိုလို ဖြစ်နေတာတွေ ကြုံနေရတာ ဖြစ်ပါတယ်”လို့ PPNMM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက MFP ကို ပြောပါတယ်။

လက်ရှိ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေ ခံစားနေကြရတဲ့ အောက်ပိုင်းချိနဲ့တဲ့ ရောဂါ လက္ခဏာတွေဟာ ခန္ဓာကိုယ်အောက်ပိုင်း ရုတ်တရက် သေသွားသလို ဖြစ်တာ၊ ခန္ဓာကိုယ်အောက်ပိုင်း ပျော့လာတာ၊ လမ်းမလျှောက်နိုင်တော့တာ၊ လမ်းပြန်လျှောက်လို့ ရလာပါကလည်း ထော့နင်းထော့နင်း ဖြစ်တာ စတဲ့ လေဖြတ်တဲ့ ရောဂါလက္ခဏာပုံစံမျိုး ဖြစ်သလို ရောဂါဖြစ်ပွားနေချိန်မှာ ကိုက်ခဲ ညောင်းညာတာ၊ လမ်းမလျှောက်နိုင်တာ၊ အပေါ့အပါး သွားလာရ ခက်ခဲတာနဲ့ စိတ်ကျ‌ရောဂါဝေဒနာတွေ အထိ ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်တယ်လို့ PPNMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အခု အကျဉ်းသားတွေက ပုဒ်မမျိုးစုံနဲ့ မတရား စွပ်စွဲပြီးတော့ ဖမ်းဆီး ထိန်းသိမ်းခံထားကြရတာ ဖြစ်တယ်။ ဖမ်းဆီး ခံရချိန်ကနေ အခုချိန်ထိ တိုင်အောင် အကျဉ်းသားတွေဟာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်။ နောက်ပြီး စစ်ကြောရေးတွေမှာ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်တွေကြောင့် အကျဉ်းထောင်တွေ ထဲမှာ ဝေဒနာတွေ များစွာ ခံစားနေကြရတယ်။ ဒါတွေကို အကျဉ်းထောင်ဘက်က လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးနိုင်တဲ့အပြင် အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေက ဆေးဝါးပို့ခွင့်တွေ ရသင့်တဲ့ နိုင်ငံခြား ဆေးဝါးတွေကိုပါ ပိတ်ပင် ခံနေရာတာတွေကို တွေ့နေရပါတယ်။ ဒါတွေက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အကျဉ်းသားတွေ၊ ပြည်သူတွေကို မတရား ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးထားတဲ့အပြင် ဒီလိုမျိုး အကျဉ်းထောင်ထဲမှာ အကျဉ်းသားတိုင်း ရရှိသင့်တဲ့ အခွင့်အရေးတွေ၊ အခြေခံ စားသောက် နေထိုင်ရေးတွေကို လုံလောက်စွာ မပေးနိုင်ဘူးဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ အားလုံး လွှတ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်”လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ခိုးဆိုးလုနှိုက် ရာဇဝတ်မှုကျူးလွန်သူတွေကို အကျဉ်းထောင်တွေထဲကနေ လွှတ်ပေးခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ ဖမ်းဆီးတဲ့ ပြည်သူတွေကို အကျဉ်းထောင်ကို မပို့မီ စစ်ကြောရေးခန်းတွေမှာ ညှဉ်းပန်း နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်သလို ထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးတာ၊ အစာအာဟာရ လုံလောက်စွာ မကျွေးမွေးတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းချိန်ကနေ ၂၀၂၄ မတ်(၈)ရက်အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံရကြောင်း အသေးစိတ် အတည်ပြုနိုင်သူ (၄၆၅၄)ဦး၊ အချက်အလက် အတည်ပြုနေဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀)ဦး၊ ဖမ်းဆီးခံရသူ (၂၆၂၂၈)ဦး ရှိတယ်လို့ ဆိုပါတယ်။ AAPP ဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို လက်လှမ်းမီသလောက် နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရွှေဘိုထောင်/Photo – MN/MFP

#Mandalay_Free_Press_MFP

2 months ago

ရခိုင်သို့ စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပို့ရန်အတွက် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင် စီက မဲနှိုက် ရွေးချယ်

■ ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောများ လုပ်ငန်းရပ်နားခိုင်းပြီး ရခိုင်မှ စစ်တပ်အတွက် အသင့်ပြင်ထားရန် အမိန့်ပေး

ရန်ကုန်၊ မတ် ၁၁

ရခိုင်ပြည်နယ်သို့ စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပို့ဆောင်ရန်အတွက် ရန်ကုန်ရှိ ရေကြောင်းရုံးတွင် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင်စီက မဲနှိုက် ရွေးချယ်ကြောင်း ပုဂ္ဂလိကသင်္ဘောပိုင်ရှင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်ရှိ ရေကြောင်းအာဏာပိုင်ရုံးတွင် ရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး ရခိုင်သို့ စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများ စစ်တပ်အတွက် သယ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းနောက် ပုဂ္ဂလိကရေယာဉ်နှင့် တွဲသင်္ဘောပိုင်ရှင်များကို ဖိတ်ခေါ်ရာ မည်သူကမှ လိုလိုလားလား မရှိကြကြောင်း၊ ယင်းနောက် မဲနှိုက်ရွေးချယ်ခြင်းဖြင့် မဲပေါက်သော ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်တချို့ကို စစ်တပ်အတွက် စားနပ်ရိက္ခာနှင့်စက်သုံးဆီ သယ်ဆောင်ပေးရန် ခိုင်းစေကြောင်း၊ အခြားသော သင်္ဘောနှင့် ရေယာဉ်ပိုင်ရှင်များကိုလည်း လုပ်ငန်းများ ရပ်နားခိုင်းပြီး အဆင်သင့် စောင့်ခိုင်းထားကြောင်း သိရှိရသည်။

"မြန်မာ့ရေကြောင်းအာဏာပိုင်တွေက မနေ့က ပုဂ္ဂလိက ရေယာဥ်နဲ့တွဲ သင်္ဘောပိုင်ရှင်တွေကိုအစည်းအဝေးခေါ်ပြီး မဲနှိုက်ခိုင်းတယ်။ အုပ်စု ၃ ခုခွဲလိုက်တယ် ။ အလုပ်တွေရပ်နားထားဖို့နဲ့ အုပ်စု ၁ ကျတဲ့သူတွေကို အဆင် သင့်စောင့်ခိုင်းထားတယ်၊ ရခိုင်ကို ရေနဲ့စက်သုံးဆီသယ်ယူဖို့၊ အုပ်စု ၂ ကိုလည်း လုပ်ငန်းရပ်နားထားပြီး အဆင်သင့်စောင့်နေဖို့ ညွှန်ကြားထားပါတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်တွေမြို့ မကျစေရေးအတွက် ခုခံစစ်များ အကြီးအကျယ် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
#khit_thit_media

2 months, 1 week ago

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက် နေ့က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ငါန်းဇွန်မြို့ နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့တာ၊ ရဲ၊ စစ်သား ၄ ဦးသေတယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့ အရေ အတွက်ကတော့ များတယ်လို့ပဲ သိရတယ်၊ အတိ အကျ မသိရဘူး၊” ဟု ရွှေခြံသားပြောက်ကျား တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ် | Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-2 နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့။

Photo-AP
Source-KhitThit

2 months, 1 week ago

မကွေးမြို့ပေါ် တိုင်းဝန်ကြီးချုပ်ရုံးနှင့် တိုင်းလွှတ်တော်ဝင်း အနီးရှိ ကန်သာကန်ဘောင်တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ မကွေးမြို့ပေါ် တိုင်းဝန်ကြီးချုပ်ရုံးနှင့် လွှတ်တော်ဝင်းအနီးရှိ ကန်သာကန်ဘောင်တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးကြောင်း မကွေးမြို့မှ ပြည်သူများနှင့် မကွေးတိုင်းစစ်ကောင်စီသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မကွေးမြို့၊ ကန်သာကန်ဘောင်ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လူ ၁ ဦး ပွဲချင်းပြီး အပိုင်းပိုင်းပြတ်၍ သေဆုံးခဲ့ပြီး သေဆုံးသူသည် ဗုံးထောင်သူဖြစ်သည်ဟု ရဲနှင့်စစ်ဘက်က အစီရင်ခံစာ ရေးသားပေးပို့ထားကြောင်း သိရှိရသည်။

"ဗုံးထောင်ရင်းသေတာက ပျူစောထီးဒါမှမဟုတ် စစ်ခွေးဖြစ်ဖို့များတယ်လို့ ပြည်သူတွေက မှတ်ချက်ပေးကြတယ်။ PDF ဆိုရင် အများပြည်သူသွားလာအပန်းဖြေရာဖြစ်တဲ့ ကန်သာကန်လိုနေရာမှာဗုံးထောင်တာမျိုးလုပ်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးကြတယ်။ ဗုံးထောင်ရင်း လက်ထဲတင်ပေါက်သွားတာလို့ပြောတယ်။ သေတဲ့လူကတော့ တစ်စစီပဲ" ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲသည့် ကန်သာကန်ဘောင်သည် မကွေးတိုင်း လွှတ်တော်၊ မကွေးတိုင်း၊ ဝန်ကြီးချုပ်၏ အစိုးရရုံးနှင့် အလွန်နီးကပ်ပြီး ဗုံးပေါက်ကွဲသံကို မြို့မှ ပြည်သူများအားလုံး ကြားလိုက်ရကြောင်း ၊ လက်ရှိတွင် မကွေးမြို့ပေါ်တွင် ကင်းပုန်းများ ချထားပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း၊ မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းများ စစ်နေကြောင်း သိရှိရသည်။

Source-KhitThit

2 months, 1 week ago

ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများက မြို့တော်စစ်တွေကိုပါ စတင် သက်ရောက်နေပြီး စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော်ရှိ

ရန်ကုန်၊ မတ် ၇

ရခိုင်ပြည်နယ်တစ်ဝန်း ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်တပ်တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများသည် မြို့တော် စစ်တွေကိုပါ သက်ရောက်လာကြောင်း ကုလသမဂ္ဂ UNOCHA က မတ်လ ၅ ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ဖေဖေါ်ဝါရီလနှောင်းပိုင်းမှစ၍ လူနေရပ်ကွက်များအနီး စစ်တွေမြို့အတွင်းရှိ စစ်တပ် အခြေစိုက်စခန်းများမှ စစ်ရေးပစ်ခတ်မှုများ တိုးမြင့်လာခဲ့ကြောင်း၊ နေရာရွှေ့ပြောင်းမှု မြင့်တက်လာပြီး ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားစွာ ပြတ်တောက်လျက်ရှိကြောင်း၊ နိုဝင်ဘာ ၁၃ ရက် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် လူပေါင်း ၁၄၉,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၊ ရခိုင်ပြည်နယ်တွင် စုစုပေါင်း လူ ၃၅၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

လမ်းများနှင့် ရေလမ်းများ ပိတ်ထားခြင်းကြောင့် ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အစားအစာ ရှားပါးလာခြင်းတို့ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း၊ အင်တာနက်ချိတ်ဆက်မှုနှင့် တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်ခြင်း သို့မဟုတ် မရရှိနိုင်သေးဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မြေပြင်ပေါ်ရှိ ထိခိုက်ခံစားရသူများနှင့် လုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ပြင်းထန်စွာ ထိခိုက်စေကြောင်း UNOCHA က ဆိုသည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းနှင့် မန္တလေးတို့တွင် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင် ၁ ဒသမ ၁ သန်း ရှိနေကြောင်း၊ ၂၀၂၄ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်သည် လူပေါင်း ၅ ဒသမ ၃ သန်းကို ထောက်ပံ့ရန် ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း UNOCHA က သတင်းထုတ်ပြန်သည်။

4 months, 1 week ago

ဖားကန့်ဒေသတွင်းရှိ စစ်ကောင်စီစခန်း ၂ ခုကို KIA/PDF သိမ်းယူ

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၆ ၊ ၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်တိန်ကျေးရွာနဲ့ ဝှေခါကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်းဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းမှာ စစ်ကောင်စီ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါတပ်စခန်းတွေကို KIA, KPDF တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နံနက် ၉ နာရီဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စခန်းနှစ်ခုကိုတော့ ဒီမနက်ပိုင်းကတည်းက သိမ်းယူနိုင်တယ်လို့ ကြားသိရတယ်။ ဝှေခါတပ်စခန်းကတော့ စစ်ကောင်စီရဲ့ အဓိက စခန်းကုန်းလို့တော့ သိရပါတယ်။ တခြားတော့ အတိအကျ မသိရသေးပါဘူး” လို့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တပြိုင်တည်း ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဝှေခါ စခန်းမှူးကိုတော့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားကာ စခန်းသိမ်းတိုက်ပွဲတွင် KIA/PDF က ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကချင်ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြထားပါတယ်။

Burma VJ

We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 3 weeks ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 3 weeks ago

Chaîne telegram officielle de RT France

Last updated 2 years, 2 months ago