Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Palwtwa Daily News

Description
ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနိုင်ကျင့်ခံနေရသည့် ပလက်ဝဒေသရှိ ချင်းလူမျိုးများ၏ သတင်းမှန်များသာ တင်ပြသွားပါမည်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 6 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 days, 5 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 4 weeks ago

2 months ago
2 months ago
2 months ago
2 months ago

အနာဂါတ်ရခိုင်မြောက်ပိုင်းနှင့် ပထဝီနိုင်ငံရေးကြိမ်စာသင့်ခြင်း

ရခိုင်မြောက်ပိုင်းမှာ AAလက်ရှိအသုံးပြုနေတဲ့ ဒရုန်းတွေဒလက်၂ထပ်တွေနဲ့ လူ၄ယောက်မနဲမရသော ဒရုန်းအကြီးစားတွေဖြစ်ပြီး တစ်ကြိမ်ဒရုန်းနဲ့ဗုံးကျဲရင် အလုံး၇၀ကေ လောက်ကျဲတယ်လိုသိရတယ်။

AA ရဲ့ ဒရုန်းစစ်ဆင်ရေးကို မြေပြင်လူလှိင်းတိုက်စစ်နဲ့အတူတွဲဘက်အသုံးပြုမှုဟာ အလွန်ထိရောက်ပြီး မိမိတပ်များရေရှည်ခုခံနိုင်မှုမရှိကြောင်း တွေ့နေရပါတယ်။ ရသေ့တောင်ဘက်မှာ AA ကို သောက်သောက်လဲချေမှုန်းနိုင်ပေမဲ့ AAရဲ့ ဒရုန်းဗုံးဒဏ်ကြောင့် မိမိတပ်တွေလဲထိခိုက်ကျဆုံးများပြားပြီး အင်အားလျော့နည်း လာတာကြောင့် ရသေ့တောင်က မိမိတပ်တွေ ခွာစစ်ဆင်လာရပါတယ်။

မြန်မာ့တပ်မတော်ရင်ဆိုင်နေရတဲ့ ရခိုင်မြောက်ပိုင်း AA နဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ..... AA နဲ့တင် မကတော့ဘဲ နောက်ကွယ်က အင်အားကြီးကြီးမားမားနဲ့ လက်နက်ခဲယမ်း နည်းပညာအပြည့်ထောက်ပံ့နေတဲ့ “ပြည်ပစွက်ဖက်စစ်ပွဲ” ဖြစ်တယ်ဆိုတာ အသေအချာဖြစ်နေပါပြီ။

စစ်ပွဲကြာရှည်ပြီး ထိခိုက်ကျဆုံးမှုဒဏ်ကိုအလူးအလဲခံနေရတဲ့ AA ဟာ တိုက်စစ်အဟုန် ကျဆင်းလာတဲ့အတွက်နည်းပညာအဆင့်မြင့်တဲ့ ဒရုန်းကြီးတွေရောက်ရှိလာတာဖြစ်ပြီး ဝင်ရောက်လာတဲ့လမ်းကြောင်းကလည်း (ဗေဒင်မမေးနဲ့)ဘဂ်လားနိုင်ငံကတဆင့် ဝင်ရောက်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ဒီမှာမေးစရာမေးခွန်းပေါ်လာတာက
ရခိုင်မြောက်ပိုင်းကို AAလက်ထဲထည့်စေချင်တဲ့ တရုတ်ရဲ့ရည်ရွယ်ချက်နဲ့ ဘဂ်လားရဲ့အကြံအစည်ဟာဘယ်လောက်ထိရည်ရွယ်ချက်ကြီးနေပါသလဲ?

အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းဖျက်ရုံသာမက နောင်အနာဂါတ်မှာ တရုတ်အကျိုးစီးပွားရှိတဲ့ ရခိုင်ပြည်နယ်ကိုအနောက်အုပ်စုက ဘဂ်လီ(ရိုဟင်ဂျာ)အရေး မီးမွေးလာမှာကိုကြိုတွက်ပြီး တရုတ်တပည့်ဘဂ်လားနှင့်ပေါင်းကာ ဘဂ်လားဒေ့ရှ်ရှိ ဘဂ်လီတွေကို ရခိုင်မြောက်ပိုင်းမှာ နေရာချထားပြီး AAနဲ့ပူးတွဲနေစေမယ်အထိ ကြံစည်ရည်ရွယ်ထားပုံရပါတယ်။

2 months, 1 week ago

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို
နားသာထောင်ကြည့်တော့
ရခိုင်ပြည်သူတွေက “အိမ်တွေကတော့ ပြာကျသွားပြီ
ဒါကြောင့် အပစ်မရပ်ဖို့ပဲလိုတယ် လွတ်မြောက်ရင်ရပြီ
တိုက်စရာရှိတာတိုက်ပါဆိုပြီး” AA ကိုပြောတယ်ဆိုပဲ
ဘယ်ပြည်သူကပြောတာလဲ….
“ကိုယ်ဖဲကိုယ်ချိုးပြီး ဂျိုကာ ကိုယ့်အိမ်ကျအောင်ဝေ” ဆိုသလို
AA လော်ဘီတွေ လိုင်းပေါ်ရေးနေတာတွေ ဖတ်ပြနေတယ်
ဘယ်အရပ်သားမှ ကိုယ့်အိမ်ပြာကျခံပြီး မတိုက်ခိုင်းဘူး

ပြည်သူလူထုထောက်ခံမှုရနေတယ်ဆိုပြီး ပြောတယ်
မယုံရင်စစ်တမ်းကောက်ကြည့် စစ်ပွဲကိုထောက်ခံတဲ့ပြည်သူ ၂၅ % ရှိရင်ကံကောင်း
သေချာတာတစ်ခုကတော့ အလုံးစုံဒုက္ခရောက်နေလို့
AA ကိုမုန်းနေတဲ့ ရခိုင်ပြည်သူကတော့ ၇၅ % နှုန်းကျော်နေပြီ
ဒါကြောင့်လည်း AA သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေမှာမနေဘဲ
ရန်ကုန်၊ မန္တလေးတို့ကို နည်းလမ်းပေါင်းစုံနဲ့ပြေးနေကြတာ
တစ်နိုင်ငံလုံးဖြစ်နေတာမို့ ရခိုင်တွေလည်း ဒုက္ခခံကျတဲ့
တစ်နိုင်ငံလုံးမှာဖြစ်တာက ကွက်ကျားမိုးပဲဖြစ်တာ
အခုပြာကျတဲ့မြို့တွေပြာကျသွားပြီ သူပြန်လုပ်ပေးနိုင်တဲ့အခြေအနေရှိလား ဆိုတာ Video မှာသာ နားထောင်ကြည့်
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကနေထွက်ပြေးခဲ့ရတဲ့ပြည်သူတွေ
ဘယ်တော့ပြန်လာရမလဲမေးကြည့် ရေရေရာရာဘာမှမရှိ
အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့ဆိုတာ ဝေလာဝေး
မူးယစ်ဆေးဝါးကိစ္စမေးတော့လည်း ဘာမှမဆိုင်တဲ့ ရခိုင်ပြည်သူအကြောင်းပြောပြီး ဝေလေလေလုပ်သွားတယ်၊ အထုတ်အထည်နဲ့မိတာကိုတောင် ဝန်ခံမှုဆိုတာမရှိ
သူတို့ခေါင်းစဉ်ပြထားတဲ့ ရက္ခိတအိမ်မက်ဆိုတာလည်း မသေချာ
သေချာတာတစ်ခုကတော့ သူဖော်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်စစ်ပွဲတွေက
စစ်ဘေးဒုက္ခမျိုးစုံခံစားနေရတဲ့ ရခိုင်ပြည်သူတွေအတွက် အကျိုးတစ်ခုမှမရှိခဲ့ဘူး

သူမိသားစုနဲ့ AA အဖွဲ့အပေါ်ပိုင်းတွေကောင်းစားဖို့ပဲဆိုတာ မြင်ရလိမ့်မယ်
#MinChitOo
https://t.me/minchitoo989989/32281

Telegram

Min Chit Oo

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို နားသာထောင်ကြည့်တော့

2 months, 2 weeks ago

ရက္ခိုင့်တပ်တော် AA ရဲ့ ချင်းပြည် ပလက်၀အရေး သဘောထားမူဝါဒအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းများရဲ့ တုန့်ပြန်ချက်

============

ကီမိုမီဒီယာ၊ ၇ ရက်၊ မတ်လ ၊၂၀၂၄

စာပုံ − Khonumthung Burmese

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေး အာမခံချက် ရှိဖို့ ULA/ AA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်လက်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်မည့်လို့ ရက္ခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ယခုနှစ်ဇန်န၀◌ါရီလ ၁၄ ရက်နေ့မှာ ပလက်၀မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်း တပ်စခန်းအားလုံးကို တစ်ခုမကျန်အပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းရှင်တဲ့နယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာပြီး ၂ လနီးပါးခန့်အကြာ မတ်လ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်က သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပြုလုပ်ပြီး ပလက်၀အရေးနဲ့ပတ်သက်တဲ့ AA ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ပလက်ဝကို ပလက်ဝဒေသမှာ နေထိုင်သူတွေက ပိုင်ဆိုင်ပြီး အားလုံးပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖော် ဆောင်တော့မှာဖြစ်သလို ချင်းအင်အားစုတွေအနေနဲ့ ပလက်ဝဒေသတစ်ခုထဲကို စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ် မြောက်ရေးကိုသာ အာရုံစိုက်သင့်တယ်လို့လည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။

ချင်းပြည်တောင်ပိုင်းက ပလက်ဝမြို့နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင်တပ်တော် AA ရဲ့ မူဝါဒသဘောထားအပေါ် ချင်းအရပ် ဖက်အဖွဲ့အစည်းတွေရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြထားပါတယ်။

(၁) ဆလိုင်းထန်းနိုင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ-ဥက္ကဌ)

“ သူတို့က ဆက်ပြီးတော့ ထိန်းချုပ်ထားမယ်၊၊ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်မယ်ဆိုတော့ ဒီချင်းလဲန်းရဲ့ အချုပ်အခြာအာဏာ ကို ဒါကထိပါးစော်ကားတာလို့ပဲ ကျနော်က မှတ်ချက်ပေးချင်တယ်။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ကျနော်အမြင်က သူတို့ကလည်း သူတို့ ပြောထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ ချင်းတော်လှန်ရေးအင်အားစု ဘက်ကလည်း ဒါကို လက်ခံမှာ မဟုတ်ဘူး။ ရေရှည်မှာ တော့ မလိုလာအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲကြရင် လူမျိုးရေးအသွင်တောင်မှ ဖြစ်လာနိုင်တယ်။

AA အနေနဲ့လည်း ဒါကို ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်။ လက်ရှိအနေအထားမှာ သူတို့ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ ဒါက သူတို့ နယ်မြေမှ မဟုတ်တဲ့အခါကြတော့ အချိန်တန်အိမ်ပြန်ရမှာပဲ။ အင်္ဂလိပ်တွေ ခေတ်တုန်းကလည်း မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့ တာပဲ။ ဒါပေမယ့်လည်း သူတို့လည်း အချိန်တန်ရင် သူတို့ ဒေသကို ပြန်တာပဲလေ။ AA ကလည်း သူတို့ အုပ်ချုပ်ရေး ယန္တရားကို ဘယ်လောက် အကောင်အထည်ဖော်ဖော်၊ ဒါက ချင်းပြည်သူတွေရဲ့ မြေလေ၊ သူတို့မြေမဟုတ်တာကြောင့် ဧည့်သည်ဆိုတာ ပြန်ရမယ့်တာဝန်ရှိတယ်။ ဧည့်သည်က မပြန်ပဲ ဆက်နေမယ်၊ အိမ်ရှင်ကို အနှောင့်အယှက်ပေးမယ်၊ စော်ကားပြုမှုမျိုးတွေ ဖြစ်လာရင် ရေရှည်မှာ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ လက်ရှိအနေအထားမှာ တော်လှန်ရေးအခြေအနေအရ စစ်ရေး အခြေအနေရ ထိန်းချုပ်ထားတယ်၊ အုပ်ချုပ်ရေး ယန္တရား ဖော်ရင်တောင်မှ တချိန်ချိန်ကြရင် သူတို့ ပြန်သွားရမယ်။ အဲလိုမဟုတ်ပဲနဲ့ သူတို့အပိုင်လိုလို၊ သူတို့မြေလိုလို သူတို့က ဆက်လုပ်မယ်ဆိုရင် ဒါက ချင်းတွေ ရှိနေသ၍ကတော့ ပဋိပက္ခတော့ ဖြစ်မှာပဲ။ နောက် ဆက်တွဲဖြစ်လာမယ့်ဟာကို ဒီလိုပဲ မှတ်ချက်ပေးချင်တယ်။

ကျနော်တို့ ချင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပြီးတော့ အချုပ်အခြာပိုင်တဲ့ လူမျိုးဖြစ်နေပြီ။ ကျနော်တို့ ကံကြမ္မာကို ကျနော်တို့ ကိုယ်တိုင်ပဲ ဖန်တီးရမှာဖြစ်တယ်။ အခု ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်းရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ချင်းပြည်သူများအနေနဲ့လည်း ရွေးချယ်စရာ (၃) ခုပဲ ရှိတယ်။

နံပါတ်(၁)က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရင် စကစနဲ့ ပူးပေါင်းပြီးမှ အစိုးရယန္တရားကို အကောင်းအထည်ဖော်ရမှာဖြစ်တယ်။ နံပါတ်(၂) ရက္ခိတ လမ်းစဉ်ကို လက်ခံမယ်ဆိုရင် AA နဲ့ ပူးပေါင်းပြီးမှ နိုင်ငံရေးယန္တရားတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။
နောက်ဆုံးက တစ်ချက်က ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃)ကို လက်ခံတယ်ဆိုရင် ချင်းလဲန်းအစိုးရအဖွဲ့နဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီး ဖို့အတွက် ဒါကို အတူတကွ အကောင်အထည်ဖော်ရမှာဖြစ်တယ်။ အဲဒါကို နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန် ရေးအင်အားစုများအနေနဲ့လည်း ပြည်သူများအနေနဲ့လည်း မှန်မှန်ကန်ကန်ရွေးချယ်ကြဖို့ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်အနာဂါတ် ဖြစ်တယ်၊ ကိုယ့်သမိုင်းဖြစ်တယ်ဆိုတာ နားလည်ပြီးမှ ကိုယ့်သမိုင်းမရိုင်းရလေအောင် ရွေးချယ်ကြဖို့ ပြောချင်ပါတယ်။”

(၂) ဆလိုင်းဒိုခါရ် - India for Myanmar တည်ထောင်သူ

4 months, 2 weeks ago
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို AA …

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို AA အကြမ်းဖက်အဖွဲ့တွေက ခိုးယူနေ
+++++++++++++++++++++++

ချင်းပြည်နယ်၊ ပလက်ဝ‌ဒေသမှာ AA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ပွဲဖန်တီးမှုကြောင့် ဒေသခံချင်းလူမျိုးတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း‌ရှောင်နေရပြီး ထိုသို့ တိမ်းရှောင်သွားသူတွေရဲ့ နေအိမ်တွေကို AA အကြမ်းအဖွဲ့တွေက ဝင်ရောက်ကာ ပစ္စည်းများခိုးယူနေတဲ့အပြင် ကြက်၊ ဝက်တွေကိုလည်း ယူဆောင်စားသောက်နေကြတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

ထို့အပြင် တိမ်ရှောင်နိုင်ခြင်းမရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်ခဲ့တဲ့ ဒေသခံတစ်ချို့ကိုလည်း တပ်/ရဲအမာခံ သတင်းပေးခေါင်းစဉ်တပ်ကာ AA အကြမ်းဖက်အဖွဲ့က နှိပ်စက်မှုတွေလုပ်နေတယ်လို့ ၎င်းက ပြောဆိုထားပါတယ်။

#ပလက်ဝ
#AA
#ပြည်သူ့ပစ္စည်းခိုးယူ

4 months, 2 weeks ago
***ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့ AA ဖျက်ဆီးလို့ ပျက်စီးသွားပြီ ...

ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့ AA ဖျက်ဆီးလို့ ပျက်စီးသွားပြီ ...
ချင်းပြည်နယ်ထဲက ပလက်ဝမြို့လည်း AA ဖျက်ဆီးလို့ ပျက်စီးတော့မယ် ...
နဂိုကတည်းက အဖျက်လုပ်ဖို့အတွက်ပဲ ရည်ရွယ်ချက်ရှိတဲ့ AA အကြမ်းဖက်တွေက ချင်းလူမျိုးတွေနေထိုင်တဲ့ မြို့ကိုဖျက်ဆီးမယ့်အပြင် ဒေသခံပြည်သူတွေရဲ့ဘဝတွေကိုလည်း နင်းချေဖျက်ဆီးလို့ ထွက်ပြေးနေရပြီ …

5 months, 2 weeks ago
Palwtwa Daily News
6 months, 1 week ago
Palwtwa Daily News
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 6 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 days, 5 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 4 weeks ago