Four Corners Dialogue

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks ago

"စစ်မှုထမ်းအန္တရာယ် ဘယ်လိုတွန်းလှန်နိုင်မလဲ" လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ဒီနှစ်ထဲမှာတော့ စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကိုထုတ်ပြန်ပြီး လူငယ်အများအပြားကို စစ်မှုထမ်းဖို့ အတင်းအကျပ်ပြုလုပ်လာပါတယ်။ စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်နေကြတဲ့ လူငယ်အများအပြားဟာလည်း…

3 weeks, 2 days ago
"စစ်မှုထမ်းအန္တရာယ် ဘယ်လိုတွန်းလှန်နိုင်မလဲ"

"စစ်မှုထမ်းအန္တရာယ် ဘယ်လိုတွန်းလှန်နိုင်မလဲ"
လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ

ဒီနှစ်ထဲမှာတော့ စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကိုထုတ်ပြန်ပြီး လူငယ်အများအပြားကို စစ်မှုထမ်းဖို့ အတင်းအကျပ်ပြုလုပ်လာပါတယ်။ စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်နေကြတဲ့ လူငယ်အများအပြားဟာလည်း ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်စားသောက်ပြီး ရှောင်တိမ်းနေကြရပါတယ်။ စစ်တပ်အနေနဲ့ ပြည်ပထွက်တဲ့လူငယ်များကို ပိုမိုကြပ်မတ်လာပါတယ်။

ကျေးလက်တောနယ်ကနေ ရန်ကုန်၊ မန္တလေး မြို့ပြတွေအထိ စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့ သတင်းတွေ ခပ်စိပ်စိပ်တက်လာသလို လူပျောက်ကြေငြာများလည်း ပိုများပြားလာပါတယ်။ ဒီလိုမျိုး အတင်းအကြပ် စစ်မှုထမ်းဖို့ လူစုဆောင်းတာကြောင့် ပြည်သူအများမှာ ကျီးလန့်စာစား ရတဲ့အခြေအနေကို ဆိုက်ရောက်လာပါတယ်။ ပညာရေး၊ စီးပွားရေး၊ လုံခြုံမှုကဏ္ဍပေါင်းစုံများကို ထိခိုက်နစ်နာမှုတွေ အဆမတန်တိုးပွားလာနေပါတယ်။

ဒါကြောင့် အခုအပတ်လေးမျက်နှာစကားဝိုင်းမှာတော့

- အတင်းအကြပ် ပေါ်တာဆွဲခြင်းကြောင့် ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်နေလဲ။
- လူငယ်တွေအနေနဲ့ ဘာတွေကို ဆင်ခြင်သုံးသပ်သင့်သလဲ။ ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်ကျော်ကြမလဲ။
- ပြည်သူတရပ်လုံးအနေနဲ့ရော ဘယ်လိုနည်းနဲ့ စစ်မှုထမ်းခြင်းအန္တရာယ်ကို တွန်းလှန်ဆန့်ကျင်နိုင်မလဲ။

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

နေ့ရက် - ၂၅ - ၁၂ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 897 1447 1182 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/89714471182

1 month ago

“ ကိုးရီးယားစစ်အုပ်ချုပ်ရေးပြဌာန်းမှု ဘာကြောင့် မအောင်မြင်ခဲ့တာလဲ” တောင်ကိုးရီးယားနဲ့ မြန်မာ နှိုင်းယှဉ်လေ့လာခြင်း လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃) ရက်နေ့ ည ၁၁ နာရီမှာ တောင်ကိုးရီးယား သမ္မတ ယွန်းဆွတ်ယိုက စစ်အုပ်ချုပ်ရေးကြေညာကြောင်း…

1 month, 1 week ago
“ ကိုးရီးယားစစ်အုပ်ချုပ်ရေးပြဌာန်းမှု ဘာကြောင့် မအောင်မြင်ခဲ့တာလဲ”

“ ကိုးရီးယားစစ်အုပ်ချုပ်ရေးပြဌာန်းမှု ဘာကြောင့် မအောင်မြင်ခဲ့တာလဲ”
တောင်ကိုးရီးယားနဲ့ မြန်မာ နှိုင်းယှဉ်လေ့လာခြင်း

လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃) ရက်နေ့ ည ၁၁ နာရီမှာ တောင်ကိုးရီးယား သမ္မတ ယွန်းဆွတ်ယိုက စစ်အုပ်ချုပ်ရေးကြေညာကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာတွေကနေတစ်ဆင့် ပြောကြားခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုအားလုံးနဲ့ လူစုလူဝေးပြုလုပ်ခြင်းတွေကို တားမြစ်ကြောင်းအပြင် သတင်းမီဒီယာတွေကိုပါ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကသာ လုပ်ဆောင်ခွင့်ရှိကြောင်း ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို လွှတ်တော်အဆောက်အအုံအား ဝင်ရောက်စီးနင်းစေခဲ့ပါတယ်။

သို့သော်လည်း အတိုက်အခံပါတီအမတ်တွေရဲ့ လွှတ်တော်မှာ မဲခွဲပြီး ကန့်ကွက်ခဲ့မှု၊ ပြည်သူတွေရဲ့ ဝန်းရံဆန့်ကျင်မှုတွေကြောင့် စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းခဲ့ရပါတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ သမ္မတကို ရာထူးကဆင်းပေးဖို့ တောင်းဆိုမှုတွေ ပြင်းထန်လာပါတယ်။

ဒီဖြစ်စဉ်က မြန်မာနိုင်ငံသားတွေအတွက် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို သမင်လည်ပြန် အောက်မေ့ဆင်ခြင်ဖွယ်ဖြစ်ပြီး တချိန်တည်းမှာ တောင်ကိုရီးယားကဲ့သို့ စစ်အာဏာသိမ်းမှုကို မဆန့်ကျင်နိုင်တဲ့အတွက် မချိတင်ကဲ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုနောက်ပိုင်း လွှတ်တော်အမတ်တွေ၊ ပြည်သူတွေရဲ့ တုံ့ပြန်မှုအားနည်းချက်တွေကို ထောက်ပြကြသလို ၊ တစ်ဖက်မှာလည်း မတူညီနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတည်ရှိမှုတွေကို ထည့်သွင်းစဉ်းစားဖို့လည်း ထောက်ပြကြတာရှိပါတယ်။

သမိုင်းကို သမင်လည်ပြန်ကြည့်တဲ့အခါမှာတော့ ၁၉၆၁ မှာ တောင်ကိုးရီးယားနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီး အာဏာရှင်စနစ်က ဆယ်စုနှစ်နှစ်စုကြာ ရှည်ကြာခဲ့ပါတယ်။ ဒီလိုမျိုးအခြေအနေတွေကနေ လက်ရှိမှာတော့ ဒီမိုကရေစီထွန်းကားပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးတဲ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး တောင်ကိုးရီးယားနဲ့ မြန်မာတို့ရဲ့ မတူညီတဲ့ အခြေအနေတွေ၊ လမ်းကြောင်းတွေကို နှိုင်းယှဉ်သုံးသပ်ပြီး သင်ခန်းစာများရယူနိုင်ဖို့ အခုလေးမျက်နှာ စကားဝိုင်းကို စီစဉ်လိုက်ပါတယ်။

ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာတော့

- နှစ်နိုင်ငံအာဏာသိမ်းမှုတွေမှာ ဘယ်လိုတူညီတာတွေရှိပြီး၊ ဘယ်လိုကွဲပြားမှုတွေရော ရှိသလဲ။
- မတူညီတဲ့ရလဒ်တွေ ပေါ်ထွက်လာစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။
- တောင်ကိုးရီးယာရဲ့ ၂၀၂၄ ဖြစ်စဉ်နဲ့ သမိုင်းဖြတ်သန်းမှုတွေကနေ မြန်မာနိုင်ငံသားတွေအတွက် ဘာတွေသင်ခန်းစာယူနိုင်မလဲ။

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကြောင်း လေ့လာသူများနှင့် စိတ်ဝင်စားသူများအားလုံးကို ပါဝင်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့နှင့် အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းကုစားနိုင်ဖို့ အမြင်မတူမှုများအကြားမှာ အပြန်အလှန်လေးစားသမှုနဲ့ ဆွေးနွေးအဖြေရှာနိုင်တဲ့ ယဉ်ကျေးမှုတခု လိုအပ်နေပါတယ်။ လေးမျက်နှာကနေ ဖော်ဆောင်နေတဲ့ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ သင်ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့ရက် - ၁၁ - ၁၂ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 881 8162 2775 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/88181622775

1 month, 2 weeks ago

“လေးမျက်နှာစကားဝိုင်းအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အစီအစဉ်များဆွေးနွေးခြင်း” လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ လေးမျက်နှာစကားဝိုင်းပရိတ်သတ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်တို့လေးမျက်နှာစကားဝိုင်းဟာ ဒီနှစ်ကုန်ဆိုရင် ကျင်းပခဲ့တာ သုံးနှစ်တိုင်ရှိပြီဖြစ်ပါတယ်။…

1 month, 3 weeks ago
“လေးမျက်နှာစကားဝိုင်းအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အစီအစဉ်များဆွေးနွေးခြင်း” လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

“လေးမျက်နှာစကားဝိုင်းအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အစီအစဉ်များဆွေးနွေးခြင်း” လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

လေးမျက်နှာစကားဝိုင်းပရိတ်သတ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်တို့လေးမျက်နှာစကားဝိုင်းဟာ ဒီနှစ်ကုန်ဆိုရင် ကျင်းပခဲ့တာ သုံးနှစ်တိုင်ရှိပြီဖြစ်ပါတယ်။ စတင်ကျင်းပခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလကစပြီး ယခုအထိ ခေါင်းစဉ်ပေါင်း ၁၂၀ ကျော်ကို ဆွေးနွေးဖလှယ်ဒီဘိတ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်တိုင်အောင် လူတိုင်းပါဝင်တက်ရောက်နိုင်တဲ့၊ အတွေးအမြင်တွေကိုကန့်သတ်မထားတဲ့ စကားဝိုင်းပုံစံကို ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် တက်ရောက်ပါဝင်သူများကို အထူးကျေးဇူးတင်ရှိပါတယ်။

တဖက်မှာလည်း စကားဝိုင်းသက်တမ်းကြာမြင့်လာတာနဲ့အမျှ ဆွေးနွေးစရာခေါင်းစဉ်နည်းပါးလာတာ၊ ခေါင်းစဉ်ထပ်လာတာ၊ စိတ်ဝင်စားမှုလျော့ကျလာတာ စတဲ့ စိန်ခေါ်မှုတွေလည်း ရှိလာနေပါတယ်။ ဒါ့အပြင် စကားဝိုင်းမှာထုတ်ဖော်ခဲ့တဲ့ အယူအဆ၊ အပြောင်းအလဲအတွက်အကြံပြုချက်တွေကို ဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာကိုလည်း မေးခွန်းထုတ်လာကြမယ်ထင်ပါတယ်။ အထူးသဖြင့် လေးမျက်နှာစကားဝိုင်းဟာ လူထုတော်လှန်ရေးကြားမှာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အတွေးအမြင်ဖလှယ်ရာနေရာတခုသာမကပဲ မိမိတို့အသံတွေကို ထိရောက်မှုအတိုင်းအတာတခုအထိ ဖြစ်စေချင်ကြမှာပဲဖြစ်ပါတယ်။

လေးမျက်နှာစကားဝိုင်းစီစဉ်သူတွေအနေနဲ့လည်း တက်ရောက်သူတွေက ပေးပို့လာတဲ့ feedback တွေနဲ့ အတွေ့အကြုံတွေကိုအခြေခံပြီး တိုးတက်ကောင်းမွန်အောင်နည်းလမ်းတွေကို ရှာဖွေလျက်ရှိပါတယ်။ ဒါကြောင့် ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာတော့ စကားဝိုင်းကျင်းပမှုပုံစံနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့အစီအစဉ်တွေကို ဆွေးနွေးတိုင်ပင်အဖြေရှာသွားဖို့ စီစဉ်ထားပါတယ်။ ဒီစကားဝိုင်းမှာတော့

− လေးမျက်နှာစကားဝိုင်း၏ ရည်ရွယ်ချက်နှင့် အကျဉ်းချုပ်မိတ်ဆက်
− စကားဝိုင်းစီစဉ်သူများမှ ဖြတ်သန်းမှု၊ အခက်အခဲများအား မျှဝေခြင်း
− စကားဝိုင်းရဲ့ လက်ရှိအားနည်းချက်တွေနဲ့ ရှေ့ဆက်ပြီးဘယ်လိုပြုပြင်သင့်သလဲ
− ပြည်သူ့အသံတွေကို ကျယ်ပြန့်ထိရောက်အောင် ဘာတွေလိုအပ်သလဲ
− လေးမျက်နှာစကားဝိုင်းရဲ့ အနာဂတ်ပုံစံသစ်၊ အဖွဲ့အစည်းပုံစံ၊ အစီအစဉ်များ

စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးမျက်နှာအနာဂတ်အတွက် organizer တွေနဲ့ ဆွေးနွေးသူတွေရဲ့ စိတ်ကူးတွေကို brainstorm လုပ်သွားမှာဖြစ်တဲ့အတွက် တက်ရောက်ပါဝင်ပေးဖို့ အထူးဖိတ်ခေါ်လိုက်ပါတယ်။

ဒီစကားဝိုင်းအတွက် မိမိတို့အကြံဉာဏ်တွေကို ကြိုတင်ပေးပို့လိုပါက အောက်ပါ form မှတဆင့်ပေးပို့နိုင်ပါတယ်။
https://forms.gle/Pm4231ryhPvMv1tc7

လေးမျက်နှာစီစဉ်သူအဖွဲ့၏ “လေးမျက်နှာမီဒီယာ” idea (ကိုးကားရန်အတွက်သာဖြစ်ပါသည်)
https://docs.google.com/document/d/10OEmY5tzynepcEpmt_jHwtrl7-KN2XJR-fRW8oFX4rc/edit?usp=sharing

နေ့ရက် - ၂၇ - ၁၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 842 1721 9402 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/84217219402

2 months ago
"ထိုင်းဝန်ကြီးချုပ်နဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံမှုဟာ ထိုင်းရောက်မြန်မာတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲ" လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

"ထိုင်းဝန်ကြီးချုပ်နဲ့ မင်းအောင်လှိုင်တို့တွေ့ဆုံမှုဟာ ထိုင်းရောက်မြန်မာတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲ" လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

ဒီတပတ်မှာတော့ ထိုင်းရောက်မြန်မာတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရမှု၊ မတရားအနိုင်ကျင့်ခံရမှု သတင်းတွေဟာ ယခင်ကထက်ကို ပိုမိုများပြားလာခဲ့ပါတယ်။ ‌လက်ရှိထိုင်းနိုင်ငံမှာ သက်တမ်းလွန် နေထိုင်သူတွေနဲ့ ပတ်သက်ပြီး အရေးယူမယ်ဆိုတဲ့ ဥပဒေကိုလည်း ပြဌာန်းထားပါတယ်။ စစ်အာဏာသိမ်းခံရပြီးထဲက မြန်မာပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပုံစံအမျိုးစုံဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြပါတယ်။

ရှေ့ရက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ မဲခေါင်အစည်းအဝေးမှာ သီးသန့်တွေ့ဆုံခဲ့တဲ့သတင်းလည်းထွက်ပေါ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ထိုင်းရောက် မြန်မာပြည်သူတွေရဲ့ အချက်အလက်တွေကို စစ်ခေါင်းဆောင်က တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာပြည်သူတွေအနေနဲ့ နေထိုင်ခွင့်ဆက်လက်ရရှိဖို့ဟာ ခက်ခဲတဲ့ ကာလတခုကိုရောက်ရှိနေပါတယ်။

ဒီတပတ်လေးမျက်နှာ စကားဝိုင်းမှာတော့

- ထိုင်းရောက်မြန်မာတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ

- လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ပေးနိုင်မလဲ

- NUG အနေနဲ့လည်း ထိုင်းနိုင်ငံအတွင်းမှ မြန်မာပြည်သူတွေအ‌တွက် ဘယ်လိုဆောင်ရွက်ပေးသင့်လဲ

စတာတွေကိုဆွေးနွေးသွားဖို့ရည်ရွယ်ထားပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ အရွေ့တခုမှာ ပါဝင်လုပ်ဆောင်နေသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူအများ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့နှင့် အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းကုစားနိုင်ဖို့ အမြင်မတူမှုများအကြားမှာ အပြန်အလှန်လေးစားသမှုနဲ့ ဆွေးနွေးအဖြေရှာနိုင်တဲ့ ယဉ်ကျေးမှုတခု လိုအပ်နေပါတယ်။ လေးမျက်နှာကနေ ဖော်ဆောင်နေတဲ့ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ သင်ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့ရက် - ၁၃ - ၁၁ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 835 8052 3116 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/83580523116

2 months ago

"၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အပေါ် ပြန်လည်ဆင်ခြင်ခြင်း"
လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားဆင်နိုင်ပါပြီ။

2 months, 2 weeks ago

"၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အပေါ် ပြန်လည်ဆင်ခြင်ခြင်း" လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးဟာ အချိန်အားဖြင့် တနှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်ရဲ့ နယ်မြေပိုင်ဆိုင်မှုအများအပြား…

2 months, 2 weeks ago
"၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အပေါ် ပြန်လည်ဆင်ခြင်ခြင်း"

"၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အပေါ် ပြန်လည်ဆင်ခြင်ခြင်း"
လေးမျက်နှာစကားဝိုင်း ဖိတ်ကြားလွှာ

၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးဟာ အချိန်အားဖြင့် တနှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်ရဲ့ နယ်မြေပိုင်ဆိုင်မှုအများအပြား စွန့်လွှတ်လိုက်ရသလို တိုင်းရင်းသားလက်နက်ကိုင်များ အထူးသဖြင့် မြောက်ပိုင်းညီနော်သုံးဖော် တို့ဟာ နယ်မြေစိုးမိုးမှု များပြားလာပါတယ်။

NUG အစိုးရအနေနှင့်လည်း ၁၀၂၇ စစ်ဆင်ရေးအနေနှင့် မြိုသိမ်းတိုက်ပွဲတွေအထိ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အားလုံးချိတ်ဆက်၍ လက်နက်ကိုင်တိုက်ပွဲ ဝင်နေကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပြီးတော့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာခဲ့ပါတယ်။

တဖက်မှာလည်း စစ်ဆေးအရှိန်မြင့်လာချိန်မှာတော့ တရုတ်အစိုးရအနေဖြင့် စစ်ပွဲတွေရပ်တန့်ဖိုနဲ့ ဆွေးနွေးကြဖိုအတွက် ကြားဝင်ကမ်းလှမ်းလာပြီး MNDAA နဲ့ TNLA အဖွဲ့တွေကို လွှမ်းမိုးထိန်းချုပ်မှုတွေကို ပေါ်ပေါ်တင်တင်လုပ်လာပါတယ်။ ဒီလိုမျိုး တရုတ်ရဲ့ စွက်ဖက်မှုကြောင့် ၁၀၂၇ တော်လှန်ရေးရဲ့ အောင်မြင်မှုအဟုန်တွေ တန့်သွားမလားလို့ စိုးရိမ်မှုတွေလည်း များလာပါတယ်။

ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာတော့

•  ၁၀၂၇ စစ်ဆင်ရေး တနှစ်အကြာမှာ ဘာတွေပြောင်းလဲဖြစ်ထွန်းသွားသလဲ။
• တရုတ်နိုင်ငံရဲ့ ကြားဝင်မှုတွေကနေ တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ။
• ၁၀၂၇ တနှစ်အကြာအခြေအနေကနေ ဘာတွေသင်ခန်းစာယူနိုင်မလဲ။

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

စစ်ရေး/နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ ပါဝင်လုပ်ဆောင်နေသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူအများ တက်ရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့နှင့် အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းကုစားနိုင်ဖို့ အမြင်မတူမှုများအကြားမှာ အပြန်အလှန်လေးစားသမှုနဲ့ ဆွေးနွေးအဖြေရှာနိုင်တဲ့ ယဉ်ကျေးမှုတခု လိုအပ်နေပါတယ်။ လေးမျက်နှာကနေ ဖော်ဆောင်နေတဲ့ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ သင်ကိုယ်တိုင် ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့ရက် - ၃၀ - ၁၀ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 834 7995 1139 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/83479951139

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago