Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Khit Thit Media

Description
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

3 weeks, 2 days ago
Khit Thit Media
3 weeks, 2 days ago

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၁ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း People’s Liberation Army – PLA တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၅ ရက်နံနက်ပိုင်းက မြင်းခြံမြို့နယ် ၊ ကုက္ကဲရဲစခန်းအတွင်း အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ကုက္ကဲရွာကို ကာဗာ(Cover)ယူပြီး မြင်းခြံ ကပဖဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသဖြင့် စခန်းကို ယာယီသိမ်းပိုက်ကာ ရှာဖွေစဉ် MA – 1 သေနတ် ၁ လက်၊ ကျည်ဘောက် တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၈၁၅ တပ်ဖွဲ့-PLA (အနောက်မြောက်စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ - PLA စုပေါင်းအင်အား ၊ မြင်းခြံ 35 တပ်ဖွဲ့ ၊ Burmese Guerrilla Force - BGF နှင့် KG တပ် ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

3 weeks, 2 days ago

ကရင်နီပြည်နယ်တွင် စစ်ရှောင်စခန်းကို အာဟာရဒါနနှင့် ရေများလှူဒါန်း

ရန်ကုန်၊ဧပြီ ၂၅

ကရင်နီပြည်နယ်တွင် စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုများအတွက် အာဟာရတစ်နပ်စာအတွက် အလှူရှင် ကိုယ်စား Karenni Humanitarian Team -KHTအဖွဲ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် လိုအပ်နေသည့် ရေများကိုလည်း အလှူရှင်များ ကိုယ်စား Karenni Humanitarian Team -KHTအဖွဲ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

4 weeks, 1 day ago

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ရက်လည်နှင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ရက်လည်နှင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ဝင်းငွေ၏ ၁ လပြည့် ရက်လည်နှင့် စစ်သား၊ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော အနောက်ကျောင်း ဘုန်းကြီးကျောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အနောက်ကျောင်း ဘုန်ကြီးကျောင်းအတွင်းရှိ ရွှေဘုံသေ ဘုရားကို ဗျူဟာကုန်း ပြုလုပ်၍ ဘုရား အောက်ခန်းတွင် ဘန်ကာ များပြုလုပ်ထားခြင်းကြောင့် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း ရှိပြီး မြေပြင် အခြေအနေကို အတည်ပြုနိုင်ရန် ထပ်မံ စုံစမ်းလျက်ရှိကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

1 month ago

ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်း လုပ်ကြံခံရမည်စိုးရိမ်၍ စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သား စုဆောင်းနေသော နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းက စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ် စုဆောင်းရေးအတွက် လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သူ့လက်အောက်ငယ်သား ရာအိမ်မှူးများကို ပြောဆို ခိုင်းစေနေစဉ် တော်လှန်ရေးတပ်သားတချို့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ် ကျည် ချက် ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ်မှ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် လုပ်ကြံခံရမည်ကိုစိုးရိမ်၍ ညတိုင်း စစ်တပ်ထဲတွင် သွားရောက် ညအိပ်ကြောင်း၊ မနက်ပိုင်းမှ တပ်ပြင်ထွက်၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့် စစ် သားစုဆောင်းရေး လုပ်ကိုင်သူဖြစ်ကြောင်း သိရှိရသည်။

"မွန်ပြည်နယ် ဘီးလင်းမြို့ နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဒီမနက် ၆ နာရီခွဲမှာ အပစ်ခံရတယ်။ သေနတ်နဲ့ ၆ ချက် ပစ်သွားတာ။ သူက လူမုန်းလည်း တော်တော်များတဲ့အုပ်ကြီး။ ပြည်သူတွေဆီက ပိုက်ဆံတအားကောက်လို့ သူ့ကို မုန်းကြတာ။ သူက သေမှာကြောက်လို့ ညဆို တပ်ထဲမှာ ပဲညအိပ်တာ။ အခု ဒီမနက် တပ်ထဲက ထွက်ပြီး လက်ဖက်ရည်ထွက်သောက်တာမှာ ပစ်ခံထိတာ။အခု နတ်ကြီး တစ်ရွာလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် သေဆုံးချိန်တွင် အသက် ၅၉ နှစ်ရှိနေပြီဖြစ်ပြီး ဇနီးနှင့်သားသမီး မြေးများ ကျန်ရစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ပစ်ခတ်ခံရ၍ သေဆုံးသွားသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး။

1 month ago

နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပျဉ်ပုံရွာမှ ဆိုင်ကယ် ၈ စီးဖြင့် ထွက်လာသော စစ်သားနှင့် ပျူစောထီးများကို နတ်တလင်းမြို့ နတ်စစ်သည် အဖွဲ့က လယ်မအင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

"ကင်းပတ်တဲ့ စစ်ခွေးနဲ့ ပျူခွေးတွေပါ။ ဆိုင်ကယ် ၈ စီးနဲ့ ကင်းပတ်လာတာ ၃ စီးက ပျူခွေးတွေ ၅ စီးက စစ်ခွေးတွေ ပျဉ်ပုံရွာက ပျူခွေးနဲ့ စစ်ခွေးတွေ ရွာတွေလှည့်ပြီး ကင်းပတ်သလိုနဲ့ ပြည်သူတွေကို အကြောက်တရားပေးနေတဲ့ကောင်တွေပါ။ မိုင်း ၆ လုံးကို ၅ လုံးကွဲပြီး ဆိုက်ကယ် ၅ စီးထိတယ်။ သေဆုံးမှုရှိနိုင်ပေမယ့် အသေအပျောက် စာရင်းတော့မသိရသေးဘူး" ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ခေါင်းဆောင်က ပြောဆိုသည်။

1 month ago
Khit Thit Media
1 month ago
Khit Thit Media
1 month ago
Khit Thit Media
3 months ago

PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးဟု အကြမ်းဖက် ဇော်မင်းထွန်း ထုတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပေဒကို ပြဋ္ဌာန်းကျင့်သုံးရခြင်းသည် PDF နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထုတ်စစ်ကောင်စီသတင်းစာများတွင် ထုတ်ဖော်ပြောဆိုသည်။

"ယခုလက်ရှိဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူတွေ၊ အခြားအကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲ နာမည်ကောင်းတွေနဲ့ ဟစ်ကြွေးနေပါစေ သူတို့လိုချင်တာ စစ်ဘုရင်ဝါဒ၊ သူတစ်လူ ငါတစ်မင်း နယ်တစ်နယ်ဓားတစ်စင်း ဝါဒကို ကျင့်သုံးချင်နေတာပဲဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကို မြင်နေရမှာဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ပြည်သူတွေတစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပါတယ်" ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် အင်အားကြီးနိုင်ငံအချို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြပြီး စစ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများ၊ ၎င်းတို့ မနှစ်သက်သည့် အစိုးရများ အုပ်ချုပ်နေသည့် နိုင်ငံများအပေါ် နည်းမျိုးစုံသုံး ပိတ်ဆို့မှုများ၊ Proxy War ကိုယ်စားစစ်ပွဲ ဆင်နွှဲမှုများ မမြင်ချင်အဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း စနစ်ကို အားပေး၀ိုင်းဝန်းပံ့ပိုးကူညီကြရန် အကြမ်းဖက် ဇော်မင်းထွန်းက တိုက်တွန်းပြောဆိုထားသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 4 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago