✎SURVEILLANCE JUSTIN

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 4 weeks ago

2 months, 2 weeks ago

Jan-26

၂၆-၁-၂၅
Breaking news

ယခုကြားသိရတဲ့ သတင်းကတော့ အားလုံးဝမ်းသာမယ်ထင်တယ် ညီနောင်ကို စုပေါင်းအားဖြင့်တပ်မတော်၊ BGF တပ်ဖွဲ့တို့မှ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ လက်ရှိကြားသိခဲ့ရပါတယ်။

8:00pm
#Hein Kyaw

2 months, 2 weeks ago

ရင်ခုန်စရာ ကောင်းတာလား ဖင်တုန်စရာ ကောင်းတာလားတော့မသိဘူး

ရန်သူကို မပေါ့ဆမိဖို့လိုပါတယ် ဗန်းမော်မြို့ကို ခံစစ်အသေနဲ့ စစ်ကစားနေတာကို တွေ့နေရပါတယ်

ဇန် ၁၀ ရက်နေ့နောက်ပိုင်း ကီယာ နဲ့ ပဒက်တွေက ခဲယမ်းပြတ် ဆေးဝါးတွေပြတ် ဒါဏ်ရာရသူကများပြားတော့ ၂ပါတ်လောက် ငုတ်တုတ်မေ့နေခဲ့ရာမှ ၂၄ ရက်နေ့က တစ်နေကုန် ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲလာပါတယ်

ခုလဆန်းပိုင်းကနေ တစ်ရက်မှ မပြတ် တိုက်ခိုက်ရေး ရိက္ခါထုတ်များ ခဲယမ်း ဗုံးသီးများ Dro e ရဲ့ ဆက်စပ်ပစ္စည်းများ ငါးခြောက် ဆေးဝါး ဆေးလိပ် ပွတ်ချွန်းအတွက် ဆေးမှုန့်ထုတ်များ သတင်းစာစက္ကူများ
ဆန်ပြုတ်ထုတ်များ ငါးပိကြော်ထုတ်များ ကိုနေ့စဥ္ နေ့/ ည လေကြောင်းကနေ Y12 နဲ့ ကကပံ့ ကကနက်မှ အရာရှိစစ်သည်များဟာ စနစ်တကျ ထုတ်ပိုးခြင်း ချကွင်းနေရာတွေကို တိကျစွာ ချပေးခြင်းတို့ လုပ်ဆောင်နေတာကတော့ လုံးဝ ကြေနပ်အားရစရာပါဘဲ နပခ အမ်း မှာထက်ပိုပြီး ဂရုစိုက် ချပေးနေတာ သတိပြုမိကြမှာပေါ့

အရံရေ ရိက္ခါ ခဲယမ်း ဗုံးသီးတွေ အတော်ကို ပြည့်စုံတာတော့ အမှန်ပါဘဲ ဒါပေမဲ့ တန်ပြန်တိုက်စစ် မဖွင့်နိုင်တာကိုတော့ အားမလို အားမရ ဖြစ်မိပါတယ်

ရန်သူ အကြမ်းဖက် ကီယာနဲ့ပဒက်တွေဘက်က ဖါးကန့်ဘက်က ကီယာတွေနဲ့ မန်း ပဒက်တွေကို စစ်ကူတွေ ထောင်နဲ့ချီပြီး ဆင့်ခေါ်ထားပါတယ် လာမဲ့ ဖေ လဆန်းပိုင်းလောက်မှာ စစ်အရှိန်မြင့်လာနိုင်ပါတယ် လိုင်ဇာကို ကာမီကာဇေ Drone နဲ့ သမ တာကိုတော့ ကြိုက်ပါတယ် ဒါပေမဲ့ အဲ့ဒီထက် ဆယ်ဆလောက်ကို စုတ်ပြတ်သတ်သွားအောင် တွယ်စေ့ချင်တာ အမှန်ပါ မိုင်ဂျာယာန်ဘက်က စစ်မဲ့ဇုန် ဖြစ်နေပါလား ဆော်စမ်းပါဗျာ

တန်ပြန်တိုက်စစ်အတွက် အားလုံးက တောင်းဆိုနေကြတာတော့ အမှန်ပါဘဲ ခင်ဗျာ

ဗန်းမော် လေဆိပ်ကို ကီယာနဲ့ပဒက်တွေ သိမ်းလိုက်တဲ့သတင်းကလည်း အချိန်ပိုင်းလောက်ပါဗျာ မကွေးသားတွေ လက်စွမ်းပြလို့ ရင်ဆိုင်နေကြဆဲပါဘဲ

ရန်သူဘက်က စစ်ကူမလာခင် ကိုယ့်ဘက်ကနေ Counter Attack တန်ပြန်ထိုးစစ်ကို မြေပြင်တပ်နဲ့ မတွယ်နိုင်ရင်တောင်မှ Air Strike နဲ့ အမှုန့်ချေစေချင်တာကတော့
အားလုံးရဲ့ သဘောထား မှတ်ချက်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ

ဗန်းမော်တိုက်ပွဲမှာ ရန်သူဘက်က အထိနာနေပေမဲ့ ၂ လပြည့်ပါတော့မယ်ခင်ဗျာ စစ်အီသလို ဖြစ်နေပြီး ရန်သူကို ပြင်ဆင်ချိန်မရအောင် မြေပြင်နဲ့ဝေဟင် ဟန်ချက်ညီ ထိန်းချုပ်ထားနေသည့်အဆင့်မှ တိကျစွာ ထိထိရောက်ရောက် ချေမှုန်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး အချိန်အခါ ဖြစ်ပြီး တိုက်ပွဲဝင် အရာရှိ စစ်သည်တွေကို စိတ်ဓါတ်ခွန်အား ဖြစ်စေမည် စစ်မဟာဗျူဟာ အခင်းအကျင်းဟာလည်း ခု လကုန်ပိုင်းနဲ့ ဖေ လဆန်းပိုင်းမှာတော့ မြင်တွေ့လာရနိုင်ပါကြောင်း သတင်းကောင်းပါးရင်း စစ်သတင်းကောင်းများကို ဆက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာ

အားလုံးကို လေးစားရို​ေသစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ ဇန် ၂၆ ၂၀၀၀

2 months, 2 weeks ago

Jan-26

အမြန်လမ်းပေါ်တက်ပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ မြင်းခြံဘက်က PDF အဖွဲ့တွေ စခန်းချရာ ဆင်းဂွတ်ရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု PDF ၂၀ ခန့်သေဆုံးပြီး ဒဏ်ရာရသူများပြား

    1. ၂၀၂၅
      Written by Nay Moe

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကနေတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တက်ပြီး ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးဖမ်းဆီးနေတဲ့ PDF စခန်းချရာ ဆင်းဂွတ်ကျေးရွာက PDF စခန်းကို ဒီမနက် ၇ နာရီကျော်အချိန် လေကြောင်းတိုက်ခိုက်မှုမှာ PDF ၂၀ ခန့် သေဆုံးခဲ့သလို ဒဏ်ရာရသူလည်း များပြားခဲ့တယ်လို့ ကနဦးသိရပါတယ်။

"ဆင်းဂွတ်ရွာက မြင်းခြံနဲ့ဆို ၁၂ မိုင်၊ ၁၃ မိုင်လောက်ပဲဝေးတာ။ အဲဒီရွာကနေ အမြန်လမ်းကို တက်ရင် ၂ နာရီလောက်ပဲသွားရတယ်။ PDF အခြေပြုစခန်းက ရွာထဲမှာပဲ။ အဲဒီရွာထဲက စာသင်ကျောင်းမှာ စခန်းချထားတာ။ ရွာမှာက PDF တွေပဲ Starlink ရှိတာဆိုတော့ PDF တွေနဲ့ ဆက်နွှယ်ပေါင်းသင်းနေတဲ့သူတွေက အင်တာနက်သွားသုံးနေချိန် လူစုလူဝေးလိုက်ရှိနေချိန် လေယာဥ်နှစ်စီးနဲ့လေကြောင်း တိုက်ခိုက် ချေမှုန်းခံလိုက်ရတာ" လို့ ဒေသအခြေအနေကိုသိတဲ့ MT News ရဲ့ သတင်းရင်းမြစ်က ကနဦးသိရတဲ့အခြေအနေကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်ကစ ဖော်ဆောင်ခဲ့တဲ့မြင်းခြံခရိုင်အထူးစစ်ဆင်ရေး လုပ်ဆောင်ရာမှာ မြင်းခြံနဲ့ နွားထိုးကြီးက PDF တွေဟာ အမြန်လမ်းပေါ်အထိတက်ပြီး တိုက်ခိုက်ဖမ်းဆီးမှုလုပ်ဆောင်တာကြောင့် တပ်မတော်ယာဥ်တန်းတွေ၊ အမြန်လမ်းပေါ်က ရဲကင်းစခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာအပြင် လက်နက်မဲ့မီးသတ်အရာရှိတစ်ဦး၊ တပ်မတော်အရာရှိမိသားစု စတဲ့သူတွေ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံလိုက်ရတာကြောင့် တပ်မတော်ဘက်က ဒီလထဲမှာ အမြန်လမ်းပေါ် လုံခြုံရေးတင်းကျပ်ခဲ့သလို PDF စခန်းချထားရာရွာတွေကို စုံစမ်းရာမှာ ပြည်သူတွေရဲ့ တိကျတဲ့သတင်း​ပေးပို့မှုကြောင့် PDF တွေ အခြေချရာ ဆင်းဂွတ်ရွာစခန်းကို လေကြောင်းတိုက်ခိုက်နိုင်ခဲ့တာလို့ MT News ရဲ့ ကနဦးစုံစမ်းမှုတွေက သိရပါတယ်။

ဆင်းဂွတ်ကျေးရွာဟာ မြင်းခြံမြို့နယ်ထဲမှာပါဝင်ပြီး တလုတ်မြို့နဲ့ ဆီမီးခုံမြို့အလယ်ကြားတည့်တည့်လောက်မှာရှိတဲ့ လူဦးရေ ၁၂၀၀ ခန့်သာရှိတဲ့ ကျေးရွာလို့လည်း သိရပါတယ်။

"ဒီဘက်က ရွာတွေမှာက ရွာထဲမှာ တပ်မတော်ထောက်ခံသူရှိရင် မထောက်ခံသူတွေက မိသားစုလိုက်သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုသိမ်းယူပြီး တပ်မတော်မထောက်ခံတဲ့ရွာအဖြစ် ပုံစံပြောင်းသွားသလို PDF တွေကလည်း ရွာထဲတင်ပေါ်တင်စခန်းချထားတယ်။ ပြောရမယ်ဆို နယ်တွေမှာက PDF ရွာနဲ့ ပြည်သူ့စစ်ရွာ ဆိုပြီး နှစ်မျိုးနှစ်စားပုံစံဖြစ်နေတာပေါ့။ အခုကလည်း ဆင်းဂွတ်က PDF ကပဲ ရွာကိုထိန်းချုပ်ထားပြီး သူတို့ထောက်ခံသူတွေချည်းနေတဲ့ PDF ရွာဖြစ်နေတာပေါ့။ အခုကတော့ စာသင်ကျောင်းထဲအခြေစိုက်ထားတဲ့ PDF စခန်းသီးသန့် တိုက်ခိုက်ခံလိုက်ရတာ"လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း ဒေသအခြေအနေအပေါ် ရှင်းပြပါတယ်။

▪️ဒီဖြစ်စဥ်မှာ သေဆုံးသူတွေမှာ ပကဖခေါင်းဆောင်တစ်ဦးအပါအဝင် PDF ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ပဲ သိရသေးပြီး အသေးစိတ်ဖြစ်စဥ်ကိုတော့ မြင်းခြံနဲ့နွားထိုးကြီးအခြေပြု PDF အဖွဲ့အစည်းတွေက ထုတ်ပြန်မှုမရှိသေးတာကြောင့် ဘယ် PDF အဖွဲ့က ဘယ်လောက်သေပြီး မဆိုင်သူဘယ်လောက်ထိတယ်ဆိုတာလည်း မသိရသေးပါဘူး။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=89311

#အမြန်လမ်း #MDSO #နွားထိုးကြီး #မြင်းခြံ #လေကြောင်းတိုက်ခိုက် #ဒေသခံ #PDF #သေဆုံး #စာသင်ကျောင်း #စခန်း #MyanmarTransparency

4 months, 2 weeks ago

-
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUGအဖွဲလက်အောက်ခံတရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှယာယီဆေးပညာဘွဲလက်မှတ်အတုများဖြင့်ထိုင်းနိုင်ငံ၊Chulalongkornတက္ကသိုလ်သိုတက်ရောက်ရန်လုပ်ခဲ့သူများနှင့်ဆပ်စပ်သူများအားဖော်ထုတ်အရေးယူ
====================================================================

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို၏ လက်ဝေခံအဖွဲအစည်းများ၊ ယင်းတိုနှင့် ဆက်နွယ်နေသောအဖွဲအစည်းများ၊လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍တရားမဝင် NUG အဖွဲလက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲလက်မှတ်အတုများပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီးလိမ်လည်ဆောင်ရွက်လျက်ရှိသဖြင့်ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန်လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှလက်မခံသည့်အတွက်ကျောင်းတက်ရောက်ရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

ဆေးတက္ကသိုလ်(မန္တလေး)မှ Final Part II အား ၆-၁-၂၀၂၂ရက်၊ ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တိုတွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ်သတင်းပိုတက်ရောက်ရန်ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့... Read More

4 months, 2 weeks ago
✎SURVEILLANCE JUSTIN
4 months, 2 weeks ago
✎SURVEILLANCE JUSTIN
4 months, 3 weeks ago

-

**❝ဆားတောင်၌ မသင်ကာဖွယ်ရာကားတစ်စီးကို တားဆီးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိ❞

??? ???? 《???~??》

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် မသင်္ကာဖွယ်ရာ ကားတစ်စီးကို စစ်ဆေးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း- ရွှေဘိုကားလမ်းအတိုင်း တောင်ဘက်အရပ်မှ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ကားတစ်စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အတွင်း အကြမ်းဖက်သမားများမှာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့သလို ၎င်းတို့ထံမှ လက်လုပ်သေနတ်အရှည်(၂)လက်၊ လက်လုပ်ကျည်အိမ်(၄)ခု၊ ၇.၆၂ ကျည် (၅၈)တောင့်၊ 9H/1695 နံပါတ်ပါ AD VAN(လိုင်စင်မဲ့ယာဉ်)(၁)စီး(ပျက်စီး)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။**#???????

4 months, 3 weeks ago
✎SURVEILLANCE JUSTIN
4 months, 3 weeks ago

-
## အမ်းး ##
=============

အမ်းနဲ့ ပတိသက်ပြီးပထမဆုံးပြောရမယ်ဆိုရင်တော့ AA ရဲ့ လက်ရှိအခြေအနေကိုပြောရပါမယ်။

AA ဟာ အမ်းကိုလာကာစကလို အင်ပြည့်အာ:ပြည့်ပုံစမဟုတ်တော့တာတော့ သေချာနေပါပြီ။

အမ်းကိုရောက်လာဖို့အတွက် လမ်းခရီးမှာတို-က်:-ပွဲ
ပေါင်:မျာ:စွာကိုကျော်ဖြ-တ်ခဲ့တဲ့
AA ဟာ တို-က်:-ပွဲတိုင်းမှာ အ—ေ-သ-အ-ပျော-က်၊ဒ-ဏ်-ရာရရှိမှူဟာ ရာဂဏန်းအထက်အမြဲဖြစ်ခဲ့ပါတယ်။

ဉပမာတ
စ်ခုပြောရမယ်ဆိုရင် ကန့်ကော်တစ်ထောင်တို-:က်-ပွဲတစ်ခုထဲမှာ
တင် လူ(၂-Oo)ကျော် ထိ-:ခို-က်ခဲ့ပါ
တယ်။

လက်ရှိသူတို့အမ်းမှာ မိ-မိကို ရ-သ-ရ-င်-ဆို-င်နေတဲ့အ-င်အာ:ဟာ ရှိသမျှနောက်ဆုံးအ-င်အာ:ကို ဖြ-စ်ညှ-စ်ပြီး သုံးထားတာပါ။

ဒီပွဲမှာ မိ-မိ-ဘ-က်ကရှုံ:-ရင် ရ-သ-ဟာ အမ်းကိုရသွားမှာဖြစ်ပြီး အေအေသာ တ-ပ်လ-န်ပြေ:ရင် ယခင်သူသိ-မ်:ထားခဲ့တဲ့ န-ယ်မြေတွေကို တ-ပ်မ—တော်ရဲ့ ထ-ပ်ချ-ပ်မကွာလိုက်သိမ်:တာကို ခံရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေကိုကြိုတွက်မိထားလို့ဘဲ အရပ်သူ၊အရပ်သားတွေ၊သက်ကြီ:ရွယ်အိုတွေ၊ ကလေ:သူင-ယ်မှအစ ဗို-က်-ကြီ:သ-ည်ပါမရှောင် အတင်:လ-က်-န-က်ကို-င်တို-က်ခိုင်:နေတာ ဖြစ်ပါတယ်။

မနေ့ညနေကတော့ အဲဒီ အခြေအနေထက်ပိုဆို:လာပါပြီ။
ယု-/တ်-/ညံ့-မှု-က တကယ်ကမ်းကုန်ပါတယ်။

ထုံးစံအတိုင်း AAဟာ နတ်စင်ကုန်းရွာမှာ လူသ-စ်
စုဆော-င်:ပါတယ်။

ထုံးစံမဟုတ်တာကတော့ လူသ-စ်-စု-ပြီ:အပြန်မှာ သာ:သ-ည်အ-မေ(၈)ဦ:ကို အတ-င်:အ-ဓ-/မ္မတစ်ပါတည်:ခေါ်ဆောင်သွားခဲ့ပါတယ်။

လူသာ:ဒို-င်:လု-ပ်မယ်လို့သိရပါတယ်။

ဒါတွေကြည့်ခြင်းအားဖြင့် စ-စ်အော-င်နို-င်နေတဲ့သူတွေ စ-စ်-ပွဲမှာ အ-ခြေ-အ-နေမကောင်:တဲ့သူတွေဟာ ဒီလုပ်ရပ်တွေမလုပ်ကြပါဘူး။

အေအေဟာ စ-စ်ရှုံ:နိုင်ခြေအရိပ်အယောင်တွေ တွေ့ရှိခံစာ:နေရလို့ ဒီလိုလုပ်တယ်လို့ဘဲ ထင်ပါတယ်။

ဒါတောင် အမ်းမှာ ပြည်မထဲက ဗမာပဒ-တ်တွေ အများကြီးဝင်တို-က်ပေးနေလို့ပါ။ ပြည်မပဒ-တ်သာမပါရင် AA အတွက် အတော်ဆို:ဆို:ဝါ:ဝါ:ဖြစ်မှာပါ။

တို-က်/-ပွဲအကြောင်း ပြောရမယ်ဆိုရင်တော့ တနေ့က 371 ထဲကို ဝင်လာတဲ့ရ-န်-သူ-ဟာ ကျင်းတွေတူးပြီး မိမိအဖွဲ့တွေကို ရ-င်ဆို-င်ခဲ့ရာကနေ မြေပြ-င်ကမိ-မိစ-စ်ခေါင်:ဆောင်နဲ့ ဝေဟ-င်က လေ-:သူ-:ရဲတွေ ချိတ်ဆက်မှူ၊ပူး:ပေါင်:မှုအားကောင်းခဲ့တာကြောင့် AA ဟာ ပြ-န်ဆု-တ်ပြေ:ခဲ့ရပါတယ်။

အဲဒီလိုပါဘဲ …..

တစ်မိုင်ကုန်းမှာရှိနေတဲ့ မိမိအ-ဖွဲ့တွေကို AA ဟာ မနေ့က အင်အာ:အလုံ::အရင်:နဲ့ လာတိုက်ပါတယ်။

တစ်မိုင်ကုန်းကိုတာဝန်ယူထိန်:သိမ်:ထားတဲ့ ညီငယ်လေးရဲ့ ဦးဆောင်မှုဟာ လက်ဖျာ:ခါလောက်အောင် ခေါင်းဆောင်ကောင်းပီသခဲ့သလို…

ဝေဟင်ကနေ Y12များ အလုပ်လုပ်နိုင်အောင် မြေ-ပုံညွန်:တွေ အတိအကျပို့ပေ:နိုင်သော မြေပြင်က ကာနယ်ကြီးရဲ့ကြိုးစားမှုကလည်း မှတ်တမ်းတင်ကိုတင်ရမှာပါ။

နောက်ဆုံးမှာတော့ AAနဲ့ပြည်မက ပဒတ်တွေဟာ Y-12 ရဲ့ ချေမှု-န်:မှုအောက်မှာ အ-ကျ-ဆုံ:မျာ:စွာနဲ့ လန်ကျသွာ:ရှာခဲ့ပါတော့တယ်။

မနေ့က အနေအထားတွေကို မိမိတို့ဘက်မှ JOC ရော မြေပြင်ရော ဝေဟင်ရော ဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် အမ်းရဲ့အောင်ပွဲဟာ လက်တစ်ကမ်းမှာဘဲရှိနေပါလိမ့်မယ်။

ကိုခိုင်ဇော်

နိုဝင်ဘာ(၁၅) ၂၀၂၄

5 months ago

ရှင်းလင်းပြီးသွားပြီ

အမ်း ၃၇၄ အတွင်း ရန်သူအားလုံး ရှင်းလင်းပြီးစီး သွားပါပြီ ။ တိုက်ပွဲ ဖြစ်စဥ်များ အတွင်း အမ်း စစ်မျက်နှာမှ ရန်သူအလောင်း ၂၀၀ ကျော်နဲ့ လက်နက်အများအပြား သိမ်းဆည်း ရရှိထားပါပြီ ။

ယခု 9 - 11 - 2024 မနက် 11: 30 အထိ အခြေအနေမှန် ဖြစ်ပါတယ် ။ ရဟတ်ယာဥ်များနဲ့ ခဲ ယမ်း စစ်ကူများ ထပ်မံပို့ဆောင် နေပါပြီ ။

ကိုရွှေမျိုးဝင်း

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 4 weeks ago