Forward Channel [RANGOON]

Description
ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း

🔹 Fundraising ➡️ @FCRFUNDRAISING🔹

🔹Tech ➡️ @FCRSTORE 🔹

FOR BUSINESSES CONTACT ➡️ @FCR02Bot
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

2 недели, 3 дня назад
မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် …

မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းနေဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

■ မြ၀တီမြို့ ခလရ ၂၇၅ တပ်တွင် စစ်ကောင်စီအလံတင်ရန် BGF က စစ်သားများကို ခေါ်ဆောင်လာခဲ့ဟု ပဒိုစောတောနီး အတည်ပြု

🌐 FCR April 24 🌐

ကရင်ပြည်နယ်၊ မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်လာသော စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

2 недели, 3 дня назад
စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ တစ်နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ …

စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်ကာ တစ်နှစ်တာ၀န် ထမ်းဆောင်ပါမည်ဟု လက်မှတ်ထိုးခိုင်းသည့်အပြင် နေအိမ်ရှိ လူကုန်ခေါ်ယူမှုများရှိနေ

🌐 FCR April 24 🌐

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်း ဟောင်းများကို ဆင့်ခေါ်၍ စစ်သင်တန်းပေးရာတွင် တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဟု လက်မှတ်ရေးထိုးခိုင်း နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ပဲခူးတိုင်းအတွင်းရှိ စစ် မှုထမ်းဟောင်းများကို ဆင့်ခေါ်ရာတွင် ဆင့်ခေါ်သည့် နေ့မှစ၍ တစ်နှစ်တာ၀န်ထမ်းဆောင်ပါမည်ဆိုသည့် အကြောင်းကို လက်မှတ်ထိုးရကြောင်း စစ်မှုထမ်း ဟောင်းမိသားစု၀င်များထံက သိရသည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

2 недели, 3 дня назад
ပြည်ပထွက်လိုအား များနေချိန် ပတ်စ်ပို့ပေ့ချ်အတုတွေ သတိထား

ပြည်ပထွက်လိုအား များနေချိန် ပတ်စ်ပို့ပေ့ချ်အတုတွေ သတိထား

🌐 FCR April 23 🌐

လက်ရှိကာလ မြန်မာနိုင်ငံတွင်းကနေ လူငယ်လူရွယ်တွေ ပြည်ပထွက်လိုအား များလာနေချိန်မှာ အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာလည်း Passport ပေ့ချ် စာမျက်နှာအတုတွေ အချိန်ကိုက် ပွားများလာနေတဲ့အကြောင်းကို သတိပေး ပြောကြားလိုပါတယ်။

Passport လျှောက်ထားလိုသူတွေအတွက် ‘Passport Service Myanmar’၊ Passport Myanmar Service ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ Facebook ပေ့ချ်တွေ အများအပြား ရှိနေပါတယ်။ လူသုံးများတဲ့ Facebook ပေါ်မှာ ‘Passport Service Myanmar’ လို့ ရိုက်ရှာကြည့်တဲ့ အခါမှာလည်း နာမည်ဆင်တူနဲ့ Page ပေါင်း ၂၀၀ ကျော်အထိ ရှိနေတာ တွေ့ရပါတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

3 недели, 1 день назад
ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ …

ရန်ကုန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ပြီး သံဆူးကြိုးများပါ ချထား၊ မည်သည့်အတွက်ကြောင့် တံတား ၃ စင်းလုံး ပိတ်သည်ကို မသိရသေး

🌐 FCR April 18 🌐

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အင်းစိန်-လှိုင်သာယာ ကူးသန်းသွားလာသည့် ရွှေပြည်သာတံတား၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျာတံတား ၃ စင်းလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်အချိန်မှစတင်ပြီး ရုတ်တရက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှိုင်သာယာ-အင်းစိန်ကူးသန်းသွားလာသည့် အောင်ဇေယျတံတား၊ မရမ်းကုန်း-လှိုင်သာယာ ကူးသန်းသွားလာသည့် ဘုရင့်နောင်တံတား၊ ရွှေပြည်သာ- လှိုင်သာယာ ကူးသန်းသွားလာနေသည့် ရွှေပြည်သာတံတား ၃ စင်းလုံးကို စစ်တပ်က ကားများနှင့် ကန့်လန့်ရပ်၍ ပိတ်ဆို့ခြင်း၊ သံဆူးကြိုးများဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

ဆက်လက်ဖတ်ရှု့ရန် ⬇️

3 недели, 2 дня назад
အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသူ ၄၃၀၀ ကျော်ခန့်ရှိပြီး တပ်စခန်းနေရာ …

အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသူ ၄၃၀၀ ကျော်ခန့်ရှိပြီး တပ်စခန်းနေရာ ၁၅ ခုတွင် စစ်သင်တန်းပေးနေ

■ စစ်ကောင်စီ လူသစ်စုဆောင်းမှုအခြေအနေ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအပေါ် များစွာမူတည်နေ

🌐 FCR April 18 🌐

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်ဆင် စခန်းသိမ်းယူမှုတွေနဲ့အတူ လက်နက်ချအညံ့ခံတာ၊ စခန်းစွန့်ခွာထွက်ပြေးတာတွေကြောင့် စစ်ကောင်စီ စစ်အင်အား ချည့်နဲ့လျော့နည်းလာချိန် တပ်သားသစ် စုဆောင်းမှုတွေကို နေရာအနှံ့မှာ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ဆောင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

3 недели, 2 дня назад
4 недели назад
သံတွဲမြို့နယ်တွင် တိုက်ပွဲ စဖြစ်

သံတွဲမြို့နယ်တွင် တိုက်ပွဲ စဖြစ်

ဆလိုင်းမာန်အောင်

🌐 FCR April 13 🌐

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ် ယ‌နေ့(ဧပြီလ ၁၃ ရက်)နံနက်တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

သံတွဲမြို့နယ်၊ကွေ့ချောင်းနှင့်ရေစင်ရွာကြား၌ နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဟု သံတွဲမြို့မြို့ခံတဦးကပြောသည်။

"ဖြစ်တာက ရွာဘက်မှာ။ မြို့ပေါ်မှာတော့ စစ်ကားတချို့လှည့်နေတယ်။သင်္ကြန်လည်း လူမရှိဘူး" ဟု ယင်းဒေသခံကပြော
သည်။

သံတွဲမြို့နယ်တွင် အမှတ်(၅၅)ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၅၆၆-ခမရ(၅၆၆) ၊ ရဲစခန်းတို့ရှိသည်။ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွံဒေသတွင်း၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ယ‌နေ့ တိုက်ပွဲစတင်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

4 недели назад
မြဝတီဘက်မှ တိမ်းရှောင်လာသူများကို မဲဆောက် ဘုန်းတော်ကြီးကျောင်းများမှာ နေရာချပေးမည်ဟု တာ့ခရိုင် …

မြဝတီဘက်မှ တိမ်းရှောင်လာသူများကို မဲဆောက် ဘုန်းတော်ကြီးကျောင်းများမှာ နေရာချပေးမည်ဟု တာ့ခရိုင် အုပ်ချုပ်ရေးမှူး ပြော

🌐 FCR April 13 🌐

ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ် မြ၀တီမြို့ဘက်ခြမ်းကနေ မဲဆောက်ဘက်သို့ တရားဝင် ဝင်ရောက် ခိုလှုံလာသူများကို နေရာထိုင်ခင်းနှင့် စားစရာများ စီစဉ်ပေးမည်ဟု တာ့ခရိုင် အုပ်ချုပ်ရေးမှူးက မီဒီယာများကို ပြောကြားလိုက်သည်။ 

တာ့ခရိုင် အုပ်ချုပ်ရေးမှူး မဲဆောက်မြို့တော်ဝန် စန်ယာ ဖေ့စေ့က ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အမှတ် (၁) ချစ်ကြည်ရေး တံတားသို့ ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် လာရောက် စစ်ဆေးစဉ် မီဒီယာများကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

4 недели назад
မြ၀တီ ဒေသ လုံခြုံရေး စိတ်ချရအောင်လုပ်ဆောင်ကာ အုပ်ချုပ်ရေး၊ နယ်စပ်တည်ငြိမ်းရေး …

မြ၀တီ ဒေသ လုံခြုံရေး စိတ်ချရအောင်လုပ်ဆောင်ကာ အုပ်ချုပ်ရေး၊ နယ်စပ်တည်ငြိမ်းရေး လုပ်ဆောင်မည်ဟု KNU ထုတ်ပြန်ကြေညာ

︎အရပ်သားဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး ပေးဆပ်ခဲ့သူများအား လေးစားဂုဏ်ပြု ကြောင်း ဖော်ပြပြီး ပြည်သူ တစ်ရပ်လုံး ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်း

🌐 FCR April 13 🌐

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က မြ၀တီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြ၀တီ ဒေသနှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး နှင့် ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် KNU၏ သဘောထားကို ယနေ့ ဧပြီ ၁၂ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှု့ရန် ⬇️

1 месяц назад
Forward Channel [RANGOON]
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago