Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Western 24 News

Description
သတင်းအဆိပ်မသင့်စေဖို့ Western 24 News စောင့်ကြည့် စို့
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

3 weeks, 2 days ago

ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

3 weeks, 2 days ago
ဒေသခံတစ်ယောက် ပေးပို့လာတဲ့သတင်း

ဒေသခံတစ်ယောက် ပေးပို့လာတဲ့သတင်း

ဖြစ်တာကမနေ့ကဖြစ်တာ
ဘယ်လောက်အောက်တန်းကျလည်း
ဘယ်လောက်ယုတ်မာပတ်စက်လည်းဆိုတာ ဖတ်သာကြည့်တော့
#MinChitOo

3 weeks, 2 days ago
**ပြောလို့တောင်မဆုံးသေးဘူး

ပြောလို့တောင်မဆုံးသေးဘူး
ဆေးခိုးကုနေတဲ့ AA ခဲဝါများဆီသို့
👏👏

1 month ago
**AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ မွတ်ဆလင် အမျိုးသမီးငယ်တစ်ဦး ခြေထောက်ဖြတ်လိုက်ရ

**AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ မွတ်ဆလင် အမျိုးသမီးငယ်တစ်ဦး ခြေထောက်ဖြတ်လိုက်ရ

April 18, May Yu Htar Nay**

ဘူးသီးတောင်မြို့၊ တပ်ရာကျေးရွာတွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးငယ် မအူဆော်လေမာ သည် ယနေ့နေ့လည်ပိုင်း ၁၂ နာရီခန့်က နေအိမ်၏ အနောက်ဘက်တောင်ပေါ်သို့ ထင်းသွားခွေစဉ် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ ဘယ်ခြေသလုံး ပြတ်တောက်ဒဏ်ရာရရှိခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်ရှိ တပ်ဆေးရုံသို့ပိုဆောင်၍ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှသိရှိရသည်။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ဘူးသီးတောင်မြို့ရှိ တပ်စခန်းရဲစခန်းများအား တိုက်ခိုက်ရန်အတွက် ကျေးရွာများအနီးခိုအောင်းနေထိုင်လျက်ရှိပြီး ၎င်းတို့နေထိုင်သည့်နေရာ မတိုက်ခံရစေရေးအတွက် မိုင်းများအား လက်လွတ်စပယ်ထောင် ထားခဲ့သောကြောင့် ဒေသခံများ မကြာခဏဆိုသလို နင်းမိပေါက်ကွဲနေကြသဖြင့် သေဆုံး/ဒဏ်ရာရသူ အရေအတွက် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာလျက်ရှိနေသည်။

1 month ago

ရခိုင်ပြည်နယ် ဘူးသီးတောင်မြိုနယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ (၁၇) ရက်နေ့ နံနက်(၁၁)နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင်များမှ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက် ထွက်ပေါ်မှုများ ၊ အိန္ဒိယ မီဒီယာတစ်ခုမှ စွပ်စွဲရေးသားဖော်ပြမှုများ ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် (၁၆၀၀) နှင့် ဗုဒ္ဓဘာသာဝင်(၁၂၀) အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသားချက် ၊ ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်။(ဧပြီလ ၁၈)

1 month ago

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော် ဧပြီ ၁၈

AA အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသောအခါသမယ၌ ပြည်သူများ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဇီဝိတဒါနပြုလုပ်ပြီး ကုသိုလ်ယူနေချိန်တွင် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင် အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးနှင့်မသက်ဆိုင်သော လူနေမြို့/ ရွာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရသည်အထိ ဆင်ခြေတုံတရားကင်းမဲ့စွာ လုပ်ဆောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်ဖြစ်ပြီး အဆိုပါလုပ်ရပ်အပေါ် ဝိုင်းဝန်းဆန့်ကျင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မြို့ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/113191

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

1 month ago
ရခိုင်တိုင်း AA ကိုမထောက်ခံဘူး

ရခိုင်တိုင်း AA ကိုမထောက်ခံဘူး

သူတိုမှာလက်နက်ရှိလိုသာဘာမှမပြောရဲတာပါ အဲ့ကောင်တွေပေါ်လာမှ ဘဝပျက်/ အလုပ်ပျက်/ မိသားစုတွေပြိုကွဲသွားတာအများကြီး 😥

1 month, 1 week ago

ရခိုင်နဲ့ ကချင် အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ

1 month, 1 week ago

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို
နားသာထောင်ကြည့်တော့
ရခိုင်ပြည်သူတွေက “အိမ်တွေကတော့ ပြာကျသွားပြီ
ဒါကြောင့် အပစ်မရပ်ဖို့ပဲလိုတယ် လွတ်မြောက်ရင်ရပြီ
တိုက်စရာရှိတာတိုက်ပါဆိုပြီး” AA ကိုပြောတယ်ဆိုပဲ
ဘယ်ပြည်သူကပြောတာလဲ….
“ကိုယ်ဖဲကိုယ်ချိုးပြီး ဂျိုကာ ကိုယ့်အိမ်ကျအောင်ဝေ” ဆိုသလို
AA လော်ဘီတွေ လိုင်းပေါ်ရေးနေတာတွေ ဖတ်ပြနေတယ်
ဘယ်အရပ်သားမှ ကိုယ့်အိမ်ပြာကျခံပြီး မတိုက်ခိုင်းဘူး

ပြည်သူလူထုထောက်ခံမှုရနေတယ်ဆိုပြီး ပြောတယ်
မယုံရင်စစ်တမ်းကောက်ကြည့် စစ်ပွဲကိုထောက်ခံတဲ့ပြည်သူ ၂၅ % ရှိရင်ကံကောင်း
သေချာတာတစ်ခုကတော့ အလုံးစုံဒုက္ခရောက်နေလို့
AA ကိုမုန်းနေတဲ့ ရခိုင်ပြည်သူကတော့ ၇၅ % နှုန်းကျော်နေပြီ
ဒါကြောင့်လည်း AA သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေမှာမနေဘဲ
ရန်ကုန်၊ မန္တလေးတို့ကို နည်းလမ်းပေါင်းစုံနဲ့ပြေးနေကြတာ
တစ်နိုင်ငံလုံးဖြစ်နေတာမို့ ရခိုင်တွေလည်း ဒုက္ခခံကျတဲ့
တစ်နိုင်ငံလုံးမှာဖြစ်တာက ကွက်ကျားမိုးပဲဖြစ်တာ
အခုပြာကျတဲ့မြို့တွေပြာကျသွားပြီ သူပြန်လုပ်ပေးနိုင်တဲ့အခြေအနေရှိလား ဆိုတာ Video မှာသာ နားထောင်ကြည့်
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကနေထွက်ပြေးခဲ့ရတဲ့ပြည်သူတွေ
ဘယ်တော့ပြန်လာရမလဲမေးကြည့် ရေရေရာရာဘာမှမရှိ
အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့ဆိုတာ ဝေလာဝေး
မူးယစ်ဆေးဝါးကိစ္စမေးတော့လည်း ဘာမှမဆိုင်တဲ့ ရခိုင်ပြည်သူအကြောင်းပြောပြီး ဝေလေလေလုပ်သွားတယ်၊ အထုတ်အထည်နဲ့မိတာကိုတောင် ဝန်ခံမှုဆိုတာမရှိ
သူတို့ခေါင်းစဉ်ပြထားတဲ့ ရက္ခိတအိမ်မက်ဆိုတာလည်း မသေချာ
သေချာတာတစ်ခုကတော့ သူဖော်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်စစ်ပွဲတွေက
စစ်ဘေးဒုက္ခမျိုးစုံခံစားနေရတဲ့ ရခိုင်ပြည်သူတွေအတွက် အကျိုးတစ်ခုမှမရှိခဲ့ဘူး

သူမိသားစုနဲ့ AA အဖွဲ့အပေါ်ပိုင်းတွေကောင်းစားဖို့ပဲဆိုတာ မြင်ရလိမ့်မယ်
#MinChitOo
https://t.me/minchitoo989989/32281

Telegram

Min Chit Oo

BBC နဲ့ ထွန်းမြတ်နိုင်နဲ့ နောက်ဆုံးအင်တာဗျူးထားတာကို နားသာထောင်ကြည့်တော့

1 month, 2 weeks ago
**နောက်ဆုံးစကားထဲကဇာတိပြလာပြီ

**နောက်ဆုံးစကားထဲကဇာတိပြလာပြီ

သူပြောချင်တာက ဘူးသီးတောင်/မောင်တောရရင်
မွတ်ဆလင်နိုင်ငံတွေနဲ့စကားပြောလို့ရပြီလို့ပြောချင်တာ
အကြံပက်စက်တဲ့ ထွန်းမြတ်နိုင်
ရခိုင်တွေကို ရက္ခိတလမ်းစဉ်လို့ခေါင်းစဉ်တပ်ပြီ
ဘူးသီးတောင်/မောင်တောမြေကို ရောင်းစားတော့မှာ
မြင်တဲ့အတိုင်းပဲ**#MinChitOo

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago